ဂ်ာမန္ေျမမွာ ကစားသြားခဲ႔တဲ႔ ယူရိုပါလိဂ္အုပ္စု အဖြင့္ပြဲစဥ္မွာ အာဆင္နယ္ အသင္းက ဖရန္႔ဖတ္ အသင္းကို ၃-၀ ဂိုးနဲ႔ အႏိုင္ရခဲ႔ပါတယ္။အာဆင္နယ္နည္းျပျကီး အမ္မရီဟာ လူငယ္အမ်ားစုကို ပြဲထြက္စာရင္းမွာအသံုးျပဳသြားခဲ႔ျပီး လူငယ္ေတြရဲ႕ ျကိုးစားမွဳေျကာင့္ပဲအခုလို ဂိုးျပတ္အႏိုင္ရခဲ႔တာ ျဖစ္ပါတယ္။

ဖရန္႔ဖတ္အသင္းကလည္း ေနာက္ဆံုး ဥေရာပ ပြဲ ၁၆ ပြဲဆက္ အိမ္ကြင္းရွံုးပြဲမရွိထားခဲ႔တဲ႕ မွတ္တမ္းကိုဆက္ထိန္းႏိုင္ဖို႔ျကိုးစားသြားခဲ႔ျပီး ပြဲအစကတည္းက ဖိအားေပးသြားႏိုင္ခဲ႔ပါတယ္။ဒါေပမယ့္ မ်ားျပားတဲ႕ အခြင့္အေရးေတြကို အဆံုးမသတ္ႏိုင္ခဲ႔လို႕ အိမ္ကြင္းစံခ်ိန္ေကာင္းက်ိဳးပ်က္ျပီး ဂိုးျပတ္အေရးနိမ့္သြားခဲ႔တာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းရဲ႕ႏိုင္ပြဲမွာအထူးေျခစြမ္းျပသခ႔ဲတာကေတာ့ လူငယ္ျကယ္ပြင့္ေလး ဆာကာျဖစ္ျပီး ကိုယ္တိုင္ဂိုးသြင္းႏိုင္ခဲ႔သလို အူဘာမီယန္ရဲ႕ဂိုးကိုလည္းဖန္တီးေပးႏိုင္ခဲ႔ပါတယ္။ဒီပြဲမွာေျပာစရာျဖစ္ခဲ႔တဲ႔ အခ်က္အလက္ေတြကေတာ့-

၁။ ဒီရာသီမွာအာဆင္နယ္တိုက္စစ္အတြက္ အားကိုးရႏိုင္မယ့္ဝီေလာ့ခ္

ရာသီသစ္မွာ အာဆင္ နယ္အသင္းအတြက္ ဂိုးေတြကိုတိုက္စစ္မွဴး အူဘာမီယန္က အဓိက သြင္းယူေပးေနခဲ႔တာျဖစ္ျပီး လာကာဇက္နဲ႔ ေတာ္ရဲယားတို႔ကလည္း အနည္းငယ္သြင္းယူေပးထားတာျဖစ္ပါတယ္။ယေန႔ပြဲမွာ ရခဲ႔တဲ႔ဝီေလာ့ခ္ရဲ႕ ဂိုးမွာ ကံေကာင္းမွဳပါခဲ႔တယ္ဆိုရင္ေတာင္ သူဟာအမ္မရီရဲ႕ အာဆင္နယ္တိုက္စစ္အတြက္ ေနာက္ထပ္ဂိုးသြင္းႏိုင္သူျဖစ္လာခဲ႔ပါတယ္။သူဟာ ပံုစံေကာင္းနဲ႔ တက္ရိပ္ျပေနတာျဖစ္လို႕ ဒီရာသီမွာေနာက္ထက္ဂိုးေတြထပ္ျမင္ရဖို႔ရွိေနပါတယ္။

