* ခ်ယ္လ္ဆီး အသင္း ရဲ႕ ခံစစ္မွဴးေဟာင္း ဖရန္႕ ဆင္ကလဲယား က ျပီးခဲ့တဲ့ ဗလင္စီယာ အသင္း နဲ႕ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ အဖြင့္ ပြဲစဥ္ မွာ လူစားဝင္ ကစားျပီး ပင္နယ္တီ လြဲေခ်ာ္ ခဲ့တဲ့ ကြင္းလယ္ တိုက္စစ္ ကစားသမား ေရာ့စ္ ဘာကေလ ဟာ အဲဗာတန္ မွာ ေနာက္ဆံုး ပင္နယ္တီ ကန္သြင္း ခဲ့တာ ျဖစ္လို႕ ၊ အခုလိုမ်ိဳး အေတြ႕အၾကံဳ မ်ိဳး မရွိခဲ့တာ ၾကာျပီ ျဖစ္ေၾကာင္း ကာကြယ္ ေျပာဆို လိုက္ပါတယ္ ။

* အေမရိကန္ လက္ေရြးစင္ ကစားသမားေဟာင္း ကိုင္လီ မာတီႏို က ယခုႏွစ္ မွာမွ ခ်ယ္လ္ဆီး အသင္း ကို ေရာက္ရွိ လာတဲ့ အေမရိကန္ လက္ေရြးစင္ လူငယ္ ေတာင္ပံ ကစားသမား ခရစ္တီယန္ ပူလီဆစ္ ဟာ ရီးရဲလ္ မက္ဒရစ္ သို႕ ေျပာင္းေရႊ႕ သြားခဲ့တဲ့ အီဒင္ ဟာဇတ္ ရဲ႕ ေနရာ ကို ျဖည့္တင္းဖို႕ မလြယ္ေသးေၾကာင္း ၊ ၾကံ့ခိုင္မႈ နဲ႕ ခႏၶာကိုယ္ အခ်ိဳးအစား အရပင္ ပရီးမီးယားလိဂ္ မွာ အသားက်ဖို႕ မလြယ္ေသးေၾကာင္း Sky Sports နဲ႕ အင္တာဗ်ဴး မွာ ဆိုခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂႏၲဝင္ တိုက္စစ္မွဴးေဟာင္း ဒီဒီယာ ဒေရာ့ဘာ ဟာ ယခုႏွစ္ အတြက္ Ballon D’Or ဆုေပးပြဲ အတြက္ သံတမန္ တဦး အေနနဲ႕ အေရြးခ်ယ္ ခံခဲ့ရေၾကာင္း မေန႕က France Football ရဲ႕ ေဖာ္ျပခ်က္ တခု အရ သိရပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း နည္းျပေဟာင္း ဂလင္း ေဟာ္ဒယ္ က ယခုႏွစ္ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ သူ စိုးရိမ္ မိတဲ့ အခ်က္တခ်က္ က ပထမပိုင္း မွာ ကစားပံု ေကာင္းခဲ့ျပီးမွ ဒုတိယပိုင္း မွာ အာရုံစိုက္မႈ ေလ်ာ့နည္း လာတဲ့ အခ်က္ ျဖစ္ေၾကာင္း ၊ ဗလင္စီယာ နဲ႕ ပြဲမွာလည္း အဲ့ဒီ အခ်က္ေၾကာင့္ အေရးနိမ့္ ခဲ့ရသလို ၊ လီဗာပူး နဲ႕ ပရီးမီးယားလိဂ္ ပြဲမွာလည္း ထို အခ်က္ က သူတို႕ကို ဒုကၡ ေပးႏိုင္ေၾကာင္း BT Sport ရဲ႕ အစီအစဥ္ တခု မွာ သံုးသပ္ ေျပာဆို ခဲ့ပါတယ္ ။

* မေန႕ညက ခ်ယ္လ္ဆီး အသင္း နဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆို ႏိုင္ခဲ့တဲ့ ေတာင္ပံ ကစားသမား ဟတ္ဒ္ဆန္ အိုဒိြဳင္း ရဲ႕ လစာ အတိအက် ကို ဘယ္သူမွ ေသခ်ာ မသိရေသးဘူး လို႕ သိရပါတယ္ ။ နာမည္ၾကီး သတင္း ေတြကလည္း တခု နဲ႔ တခု ေဖာ္ျပပံုျခင္း မတူညီ ခဲ့ၾကပဲ The Telgraph နဲ႕ The Guardians တို႕က အိုဒိြဳင္း ရဲ႕ တပတ္ လုပ္ခ ေပါင္ ၁၂၀၀၀၀ လို႕ ေဖာ္ျပခဲ့ ၾကသလို ၊ Goal နဲ႕ BBC ကေတာ့ တပတ္ လုပ္ခ ေပါင္ ၁၈၀၀၀၀ လို႕ ေဖာ္ျပ ခဲ့ၾကပါတယ္ ။

hudson odoi

* လာမယ့္ ႏိုဝင္ဘာ လမွာ ကစားမယ့္ ခ်ယ္လ္ဆီး အသင္း ရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ပြဲ ရဲ႕ ပြဲခ်ိန္ ေတြကို တရားဝင္ ေရႊ႕ေျပာင္း လိုက္ေၾကာင္း မေန႕က ခ်ယ္လ္ဆီး အသင္း ရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္ ရဲ႕ ေၾကညာခ်က္ တခု အရ သိရပါတယ္ ။ ႏိုဝင္ဘာ ၅ရက္ေန႕ မွာ ကစားမယ့္ ဝက္ဖို႕ဒ္ နဲ႕ ပြဲကို ည ၁၁ နာရီ သို႕ ၊ ႏိုဝင္ဘာ ၉ရက္ေန႕ မွာ ကစားမယ့္ ပဲေလ့စ္ နဲ႕ ပြဲစဥ္ ကို ည ၆နာရီ အခ်ိန္သို႕ ၊ ႏိုဝင္ဘာ ၂၃ ရက္ေန႕ မွာ ကစားမယ့္ မန္စီးတီး နဲ႕ ပြဲစဥ္ ကို ည ၁၁ နာရီ အခ်ိန္ သို႕ အသီးသီး ေရႊ႕ေျပာင္း ခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး နည္းျပေဟာင္း ဂလင္း ေဟာ္ဒယ္ က ျပီးခဲ့တဲ့ ဗလင္စီယာ အသင္း မွာ ပင္နယ္တီ ကန္သြင္းမယ့္ သူ ေတြကို ေရြးခ်ယ္ ခဲ့ပံု န႕ ပတ္သက္ျပီး လမ္းပတ္ ရဲ႕ ကိုင္တြယ္ပံု ကို ေဝဖန္လိုက္ျပီး ဘာကေလ သာ တကယ္ ပင္နယ္တီ ကန္မယ့္သူ ဆိုရင္ လမ္းပတ္ အေနနဲ႕ ပြဲအစ ကတည္းက သူ႕ကို အသံုးျပဳ ခဲ့သင့္ေၾကာင္း ၊ တကယ္ ပင္နယ္တီ ကန္မယ့္သူ ဟာ အရန္ခံု ကေန ထလာျပီး ကန္လို႕ မျဖစ္သင့္ဘူး လို႕ သံုးသပ္ ေျပာဆို ခဲ့ပါတယ္ ။

* လာမယ့္ တနဂၤေႏြ ေန႕မွာ ကစားမယ့္ ခ်ယ္လ္ဆီး အသင္း နဲ႕ လီဗာပူး အသင္း တို႕ ထိပ္တိုက္ ေတြ႕ဆံုမယ့္ Super Sunday ပြဲစဥ္ ကို ကြင္းလယ္ဒိုင္ မိုက္ကယ္ အိုလီဗာ က တာဝန္ယူ ကိုင္တြယ္ ေပးသြားမယ္ လို႕ သိရပါတယ္ ။ VAR ကိုေတာ့ ဒိုင္လူၾကီး အင္ဒေရ မာရင္နာ က တာဝန္ယူ ကိုင္တြယ္ သြားဖို႕ ရွိေနပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ ေတာင္ပံ တိုက္စစ္ ကစားသမား အိုဒိြဳင္း က မေန႕က စာခ်ဳပ္သစ္ ခ်ဳပ္ဆို ခဲ့ အျပီး ခ်ယ္လ္ဆီး တီဗြီ နဲ႕ အင္တာဗ်ဴး မွာ လက္ရွိ အခ်ိန္ အကယ္ဒမီ က လူငယ္ ကစားသမား ေတြ ျဖစ္ၾကတဲ့ တမ္မီ ေအဘရာဟမ္ ၊ ေမဆင္ေမာင့္ ၊ တိုမိုရီ တို႕ ေနရာ ရေနျခင္း အေပၚ အေတာ္ေလး ဝမ္းေျမာက္ မိေၾကာင္း နဲ႕ လမ္းပတ္ ဟာ လူငယ္ ကစားသမား ေတြကို ေနရာ ေပးေလ့ ရွိတာေၾကာင့္ အခုလို သူတို႕ ေတြရဲ႕ ေျခစြမ္း ထြန္းေတာက္ လာတာလို႕ ယံုၾကည္ေၾကာင္း ဆိုခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချယ်လ်ဆီး သတင်းတိုများ

