မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ နံနက် အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ ယူရို ပါလိဂ် အုပ်စု L ရဲ့ အဖွင့် ပွဲစဉ် အဖြစ် အက်စတာနာ အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ ပါတယ် ။

 

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်း အတွက် တစ်လုံး တည်းသော အနိုင် ဂိုးကို လူငယ် တိုက်စစ် ကစားသမား လေး မာဆွန် ဂရင်းဝုဒ် က သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ ဒါဟာ ဂရင်းဝုဒ် အတွက် တော့ ယူနိုက်တက် အသင်း ရဲ့ စီနီယာ ကစားသမား ဘဝ ပထမဆုံး သွင်းဂိုး ဖြစ်ခဲ့ ရ ပါတယ် ။

ဒါတွင် မက အဆိုပါ သွင်းဂိုး ကြောင့် ဂရင်းဝုဒ် ဟာ ယူနိုက်တက် အသင်း ရဲ့ သမိုင်း တစ်လျောက် ဥရောပ ပြိုင်ပွဲ တွေမှာ ဂိုး သွင်းယူ ပေးနိုင် တဲ့ အသက် အငယ်ဆုံး ကစားသမား အဖြစ် အသင်း ဖော် ရပ်ရှ်ဖို့ ကို ကျော်လွန် ကာ မှတ်တမ်း ကောင်း တစ်ရပ် ပိုင်ဆိုင် သွားနိုင် ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ BT Sport ရဲ့ သတင်း သုံးသပ် သူတွေ ဖြစ်ကြ တဲ့ မိုက်ကယ် အိုဝင် နဲ့ အိုဝင် ဟားဂရေ့ဗ် တို့က က အသက် 17 နှစ် အရွယ် အနိုင် ဂိုးရှင် တိုက်စစ် မှူးလေး ကို ကိုယ်စီ ချီးကျူး သွားခဲ့ ကြ ပါတယ် ။

 

” သူ ( ဂရင်းဝုဒ် ) ဟာ ပရီးမီးယား လိဂ် မှာ ပွဲထွက် ကစား ပေးနိုင် မယ့် အရည် အသွေး တွေ ရှိနေ ပါပြီ ။ ဒီ အတွက် မေးခွန်း ထုတ်စရာ မရှိ ပါဘူး ။ လူငယ် ကစားသမား ဘဝ ထဲက သူ့ရဲ့ ဂိုးသွင်း မှတ်တမ်း တွေက အံ့ဖွယ် ဖြစ်ခဲ့ ရ ပါတယ် ”

” သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် နှစ်တွေ အကြာကြီး အထိ ပုံမှန် ပွဲထွက် ကစား ပေးနိုင်မယ့် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်လာ လိမ့်မယ် လို့ ကျွန်တော့် စိတ်ထဲ တွေးမိ ပါတယ် ” လို့ မိုက်ကယ် အိုဝင် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ဒါကို အိုဝင် ဟားဂရေ့ဗ် က …

” အမြဲ ကြံ့ခိုင် နေမယ် ၊ ကျန်းမာ နေမယ် ဆိုရင် တော့ သူရဲ့ ခြေစွမ်း တွေက အကန့် အသတ် ရှိမှာ မဟုတ် ပါဘူး ။ သူ ဖြစ်ချင် တာ တိုင်းကို လုပ်နိုင် ပါ လိမ့်မယ် ။ သူဟာ တစ်နေ့ မှာ ပရီးမီးယား လိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား လည်း ဖြစ်လာ နိုင်ပါ လိမ့်မယ် ”

” သူဟာ အသက် 17 နှစ် အရွယ် မှာပဲ ယူရို ပါလိဂ် ပြိုင်ပွဲ မှာ အဆုံးအဖြတ် ဂိုး သွင်းယူ ပေးနိုင် ခဲ့တာ ကြည့်ပြီး ကျွန်တော် စိတ် လှုပ်ရှား မိ ပါတယ် ။ လူငယ် ကစားသမား တစ်ဦး အနေ နဲ့ ဂိုး ဧရိယာ ထဲမှာ ဒီလို ဂိုးမျိုး သွင်းယူ နိုင်မယ် ဆိုရင် သူဟာ တစ်နေ့ မှာ ထိပ်တန်း ကစားသမား ဖြစ်လာ နိုင်ပါ လိမ့်မယ် ” လို့ ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ဒါကို မိုက်ကယ် အိုဝင် က …

” ပြသနာ ကတော့ ကစားသမား အလှည့် အပြောင်း ဖြစ်တဲ့ အချိန် မှာ တစ်ခါ တရံ ကြုံတွေ့ လာနိုင် ပါတယ် ။ သူဟာ လက်ရှိ ကစားသမား တွေနဲ့ အပါတ်စဉ် လိုလို အတူတူ ကစား နေခဲ့ ရ ပါတယ် ။ သူဟာ အခု စီနီယာ အသင်းဖော် တွေနဲ့ အတူ ပွဲထွက် ကစား ဖို့ စိတ်အား ထက်သန် နေ ပါတယ် ”

” စီနီယာ တွေက သူ့ အတွက် ပို ကောင်းမွန် တဲ့ ဘောလုံး ပေးပို့ ဖန်တီး မှု တွေကို ပြုလုပ် ပေးကြ ပါ လိမ့်မယ် ။ အဲ့လို သာ ဆိုရင် သူဟာ စီနီယာ အသင်း အတွက် ကစား ပေးဖို့ လုံလောက်စွာ ကောင်းမွန် နေပြီ ဆိုတာ ကို သက်သေ ပြနိုင် ပါ လိမ့်မယ် ”

” အရာ အားလုံး ကို ခြုံပြော ရမယ် ဆိုရင် တော့ အဓိက ကျတာ က စိတ်ဓါတ် ပိုင်း ပါပဲ ။ သူဟာ အဲ့ဒီ နေရာ မှာ လုံလောက်စွာ ကောင်းမွန် လှ ပါတယ် ။ သူဟာ လူငယ် ကစားသမားလေး တွေကို လည်း အသင်း ဆီ ရောက်ရှိ ဖို့ လမ်းစ ဖြစ်စေ နိုင်ပါ လိမ့်မယ် ”

” အကယ်လို့ သူသာ ယူနိုက်တက် အသင်း အတွက် ပုံမှန် ကစားပေး ခွင့်တွေ ပိုင်ဆိုင် နိုင်မယ် ဆိုရင် များ မကြာမီ မှာပဲ သူဟာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် တောင် ရွေးချယ် ခံရ နိုင်ပါ လိမ့်မယ် ” လို့ သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar