တနဂၤေႏြေန႔ မွာကစားသြားခဲ႔တဲ႕ပရီးမီးယားလိဂ္ ပြဲစဥ္မွာခ်ဲဆီးလ္ အသင္းက ကာဒစ္အသင္းကို ေနာက္ကေန လိုက္ကစားျပီး၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ႕ပါတယ္။တန္းဆင္း အႏၲရာယ္ ရွိေနတဲ႔အိမ္ရွင္ ကာဒစ္အသင္းက ဦးေဆာင္ဂိုး ရရွိခဲ႔တာ ျဖစ္ျပီး ပြဲခ်ိန္ ၄၆မိနစ္ မွာ ကာမာရာဆာက ကန္သြင္းယူေပးခဲ႔တာ ျဖစ္ပါတယ္။ဒါေပမယ့္ ပြဲခ်ိန္ ၈၄ မိနစ္မွာ အက္ပလီကူတာနဲ႔ နာက်င္ အခ်ိန္ပိုမွာ ေလာ့တပ္ခ်ိဖ္ တို႔က ၂ဂိုးဆက္သြင္းယူေပးခဲ႔လို႔ ခ်ဲဆီးလ္တို႔ ျပန္လာႏိုင္ခဲ႔တာျဖစ္ပါတယ္။

ခ်ဲဆီးလ္ အသင္းရရွိခဲ႔တဲ႔ ပထမေခ်ပဂိုးမွာ အက္ပလီကူတာယာ လူက်ြံအေနအထားကေန ေခါင္းတိုက္သြင္းယူခဲ႔တာျဖစ္ျပီး ၊ ဇိုဟိုရီကို Last defender အျဖစ္တားဆီးခဲ႔တဲ႔ ရူဒီဂါကို လည္း အဝါကတ္သာျပသခဲ႔လို႔ ဒီပြဲစဥ္ကို ျကိီး ျကပ္ခဲ႔တဲ႔ဒိုင္လူျကီးေတြကို ကာဒစ္နည္းျပေနးလ္ဝါးေနာ့ဒ္က ေဒါသေပါက္ကြဲသြားခဲ႔ပါတယ္။

ပြဲအျပီး အင္တာဗ်ဴးတခုမွာ ဝါးေနာ့ဒ္က – – – ” က်ြန္ေတာ့္ရဲ႕ စိတ္ေတြထိုင္းမွိဳင္းေနလို႔ ေနရခက္ေနပါတယ္။ဒါေပမယ့္ အသင္းသားေတြ အတြက္ေတာ့ ဂုဏ္ယူမိပါတယ္။သူတို႔ကိုဒိုင္ေတြက ဒုကၡေပးခဲ႔တာျဖစ္ပါတယ္။က်ြန္ေတာ္တို႔ဟာ ဒီပြဲအတြက္ ၃၊ ၄ ပတ္ေလာက္ ျပင္ဆင္ထားခဲ႔ေပမယ့္သူတို႔ရဲ႔ ဆံုးျဖတ္ခ်က္ေျကာင့္က်ရွံုးခဲ႔ရပါတယ္။က်ေနာ္သာဘန္ေလ သို႔မဟုတ္ ဘရိုက္တန္ ပရိသတ္တဦးသာဆိုရင္ ဒီေန႔ပြဲစဥ္ရဲ႕ရလဒ္ကိုႏွစ္သက္ေနပါလိမ့္မယ္။

ဒိုင္လူျကီးေတြက မျမင္ခဲ့တာျဖစ္ျပီး က်ြန္ေတာ္တို႔ရဲ႕ အမွားေတာ့ မဟုတ္ပါဘူး။က်ြန္ေတာ္ျမင္ဖူးသမ်ွထဲမွာ အသိသာဆံုး လူက်ြံေဘာတခုျဖစ္ပါတယ္။ဒီျပိဳင္ပြဲဟာ ကမၻာ့အေကာင္းဆံုးျပိဳင္ပြဲတခုျဖစ္ေပမယ့္ အဆိုးရြားဆိုးဒိုင္ေတြရွိေနပါတယ္။သူတို႔ဟာ ဒီလို အမွားအယြင္းမ်ိဳးကို မလုပ္မိသင့္ပါဘူး။

က်ြန္ေတာ့္ အသက္ ၇၀ အတြင္းမွာေတာင္ ဒီလိုမ်ိဳး သိပ္မေတြ႔ခဲ႔ဖူးတာျဖစ္လို႔ေျပာစကားေတြေတာင္ ေပ်ာက္သြားခဲ႔ရပါတယ္။က်ြန္ေတာ့္ ကစားသမားေတြကေတာ့ သူတို႔ရဲ႕ သြားေတြကို ကန္ခ်ိဳးခံလိုက္ရသလိုခံစားေနရပါတယ္။က်ြန္ေတာ္ဟာ ဒီေန႔ ပဲြကလို ဒိုင္ေတြ နဲ႔ မထိုက္တန္ပါဘူး။သူတို႔ရဲ႕လုပ္ရပ္ေတြအတြက္ ဆင္ေျခဆိုတာမရွိပါဘူး၊ ဒါဟာ ရာဇဝတ္မွဳ တခုလိုပါပဲ။

အခုဆိုရင္ က်ြန္ေတာ့္ တို႔အသင္းသားေတြဟာ က်ြန္ေတာ့္ရဲ႕ ဒီရာသီ အဆံုးသတ္ကို ျကံုလိုက္ရသလို ခံစားေနရပါတယ္။က်ြန္ေတာ္တို႔အသင္း ပံုစံေကာင္းကို ဘယ္ႏွစ္ျကိမ္အထိျပန္လည္ ျပသထားႏိုင္ခဲ႔ျပီဆိုတာေတာ့ မသိေတာ့ပါဘူး “လို႔ေျပာသြားခဲ႔ပါတယ္။ကာဒစ္အသင္းရဲ႕ ခံစစ္ကစားသမားေမာ္ရစ္ဆင္ကလည္း ဒီပြဲမွာ ရသင့္တဲ႕ပင္နယ္တီ ၂ျကိမ္ေလာက္မရခဲ႔ဘူး လို႔ ဆိုပါတယ္။

ကြင္းလယ္ဒိုင္ ခရိတ္ခ်္ေပါလ္ဆင္ရဲ႕ ဆံုးျဖတ္ခ်က္ေတြနဲ႔ ပတ္သက္ျပီး ေမာ္ရစ္ဆင္က – – – ” က်ြန္ေတာ္စိတ္ေတာ့ပ်က္ေနပါတယ္။ဒီလို ပံုစံေကာင္းနဲ႔ က်ြန္ေတာ္တို႕ ကစားႏိုင္ခဲ႔ေပမယ့္ ဒိုင္လူျကီးက ပင္နယ္တီ ၂ျကိမ္ေလာက္ကို ေပးဖို႔ေမ့ေနခဲ႔ပံုပါပဲ။သူတို႔ရဲ႕ ပထမဂိုးကလည္း သိသိသာသာျကီးကို လူက်ြံေနတာျဖစ္ပါတယ္။က်ြန္ေတာ္တို႔ သတိၲရွိိရွိတုန္႔ျပန္ကစားႏိုင္ခဲ႔ေပမယ့္ ဘာမ်ား လုပ္ႏိုင္ေတာ့မွာလည္းဗ်ာ။

ျပိဳင္ဘက္အသင္းကို တားဆီးမွဳေတြ လံုလံုေလာက္ေလာက္လုပ္ေဆာင္ႏိုင္ခဲ႔ထင္တယ္လို႔လည္း ယူဆပါတယ္။ဒါေပမယ့္ ဒီပြဲရလဒ္ေျကာင့္ နာက်င္ခဲ့ရပါတယ္။ေခ်ပဂိုးဟာလည္း သိပ္မေသခ်ာေပမယ့္ လူက်ြံေနတယ္လို႕ ခံစားခဲ႔ရပါတယ္။ပင္နယ္တီေပးရမယ့္ ပထမအျကိမ္မွာလည္း က်ြန္ေတာ့္ကို ျပိဳင္ဘက္ ကစားသမားတဦးက လည္ပင္းကို ဆုပ္ကိုင္ထားခဲ႔ပါတယ္။ဒုတိယတျကိမ္မွာလည္း သူကပဲ က်ြန္ေတာ့္ လက္ေမာင္းကို ဆြဲကိုင္ထားျပန္ခဲ႔တာျဖစ္ပါတယ္။

ဇယားေအာက္ေျခနားက အသင္းတသင္းအတြက္ေတာ့ ေနာက္ဆံုး၁၀မိနစ္ အတြင္း ၂ ဂိုးေပးလိုက္ရတကယ္မေကာင္းပါဘူး။ဒီရာသီမွာက်ြန္ေတာ္တို႔စိတ္ပ်က္စရာရွံုးပြဲေတြ ျကံုေတြ႕ထားခဲ႔ရေပမယ့္ ျပန္လာ ထားႏိုင္ခဲ႔ဖူးပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။ျပီးခဲ့တဲ႕အပတ္ပြဲစဥ္မွာ အဲဗာတန္ကို အေရးနိမ့္ခဲ႔ရတဲ႔ ခ်ဲဆီးလ္အသင္းကေတာ့ အခုႏိုင္ပြဲေျကာင့္ ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ အေျခအေနျပန္လည္ေကာင္းမြန္သြားခဲ႔ပါတယ္။

Unicode

ချဲလ်ဆီးနဲ့ပွဲက လူကျွံဂိုးအတွက် ပေါက်ကွဲခဲ့ကြတဲ့ ကာဒစ်နည်းပြ နဲ့ ကစားသမားများ
=============================

တနင်္ဂနွေနေ့ မှာကစားသွားခဲ့တဲ့ပရီးမီးယားလိဂ် ပွဲစဉ်မှာချဲဆီးလ် အသင်းက ကာဒစ်အသင်းကို နောက်ကနေ လိုက်ကစားပြီး၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။တန်းဆင်း အန္တရာယ် ရှိနေတဲ့အိမ်ရှင် ကာဒစ်အသင်းက ဦးဆောင်ဂိုး ရရှိခဲ့တာ ဖြစ်ပြီး ပွဲချိန် ၄၆မိနစ် မှာ ကာမာရာဆာက ကန်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် ပွဲချိန် ၈၄ မိနစ်မှာ အက်ပလီကူတာနဲ့ နာကျင် အချိန်ပိုမှာ လော့တပ်ချိဖ် တို့က ၂ဂိုးဆက်သွင်းယူပေးခဲ့လို့ ချဲဆီးလ်တို့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲဆီးလ် အသင်းရရှိခဲ့တဲ့ ပထမချေပဂိုးမှာ အက်ပလီကူတာယာ လူကျွံအနေအထားကနေ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး ၊ ဇိုဟိုရီကို Last defender အဖြစ်တားဆီးခဲ့တဲ့ ရူဒီဂါကို လည်း အဝါကတ်သာပြသခဲ့လို့ ဒီပွဲစဉ်ကို ကြိီး ကြပ်ခဲ့တဲ့ဒိုင်လူကြီးတွေကို ကာဒစ်နည်းပြနေးလ်ဝါးနော့ဒ်က ဒေါသပေါက်ကွဲသွားခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးတခုမှာ ဝါးနော့ဒ်က – – – ” ကျွန်တော့်ရဲ့ စိတ်တွေထိုင်းမှိုင်းနေလို့ နေရခက်နေပါတယ်။ဒါပေမယ့် အသင်းသားတွေ အတွက်တော့ ဂုဏ်ယူမိပါတယ်။သူတို့ကိုဒိုင်တွေက ဒုက္ခပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ဒီပွဲအတွက် ၃၊ ၄ ပတ်လောက် ပြင်ဆင်ထားခဲ့ပေမယ့်သူတို့ရဲ့ ဆုံးဖြတ်ချက်ကြောင့်ကျရှုံးခဲ့ရပါတယ်။ကျနော်သာဘန်လေ သို့မဟုတ် ဘရိုက်တန် ပရိသတ်တဦးသာဆိုရင် ဒီနေ့ပွဲစဉ်ရဲ့ရလဒ်ကိုနှစ်သက်နေပါလိမ့်မယ်။

ဒိုင်လူကြီးတွေက မမြင်ခဲ့တာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အမှားတော့ မဟုတ်ပါဘူး။ကျွန်တော်မြင်ဖူးသမျှထဲမှာ အသိသာဆုံး လူကျွံဘောတခုဖြစ်ပါတယ်။ဒီပြိုင်ပွဲဟာ ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲတခုဖြစ်ပေမယ့် အဆိုးရွားဆိုးဒိုင်တွေရှိနေပါတယ်။သူတို့ဟာ ဒီလို အမှားအယွင်းမျိုးကို မလုပ်မိသင့်ပါဘူး။

ကျွန်တော့် အသက် ရ၀ အတွင်းမှာတောင် ဒီလိုမျိုး သိပ်မတွေ့ခဲ့ဖူးတာဖြစ်လို့ပြောစကားတွေတောင် ပျောက်သွားခဲ့ရပါတယ်။ကျွန်တော့် ကစားသမားတွေကတော့ သူတို့ရဲ့ သွားတွေကို ကန်ချိုးခံလိုက်ရသလိုခံစားနေရပါတယ်။ကျွန်တော်ဟာ ဒီနေ့ ပွဲကလို ဒိုင်တွေ နဲ့ မထိုက်တန်ပါဘူး။သူတို့ရဲ့လုပ်ရပ်တွေအတွက် ဆင်ခြေဆိုတာမရှိပါဘူး၊ ဒါဟာ ရာဇဝတ်မှု တခုလိုပါပဲ။

အခုဆိုရင် ကျွန်တော့် တို့အသင်းသားတွေဟာ ကျွန်တော့်ရဲ့ ဒီရာသီ အဆုံးသတ်ကို ကြံုလိုက်ရသလို ခံစားနေရပါတယ်။ကျွန်တော်တို့အသင်း ပုံစံကောင်းကို ဘယ်နှစ်ကြိမ်အထိပြန်လည် ပြသထားနိုင်ခဲ့ပြီဆိုတာတော့ မသိတော့ပါဘူး “လို့ပြောသွားခဲ့ပါတယ်။ကာဒစ်အသင်းရဲ့ ခံစစ်ကစားသမားမော်ရစ်ဆင်ကလည်း ဒီပွဲမှာ ရသင့်တဲ့ပင်နယ်တီ ၂ကြိမ်လောက်မရခဲ့ဘူး လို့ ဆိုပါတယ်။

ကွင်းလယ်ဒိုင် ခရိတ်ချ်ပေါလ်ဆင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး မော်ရစ်ဆင်က – – – ” ကျွန်တော်စိတ်တော့ပျက်နေပါတယ်။ဒီလို ပုံစံကောင်းနဲ့ ကျွန်တော်တို့ ကစားနိုင်ခဲ့ပေမယ့် ဒိုင်လူကြီးက ပင်နယ်တီ ၂ကြိမ်လောက်ကို ပေးဖို့မေ့နေခဲ့ပုံပါပဲ။သူတို့ရဲ့ ပထမဂိုးကလည်း သိသိသာသာကြီးကို လူကျွံနေတာဖြစ်ပါတယ်။ကျွန်တော်တို့ သတ္တိရှိိရှိတုန့်ပြန်ကစားနိုင်ခဲ့ပေမယ့် ဘာများ လုပ်နိုင်တော့မှာလည်းဗျာ။

ပြိုင်ဘက်အသင်းကို တားဆီးမှုတွေ လုံလုံလောက်လောက်လုပ်ဆောင်နိုင်ခဲ့ထင်တယ်လို့လည်း ယူဆပါတယ်။ဒါပေမယ့် ဒီပွဲရလဒ်ကြောင့် နာကျင်ခဲ့ရပါတယ်။ချေပဂိုးဟာလည်း သိပ်မသေချာပေမယ့် လူကျွံနေတယ်လို့ ခံစားခဲ့ရပါတယ်။ပင်နယ်တီပေးရမယ့် ပထမအကြိမ်မှာလည်း ကျွန်တော့်ကို ပြိုင်ဘက် ကစားသမားတဦးက လည်ပင်းကို ဆုပ်ကိုင်ထားခဲ့ပါတယ်။ဒုတိယတကြိမ်မှာလည်း သူကပဲ ကျွန်တော့် လက်မောင်းကို ဆွဲကိုင်ထားပြန်ခဲ့တာဖြစ်ပါတယ်။

ဇယားအောက်ခြေနားက အသင်းတသင်းအတွက်တော့ နောက်ဆုံး၁၀မိနစ် အတွင်း ၂ ဂိုးပေးလိုက်ရတကယ်မကောင်းပါဘူး။ဒီရာသီမှာကျွန်တော်တို့စိတ်ပျက်စရာရှံုးပွဲတွေ ကြံုတွေ့ထားခဲ့ရပေမယ့် ပြန်လာ ထားနိုင်ခဲ့ဖူးပါတယ် ” လို့ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ပွဲစဉ်မှာ အဲဗာတန်ကို အရေးနိမ့်ခဲ့ရတဲ့ ချဲဆီးလ်အသင်းကတော့ အခုနိုင်ပွဲကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အခြေအနေပြန်လည်ကောင်းမွန်သွားခဲ့ပါတယ်။