ရီးရဲလ္ မက္ဒရစ္ အသင္း နည္းျပ ဇီဒန္း ရဲ႕ သားျဖစ္သူ လူကာ ဇီဒန္း ဟာ ဟူရက္စ္ကာ အသင္းကုိ သုံးဂုိး ႏွစ္ဂုိး နဲ႔ အနုိင္ရခဲ့တဲ့ ပြဲမွာ ပြဲထြက္ ကစားခြင့္ ရခဲ့ပါတယ္ ။ ဇီဒန္း ကေတာ့ လူငယ္ ဂုိးသမား လူကာ ဇီဒန္းကုိ ပြဲထြက္ ကစားခြင့္ ေပးခဲ့တဲ့ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ကုိ ကာကြယ္ ေျပာၾကား သြားခဲ့ပါတယ္ ။

ရီးရဲလ္ မက္ဒရစ္ အသင္းဟာ ဟူရက္စ္ကာ အသင္းကိုိ အနုိင္ရဖုိ႔ ခက္ခက္ခဲခဲ ကစားခဲ့ရျပီး တုိက္စစ္မွဴး ကာရင္ ဘန္ဇီမား ရဲ႕ ေနာက္က် သြင္းဂုိးေၾကာင့္သာ အနုိင္ သုံး မွတ္ ရ ရွိ ခဲ့ တာ လည္း ျဖစ္ ပါ တယ္ ။ ရီးရဲလ္မက္ဒရစ္ အသင္းအတြက္ သြင္းဂုိးေတြကုိေတာ့ အစၥကုိ ၊ ဆီဘယ္ေလာ့ ၊ ဘန္ဇီးမား တုိ႔က သြင္းယူ ေပးခဲ့တာပါ ။

အ ဆုိ ပါ ပြဲ မွာ ဇီဒန္း ဟာ ပထမ ဦးစားေပး ဂုိးသမား ႏွစ္ဦး ျဖစ္တဲ့ ေကလာ နာဗက္စ္ နဲ႔ ေကာ္တြိဳက္စ္ တုိ႕ ကုိ အသုံး ျပဳ ခဲ့ ျခင္း မ ရွိ ဘဲ တတိယ ဦးစားေပး ဂုိး သ မား ျဖစ္ တဲ့ လူကာ ဇီဒန္း ကုိ ပြဲ ထြက္ က စား ေစ ခဲ့ ပါ တယ္ ။

ရီးရဲလ္ မက္ဒရစ္ အ သင္း နည္းျပၾကီး ဇီဒန္းမွာ အန္ဇုိ ဇီဒန္း ၊ လူကာ ဇီဒန္း ၊ သီယုိ ဇီဒန္း ၊ အဲရက္စ္ ဇီဒန္း ဆုိ ျပီး သား ေလး ေယာက္ ရွိ ျပီး လူကာ ဇီဒန္း ဟာ ဒုတိယ ေျမာက္ သား လည္း ျဖစ္ ပါ တယ္ ။

အသက္ ၂၀ အ ရြယ္ ရွိ ျပီ ျဖစ္ တဲ့ လူကာ ဇီဒန္း ဟာ ရီးရဲလ္ မက္ဒရစ္ အသင္းၾကီးမွာ ေနာက္ဆုံး ကစားခြင့္ရခဲ့တာဟာ ျပီးခဲ့တဲ့ႏွစ္ ဗီလာရီးရဲလ္ အသင္း နဲ႔ လာလီဂါ အပိတ္ ပြဲ စဥ္ မွာ တုန္း က ျဖစ္ ျပီး ပြဲ ထြက္ ခြင့္ မ ရ တာ ၁၀ လ ေက်ာ္ ရွိ ေန ျပီ လည္း ျဖစ္ ပါ တယ္ ။

နည္းျပ ဇီဒန္း ဟာ မေန႔ညက ကစားခဲ့တဲ့ ပြဲမွာ သူ႔ရဲ႕ သား ျဖစ္ သူ ကုိ ျပန္လည္ ပြဲ ထြက္ ခြင့္ ေပး ခဲ့ ျပီး ရီးရဲလ္ မက္ဒရစ္ အသင္းကလည္း အနုိင္ ရရွိ သြားတာေၾကာင့္ လူကာ ဇီဒန္း အတြက္ေတာ့ မ်က္ ႏွာ ပန္း လွ သြား ခဲ့ ပါ တယ္ ။

ဇီဒန္း က ပြဲ အျပီး သတင္းစာ ရွင္းလင္းပြဲမွာ လူကာ ကုိ ပြဲ ထြက္ ကစားခြင့္ ေပးခဲ့တာနဲ႔ ပတ္သက္ျပီး ” က်ေနာ္ သူ႔ အ တြက္ ေပ်ာ္ ရႊင္ မိ ပါ တယ္ ။ သူ႔ ရဲ႕ ပြဲ ဦး ထြက္ မွာ နုိင္ ပြဲ ရ ခဲ့ ပါ တယ္ ၊ ဒါ ေပ မယ့္ လူကာ က တတိယ ဦး စား ေပး ဂုိး သ မား ပါ ။ သီေဘာ့ ကလည္း မကစားနုိင္သလုိ နုိင္ငံ အသင္းအတြက္ ကစားေပးထားရတဲ့ နာဗက္စ္ကုိလည္း အနားေပးခ်င္တာ ေၾကာင့္ပါ ။ ”

” က်ေနာ္တုိ႔ ရလဒ္ေကာင္း ရယူ နုိင္ခဲ့ပါတယ္ ။ က်ေနာ့္ သား မုိ႔ လုိ႔ ပြဲထြက္ခုိင္း ခဲ့တာ မဟုတ္ပါဘူး ၊ ရီးရဲလ္ မက္ဒရစ္ အသင္း ကစားသမား တစ္ဦး အေနနဲ႔ ပဲ သူ႔ ကုိ ေရြး ခ်ယ္ ပြဲ ထြက္ ေစ ခဲ့ တာ ပါ ။ သူ႔ ကုိ အ သင္း က တျခား ကစားသမား တစ္ေယာက္လုိ႔ပဲ ျမင္ပါတယ္ ။ ” လုိ႔ ေျဖ ရွင္း သြား ခဲ့ ပါ တယ္ ။

SPORTS MYANMAR

Unicode

နာဗက်စ် ၊ ကော်တွိုက်စ်တို့ အစား သားဖြစ်သူ လူကာ ဇီဒန်း ကို ပွဲထွက် ကစားခိုင်းတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ရှင်းလင်းပြောကြားလိုက်တဲ့ #ဇီဒန်း
=============================

ရီးရဲလ် မက်ဒရစ် အသင်း နည်းပြ ဇီဒန်း ရဲ့ သားဖြစ်သူ လူကာ ဇီဒန်း ဟာ ဟူရက်စ်ကာ အသင်းကို သုံးဂိုး နှစ်ဂိုး နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။ ဇီဒန်း ကတော့ လူငယ် ဂိုးသမား လူကာ ဇီဒန်းကို ပွဲထွက် ကစားခွင့် ပေးခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ် ပြောကြား သွားခဲ့ပါတယ် ။

ရီးရဲလ် မက်ဒရစ် အသင်းဟာ ဟူရက်စ်ကာ အသင်းကိို အနိုင်ရဖို့ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး တိုက်စစ်မှူး ကာရင် ဘန်ဇီမား ရဲ့ နောက်ကျ သွင်းဂိုးကြောင့်သာ အနိုင် သုံး မှတ် ရ ရှိ ခဲ့ တာ လည်း ဖြစ် ပါ တယ် ။ ရီးရဲလ်မက်ဒရစ် အသင်းအတွက် သွင်းဂိုးတွေကိုတော့ အစ္စကို ၊ ဆီဘယ်လော့ ၊ ဘန်ဇီးမား တို့က သွင်းယူ ပေးခဲ့တာပါ ။

အ ဆို ပါ ပွဲ မှာ ဇီဒန်း ဟာ ပထမ ဦးစားပေး ဂိုးသမား နှစ်ဦး ဖြစ်တဲ့ ကေလာ နာဗက်စ် နဲ့ ကော်တွိုက်စ် တို့ ကို အသုံး ပြု ခဲ့ ခြင်း မ ရှိ ဘဲ တတိယ ဦးစားပေး ဂိုး သ မား ဖြစ် တဲ့ လူကာ ဇီဒန်း ကို ပွဲ ထွက် က စား စေ ခဲ့ ပါ တယ် ။

ရီးရဲလ် မက်ဒရစ် အ သင်း နည်းပြကြီး ဇီဒန်းမှာ အန်ဇို ဇီဒန်း ၊ လူကာ ဇီဒန်း ၊ သီယို ဇီဒန်း ၊ အဲရက်စ် ဇီဒန်း ဆို ပြီး သား လေး ယောက် ရှိ ပြီး လူကာ ဇီဒန်း ဟာ ဒုတိယ မြောက် သား လည်း ဖြစ် ပါ တယ် ။

အသက် ၂၀ အ ရွယ် ရှိ ပြီ ဖြစ် တဲ့ လူကာ ဇီဒန်း ဟာ ရီးရဲလ် မက်ဒရစ် အသင်းကြီးမှာ နောက်ဆုံး ကစားခွင့်ရခဲ့တာဟာ ပြီးခဲ့တဲ့နှစ် ဗီလာရီးရဲလ် အသင်း နဲ့ လာလီဂါ အပိတ် ပွဲ စဉ် မှာ တုန်း က ဖြစ် ပြီး ပွဲ ထွက် ခွင့် မ ရ တာ ၁၀ လ ကျော် ရှိ နေ ပြီ လည်း ဖြစ် ပါ တယ် ။

နည်းပြ ဇီဒန်း ဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲမှာ သူ့ရဲ့ သား ဖြစ် သူ ကို ပြန်လည် ပွဲ ထွက် ခွင့် ပေး ခဲ့ ပြီး ရီးရဲလ် မက်ဒရစ် အသင်းကလည်း အနိုင် ရရှိ သွားတာကြောင့် လူကာ ဇီဒန်း အတွက်တော့ မျက် နှာ ပန်း လှ သွား ခဲ့ ပါ တယ် ။

ဇီဒန်း က ပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ လူကာ ကို ပွဲ ထွက် ကစားခွင့် ပေးခဲ့တာနဲ့ ပတ်သက်ပြီး ” ကျနော် သူ့ အ တွက် ပျော် ရွှင် မိ ပါ တယ် ။ သူ့ ရဲ့ ပွဲ ဦး ထွက် မှာ နိုင် ပွဲ ရ ခဲ့ ပါ တယ် ၊ ဒါ ပေ မယ့် လူကာ က တတိယ ဦး စား ပေး ဂိုး သ မား ပါ ။ သီဘော့ ကလည်း မကစားနိုင်သလို နိုင်ငံ အသင်းအတွက် ကစားပေးထားရတဲ့ နာဗက်စ်ကိုလည်း အနားပေးချင်တာ ကြောင့်ပါ ။ ”

” ကျနော်တို့ ရလဒ်ကောင်း ရယူ နိုင်ခဲ့ပါတယ် ။ ကျနော့် သား မို့ လို့ ပွဲထွက်ခိုင်း ခဲ့တာ မဟုတ်ပါဘူး ၊ ရီးရဲလ် မက်ဒရစ် အသင်း ကစားသမား တစ်ဦး အနေနဲ့ ပဲ သူ့ ကို ရွေး ချယ် ပွဲ ထွက် စေ ခဲ့ တာ ပါ ။ သူ့ ကို အ သင်း က တခြား ကစားသမား တစ်ယောက်လို့ပဲ မြင်ပါတယ် ။ ” လို့ ဖြေ ရှင်း သွား ခဲ့ ပါ တယ် ။

SPORTS MYANMAR