ရီးရဲလ္အသင္းနဲ႔ အတူ ခ်န္ပီယံ လိဂ္ ၃ႏွစ္ဆက္ အပါအဝင္ ေအာင္ျမင္မွဳေတြ အမ်ားအျပားရယူႏိုင္ခဲ႔တဲ႔ နည္းျပျကီး ဇီဒန္းဟာ အသင္းနဲ႔ ႏွစ္ဖက္သေဘာတူလမ္းခြဲခဲ႔ပါတယ္။ဒါေပမယ့္ သူ႔ရဲ႔ေနရာမွာ အစားထိုးကိုင္တြယ္ခဲ႔ျကတဲ႔ လိုပက္တီဂိီ၊ ဆိုလာရီတို႔လက္ထက္မွာ အေျခအေနေတြဆိုးရြားခဲ႔တာျဖစ္ပါတယ္။

ဒါေျကာင့္လည္းျပီးခဲ႔တဲ႔ ရာသီကုန္ခါနီးမွာ ဒီျပင္သစ္ သားျကီးကိုပဲ ျပန္ျပီးတာဝန္ေပးထားခဲ႔ရတာျဖစ္ပါတယ္။ဇီဒန္းရဲ႕ ဘာေနဗ်ဴးေျမကို တေက်ာ့ျပန္ခရီးဟာ ပန္းခင္းလမ္းေတာ့ မဟုတ္ခဲ႔ေသးတာျဖစ္ပါတယ္။ေရာ္နယ္ဒိုလို အိုင္ကြန္ကစားသမား မရွိေတာ့သလို အသင္းက အစစအရာရာ လိုအပ္ခ်က္ေတြမ်ားျပားေနခ်ိန္ျဖစ္ပါတယ္။

သူတို႔ဟာလာလီဂါ ရာသီသစ္ မွာ လည္း၄ပြဲကစားအျပီး ႏိုင္ပြဲ၂ပြဲသာရရွိထားခဲ့သလို ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ ပြဲစဥ္ မွာလည္း PSG အသင္းကို ျပင္သစ္ေျမမွာ ၃-၀ ဂိိုးနဲ႔ အရွက္တကြဲ အေရးနိမ့္ထားခဲ႔ရေသးတာျဖစ္ပါတယ္။ဒီလိုဆိုးရြားတဲ႔ ရာသီအစကိုျကံုေတြ႔ေနရေပမယ့္ရီးရဲလ္အသင္းေက်ာ္ျဖတ္ႏိုင္ျပီး အဓိက ဆုဖလား တလံုးလံုးရယူသြားႏိုင္မွာျဖစ္တယ္လို႔ ကစားသမားေဟာင္းတဦးျဖစ္တဲ႔ ကာကာ က သံုးသပ္လိုက္ပါတယ္။

ကာကာ ဟာ ဘာေနဗ်ဴးေျမမွာ ၄ရာသီ ျကာကစားခဲ႔ဖူးတဲ႔ ဘရာဇီးလ္ ကြင္းလယ္တိုက္စစ္ ကစးသမားတဦးျဖစ္ျပီး လာလီဂါ ခ်န္ပီယံ ဆုတျကိမ္နဲ႔ ကိုပါဒယ္ေရး ဖလား တျကိမ္ရယူထားႏိုင္ခဲ႔ဖူးတာျဖစ္ပါတယ္။လတ္တေလာရီးရဲလ္ အသင္းျကံုေတြ႔ေနခဲ႔ရတဲ႔ အေျခအေနေတြနဲ႔ ပတ္သက္ျပီး ကာကာက –

” ရီးရဲလ္ လို အသင္းအတြက္ ဆိုရင္ က်ြန္ေတာ္တို႔က ဆုဖလားေအာင္ျမင္မွဳ တခုခုကို အျမဲတမ္းရယူေပးႏိုင္ရတာျဖစ္ပါတယ္။ဇီဒန္း အတြက္ ဒါဟာ ဖိအားျဖစ္ႏိုင္တယ္ဆိုတာ အမွန္ပါပဲ။ေအာင္ျမင္မွဳ တခုခုကို ရရွိဖို႔ကို သူလိုတာျဖစ္ပါတယ္။

လာလီဂါ သုိ႔မဟုတ္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ပဲျဖစ္ျဖစ္ေပါ့။ဒီျပိဳင္ပြဲျကီးေတြဟာ အသင္းအတြက္ သာမကပဲ ပရိသတ္ေတြအတြက္ ပါအေရးျကီးတဲ႔ ျပိဳင္ပြဲေတြျဖစ္ပါတယ္။ဇီဒန္း ကလည္းဒါကို နားလည္မွာျဖစ္ပါတယ္။

က်ြန္ေတာ္ကေတာ့ ရီးရဲလ္ အသင္းဟာအရမ္းေကာင္းတဲ႔ ကစားသမားေတြနဲ႔ မယံုႏိုင္စရာအံ့ဖြယ္နည္းျပတဦး ရွိတဲ႔ အရမ္းေကာင္းတဲ႔ အသင္းတသင္း ယူဆထားဆဲျဖစ္ပါတယ္။သူတု႔ိ ဟာ ဒီရာသီမွာ လည္း ဆုဖလား ေအာင္ျမင္မွဳတခုခုကို ရယူ သြားဖို႔ အသင့္ျဖစ္ေနပါျပီ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ရီးရဲလ္ အသင္းဟာ အခုေႏြမွာ ခ်ဲဆီးလ္ ကြင္းလယ္လူ ဟာဇက္ ကို ယူရိုသန္း ၁၀၀ အထိေပးေခ်ေခၚယူထားခ႕ဲတာျဖစ္ေပမယ့္ PSG အသင္းကိုဂိုးျပတ္အေရးနိမ့္ခဲ႔တဲ႔ ပြဲစဥ္က ဒီဘယ္ဂ်ီယံသားရဲ႕ ေျခစြမ္းအေပၚ အမ်ားကေဝဖန္ျပစ္တင္ မွဳေတြ အမ်ားအျပား ျပဳလုပ္ထားခဲ႔ျကတာျဖစ္ပါတယ္။ဒါေပမယ့္ကာကာကေတာ့ စပိန္ေျမမွာ ဟာဇက္ ေအာင္ျမင္ႏိုင္မယ္လို႕ကာကာက ဆိုပါတယ္။

ေပၚတူဂီ အိုင္ကြန္တဦးျဖစ္တဲ႔ ေရာ္နယ္ဒို ရွိစဥ္တုန္းကလိုမ်ိဳး ဟာဇက္က ဘာစီလိုိနာတိုက္စစ္မွဴး မက္ဆီကို ယွဥ္ျပိဳင္သြားႏိုင္မွာလားဆုိတဲ႔ အေပၚ ကာကာက – ေရာ္နယ္ဒို ၊ မက္ဆီ တို႔လို ကစားသမား ၂ဦးရဲ႕ ယွဥ္ျပိဳင္မွဳကိုျကည့္ရွဳခြင့္ရခဲ႔တာဟာ က်ြန္ေတာ္တို႔ ကံေကာင္းလို႕ ျဖစ္ပါတယ္။ဒါဟာ အေတာ္ေလးကို ေကာင္းလြန္းတဲ႔ ကိစၥျဖစ္ပါတယ္။

အခုဆိုရင္လည္း က်ြန္ေတာ္တို႔ အေနနဲ႔ ရီးရဲလ္ အသင္းက ဘာစီလိုိနာ အသင္း ကို ဘယ္လို ကိုင္တြယ္ထိန္းခ်ဴပ္သြားမလဲ ဆိုတာ နဲ႔ ရီးရဲလ္ အသင္း လာလီဂါ ခ်န္ပီယံဆုျကီးကိုဘယ္လိုထပ္ျပီးရယူသြားမယ္ဆိုတာကို ျမင္ရေတာ့မွာျဖစ္လို႔ ေက်နပ္စရာပါပဲ။

ရီးရဲလ္ အသင္းရဲ႕ ဒီလို အခြင့္အေရးေတြ အတြက္လည္း ဟာဇက္က အဓိက ကစားသမားေတြထဲက တဦးျဖစ္လာမယ္ဆိုတာ အမွန္ပါပဲ။ဟာဇက္နဲ႔ မက္ဆီ တို႕ ႏွစ္ဦးျကား ျပိဳင္ဆိုင္မွဳမ်ိဳးကို ဖန္တီးျဖစ္ခဲ႔ရင္ေတာ့ က်ြန္ေတာ္တို႔ ဒါကုိျမင္ရမွာျဖစ္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

SPORT MYANMAR

Unicode

ရလဒ်တွေမတည်မငြိမ်ဖြစ်နေတဲ့ရီးရဲလ်အသင်းဆုဖလားတွေရယူသွားနိုင်ဖို့ရှိမရှိသုံးသပ်ပြလိုက်တဲ့ #ကာကာ
==================================

ရီးရဲလ်အသင်းနဲ့ အတူ ချန်ပီယံ လိဂ် ၃နှစ်ဆက် အပါအဝင် အောင်မြင်မှုတွေ အများအပြားရယူနိုင်ခဲ့တဲ့ နည်းပြကြီး ဇီဒန်းဟာ အသင်းနဲ့ နှစ်ဖက်သဘောတူလမ်းခွဲခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့နေရာမှာ အစားထိုးကိုင်တွယ်ခဲ့ကြတဲ့ လိုပက်တီဂိီ၊ ဆိုလာရီတို့လက်ထက်မှာ အခြေအနေတွေဆိုးရွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်းပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ ဒီပြင်သစ် သားကြီးကိုပဲ ပြန်ပြီးတာဝန်ပေးထားခဲ့ရတာဖြစ်ပါတယ်။ဇီဒန်းရဲ့ ဘာနေဗျူးမြေကို တကျော့ပြန်ခရီးဟာ ပန်းခင်းလမ်းတော့ မဟုတ်ခဲ့သေးတာဖြစ်ပါတယ်။ရော်နယ်ဒိုလို အိုင်ကွန်ကစားသမား မရှိတော့သလို အသင်းက အစစအရာရာ လိုအပ်ချက်တွေများပြားနေချိန်ဖြစ်ပါတယ်။

သူတို့ဟာလာလီဂါ ရာသီသစ် မှာ လည်း၄ပွဲကစားအပြီး နိုင်ပွဲ၂ပွဲသာရရှိထားခဲ့သလို ချန်ပီယံလိဂ်အုပ်စုအဖွင့် ပွဲစဉ် မှာလည်း PSG အသင်းကို ပြင်သစ်မြေမှာ ၃-၀ ဂိိုးနဲ့ အရှက်တကွဲ အရေးနိမ့်ထားခဲ့ရသေးတာဖြစ်ပါတယ်။ဒီလိုဆိုးရွားတဲ့ ရာသီအစကိုကြုံတွေ့နေရပေမယ့်ရီးရဲလ်အသင်းကျော်ဖြတ်နိုင်ပြီး အဓိက ဆုဖလား တလုံးလုံးရယူသွားနိုင်မှာဖြစ်တယ်လို့ ကစားသမားဟောင်းတဦးဖြစ်တဲ့ ကာကာ က သုံးသပ်လိုက်ပါတယ်။

ကာကာ ဟာ ဘာနေဗျူးမြေမှာ ၄ရာသီ ကြာကစားခဲ့ဖူးတဲ့ ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစးသမားတဦးဖြစ်ပြီး လာလီဂါ ချန်ပီယံ ဆုတကြိမ်နဲ့ ကိုပါဒယ်ရေး ဖလား တကြိမ်ရယူထားနိုင်ခဲ့ဖူးတာဖြစ်ပါတယ်။လတ်တလောရီးရဲလ် အသင်းကြံုတွေ့နေခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကာကာက –

” ရီးရဲလ် လို အသင်းအတွက် ဆိုရင် ကျွန်တော်တို့က ဆုဖလားအောင်မြင်မှု တခုခုကို အမြဲတမ်းရယူပေးနိုင်ရတာဖြစ်ပါတယ်။ဇီဒန်း အတွက် ဒါဟာ ဖိအားဖြစ်နိုင်တယ်ဆိုတာ အမှန်ပါပဲ။အောင်မြင်မှု တခုခုကို ရရှိဖို့ကို သူလိုတာဖြစ်ပါတယ်။

လာလီဂါ သို့မဟုတ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပဲဖြစ်ဖြစ်ပေါ့။ဒီပြိုင်ပွဲကြီးတွေဟာ အသင်းအတွက် သာမကပဲ ပရိသတ်တွေအတွက် ပါအရေးကြီးတဲ့ ပြိုင်ပွဲတွေဖြစ်ပါတယ်။ဇီဒန်း ကလည်းဒါကို နားလည်မှာဖြစ်ပါတယ်။

ကျွန်တော်ကတော့ ရီးရဲလ် အသင်းဟာအရမ်းကောင်းတဲ့ ကစားသမားတွေနဲ့ မယုံနိုင်စရာအံ့ဖွယ်နည်းပြတဦး ရှိတဲ့ အရမ်းကောင်းတဲ့ အသင်းတသင်း ယူဆထားဆဲဖြစ်ပါတယ်။သူတို့ ဟာ ဒီရာသီမှာ လည်း ဆုဖလား အောင်မြင်မှုတခုခုကို ရယူ သွားဖို့ အသင့်ဖြစ်နေပါပြီ ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ် အသင်းဟာ အခုနွေမှာ ချဲဆီးလ် ကွင်းလယ်လူ ဟာဇက် ကို ယူရိုသန်း ၁၀၀ အထိပေးချေခေါ်ယူထားခဲ့တာဖြစ်ပေမယ့် PSG အသင်းကိုဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်က ဒီဘယ်ဂျီယံသားရဲ့ ခြေစွမ်းအပေါ် အများကဝေဖန်ပြစ်တင် မှုတွေ အများအပြား ပြုလုပ်ထားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့်ကာကာကတော့ စပိန်မြေမှာ ဟာဇက် အောင်မြင်နိုင်မယ်လို့ကာကာက ဆိုပါတယ်။

ပေါ်တူဂီ အိုင်ကွန်တဦးဖြစ်တဲ့ ရော်နယ်ဒို ရှိစဉ်တုန်းကလိုမျိုး ဟာဇက်က ဘာစီလိိုနာတိုက်စစ်မှူး မက်ဆီကို ယှဉ်ပြိုင်သွားနိုင်မှာလားဆိုတဲ့ အပေါ် ကာကာက – ရော်နယ်ဒို ၊ မက်ဆီ တို့လို ကစားသမား ၂ဦးရဲ့ ယှဉ်ပြိုင်မှုကိုကြည့်ရှုခွင့်ရခဲ့တာဟာ ကျွန်တော်တို့ ကံကောင်းလို့ ဖြစ်ပါတယ်။ဒါဟာ အတော်လေးကို ကောင်းလွန်းတဲ့ ကိစ္စဖြစ်ပါတယ်။

အခုဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ ရီးရဲလ် အသင်းက ဘာစီလိိုနာ အသင်း ကို ဘယ်လို ကိုင်တွယ်ထိန်းချူပ်သွားမလဲ ဆိုတာ နဲ့ ရီးရဲလ် အသင်း လာလီဂါ ချန်ပီယံဆုကြီးကိုဘယ်လိုထပ်ပြီးရယူသွားမယ်ဆိုတာကို မြင်ရတော့မှာဖြစ်လို့ ကျေနပ်စရာပါပဲ။

ရီးရဲလ် အသင်းရဲ့ ဒီလို အခွင့်အရေးတွေ အတွက်လည်း ဟာဇက်က အဓိက ကစားသမားတွေထဲက တဦးဖြစ်လာမယ်ဆိုတာ အမှန်ပါပဲ။ဟာဇက်နဲ့ မက်ဆီ တို့ နှစ်ဦးကြား ပြိုင်ဆိုင်မှုမျိုးကို ဖန်တီးဖြစ်ခဲ့ရင်တော့ ကျွန်တော်တို့ ဒါကိုမြင်ရမှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORT MYANMAR