အာဆင္နယ္ အသင္းနည္းျပ အူနုိင္း အမ္မရီ ဟာ ေနာက္ပုိင္း ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းေတြ ရေနတာဟာ ကစားသမားေတြ အလွွည့္က် ကစားခုိင္းတာ နဲ႔ နည္းဗ်ဴဟာပုိင္း အေျပာင္းအလဲ ျပဳလုပ္ခဲ့တာေၾကာင့္ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ပါတယ္ ။ ဒါ့အျပင္ ရမ္ေဆး နဲ႔ အုိေဇးလ္ တုိ႔ ႏွစ္ဦးဟာ သူ႔ရဲ႕ နည္းစနစ္ပုိင္းမွာ အဓိက က်တဲ့ ကစားသမား ႏွစ္ဦး ျဖစ္ေၾကာင္းလည္း ဆုိပါတယ္ ။

နည္းျပ အမ္မရီ ဟာ ေနာက္ပုိင္း ပြဲစဥ္ေတြမွာ ပြဲခ်ိန္ အတြင္း နည္းဗ်ဳဟာ ၊ ကစားကြက္ အေျပာင္းအလဲေတြ လုပ္ျပီး နုိင္ပြဲေတြကုိ ေဖာ္ေဆာင္ထားနုိင္ပါတယ္ ။ အာဆင္နယ္ အသင္းဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ျပိဳင္ပြဲစုံ ခုႏွစ္ပြဲမွာ ငါးပြဲ အထိ အနုိင္ရထားျပီး တစ္ပြဲသာ ရႈံးနိမ့္ ထားပါတယ္ ။

အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္မွာလည္း အဆင့္ေလး အတြင္း ဝင္ဖုိ႔ အေျခအေန ေကာင္းေနသလုိ ယူရုိပါလိဂ္ ျပိဳင္ပြဲမွာလည္း ကြာတားဖုိင္နယ္ အဆင့္ကုိ တက္ေရာက္ ထားနုိင္ျပီး ျဖစ္ပါတယ္ ။ အာဆင္နယ္ အသင္းဟာ မနက္ျဖန္ နံနက္မွာ နယူးကာဆယ္အသင္းနဲ႔ ကစားသြားရမွာ ျဖစ္ျပီး အနုိင္ရပါက အဆင့္ သုံးေနရာ အထိ တက္လွမ္းနုိင္မွာလည္း ျဖစ္ပါတယ္ ။

အာဆင္နယ္ အသင္းဟာ နယူးကာဆယ္ အသင္းကုိ အနုိင္ရပါက အိမ္ကြင္း ၁၀ ပြဲ ဆက္တုိက္ အနုိင္ရရွိမွာ ျဖစ္ျပီး နည္းျပ အမ္မရီ ကေတာ့ ေနာက္ပုိင္း ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းေတြ ရေနျခင္းရဲ႕ ေနာက္ကြယ္က အဓိက အေၾကာင္းအရင္းကုိ ေျပာၾကား လုိက္ပါတယ္ ။

” က်ေနာ္တုိ႔ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားနုိင္တာက မတူညီတဲ့ နည္းစနစ္ပုိင္းေတြ ၊ ကစားသမားေတြကုိ အသုံးျပဳတာေၾကာင့္လုိ႔ ထင္ပါတယ္ ။ ဥပမာအေနနဲ႔ ေနာက္ဆုံး ကစားခဲ့တဲ့ ႏွစ္ပြဲမွာ က်ေနာ္တုိ႕ ၄-၂-၃-၁ ကစားကြက္နဲ႔ ပြဲထြက္ခဲ့ပါတယ္ ။ ဒါေပမယ့္ ပြဲခ်ိန္အတြင္းမွာ ၃-၄-၃ ပုံစံ ေျပာင္းျပီး ကစားခဲ့ပါတယ္ ။ ”

” ကစားသမားေတြကလည္း မိနစ္၉၀ အတြင္းမွာ နည္းစနစ္ပုိင္း အေျပာင္းအလဲ ၊ ကစားကြက္ အေျပာင္းအလဲႏွင့္ အံဝင္ေအာင္ ကစားနုိင္ၾကပါတယ္ ။ က်ေနာ္တုိ႔ ဒီပုံစံကုိ ဆက္လက္ ထိန္းသိမ္း သြားရပါမယ္ ၊ ကစားကြက္တစ္ခုနဲ႔ ပြဲထြက္ လာခဲ့ေပမယ့္ ပြဲခ်ိန္အတြင္း မ်ဳိးစုံ ေျပာင္းလဲ သြားနုိင္ပါတယ္ ။ ကစားသမားေတြဘက္က အသင္းအတြက္ ကစားေပးဖုိ႔ အခ်ိန္တုိင္း အသင့္ရွိေနတာက ေကာင္းမြန္တဲ့ လကၡဏာ တစ္ရပ္ပါ ။ ”

” မီဆြတ္( အုိေဇးလ္ ) ဆုိ နံပါတ္ ၁၀ ေနရာ ဒါမွမဟုတ္ ဘယ္ဘက္ျခမ္းမွာေကာ ညာဘက္ျခမ္းမွာပါ ကစားနုိင္တဲ့ ကစားသမားပါ ။ ဘယ္ကစားကြက္မွာမဆုိ သူ က အံ ဝင္ ေအာင္ ကစားေပးနုိင္ျပီး စိတ္ဓတ္ပုိင္း ဆုိင္ရာလည္း အင္မတန္ ေကာင္းမြန္ပါတယ္ ။ ”

” ေနာက္ျပီး ရမ္ေဆး ဆုိလည္း ကြင္းလယ္ ႏွစ္ေယာက္ တန္းမွာေကာ သုံးေယာက္ တန္းမွာပါ ကစားနုိင္သူပါ ။ ျပိဳင္ဘက္ အသင္းရဲ႕ ဂုိးဧရိယာထဲမွာပါ ေနရာယူ ကစားနုိင္ပါတယ္ ၊ သူတုိ႔ေတြေၾကာင့္သာ က်ေနာ္ ကစားေစခ်င္တဲ့ ကစားကြက္နဲ႔ အဆင္ေျပေနတာပါ ၊ အသင္းက ကစားသမားေတြရဲ႕ စိတ္ဓတ္ကလည္း ေကာင္းမြန္ျပီး အျမင္လည္းက်ယ္ၾကပါတယ္ ။ ” လုိ႔ ေျပာၾကား လုိက္ပါတယ္ ။

SPORTS MYANMAR

Unicode

အာဆင်နယ် အသင်းရဲ့ လက်တစ်လော ရလဒ်ကောင်းတွေ ရနေမှုမှာ အဓိက ကျတဲ့ ကစားသမားနှစ်ဦး နာမည်ကို ဖွင့်ဟ ပြောကြားလိုက်တဲ့ #အမ်မရီ
=============================

အာဆင်နယ် အသင်းနည်းပြ အူနိုင်း အမ်မရီ ဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရနေတာဟာ ကစားသမားတွေ အလှှည့်ကျ ကစားခိုင်းတာ နဲ့ နည်းဗျူဟာပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့တာကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။ ဒါ့အပြင် ရမ်ဆေး နဲ့ အိုဇေးလ် တို့ နှစ်ဦးဟာ သူ့ရဲ့ နည်းစနစ်ပိုင်းမှာ အဓိက ကျတဲ့ ကစားသမား နှစ်ဦး ဖြစ်ကြောင်းလည်း ဆိုပါတယ် ။

နည်းပြ အမ်မရီ ဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ပွဲချိန် အတွင်း နည်းဗျုဟာ ၊ ကစားကွက် အပြောင်းအလဲတွေ လုပ်ပြီး နိုင်ပွဲတွေကို ဖော်ဆောင်ထားနိုင်ပါတယ် ။ အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ခုနှစ်ပွဲမှာ ငါးပွဲ အထိ အနိုင်ရထားပြီး တစ်ပွဲသာ ရှုံးနိမ့် ထားပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်မှာလည်း အဆင့်လေး အတွင်း ဝင်ဖို့ အခြေအနေ ကောင်းနေသလို ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက် ထားနိုင်ပြီး ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ မနက်ဖြန် နံနက်မှာ နယူးကာဆယ်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပြီး အနိုင်ရပါက အဆင့် သုံးနေရာ အထိ တက်လှမ်းနိုင်မှာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ နယူးကာဆယ် အသင်းကို အနိုင်ရပါက အိမ်ကွင်း ၁၀ ပွဲ ဆက်တိုက် အနိုင်ရရှိမှာ ဖြစ်ပြီး နည်းပြ အမ်မရီ ကတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရနေခြင်းရဲ့ နောက်ကွယ်က အဓိက အကြောင်းအရင်းကို ပြောကြား လိုက်ပါတယ် ။

” ကျနော်တို့ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တာက မတူညီတဲ့ နည်းစနစ်ပိုင်းတွေ ၊ ကစားသမားတွေကို အသုံးပြုတာကြောင့်လို့ ထင်ပါတယ် ။ ဥပမာအနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲမှာ ကျနော်တို့ ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်ခဲ့ပါတယ် ။ ဒါပေမယ့် ပွဲချိန်အတွင်းမှာ ၃-၄-၃ ပုံစံ ပြောင်းပြီး ကစားခဲ့ပါတယ် ။ ”

” ကစားသမားတွေကလည်း မိနစ်၉၀ အတွင်းမှာ နည်းစနစ်ပိုင်း အပြောင်းအလဲ ၊ ကစားကွက် အပြောင်းအလဲနှင့် အံဝင်အောင် ကစားနိုင်ကြပါတယ် ။ ကျနော်တို့ ဒီပုံစံကို ဆက်လက် ထိန်းသိမ်း သွားရပါမယ် ၊ ကစားကွက်တစ်ခုနဲ့ ပွဲထွက် လာခဲ့ပေမယ့် ပွဲချိန်အတွင်း မျိုးစုံ ပြောင်းလဲ သွားနိုင်ပါတယ် ။ ကစားသမားတွေဘက်က အသင်းအတွက် ကစားပေးဖို့ အချိန်တိုင်း အသင့်ရှိနေတာက ကောင်းမွန်တဲ့ လက္ခဏာ တစ်ရပ်ပါ ။ ”

” မီဆွတ်( အိုဇေးလ် ) ဆို နံပါတ် ၁၀ နေရာ ဒါမှမဟုတ် ဘယ်ဘက်ခြမ်းမှာကော ညာဘက်ခြမ်းမှာပါ ကစားနိုင်တဲ့ ကစားသမားပါ ။ ဘယ်ကစားကွက်မှာမဆို သူ က အံ ဝင် အောင် ကစားပေးနိုင်ပြီး စိတ်ဓတ်ပိုင်း ဆိုင်ရာလည်း အင်မတန် ကောင်းမွန်ပါတယ် ။ ”

” နောက်ပြီး ရမ်ဆေး ဆိုလည်း ကွင်းလယ် နှစ်ယောက် တန်းမှာကော သုံးယောက် တန်းမှာပါ ကစားနိုင်သူပါ ။ ပြိုင်ဘက် အသင်းရဲ့ ဂိုးဧရိယာထဲမှာပါ နေရာယူ ကစားနိုင်ပါတယ် ၊ သူတို့တွေကြောင့်သာ ကျနော် ကစားစေချင်တဲ့ ကစားကွက်နဲ့ အဆင်ပြေနေတာပါ ၊ အသင်းက ကစားသမားတွေရဲ့ စိတ်ဓတ်ကလည်း ကောင်းမွန်ပြီး အမြင်လည်းကျယ်ကြပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR