မန္္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ မေန့ ညက အက္စတာနာ အသင္း နဲ့ ယူရုိ ပါလိဂ္ အုပ္စု အဖြင့္ ပြဲစဥ္ ကစား ခဲ့ ရျပီး အဆုိပါ ပြဲစဥ္ မွာေတာ့ ယူနုိက္တက္ နည္းျပ ဆုိးလ္ရွား ဟာ ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ တုန္းက ေျပာၾကား ခဲ့တဲ့ အတုိင္း လူငယ္ ကစားသမား ေလးေတြ ကို ေနရာ ေပး ကစား ေစခဲ့ ပါတယ္ ။

အဆုိပါ ပြဲစဥ္ အျပီး မွာေတာ့ ကြင္း အတြင္း ေျခစြမ္း ေကာင္းေတြ ကိုယ္စီ ျပသ ထားနုိင္ ခဲ့ ၾကတဲ့ အသင္း ရဲ့ အကယ္ဒမီ ထြက္ လူငယ္ ကစားသမား ေလးေတြ ရဲ့ စြမ္းေဆာင္ရည္ ကို ဝါရင့္ ကြင္းလယ္လူ နီမန္ဂ်ာ မာတစ္ က ထုတ္ေဖာ္ ခ်ီးက်ဴး သြားခဲ့ လိုက္ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာေတာ့ ယူနုိက္တက္ တုိက္စစ္ပိုင္း ဟာ တစ္ကယ့္ ကို ေကာင္းမြန္ လွတဲ့ အခြင့္ အေရး ေတြ မ်ားစြာ ရရွိ ခဲ့ ေပမယ့္ အဆံုးသတ္ ပိုင္း စြမ္းရည္ ကေတာ့ ညံ့ခဲ့ ၾကရ ပါတယ္ ။ ဒါ့ေၾကာင့္ ပထမပိုင္း ဟာ ဂိုး မရွိ သေရ ရလဒ္ သာ ထြက္ေပၚ ခဲ့ရ ပါတယ္ ။

အဲ့ဒီေနာက္ ပြဲခ်ိန္ 73 မိနစ္ မွာ ယူနုိက္တက္ အသင္း အတြက္ တစ္လံုး တည္းေသာ အနုိင္ ဂိုးကို ဖရက္ဒ္ ရဲ့ ဖန္တီး ေပးမွဳ က တစ္ဆင့္ ယူနုိက္တက္ အသင္း ရဲ့ လူငယ္ တုိက္စစ္ ကစား သမား ေလး မာဆြန္ ဂရင္းဝုဒ္ က သြင္းယူ သြားနုိင္ ခဲဲ့တဲ့ အတြက္ အိမ္ရွင္ တုိ့ အနုိင္ သံုးမွတ္ ရရွိ နုိင္ခဲ့ ပါတယ္ ။

အဆုိပါ သြင္းဂိုး ကေတာ့ မာဆြန္ ဂရင္းဝုဒ္ ရဲ့ ယူနုိက္တက္ စီနီယာ ကစားသမား ဘဝ ပထမဆံုး သြင္းဂိုး ျဖစ္လာ ခဲ့ သလို အဆုိပါ သြင္းဂိုး ေၾကာင့္ပဲ သူဟာ ယူနုိက္တက္ အသင္း ရဲ့ သမိုင္း တစ္ေလ်ာက္ ဥေရာပ ျပိဳင္ပြဲ မွာ ဂိုး သြင္းယူ ေပးနုိင္ ခဲ့တဲ့ အသက္ အငယ္ဆံုး ကစားသမား အျဖစ္ မွတ္တမ္း ေကာင္း တစ္ရပ္ ပိုင္ဆုိင္ နုိင္ခဲ့ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာေတာ့ ယူနုိက္တက္ ရဲ့ အျခား အကယ္ဒမီ ထြက္ ကစားသမား ေလးေတြ ျဖစ္ၾက တဲ့ တာဟစ္ ေခ်ာင္ နဲ့ အိန္ဂ်ယ္ ဂိုမက္စ္ တုိ့ဟာ လည္း တုိက္စစ္ ပိုင္းမွာ ပြဲထြက္ ခြင့္ ရရွိ ခဲ့ၾက သလို တြမ္ဇီဘီ ဟာလည္း ဗဟို ခံစစ္ ကစားသမား အျဖစ္ ပါဝင္ ခြင့္ ရရွိ သြားခဲ့ ပါတယ္ ။

အဆုိပါ ပြဲစဥ္ အျပီး မွာေတာ့ မာတစ္က လူငယ္ ကစားသမား ေလးေတြ ရဲ့ စြမ္းေဆာင္ရည္ ကို ခ်ီးက်ဴး သြားခဲ့ ျပီး သူတုိ႔ ေတြ အတြက္ စီနီယာ အသင္း မွာ ပြဲထြက္ ကစား ခြင့္ ရရွိ ဖုိ႔ ဆုိတာ အေရး ပါတဲ့ အရာ တစ္ခု ျဖစ္ေၾကာင္း ၊ သူတုိ႔ ရဲ့ လိုအပ္ခ်က္ က စီနီယာ အသင္း မွာ ပြဲ ကစား ခြင့္ ပိုမို ရရွိ ေရး ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” သူတုိ့ ေတြ အတြက္ ေတာ့ အခုလို ပြဲစဥ္ တစ္ပြဲ မွာ ပြဲထြက္ ကစား ခြင့္ေတြ ရရွိ နုိင္ဖုိ႔ ဆုိတာ တစ္ကယ့္ ကို အေရး ပါတဲ့ အရာ တစ္ခု ပဲ ျဖစ္ပါတယ္ ။ က်ြန္ေတာ္ တုိ႔ ေတြဟာ ဒီ ရာသီ မွာ ေရြးခ်ယ္ ခြင့္ေတြ ပိုမို ရရွိ ဖုိ႔ အတြက္ ဒီလို ပြဲစဥ္ ေတြကို ေကာင္းေကာင္း အသံုးခ် ရ ပါ့မယ္ ”

” ကလပ္ အသင္း ဖက္က လူငယ္ ကစားသမား ေလးေတြ ကို အခုလို အခြင့္ အေရးေတြ မ်ားစြာ ေပးေန ျခင္းက တစ္ကယ့္ ကို ေကာင္းမြန္ တဲ့ အရာ တစ္ခု ပါပဲ ။ ဘာျဖစ္လို့လဲ ဆုိေတာ့ ဒီလို ပြဲေတြ ကစားရ ေလေလ ၊ သူတုိ႔ တုိးတက္ လာနုိင္ ေလေလ ျဖစ္လို့ ပါပဲ ”

” က်ြန္ေတာ္ သူတုိ့ ေလးေတြ အတြက္ တစ္ကယ္ ပဲ ေပ်ာ္ရႊင္ မိ ပါတယ္ ။ ဒါဟာ သူတုိ့ အတြက္ လည္း ေကာင္းမြန္လွ ပါတယ္ ။ သူတုိ႔ ေတြဟာ ငယ္ရြယ္ ၾကပါ ေသးတယ္ ။ သူတုိ႔ ေတြက ဒီ ဂ်ာစီ ကို ဝတ္ဆင္ ျပီး ဒီ အသင္း ရဲ့ အနာဂတ္ ၾကယ္ပြင့္ ေတြ ျဖစ္ၾက တယ္ ဆုိတာကို သက္ေသ ျပလို ေနၾက ပါတယ္ ”

” သူတုိ့ အားလံုး ကစား ခြင့္ေတြ ဆက္လက္ ရရွိ ျပီး အေကာင္းဆံုး လုပ္နုိင္ ၾက ပါေစ လို႔ က်ြန္ေတာ္ ဆႏၵ ျပဳ ပါတယ္ ” လို့ နီမန္ဂ်ာ မာတစ္ က အသင္း ရဲ့ လူငယ္ ကစားသမား ေလးေတြ နဲ့ ပတ္သက္ လို့ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ယူနိုက်တက် လူငယ် ကစားသမားလေးတွေ အတွက် လိုအပ်နေတာ ဘာလဲ ဆိုတာ ပြောကြား သွားတဲ့ #မာတစ်

===================

မန််ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အက်စတာနာ အသင်း နဲ့ ယူရို ပါလိဂ် အုပ်စု အဖွင့် ပွဲစဉ် ကစား ခဲ့ ရပြီး အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ တုန်းက ပြောကြား ခဲ့တဲ့ အတိုင်း လူငယ် ကစားသမား လေးတွေ ကို နေရာ ပေး ကစား စေခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ကွင်း အတွင်း ခြေစွမ်း ကောင်းတွေ ကိုယ်စီ ပြသ ထားနိုင် ခဲ့ ကြတဲ့ အသင်း ရဲ့ အကယ်ဒမီ ထွက် လူငယ် ကစားသမား လေးတွေ ရဲ့ စွမ်းဆောင်ရည် ကို ဝါရင့် ကွင်းလယ်လူ နီမန်ဂျာ မာတစ် က ထုတ်ဖော် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် တိုက်စစ်ပိုင်း ဟာ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ အခွင့် အရေး တွေ များစွာ ရရှိ ခဲ့ ပေမယ့် အဆုံးသတ် ပိုင်း စွမ်းရည် ကတော့ ညံ့ခဲ့ ကြရ ပါတယ် ။ ဒါ့ကြောင့် ပထမပိုင်း ဟာ ဂိုး မရှိ သရေ ရလဒ် သာ ထွက်ပေါ် ခဲ့ရ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 73 မိနစ် မှာ ယူနိုက်တက် အသင်း အတွက် တစ်လုံး တည်းသော အနိုင် ဂိုးကို ဖရက်ဒ် ရဲ့ ဖန်တီး ပေးမှု က တစ်ဆင့် ယူနိုက်တက် အသင်း ရဲ့ လူငယ် တိုက်စစ် ကစား သမား လေး မာဆွန် ဂရင်းဝုဒ် က သွင်းယူ သွားနိုင် ခဲဲ့တဲ့ အတွက် အိမ်ရှင် တို့ အနိုင် သုံးမှတ် ရရှိ နိုင်ခဲ့ ပါတယ် ။

အဆိုပါ သွင်းဂိုး ကတော့ မာဆွန် ဂရင်းဝုဒ် ရဲ့ ယူနိုက်တက် စီနီယာ ကစားသမား ဘဝ ပထမဆုံး သွင်းဂိုး ဖြစ်လာ ခဲ့ သလို အဆိုပါ သွင်းဂိုး ကြောင့်ပဲ သူဟာ ယူနိုက်တက် အသင်း ရဲ့ သမိုင်း တစ်လျောက် ဥရောပ ပြိုင်ပွဲ မှာ ဂိုး သွင်းယူ ပေးနိုင် ခဲ့တဲ့ အသက် အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်း ကောင်း တစ်ရပ် ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် ရဲ့ အခြား အကယ်ဒမီ ထွက် ကစားသမား လေးတွေ ဖြစ်ကြ တဲ့ တာဟစ် ချောင် နဲ့ အိန်ဂျယ် ဂိုမက်စ် တို့ဟာ လည်း တိုက်စစ် ပိုင်းမှာ ပွဲထွက် ခွင့် ရရှိ ခဲ့ကြ သလို တွမ်ဇီဘီ ဟာလည်း ဗဟို ခံစစ် ကစားသမား အဖြစ် ပါဝင် ခွင့် ရရှိ သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ မာတစ်က လူငယ် ကစားသမား လေးတွေ ရဲ့ စွမ်းဆောင်ရည် ကို ချီးကျူး သွားခဲ့ ပြီး သူတို့ တွေ အတွက် စီနီယာ အသင်း မှာ ပွဲထွက် ကစား ခွင့် ရရှိ ဖို့ ဆိုတာ အရေး ပါတဲ့ အရာ တစ်ခု ဖြစ်ကြောင်း ၊ သူတို့ ရဲ့ လိုအပ်ချက် က စီနီယာ အသင်း မှာ ပွဲ ကစား ခွင့် ပိုမို ရရှိ ရေး ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူတို့ တွေ အတွက် တော့ အခုလို ပွဲစဉ် တစ်ပွဲ မှာ ပွဲထွက် ကစား ခွင့်တွေ ရရှိ နိုင်ဖို့ ဆိုတာ တစ်ကယ့် ကို အရေး ပါတဲ့ အရာ တစ်ခု ပဲ ဖြစ်ပါတယ် ။ ကျွန်တော် တို့ တွေဟာ ဒီ ရာသီ မှာ ရွေးချယ် ခွင့်တွေ ပိုမို ရရှိ ဖို့ အတွက် ဒီလို ပွဲစဉ် တွေကို ကောင်းကောင်း အသုံးချ ရ ပါ့မယ် ”

” ကလပ် အသင်း ဖက်က လူငယ် ကစားသမား လေးတွေ ကို အခုလို အခွင့် အရေးတွေ များစွာ ပေးနေ ခြင်းက တစ်ကယ့် ကို ကောင်းမွန် တဲ့ အရာ တစ်ခု ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို ပွဲတွေ ကစားရ လေလေ ၊ သူတို့ တိုးတက် လာနိုင် လေလေ ဖြစ်လို့ ပါပဲ ”

” ကျွန်တော် သူတို့ လေးတွေ အတွက် တစ်ကယ် ပဲ ပျော်ရွှင် မိ ပါတယ် ။ ဒါဟာ သူတို့ အတွက် လည်း ကောင်းမွန်လှ ပါတယ် ။ သူတို့ တွေဟာ ငယ်ရွယ် ကြပါ သေးတယ် ။ သူတို့ တွေက ဒီ ဂျာစီ ကို ဝတ်ဆင် ပြီး ဒီ အသင်း ရဲ့ အနာဂတ် ကြယ်ပွင့် တွေ ဖြစ်ကြ တယ် ဆိုတာကို သက်သေ ပြလို နေကြ ပါတယ် ”

” သူတို့ အားလုံး ကစား ခွင့်တွေ ဆက်လက် ရရှိ ပြီး အကောင်းဆုံး လုပ်နိုင် ကြ ပါစေ လို့ ကျွန်တော် ဆန္ဒ ပြု ပါတယ် ” လို့ နီမန်ဂျာ မာတစ် က အသင်း ရဲ့ လူငယ် ကစားသမား လေးတွေ နဲ့ ပတ်သက် လို့ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar