၁~ လက်စတာ Vs တော့တင်ဟမ်
၎~ အာဆင်နယ် Vs အက်စတွန်ဗီလာ
၅~ ချဲလ်ဆီး Vs လီဗာပူး
နှစ်သင်းစလုံး ဟာ ကြားရက်က ချန်ပီယံလိဂ် ပွဲစဉ်မှာ ရှုံးပွဲတွေ ကြုံတွေ့ ခဲ့၇ပေမယ့်လည်း ဒါဟာ ဒီတစ်ပတ်၇ဲ့ အကောင်းဆုံးပွဲစဉ် ဖြစ်ပြီး လီဗာပူး ရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက် အတွက် ဒါဟာ ဒီရာသီ ပထမဦးဆုံး ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့လက အစ္စတန်ဘူမှာ ကစား ခဲ့တဲ့ ဥေ၇ာပ စူပါဖလားမှာ ဒီနှစ်သင်းကြား ခြေစွမ်း ကွာဟမှု နည်းပါး ခဲ့ပြီး စတန်းဖို့ဘရစ်မှာလည်း နှစ်သင်းစလုံး ခြေညီ နေမှာပါ။ ကျွန်တော် ကတော့ လီဗာပူး အသင်းဟာ ၁၅ ပွဲဆက် လိဂ်နိုင်ပွဲ ရယူ သွားလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။
ဘန်လေ ၃ – ၂ နော့ဝှစ်
SM
Unicode
ချဲလ်ဆီး Vs လီဗာပူး တို့ရဲ့ ပွဲကြီးပွဲကောင်း အပါအဝင် မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်များ
လီဗာပူး အသင်းဟာ တနင်္ဂနွေနေ့မှာ စတန်းဖို့ဘရစ်ကို သွားရောက် ရမှာ ဖြစ်ပြီး ယာဂန်ကလော့ ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က Carrow Road မှာ မန်ချက်စတာစီးတီး အသင်းရဲ့ အံ့အားသင့်ဖွယ် ရှုံးပွဲကြောင့် ဒီတစ်ပတ်ကို ငါးမှတ် အကွာ ထိပ်ဆုံး နေရာ ကနေ စတင်မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အို၀င်က ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ယခုလိုပဲ ခန့်မှန်း သုံးသပ် ပေးသွား ခဲ့ပါတယ်။
၁~ လက်စတာ Vs တော့တင်ဟမ်
လက်စတာ အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ် က အိုးထရပ်ဖို့ဒ်မှာ မန်ချက်စတာ ယူနို်က်တက် အသင်းကို ဘောလုံး ပိုင်ဆိုင်မှု အသာစီး ကစား နိုင်ခဲ့ပေမယ့်လည်း ကျွန်ော့် အနေနဲ့ မြေခွေးပြာ တို့ရဲ့ ခြေစွမ်းကို အနည်းငယ် စိတ်ပျက်မိ ခဲ့ပါတယ်။ ဘရန်ဒန်ရော်ဂျာ အနေနဲ့ စနေနေ့ည အစောပိုင်း တော့တင်ဟမ် တို့ ကင်းပါ၀ါကို လာရောက် ကစားတဲ့ အခါ သူ့အသင်းရဲ့ အဆုံးသတ်ပိုင်းကို ဒီထက် ပိုမို တိုးတက် နေဖို့ မျှော်လင့် နေမှာပါ။
စပါး အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က အိမ်ကွင်းမှာ အကောင်းဆုံး ပထမပိုင်း ခြေစွမ်းကို ပြသကာ ခရစ်စတယ်ပဲလေ့စ် အသင်းကို ဂိုးပြတ် အနိုင် ရခဲ့ပါတယ်။ ဒါပေမယ့် ၎င်းတို့ဟာ ကင်းပါ၀ါ မှာတော့ သရေ တစ်မှတ် နဲ့သာ ကျေနပ် သွားရဖို့ ရှိနေပြီး အရမ်း ကြည့်ကောင်းမယ့် ပွဲဖြစ်မှာ ကတော့ သေချာပါတယ်။
မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့ – လက်စတာ ၂ – ၂ တော့တင်ဟမ်
၂~ မန်စီးတီး Vs ၀က်ဖို့ဒ်
ပက်ဂွာဒီယိုလာ အနေနဲ့ ပြီးခဲ့တဲ့ အပြောင်းအရွေ့က ဗဟို နောက်ခံလူ တစ်ဦး မဝယ်ယူ ခဲ့တာကို နောင်တ ရနေ လောက်ပြီး ကာလရှည် အနားယူ ရမယ့် အဓိက ကစားသမား အေမရစ်လာပေါ့ဒ် နဲ့ အတူ ယခုတစ်ပတ် အစောပိုင်းမှာ ဂျွန်စတုန်းက ထပ်မံ ပူးပေါင်း ခဲ့ပါတယ်။
၀က်ဖို့ဒ် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗီကာရေ့ချ် မှာ အာဆင်နယ်ကို ဂိုးကန်သွင်းမှု ၃၁ ကြိမ်ထိ လုပ်ပြ နိုင်ခဲ့ပြီး သရေ တစ်မှတ်ကို ထိုက်တန်စွာ ရယူ ခဲ့ပါတယ်။ မန်နေဂျာသစ် ဖလော်ရက် ဟာ သူ့အသင်းရဲ့ တိုက်ပွဲဝင် စိတ်ဓာတ် နဲ့ အရည်အသွေးကို ကျေနပ် အားရ နေမှာ ဖြစ်ပြီး အီတီဟတ်မှာတော့ ၎င်းတို့ အကောင်းဆုံး လုပ်ပြဖို့ လိုအပ်ပါတယ်။
မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့ – မန်စီးတီး ၄ – ၁ ၀က်ဖို့ဒ်
၃~ ၀က်ဟမ်း Vs မန်ချက်စတာ ယူနိုက်တက်
၀က်ဟမ်း အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂလာနေ့က ဗီလာပက်မှာ စိတ်ပျက်ဖွယ်ရာ ဂိုးမရှိ သရေ ရလဒ်သာ ရရှိခဲ့ပေမယ့် ပယ်လီဂရီနီ ရဲ့ အသင်းဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၁ ပွဲသာ ရှံုးနိမ့် ထားခဲ့ပါတယ်။ လာမည့် တနင်္ဂနွေနေ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လန်ဒန်မြို့တော်ကို လာရောက် ကစားတဲ့ အခါ သွင်းဂိုးတွေကို ပိုမို တွေ့မြင် ရဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ အိုးထရပ်ဖို့ဒ်မှာ လက်စတာ အသင်းကို ကပ်ပြီး အနိုင် ရရှိခဲ့ပြီး နောက်ဆုံး ကစား ခဲ့တဲ့ လိဂ်ပွဲစဉ် ၁၀ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရှိထားပါတယ်။ အိုလီဂန်နာဆိုးရှား ရဲ့ အသင်းဟာ ဒီရာသီ အဝေးကွင်းမှာ ၀ုဖ် ၊ ဆောက်သမ်တန် တို့ကို သရေသာ ကစား နိုင်ခဲ့ပြီး ဒါဟာ ယူနိုက်တက် ရဲ့ Top 4 ရည်မှန်းချက် အတွက် နောက်ထပ် ခက်ခဲတဲ့ စမ််းသပ်မှု ဖြစ်လာမှာပါ။ အကယ်၍ လန်ဒန်စတေဒီယမ်မှာ အနိုင် ရတဲ့ အသင်း ရှိမယ် ဆိုရင်တော့ ဒါဟာ အိမ်ရှင်ပဲ ဖြစ်နိုင်ပြီး တကယ့်ကို ဖျော်ဖြေမှု အပြည့် ပေးစွမ်းမယ့် ပွဲစဉ် ဆိုတာ ကတော့ သေချာပါတယ်။
မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့ – ၀က်ဟမ်း ၂ – ၁ မန်ယူနိုက်တက်
၄~ အာဆင်နယ် Vs အက်စတွန်ဗီလာ
စပါးအသင်းကို အိမ်ကွင်းမှာ ၂ – ၀ အရှုံးကနေ လိုက်ကာ သရေ တစ်မှတ် ရအောင် ကစား နိုင်ခဲ့ ပေမယ့်လည်း အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၀က်ဖို့ဒ် အသင်းနဲ့ ပွဲမှာတော့ ၂ – ၀ နဲ့ ဦးဆောင် နေရာ ကနေ အမှတ်တွေ ခွဲပေး လိုက်ရပါတယ်။ ဂန်းနားတို့ အနေနဲ့ ပြီးခဲ့တဲ့ ရာသီတွေ ကတည်းက ဖြစ်နေတဲ့ ခံစစ် အမှားတွေကို မဖြစ်မနေ အဆုံးသတ်သွားဖို့ လိုနေ ပေမယ့် ၎င်းတို့ဟာ အပတ်တိုင်း နီးပါး ဒီလို အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန် နေပါတယ်။
ဂန်းနား တို့ဟာ ကြာသပတေးနေ့က ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် ပွဲကျပ်ကိုလည်း ကန်ထား ခဲ့ရပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ကောင်းမွန်တဲ့ တိုက်စစ် အရည်အသွေးကို ပိုင်ဆိုင် ထားပြီး ဒါ့ကြောင့်လည်း အိမ်ရှင်တို့ အနေနဲ့ အမ်းမရိတ်မှာ သက်တောင့်သက်သာ နိုင်ပွဲ ပြန်လည် ရရှိ သွားပါလိမ့်မယ်။ ဗီလာဟာ ယခုတစ်ပတ် အစောပိုင်းမှာ ၀က်ဟမ်း ဆီက သရေတစ်မှတ် ရရှိ ခဲ့ပေမယ့်လည်း ကျွန်တော် ကတော့ ၎င်းတို့ရဲ့ ခြေစွမ်းကို အနည်းငယ် စိတ်ပျက်မိ ပါတယ်။ ဗီလာ အနေနဲ့ ဒီရာသီ တန်းဆင်းဇုန် တိုက်ပွဲကို မဆင်နွှဲချင်ဘူး ဆိုရင်တော့ တိုးတက်ဖို့ လိုအပ် နေပါတယ်။
မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့ – အာဆင်နယ် ၃ – ၀ ဗီလာ
Bobo Thiha removed a message
၅~ ချဲလ်ဆီး Vs လီဗာပူး
နှစ်သင်းစလုံး ဟာ ကြားရက်က ချန်ပီယံလိဂ် ပွဲစဉ်မှာ ရှံုးပွဲတွေ ကြံုတွေ့ ခဲ့ရပေမယ့်လည်း ဒါဟာ ဒီတစ်ပတ်ရဲ့ အကောင်းဆုံးပွဲစဉ် ဖြစ်ပြီး လီဗာပူး ရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက် အတွက် ဒါဟာ ဒီရာသီ ပထမဦးဆုံး ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့လက အစ္စတန်ဘူမှာ ကစား ခဲ့တဲ့ ဥရောပ စူပါဖလားမှာ ဒီနှစ်သင်းကြား ခြေစွမ်း ကွာဟမှု နည်းပါး ခဲ့ပြီး စတန်းဖို့ဘရစ်မှာလည်း နှစ်သင်းစလုံး ခြေညီ နေမှာပါ။ ကျွန်တော် ကတော့ လီဗာပူး အသင်းဟာ ၁၅ ပွဲဆက် လိဂ်နိုင်ပွဲ ရယူ သွားလိမ့်မယ််လို့ မျှော်လင့် ထားပါတယ်။
ချဲလ်ဆီး ရဲ့ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အင်္ဂလန် လူငယ် ကြယ်ပွင့်တွေဟာ အကောင်းဆုံး ခြေစွမ်းကို ဆက်လက် ပြသ နေအုံးမှာ ဖြစ်ပြီး တမ်မီအေဗရာဟမ် အနေနဲ့ ဗန်ဒိုက် မာတစ် တို့ အတွဲကို ဘယ်လို ရင်ဆိုင် သွားမလဲ ဆိုတာကို ကျွန်တော် အရမ်း မြင်ချင် နေပါတယ်။ သူ့ရဲ့ ချန်ပီယံလိဂ် ပွဲဦးထွက်မှာ အာဆင်နယ် ကွင်းလယ်လူဟောင်း ကိုကွီလင်းရဲ့ ပြစ်ဒဏ် ကျူးလွန်မှုကို ခံခဲ့ ရပြီး ဒဏ်ရာ ရခဲ့တဲ့ မေဆင်မောင့် ကတော့ ဒီပွဲကို ပါ၀င် ကစားဖို့ မသေမချာ ဖြစ်နေပါတယ်။ မောင့်သာ ဒီပွဲကို လွဲခဲ့မယ် ဆိုရင်တော့ ချဲလ်ဆီး အတွက် ကြီးမားတဲ့ ဆုံးရှံုးမှု ဖြစ်လာမှာပါ။ ဒါပေမယ့် လီဗာပူးဟာ အင်္ဂလန် ပြည်တွင်း ပြိုင်ပွဲရဲ့ ပြီးပြည့်စုံတဲ့ စတင်မှုကို ဆက်လက် ထိန်းသိမ်း သွားနိုင် ပါလိမ့်မယ်။
မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့ – ချဲလ်ဆီး ၁ – ၂ လီဗာပူး
အခြား ပွဲစဉ်တွေ အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်များ
ဆောက်သမ်တန် ၂ – ၁ ဘုန်းမောက်
ဘန်လေ ၃ – ၂ နော့ဝှစ်
ခရစ်စတယ်ပဲလေ့စ် ၁ – ၁ ၀ုဖ်
အဲဗာတန် ၂ – ၀ ရှက်ဖီးယူနိုက်တက်
နယူးကာဆယ် ၁ – ၀ ဘရိုက်တန်
SM