ခ်ယ္လ္ဆီး အသင္း ရဲ႕ အသက္ ၁၈ ႏွစ္ အရြယ္ လူငယ္ ေျခတက္ ေတာင္ပံ ကစားသမား ေကာ္လမ္ ဟတ္ဒ္ဆန္ အိုဒိြဳင္း ဟာ မေန႕ည ကပဲ ခ်ယ္လ္ဆီး အသင္း နဲ႕ အတူ ၂၀၂၄ ခုႏွစ္ အထိ ရွိေစမယ့္ ၅ႏွစ္ သက္တမ္းတိုး စာခ်ဳပ္ ကို တရားဝင္ ခ်ဳပ္ဆို ႏိုင္ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ အိုဒိြဳင္း ကို ဒီလို ႏွစ္ရွည္ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႕ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကတည္းက ၾကိဳးစား ခဲ့ေပမယ့္ အခု အခါမွ အေကာင္အထည္ ေပၚလာခဲ့ပါတယ္ ။

အိုဒိြဳင္း ဟာ လက္ရွိ ဆယ္ေက်ာ္သက္ ေျခစြမ္း အေတာက္ပဆံုး ကစားသမား ေတြထဲက တေယာက္ အပါအဝင္ ျဖစ္တာေၾကာင့္ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ အတြင္း က ၄င္းကို ဂ်ာမန္ ထိပ္သီး ဘိုင္ယန္ ျမဴးနစ္ အသင္း က ေခၚယူဖို႕ အေတာ္ေလး ၾကိဳးစား ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း က ၄င္းတို႕ရဲ႕ ကမ္းလွမ္းမႈ ကို အၾကိမ္ၾကိမ္ ပယ္ခ် ခဲ့လို႕သာ အေျပာင္းအေရႊ႕ ျဖစ္မလာပဲ ရွိခဲ့ရပါတယ္ ။

အိုဒိြဳင္း ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကုန္ခါနီး ဘရိုက္တန္ အသင္း နဲ႕ ပြဲစဥ္ မွာ ေျခက်င္းဝတ္ ဒဏ္ရာ ရရွိခဲ့ျပီး ကာလရွည္ အနားယူ ေနခဲ့ရကာ အခုအခါမွ ခ်ယ္လ္ဆီး အသင္း နဲ႕ အတူ ပံုမွန္ ေလ့က်င့္ေရး အစီအစဥ္ ေတြ စတင္ ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္ ။ ယူ ၂၃ အသင္း ရဲ႕ ပြဲစဥ္ တပြဲ မွာေတာ့ အိုဒိြဳင္း အစမ္း ပါဝင္ ကစားခဲ့ေပမယ့္ နည္းျပ ျဖစ္သူ ဖရန္႕ လမ္းပတ္ ကေတာ့ ၄င္းကို ၾကံ့ခိုင္မႈ ပံုစံ အျပည့္အဝ ရမွသာ ထုတ္သံုးဖြယ္ ရွိေနပါတယ္ ။

မေန႕က ခ်ယ္လ္ဆီး အသင္း နဲ႕ ၅ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆို ခဲ့ျပီးေနာက္ အိုဒိြဳင္း က ” ဒါဟာ တကယ္ အံ့ၾသစရာ ေကာင္းတဲ့ ခံစားခ်က္ တခု ပါပဲ ။ ဒီလို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ဖို႕ ကြ်န္ေတာ္ အေတာ္ေလး ေစာင့္ဆိုင္း ခဲ့ရျပီး အခုအခါ မွာေတာ့ ကြ်န္ေတာ္ တို႕ အျပီးသတ္ ႏိုင္ခဲ့ပါျပီ ။ အဲ့ဒီ အတြက္လည္း ကြ်န္ေတာ္ အရမ္း ေပ်ာ္ရႊင္ မိပါတယ္ ။ ကြ်န္ေတာ္ ဟာ အသက္ ၈ ႏွစ္ အရြယ္ ကတည္းက ခ်ယ္လ္ဆီး အသင္း အတြက္ ကစားေပး လာခဲ့တာပါ ။ ”

” ဒါေၾကာင့္မို႕ အခု အခ်ိန္ ဟာ ခ်ယ္လ္ဆီး အသင္း မွာ ရွိေနတာဟာ ကြ်န္ေတာ့ အတြက္ေတာ့ လူမွန္ ေနရာမွန္ပဲ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ အိုဒိြဳင္း ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ရဲ႕ ယူရိုပါလိဂ္ ပြဲစဥ္ တခ်ိဳ႕ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ ကစားခြင့္ ရခဲ့ျပီး ေျခစြမ္း ျပႏိုင္ခဲ့သလို ေနာက္ပိုင္း မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ေတြကိုလည္း ကစားခြင့္ ရလာခဲ့ပါတယ္ ။

အိုဒိြဳင္း ကို အခုလို ၅ႏွစ္ စာခ်ဳပ္ သက္တမ္း တိုးႏိုင္ ခဲ့တာနဲ႕ ပတ္သက္ျပီး ခ်ယ္လ္ဆီး အသင္း ဒါရိုက္တာ မာရီနာ ဂရာေနာ့ဗ္စကီးယား ကလည္း ” ေကာ္လမ္ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကတည္းက ဘယ္လို ပံုစံ ကစားသမားမ်ိဳးလဲ ၊ ဘယ္လို ပါရမီ ေျခစြမ္း ေတြ ပိုင္ဆိုင္ ထားလဲ ဆိုတာ ကိုယ့္ကိုယ္ကို သက္ေသ ျပႏိုင္ ခဲ့ပါတယ္ ။ အခုလို သူ ခ်ယ္လ္ဆီး အသင္း အတြက္ အျပည့္အဝ ေပးဆပ္ဖို႕ ဆႏၵ ရွိေနဆဲပဲ ဆိုတာ သိရလို႕ ကြ်န္မ တို႕ အရမ္း ဝမ္းေျမာက္ မိပါတယ္ ။ ”

” ေရွ႕လာမယ့္ ႏွစ္ေတြမွာ ေကာ္လမ္ ရဲ႕ ထြန္းေတာက္ လာမယ့္ ေျခစြမ္း ေတြကို ဆက္လက္ ရႈစားခြင့္ ရေတာ့မွာ ျဖစ္လို႕ ကြ်န္မ တို႕ အားလံုး စိတ္လႈပ္ရွား ေနၾကပါတယ္ ။ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ကလပ္ က အကယ္ဒမီ ထြက္ လူငယ္ ကစားသမား ေတြဟာ စီနီယာ အသင္း မွာ ဘယ္ေလာက္ထိ ေျခစြမ္း တိုးတက္လာလဲ ဆိုတာ အားလံုး သိထားၾကျပီးပါျပီ ။ ဒါ့အျပင္ အခု ေကာ္လမ္ ရဲ႕ စာခ်ဳပ္ က ဖရန္႕ လမ္းပတ္ အတြက္ ေနာက္ထပ္ လူငယ္ ေျခတက္ တေယာက္ ထပ္ျပီး ထြန္းေတာက္ လာဖို႕ အင္အား တခု ျဖစ္ေစမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ အဓိက ေတာင္ပံ ကစားသမား အီဒင္ ဟာဇတ္ ကို ရီးရဲလ္ မက္ဒရစ္ သို႕ ေရာင္းခ် လိုက္ရတာေၾကာင့္ ဟတ္ဒ္ဆန္ အိုဒိြဳင္း ဟာ အီဒင္ ဟာဇတ္ ႊဲ႕ ေနရာ ကို အတတ္ႏိုင္ဆံုး ျဖည့္ကစား ႏိုင္ဖို႕ ၾကိဳးစား ရမွာ ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

ချယ်လ်ဆီး အသင်း နဲ့ ၅နှစ် သက်တမ်း တိုးခဲ့ပြီးနောက် သူ့ရဲ့ ခံစားချက် တချို့ ကို ဖွင့်ဟ လာတဲ့ #အိုဒွိုင်း

ချယ်လ်ဆီး အသင်း ရဲ့ အသက် ၁၈ နှစ် အရွယ် လူငယ် ခြေတက် တောင်ပံ ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ မနေ့ည ကပဲ ချယ်လ်ဆီး အသင်း နဲ့ အတူ ၂၀၂၄ ခုနှစ် အထိ ရှိစေမယ့် ၅နှစ် သက်တမ်းတိုး စာချုပ် ကို တရားဝင် ချုပ်ဆို နိုင်ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ အိုဒွိုင်း ကို ဒီလို နှစ်ရှည် စာချုပ် ချုပ်ဆိုဖို့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်းက ကြိုးစား ခဲ့ပေမယ့် အခု အခါမှ အကောင်အထည် ပေါ်လာခဲ့ပါတယ် ။

အိုဒွိုင်း ဟာ လက်ရှိ ဆယ်ကျော်သက် ခြေစွမ်း အတောက်ပဆုံး ကစားသမား တွေထဲက တယောက် အပါအဝင် ဖြစ်တာကြောင့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း က ၄င်းကို ဂျာမန် ထိပ်သီး ဘိုင်ယန် မြူးနစ် အသင်း က ခေါ်ယူဖို့ အတော်လေး ကြိုးစား ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း က ၄င်းတို့ရဲ့ ကမ်းလှမ်းမှု ကို အကြိမ်ကြိမ် ပယ်ချ ခဲ့လို့သာ အပြောင်းအရွှေ့ ဖြစ်မလာပဲ ရှိခဲ့ရပါတယ် ။

အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကုန်ခါနီး ဘရိုက်တန် အသင်း နဲ့ ပွဲစဉ် မှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီး ကာလရှည် အနားယူ နေခဲ့ရကာ အခုအခါမှ ချယ်လ်ဆီး အသင်း နဲ့ အတူ ပုံမှန် လေ့ကျင့်ရေး အစီအစဉ် တွေ စတင် နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ယူ ၂၃ အသင်း ရဲ့ ပွဲစဉ် တပွဲ မှာတော့ အိုဒွိုင်း အစမ်း ပါဝင် ကစားခဲ့ပေမယ့် နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ကတော့ ၄င်းကို ကြံ့ခိုင်မှု ပုံစံ အပြည့်အဝ ရမှသာ ထုတ်သုံးဖွယ် ရှိနေပါတယ် ။

မနေ့က ချယ်လ်ဆီး အသင်း နဲ့ ၅နှစ် စာချုပ် ချုပ်ဆို ခဲ့ပြီးနောက် အိုဒွိုင်း က ” ဒါဟာ တကယ် အံ့သြစရာ ကောင်းတဲ့ ခံစားချက် တခု ပါပဲ ။ ဒီလို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကျွန်တော် အတော်လေး စောင့်ဆိုင်း ခဲ့ရပြီး အခုအခါ မှာတော့ ကျွန်တော် တို့ အပြီးသတ် နိုင်ခဲ့ပါပြီ ။ အဲ့ဒီ အတွက်လည်း ကျွန်တော် အရမ်း ပျော်ရွှင် မိပါတယ် ။ ကျွန်တော် ဟာ အသက် ၈ နှစ် အရွယ် ကတည်းက ချယ်လ်ဆီး အသင်း အတွက် ကစားပေး လာခဲ့တာပါ ။ ”

” ဒါကြောင့်မို့ အခု အချိန် ဟာ ချယ်လ်ဆီး အသင်း မှာ ရှိနေတာဟာ ကျွန်တော့ အတွက်တော့ လူမှန် နေရာမှန်ပဲ လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ရဲ့ ယူရိုပါလိဂ် ပွဲစဉ် တချို့ မှာ ချယ်လ်ဆီး အသင်း အတွက် ကစားခွင့် ရခဲ့ပြီး ခြေစွမ်း ပြနိုင်ခဲ့သလို နောက်ပိုင်း မှာ ပရီးမီးယားလိဂ် ပွဲစဉ် တွေကိုလည်း ကစားခွင့် ရလာခဲ့ပါတယ် ။

အိုဒွိုင်း ကို အခုလို ၅နှစ် စာချုပ် သက်တမ်း တိုးနိုင် ခဲ့တာနဲ့ ပတ်သက်ပြီး ချယ်လ်ဆီး အသင်း ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကီးယား ကလည်း ” ကော်လမ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်းက ဘယ်လို ပုံစံ ကစားသမားမျိုးလဲ ၊ ဘယ်လို ပါရမီ ခြေစွမ်း တွေ ပိုင်ဆိုင် ထားလဲ ဆိုတာ ကိုယ့်ကိုယ်ကို သက်သေ ပြနိုင် ခဲ့ပါတယ် ။ အခုလို သူ ချယ်လ်ဆီး အသင်း အတွက် အပြည့်အဝ ပေးဆပ်ဖို့ ဆန္ဒ ရှိနေဆဲပဲ ဆိုတာ သိရလို့ ကျွန်မ တို့ အရမ်း ဝမ်းမြောက် မိပါတယ် ။ ”

” ရှေ့လာမယ့် နှစ်တွေမှာ ကော်လမ် ရဲ့ ထွန်းတောက် လာမယ့် ခြေစွမ်း တွေကို ဆက်လက် ရှုစားခွင့် ရတော့မှာ ဖြစ်လို့ ကျွန်မ တို့ အားလုံး စိတ်လှုပ်ရှား နေကြပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မှာ ကလပ် က အကယ်ဒမီ ထွက် လူငယ် ကစားသမား တွေဟာ စီနီယာ အသင်း မှာ ဘယ်လောက်ထိ ခြေစွမ်း တိုးတက်လာလဲ ဆိုတာ အားလုံး သိထားကြပြီးပါပြီ ။ ဒါ့အပြင် အခု ကော်လမ် ရဲ့ စာချုပ် က ဖရန့် လမ်းပတ် အတွက် နောက်ထပ် လူငယ် ခြေတက် တယောက် ထပ်ပြီး ထွန်းတောက် လာဖို့ အင်အား တခု ဖြစ်စေမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ အဓိက တောင်ပံ ကစားသမား အီဒင် ဟာဇတ် ကို ရီးရဲလ် မက်ဒရစ် သို့ ရောင်းချ လိုက်ရတာကြောင့် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ အီဒင် ဟာဇတ် ွှဲ့ နေရာ ကို အတတ်နိုင်ဆုံး ဖြည့်ကစား နိုင်ဖို့ ကြိုးစား ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR