အိုးထရက္ဖို႔ဒ္မွာ ကစားသြားခဲ႔တဲဲ့ ယူရိုပါလိဂ္ ပြဲစဥ္မွာ ယူႏိုက္တက္ အသင္းက အက္စ္တာနာ အသင္း ကို ၁-၀ ဂိုးနဲ႕ အႏိုင္ရခဲ႕ပါတယ္။အျခား အုပ္စု တြင္းပြဲစဥ္မွာ ေတာ့ ပါတီဇန္ နဲ႔ အယ္လ္ခမာ တို႔ ၂ဂိုးစီသေရက်ခဲ႔လို႔ ယူႏိုက္တက္ အသင္းက အမွတ္ေပးဇယားကို ဦးေဆာင္သြားႏိုင္ခဲ႔ပါတယ္။

 

ယူႏိုက္တက္ နည္းျပျကီး ဆိုးလ္ရွားဟာအခုပြဲစဥ္မွာ လူငယ္ကစားသမားေတြကိုပြဲထြက္စာရင္းမွာ အသံုးျပဳသြားခဲ႔ျပီး တိုက္စစ္ပိုင္းမွာေတာ့ တာဟစ္ေခ်ာင္၊ အိန္ဂ်ယ္ဂိုးမက္စ္၊ ဂရင္းဝုဒ္တို႔လို အကယ္ဒမီထြက္ျကယ္ပြင့္ေတြကိုအဂၤလန္ စီနီယာတိုက္စစ္မွဴး ရတ္ဖို႔ဒ္နဲ႔ တြဲဖက္ခဲ႔တာျဖစ္ပါတယ္။

ဒီပြဲမွာ ယူႏိုက္တက္ အသင္းအတြက္ အေကာင္းဆံုးေျခစြမ္းျပသႏိုင္ခဲ႔တာကေတာ့ ဘရာဇီးလ္ ကြင္းလယ္လူဖရက္ဒ္ျဖစ္ျပီး တိုက္စစ္ေကာ ခံစစ္ကစားပံုကိုပါ ဟန္ခ်က္ထိန္းေပးသြားႏိုင္ခဲ႔တာျဖစ္ပါတယ္။ဂရင္းဝုဒ္ကလည္း နည္းျပဆိုးလ္ရွားက သူ႔ကိုဘာေျကာင့္ အဆံုးသတ္ေကာင္းသူအျဖစ္ရွဳျမင္တာလဲဆိုတဲ႔ အေျဖကို ျပသသြားခဲ႔ပါတယ္။

အသက္၁၇ ႏွစ္အရြယ္ ဒီအဂၤလန္သားေလး ဟာ ယူႏိုက္တက္ အသင္းအတြက္ တလံုးတည္းေသာအႏိုင္ဂိုးကို ပြဲခ်ိန္ ၇၃ မိနစ္မွာ သြင္ယူေပးသြားခဲ႔ျပီး ဒါဟာသူ႔အတြက္ ေတာ့ ယူႏိုက္တက္ ကစားသမားဘဝပထမဆံုးသြင္းဂိုးလည္းျဖစ္ခဲ႔ပါတယ္။

ဂရင္းဝုဒ္ရဲ႕ ေျခစြမ္းနဲ႔သြင္းဂိုးေတြကိုရာသီျကို ကာလေတြ အတြင္း ကစားခဲ႔တဲ႔ ေျခစမ္းပြဲ မွာ ကတည္းက ျမင္ေတြ႔ထားခဲ႔ရေပမယ့္ အသိအမွတ္ျပဳ ျပိဳင္ပြဲေတြအတြင္း ပထမဆံုး ဂိုးကို အခုခ်ိန္မွာမွ ရရွိခဲ႔တာျဖစ္ပါတယ္။

ဒီပြဲမွာ လူငယ္ေတြနဲ႔ အတူ တိုက္စစ္ကို ဦးေဆာင္ခဲ႔တဲ႕ ရတ္ဖို႕ဒ္ကေတာ့ လတ္တေလာ မွာ ဂရင္းဝုဒ္ဘယ္လို ခံစားေနရမယ္ဆိုတာကို မိမိ သိနားလည္ေျကာင္းေျပာဆိုသြားခဲ႔ျပီး ေနာက္ထပ္ေျခစြမ္းေကာင္းေတြသူ႔ဆီကေန ထပ္ေရာက္လာဖို႔ရွိေနေသးတယ္လို႕ ခ်ီးက်ဴးသြားခဲ႔ပါတယ္။ပြဲအျပီး အင္တာဗ်ဴးတခုမွာ ရတ္ဖို႕ဒ္က-

