ႏိုင္ငံတကာ ပြဲစဥ္ကာလေတြ တုန္းကလဲ ပ်င္းဖို႔ေကာင္းေပမယ့္ ၊ ကလပ္ပြဲစဥ္ေတြ ျပန္လည္ စတင္လာေတာ့လဲ ျပည္တြင္းလိဂ္ ပြဲစဥ္ေတြေရာ ၊ ဥေရာပ ပြဲစဥ္ေတြနဲ႔ ပြဲေကာင္းေတြကို ဆက္တိုက္ ၾကည့္ရႈခြင့္ရတာ ေက်နပ္အားရစရာပဲဗ်ာ။ ဒီတစ္ပတ္မွာေတာ့ ထိပ္သီးအသင္းၾကီးေတြ ျဖစ္တဲ့ ခ်ဲဆီး နဲ႔ လီဗာပူး တို႔ ထိပ္တိုက္ေတြ႔ဆံုေနၾကသလုိ ၊ ယူႏိုက္တက္ ကလဲ အိမ္ကြင္းမွာ စြမ္းေဆာင္ရည္ ေကာင္းတဲ့ ၀က္စ္ဟမ္းကို ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။

ေလာ္ရုိးကေတာ့ လီဗာပူးဟာ အေ၀းကြင္း ျဖစ္ေနသည့္တို္င္ေအာင္ ခ်ဲဆီးကို အႏိုင္ယူျပလိမ့္မယ္လို႔ ဆုိလိုက္ျပီး ၊ ယူႏိုက္တက္တို႔ အေ၀းကြင္းမွာ ရႈံးပြဲ ၾကံဳေတြ႔မယ္လို႔လဲ ေဟာကိန္းထုတ္လိုက္ပါတယ္။ ဒီတစ္ပတ္ အတြက္ ေလာ္ရုိး ရဲ႕ ပရီးမီးယားလိဂ္ ခန္႔မွန္းခ်က္ေတြကို ၾကည့္လုိက္ၾကရေအာင္ဗ်ာ………

မန္စီးတီး – ၀က္ဖို႔ဒ္
က်ေနာ္ ကေတာ့ ဒီပြဲမွာ ရွက္တာဒိုးနက္ကို ရင္ဆိုင္ခဲ့တဲ့ ပံုစံအတိုင္းပဲ မန္စီးတီး က ဖာနန္ဒင္ဟို ကို ခံစစ္မႈး အျဖစ္ အသံုးျပဳလာမယ္လို႔ ယူဆထားပါတယ္ ၊ သူတို႔မွာ အျခား သံုးစရာ ခံစစ္မႈးလဲ ရွိမေနဘူးေလ။ ခ်န္ပီယံလိဂ္ ပြဲကစားသြားတဲ့ ပက္ဂြာဒီယုိလာ ရဲ႕ အသင္းက အရမ္းကို ေျပျပစ္သလို ၊ ခံစစ္စြမ္းေဆာင္ရည္ကလဲ ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ကထက္ အမ်ားၾကီးကို သာလြန္ခဲ့ပါတယ္။

ဒါေၾကာင့္မို႔ ၀က္ဖို႔ဒ္ နဲ႔ ပြဲမွာလဲ ခံစစ္ ျပသနာေတြ ရိွိလာမယ္လို႔ မျမင္မိပါဘူး။ ၀က္ဖို႔ဒ္ နည္းျပသစ္ ဆန္းခ်က္ဟာ အာဆင္နယ္ နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ 2-0 ရွုံးနိမ့္ေနခဲ့ရာကေန သေရ တစ္မွတ္ ျပန္ရေအာင္ တိုက္ခိုက္ျပခဲ့တဲ့ အေနအထားေကာင္းေလးေတြေတာ့ ရွိေနပါတယ္။ ဒါေပမယ့္ က်ေနာ္ကေတာ့ သူတို႔ဟာ မန္စီးတီးကို ျပာယာခတ္ေအာင္ လုပ္ျပႏိုင္တဲ့ အေျခအေနမ်ိဳး မရွိေသးဘူးလို႔ပဲ ျမင္ပါတယ္။ပက္ဂြာဒီယုိလာ ရဲ႕ အသင္းပဲ သက္ေတာင့္ သက္သာ အႏိုင္ရသြားမယ့္ ပြဲမ်ိဳးပါ။

