ဘာစီလိုနာ အသင္းဟာ ဒီႏွစ္ ေဘာလံုးရာသီမွာ ၀င္ေငြ 1 ဘီလီယံ ယူရို အထိ ရရွိလိမ့္မယ္လို႔ ခန္႔မွန္း ေျပာဆိုလိုက္ျပီ ျဖစ္ျပီး ၊ အဲဒီ ပမာဏ ဟာ ေဘာလံုးသမိုင္းေၾကာင္း တစ္ေလွ်ာက္ ၀င္ေငြ 1 ဘီလီယံေက်ာ္ ရရွိေအာင္ စြမ္းေဆာင္ႏိုင္တဲ့ ပထမဆံုး ကလပ္ အျဖစ္ မွတ္တမ္းတင္သြားမွာ ျဖစ္ပါတယ္။

လာမယ့္ ေအာက္တိုဘာလ 6 ရက္ေန႔မွာ ျပဳလုပ္မယ့္ အသင္းရဲ႕ ရွယ္ယာရွင္ေတြ ေတြ႔ဆံုပြဲ မျပဳလုပ္မီ ၊ ထုတ္ျပန္ေၾကျငာတဲ့ တရား၀င္ ေၾကျငာခ်က္မွာေတာ့ အခုလို ၀င္ေငြ ပမာဏ ခန္႔မွန္းခ်က္ကို ထည့္သြင္းသြားခဲ့တာ ျဖစ္ျပီး ၊ ျပီးခဲ့တဲ့ ေဘာလံုးရာသီက ယူရုိ သန္း 990 ရရွိခဲ့ကာ ၊ ဒီရာသီမွာ ယူရုိ 1047 သန္း ရရွိလိမ့္မယ္လို႔ ေဖာ္ျပသြားခဲ့တာ ျဖစ္ပါတယ္။

အမွဳေဆာင္ခ်ဳပ္ ေအာ္စကာ ဂရာရူ ကေတာ့ “ ဒီႏွစ္ ၀င္ေငြပမာဏ ဟာ သမိုင္းတြင္သြားမွာပါ။ ဒါက NBA , NFL အသင္းေတြရဲ႕ ထက္ေတာင္ ပိုမ်ားတဲ့ ၀င္ေငြ ပမာဏမ်ိဳး ျဖစ္သလုိ ၊ ေဘာလံုး ကလပ္ေတြထဲမွာပဲ အမ်ားဆံုး စံခ်ိန္တင္မယ့္ မွတ္တမ္း တစ္ရပ္ပဲ” လို႔ ဂုဏ္ယူ ၀င့္ၾကြားစြာ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

စာရင္းမွတ္တမ္းေတြ အရ ဘာစီလိုနာ ရဲ႕ ၀င္ေငြဟာ လြန္ခဲ့တဲ့ 4 ႏွစ္ အတြင္းဆက္တိုက္ တိုးတက္လာခဲ့တာ ျဖစ္သလုိ ၊ တစ္ႏွစ္ကို 13% နဲ႔ ပံုမွန္ ျမင့္တက္ေနခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ အသင္းရဲ႕ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈ တစ္ရပ္က လစာ ပမာဏ ျမင့္တက္ေနတာကို ယူရုိ 18 သန္း အထိ ေလွ်ာ့ခ်ဖို႔ ၾကိဳးစားေနရတယ္လို႔လဲ အမႈေဆာင္ခ်ဳပ္ၾကီးက ၀န္ခံသြားခဲ့ပါတယ္။ ဘာစီလိုနာ ရဲ႕ ဒီရာသီ စုစုေပါင္း လစာ ေပးေခ်မႈ ပမာဏဟာ ယူရုိ 525 သန္း ျဖစ္ျပီး ၊ စုစုေပါင္း ကုန္က် စရိတ္ရဲ႕ 55% ရွိေနတာ ျဖစ္ပါတယ္။ အျခား ဆက္စပ္ေနတဲ့ အေထြေထြ ကုန္က် စာရိတ္ေတြကိုပါ ထည့္တြက္လိုက္မယ္ ဆိုပါကာ ဘာစီလိုနာရဲ႕ လစာ စာရင္းဟာ 678 သန္း အထိ ျမင့္တက္သြားကာ ၊ ကုန္က်စာရိတ္ ရဲ႕ 68% အထိ ေနရာယူထားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္လဲ အသင္းဟာ ယူရုိ 18 သန္း ေလွ်ာ့ခ်ဖို႔ လိုအပ္ေနတာ ျဖစ္ျပီး ၊ အဓိက လစာ ပမာဏ အမ်ားဆံုး ေပးေခ်ထားရတဲ့ ေဘာလံုးအသင္းကပဲ ၾကိဳးစား ေလွ်ာ့ခ်သြားဖြယ္ ရွိေနပါတယ္။

တစ္ဆက္တည္းမွာပဲ ေနမာ ရဲ႕ အေျပာင္းအေရႊ႕ သတင္းနဲ႔ ပတ္သက္လို႔ ကလပ္အသင္းဟာ အစြမ္းကုန္ ၾကိဳးစားခဲ့ေပမယ့္ ၊ ပီအက္စ္ဂ်ီ ဘက္က ေရာင္းခ်လိုျခင္း မရွိလို႔ အေျပာင္းအေရႊ႕ ျဖစ္မလာတာလို႔လဲ မွတ္ခ်က္ေပးသြားခဲ့ျပန္ပါတယ္။

“ က်ေနာ္ တို႔က ေနမာကို ေခၚယူဖို႔ အတြက္ အစြမ္းကုန္ လုပ္ေဆာင္ခဲ့တာပါ။ သူတို႔က ဒီပံုစံ မၾကိဳက္လို႔ ဆိုလို႔ ၊ ေနာက္ထပ္ ပံုစံ တစ္မ်ိဳးနဲ႔ ခ်ဥ္းကပ္ခဲ့တာေတာင္ ေအာင္ျမင္ခဲ့တာ မဟုတ္ပါဘူး။

ေျပာရရင္ ေနမာ အတြက္ 2 ၾကိမ္ တိတိ ကမ္းလွမ္းခဲ့ပါတယ္။ ပထမ တစ္ၾကိမ္ က ေငြသား ခ်ည္းပဲ အသံုးျပဳျပီး ကမ္းလွမ္းခဲ့တာပါ ။ ေနာက္တစ္ၾကိမ္ ကေတာ့ ကစားသမား အလုိက္ေပးတဲ့ ပံုစံမ်ိဳး ေတာင္းဆိုလို႔ ထည့္သြင္း ကမ္းလွမ္းခဲ့ေပမယ့္ ၊ အလုပ္မျဖစ္ခဲ့ပါဘူး။

သူတို႔ စိတ္ထဲမွာကိုက ေရာင္းခ်င္စိတ္ လံုး၀ မရွိလို႔ အခုပံုစံ နဲ႔ အဆံုးသတ္သြားခဲ့တာ ျဖစ္ပါတယ္။

ဒီလစ္တုန္းကလဲ အဲဒီ အတိုင္းပါ။ ေခၚယူႏိုင္ဖို႔လဲ အရမ္းကို နီးစပ္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆံုးမွာေတာ့ အီတလီ က အခြန္ေလွ်ာ့ေပးထားတဲ့ ေပၚလစီ က ကစားသမားကို ပိုျပီး ဆြဲေဆာင္ သြားခဲ့တာပါ” လို႔ ရွင္းလင္း ေျပာဆုိသြားခဲ့ပါတယ္။

