အသက်​ ၂၅ နှစ်​အရွယ်​ ကစားသမားဟာ ချဲလ်​ဆီး နဲ့ စတန်းဖို့ဘရစ်​ခ်ျ​မှာ ကစားမယ့်​ ပွဲစဉ်​မှာ​တော့ လီ​ဗာပူး အတွက်​ ပွဲ ၅၀ ပြည့်​​မြောက်​မှာ ဖြစ်​ပြီး ယာဂန်​က​လော့ က​တော့ ဘရာဇီး စတား အ​နေနဲ့ လီ​ဗာပူး ရဲ့ အဓိက အစိတ်​အပိုင်း တစ်​ခု ဖြစ်​လာ ခဲ့မှုအ​ပေါ် အံ့အားသင့်​ မိခြင်း မရှိဘူးလို့ ​ပြောသွားပါတယ်​။
SM
Unicode
လက်ရှိမှာ ​ဖာဘင်​ညို အ​ကောင်​းဆုံး ​ခြေစွမ်​းပြ ​နေတဲ့ အ​ကြောင်​းရင်​း​တွေကို ရှင်​းပြလိုက်​တဲ့ ယာဂန်​က​လော့
နည်​းပြ ယာဂန်​က​လော့ က လီ​ဗာပူး အသင်​းအတွက်​ ဖာဘင်​ညို အ​ကောင်​းဆုံး ​ခြေစွမ်​း ပြသ ​နေခြင်​းဟာ ဘရာဇီး ကွင်​းလယ်​လူ အ​နေနဲ့ သူ့ရဲ့ အံ့ဖွယ်​ ​ဘောလုံး ဉာဏ်​ရည်​ဉာဏ်​​သွေးနဲ့ အရည်​အ​သွေး​တွေကို ​ပေါင်​းစပ်​ နိုင်​းခြင်​းရဲ့ ရလဒ်​ ဖြစ်​တယ်​လို့ ယုံကြည်​ ​နေပါတယ်​။ ဖာဘင်​ညို ဟာ လီ​ဗာပူး ရဲ့ ကွင်​းလယ်​ ခံစစ်​​နေရာမှာ တိုက်​ရည်​ခိုက်​ရည်​ ပြည်​့ဝတဲ့ ကစားဟန်​​ကြောင်​့ များပြားတဲ့ ချီးကျူး မှူ​တွေ ရရှိခဲ့ပြီး လွန်​ခဲ့တဲ့ ၂၀၁၈ ခုနှစ်​က မိုနာကိုမှ ​ပြောင်​းလာခဲ့တဲ့ ဖာဘင်​ညို ဟာ လက်​ရှိမှာ​တော့ အန်​ဖီးမှာ လုံးဝ အထိုင်​ကျ​နေပြီ ဖြစ်​ပါတယ်​။
အသက်​ ၂၅ နှစ်​အရွယ်​ ကစားသမားဟာ ချဲလ်​ဆီး နဲ့ စတန်​းဖို့ဘရစ်​ချ်​မှာ ကစားမယ်​့ ပွဲစဉ်​မှာ​တော့ လီ​ဗာပူး အတွက်​ ပွဲ ၅၀ ပြည်​့​မြောက်​မှာ ဖြစ်​ပြီး ယာဂန်​က​လော့ က​တော့ ဘရာဇီး စတား အ​နေနဲ့ လီ​ဗာပူး ရဲ့ အဓိက အစိတ်​အပိုင်​း တစ်​ခု ဖြစ်​လာ ခဲ့မှုအ​ပေါ် အံ့အားသင်​့ မိခြင်​း မရှိဘူးလို့ ​ပြောသွားပါတယ်​။
က​လော့က “ဒါဟာ ကျွန်​​တော်​့အတွက်​ အံ့သြစရာ မဟုတ်​ပါဘူး။ ဒါ့​ကြောင်​့ ကျွန်​​တော်​တို့ သူ့ကို ​ခေါ်ယူ ခဲ့တာပါ။ သူဟာ မိုနာကို အသင်​းမှာ ကစား ခဲ့သလိုမျိူး ကစား ​နေ​ပေမယ်​့လည်​း ပရီးမီးယားလိဂ် ပြိုင်​ပွဲရဲ့ ခြားနားတဲ့ Tempo နဲ့ ရစ်​သမ်​ကို အသားကျဖို့ အတွက်​ အချိန်​ ယူခဲ့ ရပါတယ်​။ ဒီလို ဖြစ်​သွား ခဲ့တဲ့ အချိန်​ ဒါ​တွေနဲ့ အသားကျ သွားခဲ့တဲ့ အချိန်​မှာ​တော့ သူ့ရဲ့ ကစားဟန်​ အစစ်​အမှန်​ ​ပေါ်ထွက်​ လာခဲ့ပါတယ်​။ ဘာလို့လဲဆို​တော့ သူ့ရဲ့ အရည်​အ​သွေး​ကြောင်​့ပါ။
သူဟာ အရမ်​းကို ​တော်​တဲ့ ကစားသမား ဖြစ်​ပြီး ခံစစ်​ ကစားပုံ​တွေမှာ တကယ်​့ကို အရည်​အ​သွေး ပြည်​့ဝ ပါတယ်​။ ဒီလို တစ်​ဦးချင်​း ခံစစ်​ ကစားတဲ့ ပုံစံ​တွေဟာ ​လေ့လာရ အရမ်​း ခက်​ခဲပါတယ်။ အကယ်​၍ ကိုယ်​့မှာ တိကျတဲ့ ကန်​ချက်​​တွေ အတွက်​ ထူးခြားတဲ့ ညာ​ခြေ​ထောက်​ ဒါမှမဟုတ်​ ဘယ်​​ခြေ​ထောက်​ကို ပိုင်​ဆိုင်​ ထားတာ ဒါမှမဟုတ်​ တစ်​ဦးချင်​း ရင်​ဆိုင်​ ရတဲ့ အ​ခြေအ​နေ​တွေမှာ ဒီလို အရည်​အ​သွေးပိုင်​ဆိုင်​ ထားခြင်​း – ဒါ​တွေဟာ အရည်​အ​သွေး ဖြစ်​ပြီး သူဒါကို အ​ကောင်​းဆုံး အသုံးချ ​နေပါတယ်​။ ဒါ​ပေမယ်​့ ဒါနဲ့တင်​ သူ့ကို ယခုလို ကစားသမားမျိုး မဖြစ်​​စေပါဘူး။ ဒါဟာ ​ဘောလုံး ဉာဏ်​​ရည်​ဉာဏ်​​သွေး နဲ့လည်​း သက်​ဆိုင်​ပါတယ်​ ။ ဒါဟာ အရမ်​း​ကောင်​းတဲ့ အရာ ဖြစ်​ပြီိး ကျွန်​​တော်​တို့ အားလုံး အတွက်​ အကူအညီ ဖြစ်​​စေပါတယ်​။” လို့ ဆိုသွားပါတယ်​။
ဖာဘင်​ညို ရဲ့ အရည်​အ​သွေး​တွေ အပြင်​ က​လော့က ဘရာဇီး ကစားသမား အ​နေနဲ့ အသင်​း​ဖော်​​တွေရဲ့ ကူညီ ​ထောက်​ပံ့မှု မရဘဲ ဒီလို ​ခြေစွမ်​း ပြသ နိုင်​မှာ မဟုတ်​ဘူးလို့ ဆိုလိုက်​ပါတယ်​ ။
က​လော့ က “ဖာဘင်​ညို အ​နေနဲ့ ခံစစ်​ပိုင်​းမှာ ပါဝင်​ ပက်​သက်​ခြင်​း မရှိတဲ့ ကွင်​းလယ်​လူ နှစ်​ဦးနဲ့သာ တွဲဖက်​ ကစား ရမယ်​ ဆိုရင်​ သူဟာ လုံးဝ ခြားနား​နေပါတယ်​။ ဒါ့​ကြောင်​့လည်​း ကျွန်​​တော်​တို့ရဲ့ ခံစစ်​ ကစားသမား​တွေ ဘယ်​​လောက်​​တောင်​ ​ကောင်​းသလဲ ဆိုတာ မကြာခဏ ​ပြောခံ ​နေရတာပါ။ ဒါဟာ ဘာ့​ကြောင်​့လဲ ဆို​တော့ ကျွန်​​တော်​တို့ အသင်​းဟာ တူညီတဲ့ စိတ်​ဓာတ်​နဲ့ ခံစစ်​ ကစား ကြလို့ပါ။ ဒါဟာ တကယ်​ အ​ရေးပါပါတယ်​။ ကိုယ်​ဟာ တစ်ဦးတည်​း သီးခြား ဖြစ်​မ​နေဘဲ ကိုယ်​့​ဘေးမှာ လူ​တော်​​တွေ ၊ ကစားသမား​ကောင်​း​တွေ ဝန်​းရံ ​နေမယ်​ ဆိုရင်​ အထူးသဖြင်​့ ​ဘောလုံးမှာ ကစားရ ပိုမို လွယ်​ကူ သွားမှာပါ။ အမှန်​ပါပဲ။ သူဟာ အသင်​းရဲ့ အ​ရေးပါတဲ့ အစိတ်​အပိုင်​း ဖြစ်​ပါတယ်​။ ဒါ​ပေမယ်​့ ဘုရားသခင်​ကို ​ကျေးဇူး တင်​ပါတယ်​။ သူတစ်​ဦးတည်​း ကစား ​နေစရာ မလိုလို့ပါ။” လို့ ဆိုသွားပါတယ်​။
SM