SPORTS MYANMAR
Unicode
ဆာလောင်နေချိန်မှာ မုန့်ကျွေးခဲ့တဲ့ ငယ်ဘဝက ကျေးဇူးရှင် ကို ရှာတွေ့သွားပြီလား ခရစ္စတီယာနို . . . . .
========================================
ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဘောလုံး ကွင်း ပြင်ပ မှာ ကျေးဇူး သိတတ် သူ ၊ မိသားစု စိတ်ဓါတ် အပြည့် ရှိသူ တစ်ဦး အဖြစ် လူသိများ ပါတယ် ။ ပြီးခဲ့တဲ့ အင်တာဗျုး တစ်ခု မှာ လည်း ငယ်စဉ် တုန်းက ဆာလောင် နေချိန် မှာ မုန့်ကျွေး ခဲ့ဖူး တဲ့ အမည် မသိ ကျေးဇူး ရှင် ကို ယနေ့ အထိ ရှာဖွေ နေခဲ့ပြီး ဒီ အင်တာဗျုး ဟာ အထောက် အကူ ဖြစ်စေ လိမ့်မယ် လို့ မျှော်လင့် ကြောင်း ပြောဆို ခဲ့ သူ ဖြစ် ပါတယ် ။
နာမည်ကျော် ရုပ်သံ တင်ဆက်သူ ပီယားစ် မော်ဂန် နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျုး အစီ အစဉ် မှာ ရိုနယ်ဒို က သူ ဟာ တစ်ချိန် တုန်းက ဆာလောင် မွတ်သိပ် နေတဲ့ လူငယ်လေး တစ်ဦး ဖြစ် ခဲ့ဖူး ပြီး အဆိုပါ အချိန် တုန်းက သူ့ကို ဟမ်ဘာဂါ အလကား ကျွေးမွေး ခဲ့ဖူး တဲ့ မက်ဒေါ်နယ် ၀န်ထမ်း အမျိုးသမီး တွေ ကို ပြန်လည် ရှာဖွေ နေဆဲ ဖြစ်တယ် လို့ ပြောဆို ခဲ့တာ ဖြစ် ပါတယ် ။
“ကျွန်တော်တို့ ဗိုက် နည်းနည်း ဆာနေခဲ့ ပါတယ် ။ မက်ဒေါ်နယ် စားသောက်ဆိုင် က ကွင်း ဘေး မှာ တင် ရှိ နေခဲ့တာပါ ။ ဒါကြောင့် ဆိုင် တံခါးကို ခေါက်ပြီး ဟမ်ဘာဂါ လေးများ ရနိုင် မလားလို့ တောင်းဆို ခဲ့ ပါတယ်”
“အဲ့ဒီ မှာ အက်ဒ်နာ နဲ့ အခြား မိန်းခလေး ၂ ယောက် အမြဲ ရှိနေခဲ့ ပါတယ် ။ အဲ့ နောက်ပိုင်း သူတို့ကို လုံးဝ ပြန် ရှာ မတွေ့ တော့ ပါဘူး ။ ပေါ်တူဂီ ကို ပြန်ရောက် တိုင်း ကျွန်တော် သူတို့ အကြောင်း ကို အမြဲ မေးပါတယ် ။ မက်ဒေါ်နယ် ဆိုင် ကို ပိတ်လိုက် ပြီလို့ ပြောပါတယ် ။ ဒါပေမယ့် အခု အင်တာဗျုး လေး က သူတို့ ကို ရှာတွေ့ နိုင်မယ် ဆိုရင် ကျွန်တော် အရမ်းပဲ ပျော်ရွှင် ရမှာပါ”
“သူတို့ ကို တူရင် ဒါမှ မဟုတ် လစ္စဘွန်း ကိုု ဖိတ်ပြီး ညစာ ဧည့်ခံ ချင် ပါတယ် ။ ဘာလို့လည်း ဆိုတော့ ကျွန်တော့ အနေနဲ့ သူတို့ ကို တစ်စုံ တစ်ခု ပြန်ပေး ဖို့ ဆန္ဒ ရှိ နေလို့ပါ” လို့ ခရစ္စတီယာနို ရိုနယ်ဒို က ပြောဆို ခဲ့တာ ဖြစ် ပါတယ် ။
အဆိုပါ အင်တာဗျုး ရုပ်သံ ပေါ်ထွက် လာ အပြီး တစ်ရက် ခန့် အကြာမှာ တော့ ရိုနယ်ဒို ရဲ့ ရှာဖွေ မှု အတွက် အလင်းရောင်ခြည် စတင် ပေါ် ပေါက် လာခဲ့ ပါတယ် ။ အမျိုး သမီး တစ်ဦး က သူဟာ ရိုနယ်ဒို ကို ကူညီ ခဲ့ဖူး တဲ့ မက်ဒေါ်နယ် ၀န်ထမ်း တွေ အနက် က တစ်ဦး ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ် ။
ပေါ်လာလီကာ လို့ အမည်ရတဲ့ ကလေး ၂ ဦး ရဲ့ မိခင် ဖြစ်သူ က သူ ဟာ ရိုနယ်ဒို တို့ ကို ဟမ်ဘာဂါ တွေ ကျွေးမွေး ခဲ့ ဖူးတဲ့ အမျိုးသမီး ၃ ဦး ထဲ က တစ်ဦး ဖြစ်တယ် လို့ ပေါ်တူဂီ ရေဒီယို အစီအစဉ် က တဆင့် အသိပေး ပြောဆို သွားခဲ့ ပါတယ် ။
“သူတို့ တွေ က ဆိုင်ရှေ့ ကို ရောက်လာ ခဲ့ကြတာပါ ။ ကျွန်မ တို့မှာ လည်း ပိုနေ တဲ့ ဟမ်ဘာဂါ တွေ ရှိနေ ပြီး မန်နေဂျာ က သူတို့ ကို ပေးလိုက် ဖို့ ခွင့်ပြု ခဲ့ ပါတယ် ။ အဲ့ဒီ အထဲ က တစ်ယောက် ကတော့ ခရစ္စတီယာနို ရိုနယ်ဒို ပါပဲ ။ သူက အားလုံးထဲ မှာ အကြောက် တတ်ဆုံး လေး တစ်ယောက်ပါ ။ အပတ်စဉ် တိုင်း ရဲ့ နောက်ဆုံး ညတိုင်း သူတို့ ရောက်လာ ခဲ့ကြတာပါ”
“အခု ပြန်တွေး ကြည့်တော့ ဒါက ရယ်စရာ တစ်ခု ပါပဲ ။ ခရစ္စတီယာနို ရိုနယ်ဒို ကို ဟမ်ဘာဂါ အလကား ပေးခဲ့ ဖူးတယ် လို့ ကျွန်မ သား ကို ဒီအကြောင်း ပြောပြ ခဲ့ဖူး ပါတယ် ။ သူကတော့ ဒါကို ဟာသ တစ်ခုလို့ပဲ ထင် ခဲ့ တာပါ”
“ကျွန်မ အမျိုးသား လည်း ဒီအကြောင်းတွေကို သိပါတယ် ။ တစ်ခါ တလေ သူ ကျွန်မ ကို လာလာကြို တတ်တာ ကြောင့် ရိုနယ်ဒို ကို သူ မြင်ဖူး နေပါတယ် ။ အချိန်တွေ အများကြီး ကြာပြီးမှ ဒီအကြောင်း တွေ တစ်ခါ ပြန်ပေါ် လာတာ က တကယ့်ကို ရယ်စရာ ပါပဲ ။ ဒါပေမယ့် အနည်းဆုံးတော့ လူတွေ က ကျွန်မ ထွင်လုံး တွေ ပြောခဲ့တာ မဟုတ်ဘူးဆိုတာ သိသွား တာပေါ့”
“တကယ်လို့ သူသာ ကျွန်မ ကို ညစာ ဖိတ် ရင် တကယ်သွား ဖြစ်မှာပါ ။ သူ့ကို ညစာ ဖိတ်တဲ့ အတွက် ကျေးဇူး တင်ကြောင်း ပြောပြီး အရင် ကအချိန်တွေ ကို ပြန်သတိ ရကြမှာပါ” လို့ ပေါ်လာ က ရေဒီယို အစီအစဉ် ကနေ ပြောကြား သွားခဲ့ ပါတယ် ။
ဆက်လက်ပြီး ပေါ်လာ က သူမ ဟာ ရိုနယ်ဒို မှတ်မိ နေတဲ့ အက်ဒ်နာ နဲ့ အဆက်အသွယ် ပြတ်သွား ခဲ့ပြီ ဖြစ်ကြောင်း လည်း ပြောဆို ခဲ့ သလို ဘဝကြီး နဲ့ ကံတရား ဟာ အလွန် ဆန်းကြယ်ကြောင်း လည်း သူမ ရဲ့ Facebook ပေါ်မှာ ရေးသား သွားခဲ့ ပါတယ် ။
SPORTS MYANMAR