ခန္႔မွန္းခ်က္ – မန္စီးတီး 3-0 ၀က္ဖို႔ဒ္

၀က္စ္ဟမ္း – ယူႏိုက္တက္
တနလၤာေန႔ က ကစားခဲ့တဲ့ အက္စ္တြန္ဗီလာနဲ႔ ပြဲစဥ္မွာ ၀က္စ္ဟမ္းဟာ 10 ေယာက္ထဲနဲ႔ သေရ တစ္မွတ္ ရေအာင္ ယူျပႏိုင္ခဲ့တယ္ဗ်။ တစ္ခ်ိဳ႕ အခိုက္အတန္႔ေတြမွာ သူတို႔ရဲ႕ ကစားပံုဟာ ေတာ္ေတာ္ေလးကို ခ်ီးက်ဴးဖို႔ ေကာင္းခဲ့တာပါ။

က်ေနာ့္ အျမင္မွာလဲ ၀က္စ္ဟမ္းဟာ တိုးတက္မႈေတြ ရွိေနတဲ့ အသင္းလို႔ပဲ ထင္ပါတယ္။ ဒါေၾကာင့္ ယူႏိုက္တက္ ကို သူတို႔ ပခုံုးခ်င္းယွဥ္ျပီး ကစားလာပါလိမ့္မယ္။ ယူႏိုက္တက္ ကလဲ ဒီရာသီမွာ ကစားပံုက လံုး၀ကို ေကာင္းမြန္ျခင္းမရွိေသးေလ။ သူတို႔ မီးနစ္ 90 ျပည့္ ေျခစြမ္းျပ ကစားသြားခဲ့တဲ့ ပြဲဟာ ဘယ္တုန္းကလဲ ဆိုတာ မွတ္ေတာင္ မမွတ္မိေတာ့ပါဘူး။

ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ ခ်ဲဆီး ကို 4-0 နဲ႔ အႏိုင္ ရရွိခဲ့သည့္တိုင္ေအာင္ ၊ ေျခစြမ္းက တစ္ပြဲလံုး ေကာင္းခဲ့တာ မဟုတ္ဘူးေလ။ ေသခ်ာတာကေတာ့ သူတို႔ဟာ အသင္းကို တည္ေဆာက္ ရယူေနတာ ဆိုတာပဲ။ ဒီရာသီမွာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ရေအာင္ စြမ္းေဆာင္ ျပႏိုင္တယ္ ဆိုရင္ေတာ့ ၊ သူတို႔ရဲ႕ တုိးတက္မႈကို အသိအမွတ္ျပဳေပးရမွာေပါ့။

ခန္႔မွန္းခ်က္ – ၀က္စ္ဟမ္း 2-1 ယူႏိုက္တက္

အာဆင္နယ္ – အက္စ္တြန္ဗီလာ
၀က္ဖို႔ဒ္ နဲ႔ ပြဲမွာ ေခ်ပဂိုး ႏွစ္ဂိုး ျပန္ေပးလိုက္ရတဲ့ အာဆင္နယ္ ၊ ဓါတ္ျပားေဟာင္းၾကီးကို ျပန္ဖြင့္လိုက္သလိုပဲဗ်ာ။ အခုထိ ေနာက္တန္း အားနည္းခ်က္ကို လံုး၀ကို မျပင္ဆင္ႏိုင္ေသးတာပါ။ ဒါေပမယ့္ အက္စ္တြန္ဗီလာမွာလဲ အာဆင္နယ္ကို ဒုကၡေပးႏိုင္ေလာက္တဲ့ တိုက္စစ္မ်ိဳးက ပိုင္ဆိုင္ထားျခင္း မရွိပါဘူး။ယူရိုပါလိဂ္မွာ ရလာဒ္ေကာင္းထားတဲ့ ဂန္းနားတို႔ပဲ ႏိုင္ပြဲ ရယူသြားပါလိမ့္မယ္။

ခန္႔မွန္းခ်က္ – အာဆင္နယ္ 2-0 အက္စ္တြန္ဗီလာ

ခ်ဲဆီး – လီဗာပူး
ေနာက္ဆံုး သတင္းေတြ အရေတာ့ ေမဆြန္ေမာင့္ဟာ လီဗာပူး နဲ႔ ပြဲကို ပါ၀င္ကစားေပးႏိုင္ဖို႔ မေသခ်ာေတာ့ပါဘူး။ ေမဆြန္ေမာင့္ အပါအ၀င္ ခ်ဲဆီး လူငယ္ ကစားသမားေလးေတြဟာ အသင္းအတြက္ အားၾကိဳးမာန္တက္ နဲ႔ ကို ကစားျပေနၾကတာပါ။

ဗလင္စီယာကို ရႈံးနိမ့္တဲ့ ပြဲစဥ္ကေတာ့ သူတို႔ အတြက္ ေနာက္ထပ္ နမူနာ တစ္ခုလို႔ ဆိုခ်င္တယ္ဗ်ာ။ ဘယ္ေလာက္အထိ ကိုယ္က အသာစီးနဲ႔ ကစားေနပါေစ ၊ တစ္မီးနစ္ေလာက္ အက်ဘက္ ေရာက္သြားတာနဲ႔ ေပးဆပ္မွဳၾကီးမားတယ္ ဆိုတာ ျပသလိုက္တာပါ။

ျပီးခဲ့တဲ့ အပတ္က အေ၀းကြင္းမွာ ၀ုဖ္ကို ဂိုးျပတ္အႏိုင္ကစားတယ္ ၊ ၾကားရက္မွာ အိမ္ကြင္းေရာက္ေတာ့ ျပန္ရႈံးတယ္ ဆိုေတာ့ ၊ လမ္းပတ္ အတြက္ အရလာဒ္ပိုင္းဆိုင္ရာ တည္ျငိမ္မႈက ေခါင္းထဲမွာ ေသခ်ာထည့္ရမယ့္ အပိုင္း ျဖစ္လာပါျပီ။

လီဗာပူးကလဲ နာပိုလီ နဲ႔ ပြဲမွာ အခြင့္အေရး ဆုပ္ကိုင္ဖို႔ လုိအပ္ခ်က္ေတြ ရွိခဲ့ပါတယ္။ အဲဒီ ပြဲစဥ္က အမွားေတြကို ျပင္ဆင္ဖို႔ ၾကိဳးစားထားတယ္ ဆိုတာ သက္ေသ ျပဖို႔ အတြက္ ဒီပြဲက အေကာင္းဆံုး အခြင့္အေရး ျဖစ္လာမွာလဲ ေသခ်ာပါတယ္။ ထိပ္တန္း အသင္းၾကီးေတြ နဲ႔ ေတြ႔ျပီ ဆိုရင္ ကုိယ့္ရဲ႕ အသင္းအေပၚ အာရံုစူးစိုက္မွဳကလဲ 100% ျဖစ္ေနဖို႔ လိုတယ္ေလ။

မႏွစ္ကေတာ့ ဒီႏွစ္သင္း ေတြ႔ဆံုခဲ့စဥ္က အရမ္းကို ၾကည့္ေကာင္းခဲ့တဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့တာမို႔ ၊ ႏွစ္ဖက္ ကစားသမားေတြ အေနနဲ႔ စိတ္ဓါတ္ပိုင္းဆိုင္ရာ ႏိုးၾကားေနဖို႔ ဆိုတာ ေျပာေနစရာေတာင္ မလိုဘူးထင္ပါတယ္။ စတာရစ္ ရဲ႕ ေခ်ပဂိုးကလဲ ေတာ္ေတာ္ေလး ေျပာစရာ ျဖစ္ခဲ့တာပါ။ လီဗာပူး အသာစီးရသြားပါလိမ့္မယ္။

ခန္႔မွန္းခ်က္ – ခ်ဲဆီး 0-2 လီဗာပူး

အျခားပြဲစဥ္ ခန္႔မွန္းခ်က္မ်ား
လက္စတာ 1-1 စပါး
ဘန္ေလ 2-0 ေနာ့၀ွစ္ခ်္
အဲဗာတန္ 2-0 ရွဖီးလ္ ယူနိုက္တက္
နယူး 2-0 ဘရုိတ္တန္
ပဲေလ့ 2-1 ၀ုဖ္

SPORT MYANMAR

Unicode

ယူနိုက်တက် ဟာ ၀က်စ်ဟမ်းကို ရှုံးနိမ့်လိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ #လော်ရိုး ရဲ့ ခန့်မှန်းချက်များ
*********************************************

နိုင်ငံတကာ ပွဲစဉ်ကာလတွေ တုန်းကလဲ ပျင်းဖို့ကောင်းပေမယ့် ၊ ကလပ်ပွဲစဉ်တွေ ပြန်လည် စတင်လာတော့လဲ ပြည်တွင်းလိဂ် ပွဲစဉ်တွေရော ၊ ဥရောပ ပွဲစဉ်တွေနဲ့ ပွဲကောင်းတွေကို ဆက်တိုက် ကြည့်ရှုခွင့်ရတာ ကျေနပ်အားရစရာပဲဗျာ။ ဒီတစ်ပတ်မှာတော့ ထိပ်သီးအသင်းကြီးတွေ ဖြစ်တဲ့ ချဲဆီး နဲ့ လီဗာပူး တို့ ထိပ်တိုက်တွေ့ဆုံနေကြသလို ၊ ယူနိုက်တက် ကလဲ အိမ်ကွင်းမှာ စွမ်းဆောင်ရည် ကောင်းတဲ့ ၀က်စ်ဟမ်းကို ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

လော်ရိုးကတော့ လီဗာပူးဟာ အဝေးကွင်း ဖြစ်နေသည့်တို်င်အောင် ချဲဆီးကို အနိုင်ယူပြလိမ့်မယ်လို့ ဆိုလိုက်ပြီး ၊ ယူနိုက်တက်တို့ အဝေးကွင်းမှာ ရှုံးပွဲ ကြုံတွေ့မယ်လို့လဲ ဟောကိန်းထုတ်လိုက်ပါတယ်။ ဒီတစ်ပတ် အတွက် လော်ရိုး ရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်တွေကို ကြည့်လိုက်ကြရအောင်ဗျာ………

မန်စီးတီး – ၀က်ဖို့ဒ်
ကျနော် ကတော့ ဒီပွဲမှာ ရှက်တာဒိုးနက်ကို ရင်ဆိုင်ခဲ့တဲ့ ပုံစံအတိုင်းပဲ မန်စီးတီး က ဖာနန်ဒင်ဟို ကို ခံစစ်မှုး အဖြစ် အသုံးပြုလာမယ်လို့ ယူဆထားပါတယ် ၊ သူတို့မှာ အခြား သုံးစရာ ခံစစ်မှုးလဲ ရှိမနေဘူးလေ။ ချန်ပီယံလိဂ် ပွဲကစားသွားတဲ့ ပက်ဂွာဒီယိုလာ ရဲ့ အသင်းက အရမ်းကို ပြေပြစ်သလို ၊ ခံစစ်စွမ်းဆောင်ရည်ကလဲ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကထက် အများကြီးကို သာလွန်ခဲ့ပါတယ်။

ဒါကြောင့်မို့ ၀က်ဖို့ဒ် နဲ့ ပွဲမှာလဲ ခံစစ် ပြသနာတွေ ရှိိလာမယ်လို့ မမြင်မိပါဘူး။ ၀က်ဖို့ဒ် နည်းပြသစ် ဆန်းချက်ဟာ အာဆင်နယ် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ 2-0 ရှုံးနိမ့်နေခဲ့ရာကနေ သရေ တစ်မှတ် ပြန်ရအောင် တိုက်ခိုက်ပြခဲ့တဲ့ အနေအထားကောင်းလေးတွေတော့ ရှိနေပါတယ်။ ဒါပေမယ့် ကျနော်ကတော့ သူတို့ဟာ မန်စီးတီးကို ပြာယာခတ်အောင် လုပ်ပြနိုင်တဲ့ အခြေအနေမျိုး မရှိသေးဘူးလို့ပဲ မြင်ပါတယ်။

ပက်ဂွာဒီယိုလာ ရဲ့ အသင်းပဲ သက်တောင့် သက်သာ အနိုင်ရသွားမယ့် ပွဲမျိုးပါ။
ခန့်မှန်းချက် – မန်စီးတီး 3-0 ၀က်ဖို့ဒ်

၀က်စ်ဟမ်း – ယူနိုက်တက်
တနင်္လာနေ့ က ကစားခဲ့တဲ့ အက်စ်တွန်ဗီလာနဲ့ ပွဲစဉ်မှာ ၀က်စ်ဟမ်းဟာ 10 ယောက်ထဲနဲ့ သရေ တစ်မှတ် ရအောင် ယူပြနိုင်ခဲ့တယ်ဗျ။ တစ်ချို့ အခိုက်အတန့်တွေမှာ သူတို့ရဲ့ ကစားပုံဟာ တော်တော်လေးကို ချီးကျူးဖို့ ကောင်းခဲ့တာပါ။

ကျနော့် အမြင်မှာလဲ ၀က်စ်ဟမ်းဟာ တိုးတက်မှုတွေ ရှိနေတဲ့ အသင်းလို့ပဲ ထင်ပါတယ်။ ဒါကြောင့် ယူနိုက်တက် ကို သူတို့ ပခုံုးချင်းယှဉ်ပြီး ကစားလာပါလိမ့်မယ်။ ယူနိုက်တက် ကလဲ ဒီရာသီမှာ ကစားပုံက လုံးဝကို ကောင်းမွန်ခြင်းမရှိသေးလေ။ သူတို့ မီးနစ် 90 ပြည့် ခြေစွမ်းပြ ကစားသွားခဲ့တဲ့ ပွဲဟာ ဘယ်တုန်းကလဲ ဆိုတာ မှတ်တောင် မမှတ်မိတော့ပါဘူး။

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ချဲဆီး ကို 4-0 နဲ့ အနိုင် ရရှိခဲ့သည့်တိုင်အောင် ၊ ခြေစွမ်းက တစ်ပွဲလုံး ကောင်းခဲ့တာ မဟုတ်ဘူးလေ။ သေချာတာကတော့ သူတို့ဟာ အသင်းကို တည်ဆောက် ရယူနေတာ ဆိုတာပဲ။ ဒီရာသီမှာ ချန်ပီယံလိဂ် ၀င်ခွင့်ရအောင် စွမ်းဆောင် ပြနိုင်တယ် ဆိုရင်တော့ ၊ သူတို့ရဲ့ တိုးတက်မှုကို အသိအမှတ်ပြုပေးရမှာပေါ့။
ခန့်မှန်းချက် – ၀က်စ်ဟမ်း 2-1 ယူနိုက်တက်

အာဆင်နယ် – အက်စ်တွန်ဗီလာ
၀က်ဖို့ဒ် နဲ့ ပွဲမှာ ချေပဂိုး နှစ်ဂိုး ပြန်ပေးလိုက်ရတဲ့ အာဆင်နယ် ၊ ဓါတ်ပြားဟောင်းကြီးကို ပြန်ဖွင့်လိုက်သလိုပဲဗျာ။ အခုထိ နောက်တန်း အားနည်းချက်ကို လုံးဝကို မပြင်ဆင်နိုင်သေးတာပါ။ ဒါပေမယ့် အက်စ်တွန်ဗီလာမှာလဲ အာဆင်နယ်ကို ဒုက္ခပေးနိုင်လောက်တဲ့ တိုက်စစ်မျိုးက ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။

ယူရိုပါလိဂ်မှာ ရလာဒ်ကောင်းထားတဲ့ ဂန်းနားတို့ပဲ နိုင်ပွဲ ရယူသွားပါလိမ့်မယ်။
ခန့်မှန်းချက် – အာဆင်နယ် 2-0 အက်စ်တွန်ဗီလာ

ချဲဆီး – လီဗာပူး
နောက်ဆုံး သတင်းတွေ အရတော့ မေဆွန်မောင့်ဟာ လီဗာပူး နဲ့ ပွဲကို ပါ၀င်ကစားပေးနိုင်ဖို့ မသေချာတော့ပါဘူး။ မေဆွန်မောင့် အပါအဝင် ချဲဆီး လူငယ် ကစားသမားလေးတွေဟာ အသင်းအတွက် အားကြိုးမာန်တက် နဲ့ ကို ကစားပြနေကြတာပါ။

ဗလင်စီယာကို ရှုံးနိမ့်တဲ့ ပွဲစဉ်ကတော့ သူတို့ အတွက် နောက်ထပ် နမူနာ တစ်ခုလို့ ဆိုချင်တယ်ဗျာ။ ဘယ်လောက်အထိ ကိုယ်က အသာစီးနဲ့ ကစားနေပါစေ ၊ တစ်မီးနစ်လောက် အကျဘက် ရောက်သွားတာနဲ့ ပေးဆပ်မှုကြီးမားတယ် ဆိုတာ ပြသလိုက်တာပါ။

ပြီးခဲ့တဲ့ အပတ်က အဝေးကွင်းမှာ ၀ုဖ်ကို ဂိုးပြတ်အနိုင်ကစားတယ် ၊ ကြားရက်မှာ အိမ်ကွင်းရောက်တော့ ပြန်ရှုံးတယ် ဆိုတော့ ၊ လမ်းပတ် အတွက် အရလာဒ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုက ခေါင်းထဲမှာ သေချာထည့်ရမယ့် အပိုင်း ဖြစ်လာပါပြီ။

လီဗာပူးကလဲ နာပိုလီ နဲ့ ပွဲမှာ အခွင့်အရေး ဆုပ်ကိုင်ဖို့ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ အဲဒီ ပွဲစဉ်က အမှားတွေကို ပြင်ဆင်ဖို့ ကြိုးစားထားတယ် ဆိုတာ သက်သေ ပြဖို့ အတွက် ဒီပွဲက အကောင်းဆုံး အခွင့်အရေး ဖြစ်လာမှာလဲ သေချာပါတယ်။ ထိပ်တန်း အသင်းကြီးတွေ နဲ့ တွေ့ပြီ ဆိုရင် ကိုယ့်ရဲ့ အသင်းအပေါ် အာရုံစူးစိုက်မှုကလဲ 100% ဖြစ်နေဖို့ လိုတယ်လေ။

မနှစ်ကတော့ ဒီနှစ်သင်း တွေ့ဆုံခဲ့စဉ်က အရမ်းကို ကြည့်ကောင်းခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တာမို့ ၊ နှစ်ဖက် ကစားသမားတွေ အနေနဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ နိုးကြားနေဖို့ ဆိုတာ ပြောနေစရာတောင် မလိုဘူးထင်ပါတယ်။ စတာရစ် ရဲ့ ချေပဂိုးကလဲ တော်တော်လေး ပြောစရာ ဖြစ်ခဲ့တာပါ။ လီဗာပူး အသာစီးရသွားပါလိမ့်မယ်။
ခန့်မှန်းချက် – ချဲဆီး 0-2 လီဗာပူး

အခြားပွဲစဉ် ခန့်မှန်းချက်များ
လက်စတာ 1-1 စပါး
ဘန်လေ 2-0 နော့ဝှစ်ချ်
အဲဗာတန် 2-0 ရှဖီးလ် ယူနိုက်တက်
နယူး 2-0 ဘရိုတ်တန်
ပဲလေ့ 2-1 ၀ုဖ်

SPORT MYANMAR