၂။ ပီတာဆက္ခ်္ရဲ႕ ေနရာမွာ လက္စြမ္းျပခဲ႔တဲ႔ မာတီနက္ဇ္

ျပီးခဲ႔တဲ႔ ရာသီမွာ အာဆင္နယ္အသင္းရဲ႕ ယူရိုပါလိဂ္ရဲ႕ ပြဲထြက္ဂိုးသမားပီတာဆက္ခ်္ ထက္ပိုျပီး အားကိုးရမယ့္ အရိပ္အေယာင္ေတြကို မာတီနက္ဇ္မွာျမင္ေနရတာျဖစ္ပါတယ္။သူဟာရီးဒင္းအသင္းကို အငွားထြက္ကစားခဲ႔ဖူးေပမယ့္ အခုဂ်ာမန္ေျမက လက္စြမ္းလိုမ်ိဳးမျပသႏိုင္ခဲ႔ဖူးတာျဖစ္ပါတယ္။သူဟာအာဆင္နယ္မွာရွိေနတ႔ဲ ၇ႏွစ္အတြင္း ၁၅ပြဲေျမာက္အျဖစ္သာပါဝင္ခြင့္ရခဲ႔တာျဖစ္ျပီးအာဆင္နယ္အသင္းသာမႏွစ္ကလိုဖိုင္နယ္ထပ္ေရာက္ခဲ႔ရင္သူကလည္း၁၅ပြဲေလာက္ဆက္ ကစားျဖစ္မွာျဖစ္ပါတယ္။

၃။ ထုံးစံအတိုင္းလိုအပ္ခ်က္ေတြရွိေနေသးတဲ႔ အာဆင္နယ္ကြင္းလယ္

ကြင္းလယ္ရဲ႕ လိုအပ္ခ်က္ေတြအတြက္ ရွာကာတဦးတည္းကိုအျပစ္တင္ဖို႔ခက္ေပမယ့္ အသင္းေခါင္းေဆာင္ျဖစ္တဲ႔သူက ဒါကုိလက္ခံရမွာျဖစ္ပါတယ္။အာဆင္နယ္ကြင္းလယ္ဟာ ေက်ာ္ျဖတ္ရအေတာ္လြယ္ကူတယ္လို႔ျပိဳင္ဘက္ေတြကိုထပ္ျပီးျမင္သြားေစတဲ႕ပြဲျဖစ္ခဲ႔ပါတယ္။

၄။ ဟိုဒင္းကိုျပန္ျမင္ရဖို႔ ေမ်ွာ္ေနျကတဲ႔အာဆင္နယ္ပရိသတ္မ်ား

ဒဏ္ရာေျကာင့္ ဆယ္လေလာက္အနားယူေနခဲ႔ရတဲ႕ ျကယ္ပြင့္ခံစစ္မွဴး ဟိုးဒင္းကို အာဆင္နယ္ ပရိသတ္ေတြက ျမင္ေတြ႔ခ်င္ေနခဲ႔တာျကတာျဖစ္ပါတယ္။ဒီေဘာ္လ္တန္ ကစားသားေဟာင္းဟာ ဂ်ာမန္ေျမကို လိုက္ပါလာခဲ႕တာျဖစ္ေပမယ့္ အမ္မရီကေတာ့သူ႔ကို အရံစာရင္းမွာေတာင္ မထည့္ခဲ႔တာျဖစ္ပါတယ္။ဒါေျကာင့္လည္းသူ႔ကို ျမက္ခင္းျပင္ေတြထက္ မွာျပန္ျမန္ရဖို႔ ေစာင့္ရဦးမယ့္ပံုပါပံ။

၅။ အခက္ခဲဆံုး အစိတ္အပိုင္းကို တကယ္ေက်ာ္လႊားႏိုင္ခဲ႔ျပီလား

ယမန္ႏွစ္ျပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္ အထိေရာက္ရွိထားခဲ႔သလို အိမ္ကြင္းရွံုးပြဲမရွိတာျကာေနတဲ႕ ျပိဳင္ဘက္နဲ႔ ပြဲဟာအာဆင္နယ္အတြက္ တကယ္ခက္တာျဖစ္ပါတယ္။အာဆင္နယ္တို႔ အုပ္စုကို က်ိန္းေသတက္ေရာက္သြားျပီလို႕ ေျပာဖို႔ေစာေသးေပမယ့္ ခက္ခဲတဲ႔ စမ္းသပ္မွဳကိုေက်ာ္လိုက္ႏိုင္တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ကစားသမားအစုအဖြဲ႔အတြင္းမွာ ဆာကာကို ထပ္ျပီးျမင္ရဖို႔ေတာ့ပရိသတ္ေတြက ေမ်ွာ္လင့္ေနျကပါတယ္။

ဒီပြဲမွာ ကစားသြားခဲ႔တဲ႔ အာဆင္နယ္အသင္းသားေတြရဲ႕ Players’ Ratings

မာတီနက္ဇ္ – ၈

ခ်န္ဘာ – ၇

မူစတာဖီ – ၆

ေဒးဗစ္လုဇ္ – ၆

ကိုလာစီနက္စ္ – ၆

ရွာကာ – ၇

ေတာ္ရဲယား ၆

ဝီေလာ့ခ္ – ၈

ဆာကာ – ၈

စမစ္ရိုဝီ – ၆

အူဘာမီယန္ – ၇

SPORT MYANMAR

Unicode

ဖရန့်ဖတ်အသင်းကိုအာဆင်နယ်တို့ ဥရောပအိမ်ကွင်းရှုံးပွဲပြန်တွေ့စေခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်မှာပြောစရာဖြစ်ခဲ့တဲ့အချက် ၅ချက်/ အာဆင်နယ်ကစားသမားတွေရဲ့ ခြေစွမ်းအဆင့်သတ်မှတ်ချက်များ
=====================================

ဂျာမန်မြေမှာ ကစားသွားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စု အဖွင့်ပွဲစဉ်မှာ အာဆင်နယ် အသင်းက ဖရန့်ဖတ် အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အာဆင်နယ်နည်းပြကြီး အမ်မရီဟာ လူငယ်အများစုကို ပွဲထွက်စာရင်းမှာအသုံးပြုသွားခဲ့ပြီး လူငယ်တွေရဲ့ ကြိုးစားမှုကြောင့်ပဲအခုလို ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဖရန့်ဖတ်အသင်းကလည်း နောက်ဆုံး ဥရောပ ပွဲ ၁၆ ပွဲဆက် အိမ်ကွင်းရှံုးပွဲမရှိထားခဲ့တဲ့ မှတ်တမ်းကိုဆက်ထိန်းနိုင်ဖို့ကြိုးစားသွားခဲ့ပြီး ပွဲအစကတည်းက ဖိအားပေးသွားနိုင်ခဲ့ပါတယ်။ဒါပေမယ့် များပြားတဲ့ အခွင့်အရေးတွေကို အဆုံးမသတ်နိုင်ခဲ့လို့ အိမ်ကွင်းစံချိန်ကောင်းကျိုးပျက်ပြီး ဂိုးပြတ်အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းရဲ့နိုင်ပွဲမှာအထူးခြေစွမ်းပြသခဲ့တာကတော့ လူငယ်ကြယ်ပွင့်လေး ဆာကာဖြစ်ပြီး ကိုယ်တိုင်ဂိုးသွင်းနိုင်ခဲ့သလို အူဘာမီယန်ရဲ့ဂိုးကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒီပွဲမှာပြောစရာဖြစ်ခဲ့တဲ့ အချက်အလက်တွေကတော့-

၁။ ဒီရာသီမှာအာဆင်နယ်တိုက်စစ်အတွက် အားကိုးရနိုင်မယ့်ဝီလော့ခ်

ရာသီသစ်မှာ အာဆင် နယ်အသင်းအတွက် ဂိုးတွေကိုတိုက်စစ်မှူး အူဘာမီယန်က အဓိက သွင်းယူပေးနေခဲ့တာဖြစ်ပြီး လာကာဇက်နဲ့ တော်ရဲယားတို့ကလည်း အနည်းငယ်သွင်းယူပေးထားတာဖြစ်ပါတယ်။ယနေ့ပွဲမှာ ရခဲ့တဲ့ဝီလော့ခ်ရဲ့
ဂိုးမှာ ကံကောင်းမှုပါခဲ့တယ်ဆိုရင်တောင် သူဟာအမ်မရီရဲ့ အာဆင်နယ်တိုက်စစ်အတွက် နောက်ထပ်ဂိုးသွင်းနိုင်သူဖြစ်လာခဲ့ပါတယ်။သူဟာ ပုံစံကောင်းနဲ့ တက်ရိပ်ပြနေတာဖြစ်လို့ ဒီရာသီမှာနောက်ထက်ဂိုးတွေထပ်မြင်ရဖို့ရှိနေပါတယ်။

