ယာဂန္ကေလာ့က ကစားပံု ေကာင္းမြန္ျခင္းထက္ ေတာ့တင္ဟမ္ကုိ အႏုိ္င္ရတာက ပိုျပီး အေရးၾကီးတယ္လို႕ သူ႕ရဲ႕ လီဗာပူး ကစားသမားေတြကို ေျပာခဲ့ပါတယ္။ လီဗာပူး အသင္းဟာ မန္စီးတီးကို ေက်ာ္ကာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ထိပ္ကို ျပန္လည္ တက္လွမ္း ႏုိ္င္ဖို႕ အတြက္ တုိဘီအယ္ဒါ၀ီရယ္ ရဲ႕ own goal နဲ႕ ကံတရားရဲ႕ ေဖးမမွဳ လိုအပ္ ခဲ့ပါတယ္။
လီဗာပူး အသင္းဟာ ပထမပိုင္းမွာ ေတာ့တင္ဟမ္ကုိ ေျခစြမ္းအသာ နဲ႕ကစားကာ ဦးေဆာင္ဂိုးပါ သြင္းယူ ထားႏုိင္ခဲ့ေပမယ့္လည္း ဒုတိယပုိင္း မွာေတာ့ ေတာ့တင္ဟမ္ရဲ႕ လႊမ္းမိုးမွဳ ေအာက္မွာ ရုန္းကန္ ခဲ့ရျပီး ေခ်ပဂိုး ျပန္ေပး ခဲ့ရတဲ့ အျပင္ ပြဲဟာ သေရဘက္ကို ဦးတည္ ေနခဲ့ ေပမယ့္လည္း ဆာလားရဲ႕ ပြဲျပီးခါနီး ေခါင္းတုိက္ခ်က္ကို လိုရစ္ပုတ္ထုတ္ရာမွာ အယ္ဒါ၀ီရယ္ဟာ ေဘာလံုး လမ္းေၾကာင္းေပၚမွာ ရွိေနခဲ့ျပီး ေဘာလံုးဟာ ၎နဲ႕ ျပန္ထိကာ ဂိုးထဲကို ၀င္သြား ခဲ့တာေၾကာင့္ လီဗာပူးဟာ ေနာက္က် အႏုိင္ဂုိးနဲ႕ အတူ အဖိုးတန္ ၃ မွတ္ ပိုင္ဆိုင္ ႏုိင္ခဲ့ပါတယ္။
အီဂ်စ္ တုိက္စစ္မွဳး ဆာလား က လီဗာပူး အသင္းရဲ႕ ပရီးမီးယားလိဂ္ ေမွ်ာ္လင့္ခ်က္ ဆက္လက္ ရွင္သန္ ႏုိ္င္ခဲ့တဲ့ စပါးကို ႏုိ္င္ခဲ့တဲ့ ပြဲအျပီးမွာ ကေလာ့ဟာ သူ႕ကစားသမားေတြကို ဘာေျပာခဲ့သလဲ ဆုိတာကုိ ထုတ္ေဖာ္ သြားခဲ့ ပါတယ္။
ဆာလား က “ပြဲျပီးဆံုး ျပီးေနာက္ ကၽြန္ေတာ္ အ၀တ္လဲခန္း ထဲကို ၀င္သြား ခဲ့ပါတယ္။ ျပီးေတာ့ ကၽြန္ေတာ္ မန္ေနဂ်ာ နဲ႕ စကား ေျပာျဖစ္ခဲ့ပါတယ္။ သူေျပာတာကေတာ့ အေကာင္းဆံုး ကစားႏုိင္ဖို႕ဟာ အေရးၾကီးဆံုး မဟုတ္ဘဲ ၇မွတ္ေတြ ရွာေဖြ ႏုိ္င္မယ့္ နည္းလမ္းကို ရွာေတြ႕ဖို႕ကသာ အေရးၾကီးဆံုး အရာ ျဖစ္တယ္ ဆုိတာကိုပါ။
အသင္းၾကီးေတြဟာ အျမဲတမ္း ရမွတ္ေတြ ရယူ ႏုိင္မယ့္ နည္းလမ္းကို အျမဲ ရွာေဖြ ႏုိင္ၾကပါတယ္။ ဒီေန႕မွာ ကၽြန္ေတာ္တုိ႕ အေကာင္းဆံုး မကစား ႏုိင္ခဲ့ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ အႏုိင္ ရခဲ့ျပီး ဒါဟာ အေရးၾကီးဆံုး အရာပါ။ ဒါဟာ အသင္းၾကီး တစ္သင္းရဲ႕ လကၡဏာ ပါပဲ။
ဒီေန႕မွာ ပရိတ္သတ္ ရဲ႕ အားေပးမွဳဟာ ရူးေလာက္စရာပါ။ သူတုိ႕ဟာ ပရီးမီးယားလိဂ္ ဖလားကို လုိခ်င္ေနၾကျပီး ဒီလို ျဖစ္လာဖို႕ အတြက္ ကၽြန္ေတာ္တုိ႕ အစြမ္းကုန္ လုပ္ေန ပါတယ္။ သူတုိ႕ရဲ႕ အားေပးမွဳဟာ ပြဲအတြင္းမွာ အမ်ားၾကီး အကူအညီ ျဖစ္ေစပါတယ္။ အရာအားလံုးကို ပရိတ္သတ္ေတြနဲ႕ အတူ ေျပာင္းလဲလုိ႕ ရပါတယ္။ ကၽြန္ေတာ္ ကေတာ့ ပရိတ္သတ္ ေတြဟာ ဒီဂိုးကုိ ကၽြန္ေတာ့္ကုိ ဒီဂိုး ေပးခဲ့တယ္လို႕ ထင္ပါတယ္။ အကယ္၍ ဒါဟာ ကၽြန္ေတာ့္ရဲ႕ ဂုိးမဟုတ္လည္း သိပ္ျပီးေတာ့ အေရး မပါပါဘူး။ ကၽြန္ေတာ္ ဂရုမစုိက္ပါဘူး။
အေရးၾကီးဆံုးကေတာ့ အႏုိင္ ၃ မွတ္ ရဖို႕ပါ။ ကၽြန္ေတာ္တုိ႕ ျပီးခဲ့တဲ့ ပြဲေတြ ဂုိုးမသြင္း ႏုိင္ခဲ့ ေပမယ့္လည္း ကၽြန္ေတာ့္လို သြင္းဂိုး ပမာဏ ကို သြင္းယူ ႏုိင္တဲ့ အျခား ကစားသမားေတြ ရွိေနပါတယ္။ အုိေကပါ။ ကၽြန္ေတာ့္ အေနနဲ႕ အသင္း အတြက္ပဲ ပရီးမီးယားလိဂ္ ဖလား ရေအာင္ ကစားေပးခ်င္ ပါတယ္။ ဒါဟာ ကၽြန္ေတာ့္ အတြက္ အေရးၾကီးဆံုး အရာ ျဖစ္ပါတယ္။” လို႕ ေျပာသြားပါတယ္။
ပြဲအၿပီး သတင္​းစာ ႐ွင္​းလင္​းပြဲ မွာ က​ေလာ့က “ပြဲအၿပီးမွာ ကြၽန္​​ေတာ္ ​ေကာင္​​ေလး​ေတြကို ​ေျပာခဲ့ပါတယ္​။ ​ေဘာလံုးပြဲ တစ္​ပြဲကို အႏိုင္​ရ႐ွိဖို္​့အတြက္​ နည္​းလမ္​း ၅၀၀ ​ေလာက္​ ႐ွိတယ္​ လို႔ပါ။ ဒီ​ေန႔ဟာ အနည္​းငယ္ ႐ုပ္​ဆိုး ႏိုင္​ပါတယ္​။
လီဗာပူး အသင္းဟာ လာမည့္ ပြဲစဥ္မွာေတာ့ ေဆာက္သမ္တန္ကုိ အေ၀းကြင္းမွာ သြားကစား ရမွာ ျဖစ္ပါတယ္။ စီးတီး ကေတာ့ ၾကားရက္မွာ ကာဒစ္နဲ႕ ကစား ရမွာ ျဖစ္ျပီး ဆာလား ကေတာ့ သူတို႕ရဲ႕ ႏုိင္ပဲဲြ အရွိန္အဟုန္ ဆက္လက္ တည္ရွိေနရမယ္လို႕ ဆုိသြား ပါတယ္။ ​ေနာက္​ဆံုး မွာ ဘယ္​သူ ဂရုစိုက္​​ လို႔လဲ ? ဒါဟာ အ​ေျခအ​ေနပါ။” လို႔ ​ေျပာသြားပါတယ္​။
“အခုဆုိရင္ ပြဲတုိင္းဟာ ပိုိမုိ ခက္ခဲ လာသလို ပိုျပီးလည္း ဖိအား မ်ားလာပါတယ္။ ကုိယ့္ကုိကုိယ္ ဖလားလမ္းေၾကာင္းေပၚမွာ ရွိေနေအာင္ လုပ္သြားရမွာ ျဖစ္ျပီး ႏုိင္ပြဲေတြ ရဖို႕ လိုအပ္ ပါတယ္။ ေဆာက္သမ္တန္ ဟာ အမွတ္ေတြ လိုေနပါတယ္။ သူတုိ႕ဟာ ပရီးမီးယားလိဂ္ မွာ ဆက္ေနခ်င္တာေၾကာင့္ အသက္ေပးျပီး တုိက္ပြဲ၀င္ သြားမွာ ေသခ်ာပါတ္ယ။ ကၽြန္ေတာ္တို႕ ကေတာ့ ပြဲတုိင္းကို အႏို္င္ ကစား ရပါမယ္။” လို႕ ဆာလား က ေျပာခဲ့ ပါတယ္။
SM
Unicode

တော့တင်ဟမ်ကို လီဗာပူးအသင်း အနိုင်ကစား ခဲ့ပြီးနောက် အဝတ်လဲခန်းထဲမှာ ယာဂန်ကလော့ ဘာပြောခဲ့သလဲဆိုတာကို ထုတ်ဖော်လိုက်တဲ့ မိုဟာမက်ဆာလား

ယာဂန်ကလော့က ကစားပုံ ကောင်းမွန်ခြင်းထက် တော့တင်ဟမ်ကို အနို်င်ရတာက ပိုပြီး အရေးကြီးတယ်လို့ သူ့ရဲ့ လီဗာပူး ကစားသမားတွေကို ပြောခဲ့ပါတယ်။ လီဗာပူး အသင်းဟာ မန်စီးတီးကို ကျော်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကို ပြန်လည် တက်လှမ်း နို်င်ဖို့ အတွက် တိုဘီအယ်ဒါ၀ီရယ် ရဲ့ own goal နဲ့ ကံတရားရဲ့ ဖေးမမှု လိုအပ် ခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ပထမပိုင်းမှာ တော့တင်ဟမ်ကို ခြေစွမ်းအသာ နဲ့ကစားကာ ဦးဆောင်ဂိုးပါ သွင်းယူ ထားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်း မှာတော့ တော့တင်ဟမ်ရဲ့ လွှမ်းမိုးမှု အောက်မှာ ရုန်းကန် ခဲ့ရပြီး ချေပဂိုး ပြန်ပေး ခဲ့ရတဲ့ အပြင် ပွဲဟာ သရေဘက်ကို ဦးတည် နေခဲ့ ပေမယ့်လည်း ဆာလားရဲ့ ပွဲပြီးခါနီး ခေါင်းတိုက်ချက်ကို လိုရစ်ပုတ်ထုတ်ရာမှာ အယ်ဒါ၀ီရယ်ဟာ ဘောလုံး လမ်းကြောင်းပေါ်မှာ ရှိနေခဲ့ပြီး ဘောလုံးဟာ ၎င်းနဲ့ ပြန်ထိကာ ဂိုးထဲကို ၀င်သွား ခဲ့တာကြောင့် လီဗာပူးဟာ နောက်ကျ အနိုင်ဂိုးနဲ့ အတူ အဖိုးတန် ၃ မှတ် ပိုင်ဆိုင် နိုင်ခဲ့ပါတယ်။

အီဂျစ် တိုက်စစ်မှုး ဆာလား က လီဗာပူး အသင်းရဲ့ ပရီးမီးယားလိဂ် မျှော်လင့်ချက် ဆက်လက် ရှင်သန် နို်င်ခဲ့တဲ့ စပါးကို နို်င်ခဲ့တဲ့ ပွဲအပြီးမှာ ကလော့ဟာ သူ့ကစားသမားတွေကို ဘာပြောခဲ့သလဲ ဆိုတာကို ထုတ်ဖော် သွားခဲ့ ပါတယ်။

ဆာလား က “ပွဲပြီးဆုံး ပြီးနောက် ကျွန်တော် အဝတ်လဲခန်း ထဲကို ၀င်သွား ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် မန်နေဂျာ နဲ့ စကား ပြောဖြစ်ခဲ့ပါတယ်။ သူပြောတာကတော့ အကောင်းဆုံး ကစားနိုင်ဖို့ဟာ အရေးကြီးဆုံး မဟုတ်ဘဲ ရမှတ်တွေ ရှာဖွေ နို်င်မယ့် နည်းလမ်းကို ရှာတွေ့ဖို့ကသာ အရေးကြီးဆုံး အရာ ဖြစ်တယ် ဆိုတာကိုပါ။

အသင်းကြီးတွေဟာ အမြဲတမ်း ရမှတ်တွေ ရယူ နိုင်မယ့် နည်းလမ်းကို အမြဲ ရှာဖွေ နိုင်ကြပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ အကောင်းဆုံး မကစား နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနိုင် ရခဲ့ပြီး ဒါဟာ အရေးကြီးဆုံး အရာပါ။ ဒါဟာ အသင်းကြီး တစ်သင်းရဲ့ လက္ခဏာ ပါပဲ။

ဒီနေ့မှာ ပရိတ်သတ် ရဲ့ အားပေးမှုဟာ ရူးလောက်စရာပါ။ သူတို့ဟာ ပရီးမီးယားလိဂ် ဖလားကို လိုချင်နေကြပြီး ဒီလို ဖြစ်လာဖို့ အတွက် ကျွန်တော်တို့ အစွမ်းကုန် လုပ်နေ ပါတယ်။ သူတို့ရဲ့ အားပေးမှုဟာ ပွဲအတွင်းမှာ အများကြီး အကူအညီ ဖြစ်စေပါတယ်။ အရာအားလုံးကို ပရိတ်သတ်တွေနဲ့ အတူ ပြောင်းလဲလို့ ရပါတယ်။ ကျွန်တော် ကတော့ ပရိတ်သတ် တွေဟာ ဒီဂိုးကို ကျွန်တော့်ကို ဒီဂိုး ပေးခဲ့တယ်လို့ ထင်ပါတယ်။ အကယ်၍ ဒါဟာ ကျွန်တော့်ရဲ့ ဂိုးမဟုတ်လည်း သိပ်ပြီးတော့ အရေး မပါပါဘူး။ ကျွန်တော် ဂရုမစိုက်ပါဘူး။

အရေးကြီးဆုံးကတော့ အနိုင် ၃ မှတ် ရဖို့ပါ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ပွဲတွေ ဂိုုးမသွင်း နိုင်ခဲ့ ပေမယ့်လည်း ကျွန်တော့်လို သွင်းဂိုး ပမာဏ ကို သွင်းယူ နိုင်တဲ့ အခြား ကစားသမားတွေ ရှိနေပါတယ်။ အိုကေပါ။ ကျွန်တော့် အနေနဲ့ အသင်း အတွက်ပဲ ပရီးမီးယားလိဂ် ဖလား ရအောင် ကစားပေးချင် ပါတယ်။ ဒါဟာ ကျွန်တော့် အတွက် အရေးကြီးဆုံး အရာ ဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

ပွဲအပြီး သတင်​းစာ ရှင်​းလင်​းပွဲ မှာ က​လော့က “ပွဲအပြီးမှာ ကျွန်​​တော် ​ကောင်​​လေး​တွေကို ​ပြောခဲ့ပါတယ်​။ ​ဘောလုံးပွဲ တစ်​ပွဲကို အနိုင်​ရရှိဖို်​့အတွက်​ နည်​းလမ်​း ၅၀၀ ​လောက်​ ရှိတယ်​ လို့ပါ။ ဒီ​နေ့ဟာ အနည်​းငယ် ရုပ်​ဆိုး နိုင်​ပါတယ်​။

လီဗာပူး အသင်းဟာ လာမည့် ပွဲစဉ်မှာတော့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားကစား ရမှာ ဖြစ်ပါတယ်။ စီးတီး ကတော့ ကြားရက်မှာ ကာဒစ်နဲ့ ကစား ရမှာ ဖြစ်ပြီး ဆာလား ကတော့ သူတို့ရဲ့ နိုင်ပဲဲွ အရှိန်အဟုန် ဆက်လက် တည်ရှိနေရမယ်လို့ ဆိုသွား ပါတယ်။ ​နောက်​ဆုံး မှာ ဘယ်​သူ ဂရုစိုက်​​ လို့လဲ ? ဒါဟာ အ​ခြေအ​နေပါ။” လို့ ​ပြောသွားပါတယ်​။

“အခုဆိုရင် ပွဲတိုင်းဟာ ပိိုမို ခက်ခဲ လာသလို ပိုပြီးလည်း ဖိအား များလာပါတယ်။ ကိုယ့်ကိုကိုယ် ဖလားလမ်းကြောင်းပေါ်မှာ ရှိနေအောင် လုပ်သွားရမှာ ဖြစ်ပြီး နိုင်ပွဲတွေ ရဖို့ လိုအပ် ပါတယ်။ ဆောက်သမ်တန် ဟာ အမှတ်တွေ လိုနေပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ် မှာ ဆက်နေချင်တာကြောင့် အသက်ပေးပြီး တိုက်ပွဲဝင် သွားမှာ သေချာပါတ်ယ။ ကျွန်တော်တို့ ကတော့ ပွဲတိုင်းကို အနို်င် ကစား ရပါမယ်။” လို့ ဆာလား က ပြောခဲ့ ပါတယ်။

SM