* ချယ်လ်ဆီး အသင်း ရဲ့ ခံစစ်မှူးဟောင်း ဖရန့် ဆင်ကလဲယား က ပြီးခဲ့တဲ့ ဗလင်စီယာ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် အဖွင့် ပွဲစဉ် မှာ လူစားဝင် ကစားပြီး ပင်နယ်တီ လွဲချော် ခဲ့တဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ရော့စ် ဘာကလေ ဟာ အဲဗာတန် မှာ နောက်ဆုံး ပင်နယ်တီ ကန်သွင်း ခဲ့တာ ဖြစ်လို့ ၊ အခုလိုမျိုး အတွေ့အကြုံ မျိုး မရှိခဲ့တာ ကြာပြီ ဖြစ်ကြောင်း ကာကွယ် ပြောဆို လိုက်ပါတယ် ။

* အမေရိကန် လက်ရွေးစင် ကစားသမားဟောင်း ကိုင်လီ မာတီနို က ယခုနှစ် မှာမှ ချယ်လ်ဆီး အသင်း ကို ရောက်ရှိ လာတဲ့ အမေရိကန် လက်ရွေးစင် လူငယ် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ဟာ ရီးရဲလ် မက်ဒရစ် သို့ ပြောင်းရွှေ့ သွားခဲ့တဲ့ အီဒင် ဟာဇတ် ရဲ့ နေရာ ကို ဖြည့်တင်းဖို့ မလွယ်သေးကြောင်း ၊ ကြံ့ခိုင်မှု နဲ့ ခန္ဓာကိုယ် အချိုးအစား အရပင် ပရီးမီးယားလိဂ် မှာ အသားကျဖို့ မလွယ်သေးကြောင်း Sky Sports နဲ့ အင်တာဗျူး မှာ ဆိုခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာ ဟာ ယခုနှစ် အတွက် Ballon D’Or ဆုပေးပွဲ အတွက် သံတမန် တဦး အနေနဲ့ အရွေးချယ် ခံခဲ့ရကြောင်း မနေ့က France Football ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြဟောင်း ဂလင်း ဟော်ဒယ် က ယခုနှစ် မှာ ချယ်လ်ဆီး အသင်း အတွက် သူ စိုးရိမ် မိတဲ့ အချက်တချက် က ပထမပိုင်း မှာ ကစားပုံ ကောင်းခဲ့ပြီးမှ ဒုတိယပိုင်း မှာ အာရုံစိုက်မှု လျော့နည်း လာတဲ့ အချက် ဖြစ်ကြောင်း ၊ ဗလင်စီယာ နဲ့ ပွဲမှာလည်း အဲ့ဒီ အချက်ကြောင့် အရေးနိမ့် ခဲ့ရသလို ၊ လီဗာပူး နဲ့ ပရီးမီးယားလိဂ် ပွဲမှာလည်း ထို အချက် က သူတို့ကို ဒုက္ခ ပေးနိုင်ကြောင်း BT Sport ရဲ့ အစီအစဉ် တခု မှာ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

* မနေ့ညက ချယ်လ်ဆီး အသင်း နဲ့ စာချုပ်သစ် ချုပ်ဆို နိုင်ခဲ့တဲ့ တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ရဲ့ လစာ အတိအကျ ကို ဘယ်သူမှ သေချာ မသိရသေးဘူး လို့ သိရပါတယ် ။ နာမည်ကြီး သတင်း တွေကလည်း တခု နဲ့ တခု ဖော်ပြပုံခြင်း မတူညီ ခဲ့ကြပဲ The Telgraph နဲ့ The Guardians တို့က အိုဒွိုင်း ရဲ့ တပတ် လုပ်ခ ပေါင် ၁၂၀၀၀၀ လို့ ဖော်ပြခဲ့ ကြသလို ၊ Goal နဲ့ BBC ကတော့ တပတ် လုပ်ခ ပေါင် ၁၈၀၀၀၀ လို့ ဖော်ပြ ခဲ့ကြပါတယ် ။

* လာမယ့် နိုဝင်ဘာ လမှာ ကစားမယ့် ချယ်လ်ဆီး အသင်း ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ပွဲ ရဲ့ ပွဲချိန် တွေကို တရားဝင် ရွှေ့ပြောင်း လိုက်ကြောင်း မနေ့က ချယ်လ်ဆီး အသင်း ရဲ့ တရားဝင် ဝက်ဘ်ဆိုက် ရဲ့ ကြေညာချက် တခု အရ သိရပါတယ် ။ နိုဝင်ဘာ ၅ရက်နေ့ မှာ ကစားမယ့် ဝက်ဖို့ဒ် နဲ့ ပွဲကို ည ၁၁ နာရီ သို့ ၊ နိုဝင်ဘာ ၉ရက်နေ့ မှာ ကစားမယ့် ပဲလေ့စ် နဲ့ ပွဲစဉ် ကို ည ၆နာရီ အချိန်သို့ ၊ နိုဝင်ဘာ ၂၃ ရက်နေ့ မှာ ကစားမယ့် မန်စီးတီး နဲ့ ပွဲစဉ် ကို ည ၁၁ နာရီ အချိန် သို့ အသီးသီး ရွှေ့ပြောင်း ခဲ့ပါတယ် ။

* ချယ်လ်ဆီး နည်းပြဟောင်း ဂလင်း ဟော်ဒယ် က ပြီးခဲ့တဲ့ ဗလင်စီယာ အသင်း မှာ ပင်နယ်တီ ကန်သွင်းမယ့် သူ တွေကို ရွေးချယ် ခဲ့ပုံ န့ ပတ်သက်ပြီး လမ်းပတ် ရဲ့ ကိုင်တွယ်ပုံ ကို ဝေဖန်လိုက်ပြီး ဘာကလေ သာ တကယ် ပင်နယ်တီ ကန်မယ့်သူ ဆိုရင် လမ်းပတ် အနေနဲ့ ပွဲအစ ကတည်းက သူ့ကို အသုံးပြု ခဲ့သင့်ကြောင်း ၊ တကယ် ပင်နယ်တီ ကန်မယ့်သူ ဟာ အရန်ခုံ ကနေ ထလာပြီး ကန်လို့ မဖြစ်သင့်ဘူး လို့ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

* လာမယ့် တနင်္ဂနွေ နေ့မှာ ကစားမယ့် ချယ်လ်ဆီး အသင်း နဲ့ လီဗာပူး အသင်း တို့ ထိပ်တိုက် တွေ့ဆုံမယ့် Super Sunday ပွဲစဉ် ကို ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာ က တာဝန်ယူ ကိုင်တွယ် ပေးသွားမယ် လို့ သိရပါတယ် ။ VAR ကိုတော့ ဒိုင်လူကြီး အင်ဒရေ မာရင်နာ က တာဝန်ယူ ကိုင်တွယ် သွားဖို့ ရှိနေပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား အိုဒွိုင်း က မနေ့က စာချုပ်သစ် ချုပ်ဆို ခဲ့ အပြီး ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာ လက်ရှိ အချိန် အကယ်ဒမီ က လူငယ် ကစားသမား တွေ ဖြစ်ကြတဲ့ တမ်မီ အေဘရာဟမ် ၊ မေဆင်မောင့် ၊ တိုမိုရီ တို့ နေရာ ရနေခြင်း အပေါ် အတော်လေး ဝမ်းမြောက် မိကြောင်း နဲ့ လမ်းပတ် ဟာ လူငယ် ကစားသမား တွေကို နေရာ ပေးလေ့ ရှိတာကြောင့် အခုလို သူတို့ တွေရဲ့ ခြေစွမ်း ထွန်းတောက် လာတာလို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ် ။

SPORTS MYANMAR