ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ အဖြင့္ ပြဲစဥ္ မွာ ဗလင္စီယာ အသင္း ကို အိမ္ကြင္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ တဂိုး ဂိုးမရွိ နဲ႕ အေရးနိမ့္ ခဲ့ရလို႕ အဖြင့္ မ်က္ႏွာပန္း မလွ ခဲ့ရပါဘူး ။ အခု အခ်ိန္ အထိ အိမ္ကြင္း ႏိုင္ပြဲ မရွာေဖြ ႏိုင္ေသးတဲ့ ခ်ယ္လ္ဆီး တို႕ လာမယ့္ တနဂၤေႏြ ေန႕မွာ လီဗာပူး အသင္း နဲ႕ ပရီးမီးယားလိဂ္ ပြဲၾကပ္ တပြဲ ထပ္ ကစားရဦး မွာ ျဖစ္ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ ယခုႏွစ္ ေဘာလံုး ရာသီ အေစာပိုင္း မွာ လီဗာပူး အသင္း နဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ မွာ ရင္ဆိုင္ ကစား ခဲ့ရျပီး ထို ပြဲစဥ္ မွာ ခ်ယ္လ္ဆီး တို႕ လီဗာပူး ကို သူတင္ကိုယ္တင္ ယွဥ္ကစားရင္း သာမန္ ပြဲခ်ိန္ အတြင္း တဖက္ ၂ဂိုးစီ သေရ ရလဒ္ ထြက္ေပၚ ခဲ့ကာ ပင္နယ္တီ အဆံုးအျဖတ္ ေရာက္ကာမွ ခ်ယ္လ္ဆီး အသင္း ဟာ လီဗာပူး ကို ၅ – ၄ နဲ႕ အေရးနိမ့္ ခဲ့ရပါတယ္ ။

လီဗာပူး အသင္း ဟာလည္း ခ်ယ္လ္ဆီး နည္းတူပဲ ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပြဲ မွာ နာပိုလီ အသင္း ကို အေဝးကြင္း မွာ ၂ဂိုးျပတ္ နဲ႕ အေရးနိမ့္ ခဲ့ပါတယ္ ။ သို႕ေပမယ့္ လည္း လီဗာပူး အသင္း ဟာ ယခုႏွစ္ ပရီးမီးယားလိဂ္ မွာ ရႈံးပြဲ မရွိေသးတဲ့ အျပင္ ရာႏႈန္းျပည့္ ႏိုင္ပြဲ ရထားတဲ့ တသင္းတည္းေသာ အသင္း ျဖစ္ပါတယ္ ။

ထို႕ အတြက္ေၾကာင့္ လီဗာပူး ဖက္က ထိုမွတ္တမ္းေကာင္း ကို ခ်ယ္လ္ဆီး နဲ႕ ပြဲစဥ္ မွာ ဆက္လက္ ထိန္းသိမ္းဖို႕ ၾကိဳးစား လာႏိုင္ျပီး ခ်ယ္လ္ဆီး ဖက္ကလည္း ဒီရာသီ ပထမဆံုး အိမ္ကြင္း ႏိုင္ပြဲ ရယူျပဖို႕ ၾကိဳးစား လာဖို႕ ရွိေနပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ လတ္တေလာ မွာ အဓိက ကစားသမား အေတာ္မ်ားမ်ား ဒဏ္ရာေၾကာင့္ ရုန္းကန္ ေနရဆဲ ျဖစ္ကာ အဓိက ခံစစ္မွဴး အန္တိုနီယို ရူဒီဂါ နဲ႕ ကြင္းလယ္ တိုက္စစ္ ကစားသမား ေမဆင္ေမာင့္ တို႕ဟာ လီဗာပူး နဲ႕ ပြဲမွာ ပါဝင္ဖို႕ မေသခ်ာေသးပဲ ရွိေနပါတယ္ ။ သို႕ေပမယ့္ လည္း အန္ဂိုလုိ ကန္ေတ ၊ ဟတ္ဒ္ဆန္ အိုဒိြဳင္း တို႕ကေတာ့ မေန႕က ခ်ယ္လ္ဆီး အသင္းသား ေတြနဲ႕ အတူ ေလ့က်င့္ေရး အစီအစဥ္ မ်ား ဆက္လက္ စတင္ ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး တီဗြီ နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ခ်ယ္လ္ဆီး အသင္း ရဲ႕ အသင္း ေခါင္းေဆာင္ ဆီဆာ အက္ဇ္ပီလီကြီတာ က လက္ရွိ အခ်ိန္ မွာ ၄င္းတို႕ အသင္း ဟာ အေတြ႕အၾကံဳ ႏုနယ္ ေသးတဲ့ တည္ေဆာက္ ေနဆဲ လူငယ္ အသင္း တသင္း အေနအထား မွာသာ ရွိေနေသးေၾကာင္း ၊ ဗလင္စီယာ နဲ႕ ပြဲက ရႈံူးပြဲေၾကာင့္ အိမ္ကြင္း ပရိသတ္ ေတြအေပၚ စိတ္ပ်က္ ေစခဲ့မိေပမယ့္ လီဗာပူး နဲ႕ ပြဲမွာေတာ့ ပိုေတာင့္တင္းတဲ့ အသင္း အေနနဲ႕ ျပန္လာမွာ ျဖစ္ေၾကာင္း ကတိေပး ေျပာၾကား ခဲ့ပါတယ္ ။

အက္ဇ္ပီလီကြီတာ က ” ကြ်န္ေတာ္ တို႕ဟာ အသင္း ကို တမူထူးျခားတဲ့ ပံုစံ နဲ႕ တည္ေဆာက္ ေနတာ ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ တို႕ အသင္း မွာ တကယ္ ပါရမီရွင္ ေျခစြမ္း နဲ႕ အရည္အေသြး ေတြ ရွိတဲ့ လူငယ္ ကစားသမား မ်ားစြာ ရွိေနျပီး သူတို႕ကို အေတြ႕အၾကံဳ ရင့္ စီနီယာ ကစားသမား တခ်ိဳ႕ က ဝန္းရံ ထားေပးေနပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ ေတာက္ပတဲ့ အနာဂတ္ တခု ကို တည္ေဆာင္ ေနၾကတာ ျဖစ္ပါတယ္ ။ ”

Azpilicueta

” ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဟာ ခ်ယ္လ္ဆီး အသင္း ျဖစ္တာေၾကာင့္ ပြဲစဥ္တိုင္း ပြဲစဥ္တိုင္း ကို တူညီတဲ့ ၾကိဳးစားမႈ နဲ႕ ခ်ဥ္းကပ္ ႏိုင္ဖို႕ ၾကိဳးစား သြားမွာပါ ။ ကြ်န္ေတာ္ တို႕ဟာ ရက္အနည္းငယ္ေလာက္ ျခားျပီး ပြဲစဥ္ တပြဲျပီး တပြဲ ကစားေနရပါတယ္ ။ ဒါေၾကာင့္မို႕ ကြ်န္ေတာ္ တို႕ဟာ ရလဒ္ေကာင္း ေတြနဲ႕ ျပန္လာဖို႕ ၊ ဆုဖလား ေတြကို စိန္ေခၚ ႏိုင္ဖို႕ အခြင့္အေရး ေတြ ရွိေနပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ ရႈံးပြဲ ေတြကေန သင္ခန္းစာ ယူျပီး လာမယ့္ ပြဲစဥ္ မွာ ပိုေကာင္းတဲ့ ပံုစံ နဲ႕ ျပန္လာႏိုင္ဖို႕ ၾကိဳးစားသြားမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

လီဗာပူး နဲ့ ပွဲမှာ ပိုကောင်းတဲ့ ပုံစံ နဲ့ ပြန်လာဖို့ ချယ်လ်ဆီး ပရိသတ် တွေကို ကတိပေးလိုက်တဲ့ #အက်ဇ်ပီလီကွီတာ

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် အဖွင့် ပွဲစဉ် မှာ ဗလင်စီယာ အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ တဂိုး ဂိုးမရှိ နဲ့ အရေးနိမ့် ခဲ့ရလို့ အဖွင့် မျက်နှာပန်း မလှ ခဲ့ရပါဘူး ။ အခု အချိန် အထိ အိမ်ကွင်း နိုင်ပွဲ မရှာဖွေ နိုင်သေးတဲ့ ချယ်လ်ဆီး တို့ လာမယ့် တနင်္ဂနွေ နေ့မှာ လီဗာပူး အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲကြပ် တပွဲ ထပ် ကစားရဦး မှာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ အစောပိုင်း မှာ လီဗာပူး အသင်း နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မှာ ရင်ဆိုင် ကစား ခဲ့ရပြီး ထို ပွဲစဉ် မှာ ချယ်လ်ဆီး တို့ လီဗာပူး ကို သူတင်ကိုယ်တင် ယှဉ်ကစားရင်း သာမန် ပွဲချိန် အတွင်း တဖက် ၂ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့ကာ ပင်နယ်တီ အဆုံးအဖြတ် ရောက်ကာမှ ချယ်လ်ဆီး အသင်း ဟာ လီဗာပူး ကို ၅ – ၄ နဲ့ အရေးနိမ့် ခဲ့ရပါတယ် ။

လီဗာပူး အသင်း ဟာလည်း ချယ်လ်ဆီး နည်းတူပဲ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ မှာ နာပိုလီ အသင်း ကို အဝေးကွင်း မှာ ၂ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့ပါတယ် ။ သို့ပေမယ့် လည်း လီဗာပူး အသင်း ဟာ ယခုနှစ် ပရီးမီးယားလိဂ် မှာ ရှုံးပွဲ မရှိသေးတဲ့ အပြင် ရာနှုန်းပြည့် နိုင်ပွဲ ရထားတဲ့ တသင်းတည်းသော အသင်း ဖြစ်ပါတယ် ။

ထို့ အတွက်ကြောင့် လီဗာပူး ဖက်က ထိုမှတ်တမ်းကောင်း ကို ချယ်လ်ဆီး နဲ့ ပွဲစဉ် မှာ ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစား လာနိုင်ပြီး ချယ်လ်ဆီး ဖက်ကလည်း ဒီရာသီ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ရယူပြဖို့ ကြိုးစား လာဖို့ ရှိနေပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ လတ်တလော မှာ အဓိက ကစားသမား အတော်များများ ဒဏ်ရာကြောင့် ရုန်းကန် နေရဆဲ ဖြစ်ကာ အဓိက ခံစစ်မှူး အန်တိုနီယို ရူဒီဂါ နဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် တို့ဟာ လီဗာပူး နဲ့ ပွဲမှာ ပါဝင်ဖို့ မသေချာသေးပဲ ရှိနေပါတယ် ။ သို့ပေမယ့် လည်း အန်ဂိုလို ကန်တေ ၊ ဟတ်ဒ်ဆန် အိုဒွိုင်း တို့ကတော့ မနေ့က ချယ်လ်ဆီး အသင်းသား တွေနဲ့ အတူ လေ့ကျင့်ရေး အစီအစဉ် များ ဆက်လက် စတင် ခဲ့ပါတယ် ။

ချယ်လ်ဆီး တီဗွီ နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ ချယ်လ်ဆီး အသင်း ရဲ့ အသင်း ခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာ က လက်ရှိ အချိန် မှာ ၄င်းတို့ အသင်း ဟာ အတွေ့အကြုံ နုနယ် သေးတဲ့ တည်ဆောက် နေဆဲ လူငယ် အသင်း တသင်း အနေအထား မှာသာ ရှိနေသေးကြောင်း ၊ ဗလင်စီယာ နဲ့ ပွဲက ရှုံူးပွဲကြောင့် အိမ်ကွင်း ပရိသတ် တွေအပေါ် စိတ်ပျက် စေခဲ့မိပေမယ့် လီဗာပူး နဲ့ ပွဲမှာတော့ ပိုတောင့်တင်းတဲ့ အသင်း အနေနဲ့ ပြန်လာမှာ ဖြစ်ကြောင်း ကတိပေး ပြောကြား ခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ က ” ကျွန်တော် တို့ဟာ အသင်း ကို တမူထူးခြားတဲ့ ပုံစံ နဲ့ တည်ဆောက် နေတာ ဖြစ်ပါတယ် ။ ကျွန်တော် တို့ အသင်း မှာ တကယ် ပါရမီရှင် ခြေစွမ်း နဲ့ အရည်အသွေး တွေ ရှိတဲ့ လူငယ် ကစားသမား များစွာ ရှိနေပြီး သူတို့ကို အတွေ့အကြံု ရင့် စီနီယာ ကစားသမား တချို့ က ဝန်းရံ ထားပေးနေပါတယ် ။ ကျွန်တော် တို့ဟာ တောက်ပတဲ့ အနာဂတ် တခု ကို တည်ဆောင် နေကြတာ ဖြစ်ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော် တို့ဟာ ချယ်လ်ဆီး အသင်း ဖြစ်တာကြောင့် ပွဲစဉ်တိုင်း ပွဲစဉ်တိုင်း ကို တူညီတဲ့ ကြိုးစားမှု နဲ့ ချဉ်းကပ် နိုင်ဖို့ ကြိုးစား သွားမှာပါ ။ ကျွန်တော် တို့ဟာ ရက်အနည်းငယ်လောက် ခြားပြီး ပွဲစဉ် တပွဲပြီး တပွဲ ကစားနေရပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် တို့ဟာ ရလဒ်ကောင်း တွေနဲ့ ပြန်လာဖို့ ၊ ဆုဖလား တွေကို စိန်ခေါ် နိုင်ဖို့ အခွင့်အရေး တွေ ရှိနေပါတယ် ။ ကျွန်တော် တို့ဟာ ရှုံးပွဲ တွေကနေ သင်ခန်းစာ ယူပြီး လာမယ့် ပွဲစဉ် မှာ ပိုကောင်းတဲ့ ပုံစံ နဲ့ ပြန်လာနိုင်ဖို့ ကြိုးစားသွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR