မန္ခ်က္စတာယူႏုိက္တက္ နဲ႕ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူေဟာင္း အုိ၀င္ဟားဂေရ႕က ယူရုိပါလိဂ္ ျပိဳင္ပြဲဟာ သရဲနီ နဲ႕ ဂန္းနား တုိ႕အတြက္ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ ကစားခြင့္ ရဖို႕ တစ္ခုတည္းေသာ လမ္းေၾကာင္း ျဖစ္တယ္လို႕ ဆုိလိုက္ပါတယ္။ အုိ၀င္ဟားဂေရ႕က မန္ယူႏုိက္တက္ေကာ အာဆင္နယ္ အသင္းတို႕ဟာ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ Top 4 ၀င္ေရာက္ ႏုိင္လိမ့္မယ္လို႕ မထင္ ထားတာ ျဖစ္ပါတယ္။

ယူႏုိက္တက္ နဲ႕ အာဆင္နယ္ တုိ႕ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းကလည္း အဆင့္ ၆ နဲ႕ အဆင့္ ၅ ေနရာ ေတြနဲ႕သာ ရာသီသိမ္း ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ နဲ႕ လြဲေခ်ာ္ကာ ယူရိုပါလိဂ္ မွာသာ ယွဥ္ျပိဳင္ခြင့္ ရခဲ့တာ ျဖစ္ပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္ ၅ ပြဲ အျပီးမွာလည္း ၂ သင္းစလံုးဟာ ႏုိင္ပြဲ ၂ပြဲ စီသာ ရရွိ ထားခဲ့ ၾကျပီး ရမွတ္ ၈ မွတ္စီ ပိုင္ဆိုင္ ထားၾကကာ Top 4 ၀င္ဖို႕ အတြက္ လံုေလာက္တဲ့ ေျခစြမ္းေတြ မျပ ထားႏုိင္ ခဲ့ၾကပါဘူး။

သုိ႕ေပမယ့္လည္း ဟားဂေရ႕က အာဆင္နယ္ ၊ မန္ယူႏုိက္တက္ တုိ႕ အေနနဲ႕ ျပီးခဲ့တဲ့ ရာသီ ျပည္တြင္းလိဂ္က အေျခအေနထက္ တုိးတက္ေအာင္ လုပ္ႏုိင္ လိမ့္မယ္လို႕ မယူဆ ထားခဲ့ ပါဘူး။ အဂၤလန္ ကြင္းလယ္လူေဟာင္းက ယူရုိပါလိဂ္ ျပိဳင္ပြဲဟာ ႏွစ္သင္းစလံုး အတြက္ အရမ္းကုိ အေရးပါတယ္လို႕ ယံုၾကည္ ေနျပီး ဒီျပိဳင္ပြဲမွာ ဗုိလ္စြဲေအာင္ လုပ္ျခင္း ကသာ ၎တုိ႕ အတြက္ တစ္ခုတည္းေသာ ခ်န္ပီယံလိဂ္ ၀င္ေပါက္ ျဖစ္တယ္လို႕ ဆုိလိုက္ ပါတယ္။

အုိ၀င္ဟားဂေရ႕ က “ကၽြန္ေတာ္ ကေတာ့ ယူရိုပါလိဂ္ ျပိဳင္ပြဲဟာ ႏွစ္သင္းစလံုး အတြက္ ၾကီးၾကီးမားမား အေရး ပါတယ္လို႕ ထင္ပါတယ္။ သူတုိ႕ဟာ လက္ရွိ ေျခစြမ္း ၊ အေနအထား အရ ပရီးမီးယားလိဂ္ မွာ လီဗာပူး ၊ မန္ခ်က္စတာစီးတီး တို႕ ေနာက္မွာ က်န္ခဲ့ ပါျပီ။ ယူရိုပါလိဂ္ ျပိဳင္ပြဲဟာ ႏွစ္သင္းစလံုး အတြက္ ဗုိလ္စြဲဖို႕ အရမ္း အေရးၾကီး ပါတယ္။ ဒါဟာ ခ်န္ပီယံလိဂ္ အတြက္ တစ္ခု တည္းေသာ လမ္းေၾကာင္းပါ။

လက္ရွိ ကစား ေနတဲ့ ေျခစြမ္း အရ ႏွစ္သင္းစလံုးဟာ ပရီးမီးယားလိဂ္မွာ ထိပ္ဆံုး ေလးသင္း ၀င္မယ္လို႕ ကၽြန္ေတာ္ မျမင္ မိပါဘူး။ ဒါ့ေၾကာင့္ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ အတြက္ အေကာင္းဆံုး လမ္းေၾကာင္း ကေတာ့ ဒီျပိဳင္ပြဲ ပဲလို႕ ကၽြန္ေတာ္ ထင္ပါတယ္။ ယူႏုိက္တက္ အတြက္ ၊ အသင္းရဲ႕ လူငယ္ ကစားသမားေလးေတြ အတြက္ စဥ္းစား ၾကည့္္လိုက္မယ္ ဆုိရင္ ဒါဟာ အသင္းေလး ေတြနဲ႕ ကစား ရတဲ့ အထူး အခြင့္အေရး တစ္ခုပါ။

အာဆင္နယ္ အတြက္ ဆုိရင္လည္း လက္ရွိ သူတို႕ အသင္း ပိုင္ဆုိင္ ထားတဲ့ ကစားသမား အင္အား အရ ဂန္းနား တုိ႕ အေနနဲ႕ ဒီျပိဳင္ပြဲမွာ ဗုိလ္စြဲဖို႕ နည္းလမ္း ရွာေတြ႕ ႏုိင္မွာလား ? သူတုိ႕ဟာ ဒီျပိဳင္ပြဲရဲ႕ အေတာင့္တင္းဆံုး အသင္းေတြ ထဲက တစ္သင္း ျဖစ္ပါတယ္။” လို႕ ဆုိလိုက္ ပါတယ္။

အာဆင္နယ္ အသင္းဟာ ျပီးခဲ့တဲ့ ရာသီက ယူရုိပါလိဂ္ ဖိုင္နယ္ကို တက္ေရာက္ ႏုိင္ခဲ့ ေပမယ့္လည္း ဖို္င္နယ္မွာ ခ်ဲလ္ဆီး ကို ၄ – ၁ နဲ႕ ရွံဳးကာ ဒုတိယ ေနရာသာ ရရွိ ခဲ့ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္နဲ႕ လြဲေခ်ာ္ ခဲ့ပါတယ္။ ဂန္းနား တုိ႕ဟာ ဒီရာသီ အုပ္စု အဆင့္မွာ စတန္းဒက္လိဂ္ ၊ ဗစ္တုိးရီးယား ၊ ဖရန္႕ဖတ္ တုိ႕နဲ႕ ေတြ႕ဆံု ေနျပီး မေန႕ညကေတာ့ အုပ္စုတြင္း အဓိက ျပိဳင္ဘက္ ဖရန္႕ဖတ္ကို အေ၀းကြင္းမွာ ၃ – ၀ နဲ႕ အႏိုင္ ကစား ခဲ့ပါတယ္။

ယူႏုိက္တက္ ကလည္း ဒီရာသီ အုပ္စု အဆင့္မွာ အက္စ္တာနာ ၊ ပါတီဇန္ဘဲလ္ဂရိတ္ ၊ အယ္ခမာ တုိ႕နဲ႕ ေတြ႕ဆံု ေနျပီး မေန႕ညက အုိးထရပ္ဖို႕ဒ္မွာ အက္စ္တာနာ ကို ၁-၀ နဲ႕ ႏုိင္ကာ အႏုိင္ ၃ မွတ္နဲ႕ စတင္ ခဲ့ပါတယ္။

SM

Unicode

ယူနိုက်တက် နဲ့ အာဆင်နယ်တို့ လာမည့် ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားခွင့် ရဖို့ တစ်ခုတည်းသော နည်းလမ်းကို ပြောသွားခဲ့တဲ့ အိုဝင်ဟားဂရေ့

မန်ချက်စတာယူနိုက်တက် နဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူဟောင်း အို၀င်ဟားဂရေ့က ယူရိုပါလိဂ် ပြိုင်ပွဲဟာ သရဲနီ နဲ့ ဂန်းနား တို့အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားခွင့် ရဖို့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ အို၀င်ဟားဂရေ့က မန်ယူနိုက်တက်ကော အာဆင်နယ် အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ Top 4 ၀င်ရောက် နိုင်လိမ့်မယ်လို့ မထင် ထားတာ ဖြစ်ပါတယ်။

ယူနိုက်တက် နဲ့ အာဆင်နယ် တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းကလည်း အဆင့် ၆ နဲ့ အဆင့် ၅ နေရာ တွေနဲ့သာ ရာသီသိမ်း ခဲ့တာကြောင့် ချန်ပီယံလိဂ် ၀င်ခွင့် နဲ့ လွဲချော်ကာ ယူရိုပါလိဂ် မှာသာ ယှဉ်ပြိုင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ၅ ပွဲ အပြီးမှာလည်း ၂ သင်းစလုံးဟာ နိုင်ပွဲ ၂ပွဲ စီသာ ရရှိ ထားခဲ့ ကြပြီး ရမှတ် ၈ မှတ်စီ ပိုင်ဆိုင် ထားကြကာ Top 4 ၀င်ဖို့ အတွက် လုံလောက်တဲ့ ခြေစွမ်းတွေ မပြ ထားနိုင် ခဲ့ကြပါဘူး။

သို့ပေမယ့်လည်း ဟားဂရေ့က အာဆင်နယ် ၊ မန်ယူနိုက်တက် တို့ အနေနဲ့ ပြီးခဲ့တဲ့ ရာသီ ပြည်တွင်းလိဂ်က အခြေအနေထက် တိုးတက်အောင် လုပ်နိုင် လိမ့်မယ်လို့ မယူဆ ထားခဲ့ ပါဘူး။ အင်္ဂလန် ကွင်းလယ်လူဟောင်းက ယူရိုပါလိဂ် ပြိုင်ပွဲဟာ နှစ်သင်းစလုံး အတွက် အရမ်းကို အရေးပါတယ်လို့ ယုံကြည် နေပြီး ဒီပြိုင်ပွဲမှာ ဗိုလ်စွဲအောင် လုပ်ခြင်း ကသာ ၎င်းတို့ အတွက် တစ်ခုတည်းသော ချန်ပီယံလိဂ် ၀င်ပေါက် ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။

အို၀င်ဟားဂရေ့ က “ကျွန်တော် ကတော့ ယူရိုပါလိဂ် ပြိုင်ပွဲဟာ နှစ်သင်းစလုံး အတွက် ကြီးကြီးမားမား အရေး ပါတယ်လို့ ထင်ပါတယ်။ သူတို့ဟာ လက်ရှိ ခြေစွမ်း ၊ အနေအထား အရ ပရီးမီးယားလိဂ် မှာ လီဗာပူး ၊ မန်ချက်စတာစီးတီး တို့ နောက်မှာ ကျန်ခဲ့ ပါပြီ။ ယူရိုပါလိဂ် ပြိုင်ပွဲဟာ နှစ်သင်းစလုံး အတွက် ဗိုလ်စွဲဖို့ အရမ်း အရေးကြီး ပါတယ်။ ဒါဟာ ချန်ပီယံလိဂ် အတွက် တစ်ခု တည်းသော လမ်းကြောင်းပါ။

လက်ရှိ ကစား နေတဲ့ ခြေစွမ်း အရ နှစ်သင်းစလုံးဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး လေးသင်း ၀င်မယ်လို့ ကျွန်တော် မမြင် မိပါဘူး။ ဒါ့ကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲ အတွက် အကောင်းဆုံး လမ်းကြောင်း ကတော့ ဒီပြိုင်ပွဲ ပဲလို့ ကျွန်တော် ထင်ပါတယ်။ ယူနိုက်တက် အတွက် ၊ အသင်းရဲ့ လူငယ် ကစားသမားလေးတွေ အတွက် စဉ်းစား ကြည့််လိုက်မယ် ဆိုရင် ဒါဟာ အသင်းလေး တွေနဲ့ ကစား ရတဲ့ အထူး အခွင့်အရေး တစ်ခုပါ။

အာဆင်နယ် အတွက် ဆိုရင်လည်း လက်ရှိ သူတို့ အသင်း ပိုင်ဆိုင် ထားတဲ့ ကစားသမား အင်အား အရ ဂန်းနား တို့ အနေနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ နည်းလမ်း ရှာတွေ့ နိုင်မှာလား ? သူတို့ဟာ ဒီပြိုင်ပွဲရဲ့ အတောင့်တင်းဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ် ဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့ ပေမယ့်လည်း ဖို်င်နယ်မှာ ချဲလ်ဆီး ကို ၄ – ၁ နဲ့ ရှုံးကာ ဒုတိယ နေရာသာ ရရှိ ခဲ့ပြီး ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ လွဲချော် ခဲ့ပါတယ်။ ဂန်းနား တို့ဟာ ဒီရာသီ အုပ်စု အဆင့်မှာ စတန်းဒက်လိဂ် ၊ ဗစ်တိုးရီးယား ၊ ဖရန့်ဖတ် တို့နဲ့ တွေ့ဆုံ နေပြီး မနေ့ညကတော့ အုပ်စုတွင်း အဓိက ပြိုင်ဘက် ဖရန့်ဖတ်ကို အဝေးကွင်းမှာ ၃ – ၀ နဲ့ အနိုင် ကစား ခဲ့ပါတယ်။

ယူနိုက်တက် ကလည်း ဒီရာသီ အုပ်စု အဆင့်မှာ အက်စ်တာနာ ၊ ပါတီဇန်ဘဲလ်ဂရိတ် ၊ အယ်ခမာ တို့နဲ့ တွေ့ဆုံ နေပြီး မနေ့ညက အိုးထရပ်ဖို့ဒ်မှာ အက်စ်တာနာ ကို ၁-၀ နဲ့ နိုင်ကာ အနိုင် ၃ မှတ်နဲ့ စတင် ခဲ့ပါတယ်။

SM