၂။ ပီတာဆက်ချ်ရဲ့ နေရာမှာ လက်စွမ်းပြခဲ့တဲ့ မာတီနက်ဇ်

ပြီးခဲ့တဲ့ ရာသီမှာ အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ်ရဲ့ ပွဲထွက်ဂိုးသမားပီတာဆက်ချ် ထက်ပိုပြီး အားကိုးရမယ့် အရိပ်အယောင်တွေကို မာတီနက်ဇ်မှာမြင်နေရတာဖြစ်ပါတယ်။သူဟာရီးဒင်းအသင်းကို အငှားထွက်ကစားခဲ့ဖူးပေမယ့် အခုဂျာမန်မြေက လက်စွမ်းလိုမျိုးမပြသနိုင်ခဲ့ဖူးတာဖြစ်ပါတယ်။သူဟာအာဆင်နယ်မှာရှိနေတဲ့ ရနှစ်အတွင်း ၁၅ပွဲမြောက်အဖြစ်သာပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး
အာဆင်နယ်အသင်းသာမနှစ်ကလိုဖိုင်နယ်ထပ်ရောက်ခဲ့ရင်သူကလည်း၁၅ပွဲလောက်ဆက် ကစားဖြစ်မှာဖြစ်ပါတယ်။

၃။ ထုံးစံအတိုင်းလိုအပ်ချက်တွေရှိနေသေးတဲ့ အာဆင်နယ်ကွင်းလယ်

ကွင်းလယ်ရဲ့ လိုအပ်ချက်တွေအတွက် ရှာကာတဦးတည်းကိုအပြစ်တင်ဖို့ခက်ပေမယ့် အသင်းခေါင်းဆောင်ဖြစ်တဲ့သူက ဒါကိုလက်ခံရမှာဖြစ်ပါတယ်။အာဆင်နယ်ကွင်းလယ်ဟာ ကျော်ဖြတ်ရအတော်လွယ်ကူတယ်လို့ပြိုင်ဘက်တွေကိုထပ်ပြီးမြင်သွားစေတဲ့ပွဲဖြစ်ခဲ့ပါတယ်။

၄။ ဟိုဒင်းကိုပြန်မြင်ရဖို့ မျှော်နေကြတဲ့
အာဆင်နယ်ပရိသတ်များ

ဒဏ်ရာကြောင့် ဆယ်လလောက်အနားယူနေခဲ့ရတဲ့ ကြယ်ပွင့်ခံစစ်မှူး ဟိုးဒင်းကို အာဆင်နယ် ပရိသတ်တွေက မြင်တွေ့ချင်နေခဲ့တာကြတာဖြစ်ပါတယ်။ဒီ
ဘော်လ်တန် ကစားသားဟောင်းဟာ ဂျာမန်မြေကို လိုက်ပါလာခဲ့တာဖြစ်ပေမယ့်
အမ်မရီကတော့သူ့ကို အရံစာရင်းမှာတောင် မထည့်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းသူ့ကို မြက်ခင်းပြင်တွေထက် မှာ
ပြန်မြန်ရဖို့ စောင့်ရဦးမယ့်ပုံပါပံ။

၅။ အခက်ခဲဆုံး အစိတ်အပိုင်းကို တကယ်ကျော်လွှားနိုင်ခဲ့ပြီလား

ယမန်နှစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အထိရောက်ရှိထားခဲ့သလို အိမ်ကွင်းရှံုးပွဲမရှိတာကြာနေတဲ့ ပြိုင်ဘက်နဲ့ ပွဲဟာအာဆင်နယ်အတွက် တကယ်ခက်တာဖြစ်ပါတယ်။အာဆင်နယ်တို့ အုပ်စုကို ကျိန်းသေတက်ရောက်သွားပြီလို့ ပြောဖို့စောသေးပေမယ့် ခက်ခဲတဲ့ စမ်းသပ်မှုကိုကျော်လိုက်နိုင်တာဖြစ်ပါတယ်။အာဆင်နယ် အသင်းရဲ့ ကစားသမားအစုအဖွဲ့အတွင်းမှာ ဆာကာကို ထပ်ပြီးမြင်ရဖို့တော့
ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

ဒီပွဲမှာ ကစားသွားခဲ့တဲ့ အာဆင်နယ်အသင်းသားတွေရဲ့ Players’ Ratings

မာတီနက်ဇ် – ၈

ချန်ဘာ – ရ

မူစတာဖီ – ၆

ဒေးဗစ်လုဇ် – ၆

ကိုလာစီနက်စ် – ၆

ရှာကာ – ရ

တော်ရဲယား ၆

ဝီလော့ခ် – ၈

ဆာကာ – ၈

စမစ်ရိုဝီ – ၆

အူဘာမီယန် – ရ

SPORT MYANMAR