ရွယ္ယာ ရွင္ေတြ အတြက္ သတင္းေကာင္းကေတာ့ ကလပ္ရဲ႕ ဘ႑ာေရး အေျခအေနဟာ အရမ္းကို ေတာင့္တင္းတာမို႔ စိတ္ပူစရာ မရွိဘူးလို႔ စီးအီးအို က ေျပာဆုိသြားခဲ့တဲ့ အျပင္ ၊ ကမၻာ့အေကာင္းဆံုး ကလပ္အသင္းတစ္ခု ျဖစ္ေအာင္လဲ ဆက္လက္တည္ေဆာက္သြားမယ္လို႔ ကတိေပးသြားခဲ့ပါတယ္။

SPORT MYANMAR

Unicode

ဘောလုံးသမိုင်းကြောင်း တစ်လျှောက် ၀င်ငွေ ယူရို 1 ဘီလီယံ အထိ ရရှိတဲ့ ပထမဆုံး ကလပ် အဖြစ် မှတ်တမ်းဝင်တော့မယ့် #ဘာစီလိုနာ
********************************************************

ဘာစီလိုနာ အသင်းဟာ ဒီနှစ် ဘောလုံးရာသီမှာ ၀င်ငွေ 1 ဘီလီယံ ယူရို အထိ ရရှိလိမ့်မယ်လို့ ခန့်မှန်း ပြောဆိုလိုက်ပြီ ဖြစ်ပြီး ၊ အဲဒီ ပမာဏ ဟာ ဘောလုံးသမိုင်းကြောင်း တစ်လျှောက် ၀င်ငွေ 1 ဘီလီယံကျော် ရရှိအောင် စွမ်းဆောင်နိုင်တဲ့ ပထမဆုံး ကလပ် အဖြစ် မှတ်တမ်းတင်သွားမှာ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလ 6 ရက်နေ့မှာ ပြုလုပ်မယ့် အသင်းရဲ့ ရှယ်ယာရှင်တွေ တွေ့ဆုံပွဲ မပြုလုပ်မီ ၊ ထုတ်ပြန်ကြေငြာတဲ့ တရားဝင် ကြေငြာချက်မှာတော့ အခုလို ၀င်ငွေ ပမာဏ ခန့်မှန်းချက်ကို ထည့်သွင်းသွားခဲ့တာ ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူရို သန်း 990 ရရှိခဲ့ကာ ၊ ဒီရာသီမှာ ယူရို 1047 သန်း ရရှိလိမ့်မယ်လို့ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။

အမှုဆောင်ချုပ် အော်စကာ ဂရာရူ ကတော့ “ ဒီနှစ် ၀င်ငွေပမာဏ ဟာ သမိုင်းတွင်သွားမှာပါ။ ဒါက NBA , NFL အသင်းတွေရဲ့ ထက်တောင် ပိုများတဲ့ ၀င်ငွေ ပမာဏမျိုး ဖြစ်သလို ၊ ဘောလုံး ကလပ်တွေထဲမှာပဲ အများဆုံး စံချိန်တင်မယ့် မှတ်တမ်း တစ်ရပ်ပဲ” လို့ ဂုဏ်ယူ ၀င့်ကြွားစွာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

စာရင်းမှတ်တမ်းတွေ အရ ဘာစီလိုနာ ရဲ့ ၀င်ငွေဟာ လွန်ခဲ့တဲ့ 4 နှစ် အတွင်းဆက်တိုက် တိုးတက်လာခဲ့တာ ဖြစ်သလို ၊ တစ်နှစ်ကို 13% နဲ့ ပုံမှန် မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အသင်းရဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တစ်ရပ်က လစာ ပမာဏ မြင့်တက်နေတာကို ယူရို 18 သန်း အထိ လျှော့ချဖို့ ကြိုးစားနေရတယ်လို့လဲ အမှုဆောင်ချုပ်ကြီးက ၀န်ခံသွားခဲ့ပါတယ်။ ဘာစီလိုနာ ရဲ့ ဒီရာသီ စုစုပေါင်း လစာ ပေးချေမှု ပမာဏဟာ ယူရို 525 သန်း ဖြစ်ပြီး ၊ စုစုပေါင်း ကုန်ကျ စာရိတ်ရဲ့ 55% ရှိနေတာ ဖြစ်ပါတယ်။ အခြား ဆက်စပ်နေတဲ့ အထွေထွေ ကုန်ကျ စာရိတ်တွေကိုပါ ထည့်တွက်လိုက်မယ် ဆိုပါကာ ဘာစီလိုနာရဲ့ လစာ စာရင်းဟာ 678 သန်း အထိ မြင့်တက်သွားကာ ၊ ကုန်ကျစာရိတ် ရဲ့ 68% အထိ နေရာယူထားတာ ဖြစ်ပါတယ်။

ဒါကြောင့်လဲ အသင်းဟာ ယူရို 18 သန်း လျှော့ချဖို့ လိုအပ်နေတာ ဖြစ်ပြီး ၊ အဓိက လစာ ပမာဏ အများဆုံး ပေးချေထားရတဲ့ ဘောလုံးအသင်းကပဲ ကြိုးစား လျှော့ချသွားဖွယ် ရှိနေပါတယ်။

တစ်ဆက်တည်းမှာပဲ နေမာ ရဲ့ အပြောင်းအရွှေ့ သတင်းနဲ့ ပတ်သက်လို့ ကလပ်အသင်းဟာ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ၊ ပီအက်စ်ဂျီ ဘက်က ရောင်းချလိုခြင်း မရှိလို့ အပြောင်းအရွှေ့ ဖြစ်မလာတာလို့လဲ မှတ်ချက်ပေးသွားခဲ့ပြန်ပါတယ်။

“ ကျနော် တို့က နေမာကို ခေါ်ယူဖို့ အတွက် အစွမ်းကုန် လုပ်ဆောင်ခဲ့တာပါ။ သူတို့က ဒီပုံစံ မကြိုက်လို့ ဆိုလို့ ၊ နောက်ထပ် ပုံစံ တစ်မျိုးနဲ့ ချဉ်းကပ်ခဲ့တာတောင် အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။

ပြောရရင် နေမာ အတွက် 2 ကြိမ် တိတိ ကမ်းလှမ်းခဲ့ပါတယ်။ ပထမ တစ်ကြိမ် က ငွေသား ချည်းပဲ အသုံးပြုပြီး ကမ်းလှမ်းခဲ့တာပါ ။ နောက်တစ်ကြိမ် ကတော့ ကစားသမား အလိုက်ပေးတဲ့ ပုံစံမျိုး တောင်းဆိုလို့ ထည့်သွင်း ကမ်းလှမ်းခဲ့ပေမယ့် ၊ အလုပ်မဖြစ်ခဲ့ပါဘူး။

သူတို့ စိတ်ထဲမှာကိုက ရောင်းချင်စိတ် လုံးဝ မရှိလို့ အခုပုံစံ နဲ့ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီလစ်တုန်းကလဲ အဲဒီ အတိုင်းပါ။ ခေါ်ယူနိုင်ဖို့လဲ အရမ်းကို နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အီတလီ က အခွန်လျှော့ပေးထားတဲ့ ပေါ်လစီ က ကစားသမားကို ပိုပြီး ဆွဲဆောင် သွားခဲ့တာပါ” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ရှယ်ယာ ရှင်တွေ အတွက် သတင်းကောင်းကတော့ ကလပ်ရဲ့ ဘဏ္ဍာရေး အခြေအနေဟာ အရမ်းကို တောင့်တင်းတာမို့ စိတ်ပူစရာ မရှိဘူးလို့ စီးအီးအို က ပြောဆိုသွားခဲ့တဲ့ အပြင် ၊ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတစ်ခု ဖြစ်အောင်လဲ ဆက်လက်တည်ဆောက်သွားမယ်လို့ ကတိပေးသွားခဲ့ပါတယ်။

SPORT MYANMAR