” အတိတ္ကာလေတြ တုန္းကဆိုရင္ ဒီလို က်ြန္ေတာ္ျကံုေတြ႔ထားခဲ႔ဖူးတာျဖစ္လို႔ ဂရင္းဝုဒ္တေယာက္ ဘယ္လို ခံစားေနရမယ္ဆို တာက်ြန္ေတာ္နားလာ္ပါတယ္။ပိုျပီး အေရးျကီးတာကေတာ့ ဒီဂိုးဟာ က်ြန္ေတာ္တို႔ အတြက္ အႏိုင္သြင္းဂိုး ျဖစ္ခဲ႔တာပါပဲ။ဒါေျကာင့္လည္း လူတိုင္းက ဒါကိုေျပာေနသင့္တာျဖစ္ပါတယ္။

သူဟာ စီနီယာ အသင္းနဲ႔ စတင္ပူးေပါင္း ခ်ိန္ကတည္းက ေကာင္းေကာင္းလုပ္ေဆာင္ထားႏိုင္ေနခဲ႔တာျဖစ္ပါတယ္။သူ႔ဆီကေန ေနာက္ ထပ္အမ်ားျကီး ထပ္ရလာဦးမယ္ဆိုတာရာႏွဳန္းျပည့္ေသခ်ာပါတယ္။

ဒီေန႔ ပြြဲမွာ ပါဝင္ကစားခြင့္ရခဲ႔ျပီး ဂိုးသြင္းႏိုင္ခဲ႕တဲ႕အတြက္ သူ စိတ္လွဳပ္ရွားရင္ခုန္ေနခဲ႔မယ္ဆိုတာ က်ြန္ေတာ္က်ိန္းေသေျပာရဲပါတယ္။အျခားသူတိုင္းကလည္း စိတ္လွဳပ္ရွားေနခဲ႕ျကတာျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းရဲ႕ အကယ္ဒမီထြက္ ကစားသမားေတြ ဟာ စီနီယာ အသင္းကို ေရာက္ရွိလာခ်ိန္မွာ အသက္အရြယ္နဲ႕ မမ်ွတဲ႔ ဖိအားမ်ိဳးကို ခံရေလ့မရွိဘူး လို႔ရတ္ဖို႕ဒ္ကဆိုပါတယ္။ဒါဟာဘာေျကာင့္လည္း ဆိုေတာ့ ဂရင္းဝုဒ္ တို႔လို လူငယ္ေတြအေနနဲ႔ ပြဲျကီးေတြမွာျကံုေတြ႔ရႏိုင္တဲ႔ အေျခအေနေတြကို ဘယ္လိုရင္ဆုိင္ရမယ္ဆိုတာ အကယ္ဒမီေက်ာင္းမွာကတည္းကသင္ျကားေပးခံထားခဲ႕ရလို႕ျဖစ္တယ္လို႕ သူကဆိုပါတယ္။

ဒီအေျကာင္းနဲ႔ပတ္သက္ျပီး ရတ္ဖို႔ဒ္က-” ဒီဂိုးသြင္းႏိုင္ခဲ႔လိုက္လို႕ ဂရင္းဝုဒ္ ရဲ႕ ပုခံုးေပၚက ဖိအားေတြ ေပါ့ေလ်ာ့သြားျပီလို႔ ေတာ့ က်ြန္ေတာ့္ေျပာမွာမဟုတ္ပါဘူး။အကယ္ဒမီကေန စီနီယာ အသင္းကို ေရာက္လာတဲ႔ ကေလးေတြ မွာ နဂိုကတည္းက ဘာဖိအားမွ ရွိမေနတာျဖစ္ပါတယ္။

ပြဲရဲ႕ အေျခအေနကို ဘယ္လိုရင္ဆိုင္ေက်ာ္ျဖတ္ရမယ္ဆိုတာကို အသက္ ၉ႏွစ္သားေလာက္ကတည္းက သူတို႔ သင္ယူထားခဲ႔ရတာေျကာင့္ျဖစ္ပါတယ္။အကယ္ဒမီေက်ာင္းမွာ ပြဲတပြဲကစားတိုင္းမွာ ဒါဟာသူတို႔အတြက္ေတာ့အဲ႔ဒီရာသီရဲ႕ အျကီးမားဆံုး ပြဲတပြဲပါပဲ။

သူတို႔မွာ ရွိသမ်ွ အကုန္လံုးကို ထည့္ျပီးေပးဆပ္ျကိုးစားရတာျဖစ္ပါတယ္။ဒါေျကာင့္လည္း ဖိအားေတြနဲ႔ ရင္ဆိုင္ရတာကို အသားက်ေနျပီးသားျဖစ္ေနခဲ႔တာျဖစ္ပါတယ္။လူငယ္ေလးေတြ စီနီယာ အသင္းကို ေရာက္လာျပီး ေကာင္းမြန္တဲ႔ ေျခစြမ္းမ်ိဳးနဲ႕ ကစားေနတာေတြ႔ရင္ မအံံ့ျသလိုက္ျကပါနဲ႔ဗ်ာ။

ဒါေတြဟာ သူတို႔ရဲ႕ အလုပ္အေပၚထားတဲ႔ က်င့္ဝတ္ေကာင္းေတြေျကာင့္ျဖစ္ပါတယ္။သူတို႔ဟာ က်ြန္ေတာ္တို႔ စီနီယာအသင္းနဲ႔ စတင္ျပီးပူးေပါင္းလိုက္ကတည္းက ဆက္ျပီး တိုးတက္ေနခဲ႔ျကတာျဖစ္ပါတယ္ ” လို႔ေျပာျပသြားခဲ႔တာျဖစ္ပါတယ္။

SM

Unicode

အက်စ်တာနာနဲ့ ပွဲစဉ်ကအနိုင်ဂိုးရှင် ဂရင်းဝုဒ်ရဲ့ ခြေစွမ်းအပေါ် သုံးသပ်ပေးလိုက်တဲ့ #ရတ်ဖို့ဒ်
=====================================

အိုးထရက်ဖို့ဒ်မှာ ကစားသွားခဲ့တဲဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ယူနိုက်တက် အသင်းက အက်စ်တာနာ အသင်း ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အခြား အုပ်စု တွင်းပွဲစဉ်မှာ တော့ ပါတီဇန် နဲ့ အယ်လ်ခမာ တို့ ၂ဂိုးစီသရေကျခဲ့လို့ ယူနိုက်တက် အသင်းက အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

ယူနိုက်တက် နည်းပြကြီး ဆိုးလ်ရှားဟာအခုပွဲစဉ်မှာ လူငယ်ကစားသမားတွေကိုပွဲထွက်စာရင်းမှာ အသုံးပြုသွားခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ တာဟစ်ချောင်၊ အိန်ဂျယ်ဂိုးမက်စ်၊ ဂရင်းဝုဒ်တို့လို အကယ်ဒမီထွက်ကြယ်ပွင့်တွေကိုအင်္ဂလန် စီနီယာတိုက်စစ်မှူး ရတ်ဖို့ဒ်နဲ့ တွဲဖက်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက် အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာကတော့ ဘရာဇီးလ် ကွင်းလယ်လူဖရက်ဒ်ဖြစ်ပြီး တိုက်စစ်ကော ခံစစ်ကစားပုံကိုပါ ဟန်ချက်ထိန်းပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။ဂရင်းဝုဒ်ကလည်း နည်းပြဆိုးလ်ရှားက သူ့ကိုဘာကြောင့် အဆုံးသတ်ကောင်းသူအဖြစ်ရှုမြင်တာလဲဆိုတဲ့ အဖြေကို ပြသသွားခဲ့ပါတယ်။

အသက်၁၇ နှစ်အရွယ် ဒီအင်္ဂလန်သားလေး ဟာ ယူနိုက်တက် အသင်းအတွက် တလုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် ရ၃ မိနစ်မှာ သွင်ယူပေးသွားခဲ့ပြီး ဒါဟာသူ့အတွက် တော့ ယူနိုက်တက် ကစားသမားဘဝပထမဆုံးသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

ဂရင်းဝုဒ်ရဲ့ ခြေစွမ်းနဲ့သွင်းဂိုးတွေကိုရာသီကြို ကာလတွေ အတွင်း ကစားခဲ့တဲ့ ခြေစမ်းပွဲ မှာ ကတည်းက မြင်တွေ့ထားခဲ့ရပေမယ့် အသိအမှတ်ပြု ပြိုင်ပွဲတွေအတွင်း ပထမဆုံး ဂိုးကို အခုချိန်မှာမှ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ လူငယ်တွေနဲ့ အတူ တိုက်စစ်ကို ဦးဆောင်ခဲ့တဲ့ ရတ်ဖို့ဒ်ကတော့ လတ်တလော မှာ ဂရင်းဝုဒ်ဘယ်လို ခံစားနေရမယ်ဆိုတာကို မိမိ သိနားလည်ကြောင်းပြောဆိုသွားခဲ့ပြီး နောက်ထပ်ခြေစွမ်းကောင်းတွေသူ့ဆီကနေ ထပ်ရောက်လာဖို့ရှိနေသေးတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။ပွဲအပြီး အင်တာဗျူးတခုမှာ ရတ်ဖို့ဒ်က-

” အတိတ်ကာလတွေ တုန်းကဆိုရင် ဒီလို ကျွန်တော်ကြုံတွေ့ထားခဲ့ဖူးတာဖြစ်လို့ ဂရင်းဝုဒ်တယောက် ဘယ်လို ခံစားနေရမယ်ဆို တာကျွန်တော်နားလာ်ပါတယ်။ပိုပြီး အရေးကြီးတာကတော့ ဒီဂိုးဟာ ကျွန်တော်တို့ အတွက် အနိုင်သွင်းဂိုး ဖြစ်ခဲ့တာပါပဲ။ဒါကြောင့်လည်း လူတိုင်းက ဒါကိုပြောနေသင့်တာဖြစ်ပါတယ်။

သူဟာ စီနီယာ အသင်းနဲ့ စတင်ပူးပေါင်း ချိန်ကတည်းက ကောင်းကောင်းလုပ်ဆောင်ထားနိုင်နေခဲ့တာဖြစ်ပါတယ်။သူ့ဆီကနေ နောက် ထပ်အများကြီး ထပ်ရလာဦးမယ်ဆိုတာရာနှုန်းပြည့်သေချာပါတယ်။

ဒီနေ့ ပွွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် သူ စိတ်လှုပ်ရှားရင်ခုန်နေခဲ့မယ်ဆိုတာ ကျွန်တော်ကျိန်းသေပြောရဲပါတယ်။အခြားသူတိုင်းကလည်း စိတ်လှုပ်ရှားနေခဲ့ကြတာဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေ ဟာ စီနီယာ အသင်းကို ရောက်ရှိလာချိန်မှာ အသက်အရွယ်နဲ့ မမျှတဲ့ ဖိအားမျိုးကို ခံရလေ့မရှိဘူး လို့ရတ်ဖို့ဒ်ကဆိုပါတယ်။ဒါဟာဘာကြောင့်လည်း ဆိုတော့ ဂရင်းဝုဒ် တို့လို လူငယ်တွေအနေနဲ့ ပွဲကြီးတွေမှာကြံုတွေ့ရနိုင်တဲ့ အခြေအနေတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ အကယ်ဒမီကျောင်းမှာကတည်းကသင်ကြားပေးခံထားခဲ့ရလို့ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရတ်ဖို့ဒ်က-” ဒီဂိုးသွင်းနိုင်ခဲ့လိုက်လို့ ဂရင်းဝုဒ် ရဲ့ ပုခုံးပေါ်က ဖိအားတွေ ပေါ့လျော့သွားပြီလို့ တော့ ကျွန်တော့်ပြောမှာမဟုတ်ပါဘူး။အကယ်ဒမီကနေ စီနီယာ အသင်းကို ရောက်လာတဲ့ ကလေးတွေ မှာ နဂိုကတည်းက ဘာဖိအားမှ ရှိမနေတာဖြစ်ပါတယ်။

ပွဲရဲ့ အခြေအနေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမယ်ဆိုတာကို အသက် ၉နှစ်သားလောက်ကတည်းက သူတို့ သင်ယူထားခဲ့ရတာကြောင့်ဖြစ်ပါတယ်။အကယ်ဒမီကျောင်းမှာ ပွဲတပွဲကစားတိုင်းမှာ ဒါဟာသူတို့အတွက်တော့အဲ့ဒီရာသီရဲ့ အကြီးမားဆုံး ပွဲတပွဲပါပဲ။

သူတို့မှာ ရှိသမျှ အကုန်လုံးကို ထည့်ပြီးပေးဆပ်ကြိုးစားရတာဖြစ်ပါတယ်။ဒါကြောင့်လည်း ဖိအားတွေနဲ့ ရင်ဆိုင်ရတာကို အသားကျနေပြီးသားဖြစ်နေခဲ့တာဖြစ်ပါတယ်။လူငယ်လေးတွေ စီနီယာ အသင်းကို ရောက်လာပြီး ကောင်းမွန်တဲ့ ခြေစွမ်းမျိုးနဲ့ ကစားနေတာတွေ့ရင် မအံံ့သြလိုက်ကြပါနဲ့ဗျာ။

ဒါတွေဟာ သူတို့ရဲ့ အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်ကောင်းတွေကြောင့်ဖြစ်ပါတယ်။သူတို့ဟာ ကျွန်တော်တို့ စီနီယာအသင်းနဲ့ စတင်ပြီးပူးပေါင်းလိုက်ကတည်းက ဆက်ပြီး တိုးတက်နေခဲ့ကြတာဖြစ်ပါတယ် ” လို့ပြောပြသွားခဲ့တာဖြစ်ပါတယ်။
SM