ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက ခ်န္ပီယံရွစ္ ကလပ္ အက္စတြန္ ဗီလာ အသင္း သို႕ အငွား ထြက္ကစား ခဲ့ကာ အထူး ေျခစြမ္း ျပႏိုင္ခဲ့ျပီးေနာက္ ဒီႏွစ္ ေဘာလံုး ရာသီ ခ်ယ္လ္ဆီး အသင္း မွာ နည္းျပသစ္ ျဖစ္သူ ဖရန္႕ လမ္းပတ္ ရဲ႕ အဓိက တိုက္စစ္မွဴး အေနနဲ႕ ပြဲထြက္ခြင့္ မ်ားစြာ ရရွိ ထားျပီး ျဖစ္ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း အတြက္ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ပရီးမီးယားလိဂ္ သြင္းဂိုး ၇ဂိုး အထိ ရရွိထားျပီး လက္ရွိ ပရီးမီးယားလိဂ္ ဂိုးသြင္း အမ်ားဆံုး ကစားသမား စာရင္း ကို မန္စီးတီး တိုက္စစ္မွဴး ဆာဂ်ီယို အေဂြရို နဲ႔ အတူ ဦးေဆာင္ ထားႏိုင္ ခဲ့တဲ့ ေအဘရာဟမ္ ဟာ ဒီဒီယာ ဒေရာ့ဘာ လက္သစ္ ျဖစ္လာႏိုင္တယ္ လို႕ ခ်ယ္လ္ဆီး ပရိသတ္ တခ်ိဳ႕ က တင္စား ေျပာဆို ေနၾကပါတယ္ ။

Sky Sports နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂႏၲဝင္ တိုက္စစ္မွဴးေဟာင္း ဒီဒီယာ ဒေရာ့ဘာ က အခု အခ်ိန္ မွာ ခ်ယ္လ္ဆီး အတြက္ ေျခစြမ္းျပ ေနတဲ့ လူငယ္ တိုက္စစ္မွဴး ေအဘရာဟမ္ ကို အရင္ ကတည္းက အကယ္ဒမီ မွာ သိထားခဲ့ေၾကာင္း ၊ သူ႕ရဲ႕ လ်င္ျမန္မႈ ၊ ပါးနပ္မႈ နဲ႕ အရည္အေသြး ျပည့္ဝမႈ ေတြေၾကာင့္ အခုလို ပရီးမီးယားလိဂ္ မွာ တကယ္ ခ်ီးက်ဴးစရာ ေကာင္းတဲ့ ေျခစြမ္းမ်ိဳး ရေနတာ မဆန္းၾကယ္ဘူး လို႕ ဆိုခဲ့ပါတယ္ ။

ဒေရာ့ဘာ က ” ဟုတ္ပါတယ္ ။ ကြ်န္ေတာ္ ဟာ တမ္မီ ( ေအဘရာဟမ္ ) ကို သူ ငယ္ငယ္ေလး ကတည္းက ခ်ယ္လ္ဆီး အကယ္ဒမီ မွာ ကစားခဲ့ ကတည္းက သိခဲ့တာပါ ။ အခု ခ်ယ္လ္ဆီး အတြက္ ကစား ေပးေနတဲ့ ခ်ာတိတ္ေလးေတြ ဟာ ကြ်န္ေတာ္ တို႕ တခ်ိန္ က ခ်ယ္လ္ဆီး အသင္း မွာ ကစား ခဲ့တုန္းက အကယ္ဒမီ မွာ အျမဲ ျမင္ေတြ႕ ခဲ့ရတဲ့ ခ်ာတိတ္ ေတြပါပဲ ။ သူတို႕ ေတြဟာ ကြ်န္ေတာ္ တို႕ရဲ႕ ေလ့က်င့္ေရး အစီအစဥ္ ေတြကိို အျမဲ လာေရာက္ ၾကည့္ရႈ ေလ့လာ ခဲ့ၾကပါတယ္ ။ ”

” ဒါေၾကာင့္မို႕ ကြ်န္ေတာ့ အျမင္ အရ သူတို႕ဟာ ပြဲ အေၾကာင္း နဲ႕ ပတ္သက္ျပီး အနည္းငယ္ အေတြ႕အၾကံဳ ရွိၾကသလို ၊ ကိုယ္ပိုင္ အရည္အေသြးေကာင္း တခ်ိဳ႕ လည္း ပိုင္ဆိုင္ ထားၾကပါတယ္ ။ အခု အခ်ိန္ မွာ သူတို႕ စီနီယာ အသင္း အတြက္ ကစားေပး ေနႏိုင္တာ ဘာမွ ထူးဆန္းတာ တခုမွ မပါဘူး ။ ကြ်န္ေတာ္ ကိုယ္တိိုင္ လည္း အရန္ အသင္း မွာ ေလ့က်င့္ ခဲ့တုန္းက သူတို႕နဲ႕ ထိေတြ႕ခြင့္ ရခဲဲ့ဖူးပါတယ္ ။ ”

” သူတို႕နဲ႕ ေလ့က်င့္ ရတဲ့ အခ်ိန္တိုင္း မွာ ကြ်န္ေတာ္ ဟာ မတူညီတဲ့ စြမ္းရည္ တခုခု ကို သူတို႕ အတြက္ သင္ေပး ခဲ့ပါတယ္ ။ သူတို႕ ေတြကလည္း အတတ္ႏိုင္ဆံုး ၾကိဳးစား သင္ယူ ခဲ့ၾကပါတယ္ ။ ေနာက္တခါ ကြ်န္ေတာ္ ထပ္ေျပာရရင္ အခု ေအဘရာဟမ္ စြမ္းေဆာင္ ထားတဲ့ ဂိုးသြင္းႏႈန္း ေတြနဲ႕ ပတ္သက္ျပီး ကြ်န္ေတာ္ လံုးဝ မအံ့ၾသ မိပါဘူး ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ဆက္လက္ျပီး ဒေရာ့ဘာ က သူ႕ရဲ႕ အသင္းေဖာ္ ေဟာင္း ဖရန္႕ လမ္းပတ္ ဟာ အခု အခ်ိန္ မွာ ခ်ယ္လ္ဆီး အသင္း ကို နည္းျပ အေနနဲ႕ ေရာက္ရွိေနျခင္း နဲ႕ ပတ္သက္ျပီး အခုလို ထပ္မံ ဖြင့္ဟ သြားခဲ့ ျပန္ပါတယ္ ။

ဒေရာ့ဘာ က ” ကြ်န္ေတာ္ ကေတာ့ ဖရန္႕ ဟာ အခု အခ်ိန္ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ အျပည့္အဝ အာရုံစိုက္ ၾကိဳးစား ေပးေနတယ္ လို႕ ထင္ပါတယ္ ။ သူဟာ ခ်ယ္လ္ဆီး အသင္း ဖက္က တကယ္ လိုအပ္ ေနတဲ့ လူငယ္ ေလးေတြ အတြက္ အခြင့္အေရး ေတြကို ၾကံဳသလို ေပးေနျပီး အသင္း ရဲ႕ တိုးတက္ေရး အတြက္ ေရွးရႈ လုပ္ေဆာင္ ေပးေနပါတယ္ ။ ေနာက္ျပီး ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂႏၲဝင္ ကစားသမားေဟာင္း တဦး လည္း ျဖစ္ေနတာေၾကာင့္ ဖရန္႕ အတြက္ ပိုျပီး အဆင္ေျပ ေနတာကို ေတြ႕ရပါတယ္ ။ ”

” ဒီလိုမ်ိဳး မန္ေနဂ်ာ တဦး က အဲ့ဒီ လူငယ္ ကစားသမား တေယာက္ ကို အခြင့္အေရး ေပးေနျပီး ဆိုရင္ သူဟာ မန္ေနဂ်ာ ကို အထင္ၾကီးေအာင္ ေျခစြမ္းျပ ကစားေပး ႏိုင္ဖို႕ လိုလာပါျပီ ။ ဟုတ္ပါတယ္ ။ လက္ရွိ ခ်ယ္လ္ဆီး အသင္း ဟာ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ အတြက္ အေတြ႕အၾကံဳ ႏုနယ္ေသးတာ မွန္ပါတယ္ ။ ဒါေပမယ့္ သူတို႕ရဲ႕ စြမ္းေဆာင္ရည္ ေတြက ေကာင္းေနဆဲပါ ။ ဒါေၾကာင့္မို႕ သူတို႕ရဲ႕ အနာဂတ္ အတြက္ ကြ်န္ေတာ္ မစိုးရိမ္ ေနပါဘူး ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

လက်ရှိ ချယ်လ်ဆီး အသင်း ရဲ့ ဂိုးသွင်းစက် အေဘရာဟမ် အပေါ် မှတ်ချက်ပြု ပြောဆို လိုက်တဲ့ #ဒရော့ဘာ

ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ချန်ပီယံရှစ် ကလပ် အက်စတွန် ဗီလာ အသင်း သို့ အငှား ထွက်ကစား ခဲ့ကာ အထူး ခြေစွမ်း ပြနိုင်ခဲ့ပြီးနောက် ဒီနှစ် ဘောလုံး ရာသီ ချယ်လ်ဆီး အသင်း မှာ နည်းပြသစ် ဖြစ်သူ ဖရန့် လမ်းပတ် ရဲ့ အဓိက တိုက်စစ်မှူး အနေနဲ့ ပွဲထွက်ခွင့် များစွာ ရရှိ ထားပြီး ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း အတွက် ဒီနှစ် ဘောလုံး ရာသီ မှာ ပရီးမီးယားလိဂ် သွင်းဂိုး ရဂိုး အထိ ရရှိထားပြီး လက်ရှိ ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ကစားသမား စာရင်း ကို မန်စီးတီး တိုက်စစ်မှူး ဆာဂျီယို အဂွေရို နဲ့ အတူ ဦးဆောင် ထားနိုင် ခဲ့တဲ့ အေဘရာဟမ် ဟာ ဒီဒီယာ ဒရော့ဘာ လက်သစ် ဖြစ်လာနိုင်တယ် လို့ ချယ်လ်ဆီး ပရိသတ် တချို့ က တင်စား ပြောဆို နေကြပါတယ် ။

Sky Sports နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာ က အခု အချိန် မှာ ချယ်လ်ဆီး အတွက် ခြေစွမ်းပြ နေတဲ့ လူငယ် တိုက်စစ်မှူး အေဘရာဟမ် ကို အရင် ကတည်းက အကယ်ဒမီ မှာ သိထားခဲ့ကြောင်း ၊ သူ့ရဲ့ လျင်မြန်မှု ၊ ပါးနပ်မှု နဲ့ အရည်အသွေး ပြည့်ဝမှု တွေကြောင့် အခုလို ပရီးမီးယားလိဂ် မှာ တကယ် ချီးကျူးစရာ ကောင်းတဲ့ ခြေစွမ်းမျိုး ရနေတာ မဆန်းကြယ်ဘူး လို့ ဆိုခဲ့ပါတယ် ။

ဒရော့ဘာ က ” ဟုတ်ပါတယ် ။ ကျွန်တော် ဟာ တမ်မီ ( အေဘရာဟမ် ) ကို သူ ငယ်ငယ်လေး ကတည်းက ချယ်လ်ဆီး အကယ်ဒမီ မှာ ကစားခဲ့ ကတည်းက သိခဲ့တာပါ ။ အခု ချယ်လ်ဆီး အတွက် ကစား ပေးနေတဲ့ ချာတိတ်လေးတွေ ဟာ ကျွန်တော် တို့ တချိန် က ချယ်လ်ဆီး အသင်း မှာ ကစား ခဲ့တုန်းက အကယ်ဒမီ မှာ အမြဲ မြင်တွေ့ ခဲ့ရတဲ့ ချာတိတ် တွေပါပဲ ။ သူတို့ တွေဟာ ကျွန်တော် တို့ရဲ့ လေ့ကျင့်ရေး အစီအစဉ် တွေကိို အမြဲ လာရောက် ကြည့်ရှု လေ့လာ ခဲ့ကြပါတယ် ။ ”

” ဒါကြောင့်မို့ ကျွန်တော့ အမြင် အရ သူတို့ဟာ ပွဲ အကြောင်း နဲ့ ပတ်သက်ပြီး အနည်းငယ် အတွေ့အကြုံ ရှိကြသလို ၊ ကိုယ်ပိုင် အရည်အသွေးကောင်း တချို့ လည်း ပိုင်ဆိုင် ထားကြပါတယ် ။ အခု အချိန် မှာ သူတို့ စီနီယာ အသင်း အတွက် ကစားပေး နေနိုင်တာ ဘာမှ ထူးဆန်းတာ တခုမှ မပါဘူး ။ ကျွန်တော် ကိုယ်တိိုင် လည်း အရန် အသင်း မှာ လေ့ကျင့် ခဲ့တုန်းက သူတို့နဲ့ ထိတွေ့ခွင့် ရခဲဲ့ဖူးပါတယ် ။ ”

” သူတို့နဲ့ လေ့ကျင့် ရတဲ့ အချိန်တိုင်း မှာ ကျွန်တော် ဟာ မတူညီတဲ့ စွမ်းရည် တခုခု ကို သူတို့ အတွက် သင်ပေး ခဲ့ပါတယ် ။ သူတို့ တွေကလည်း အတတ်နိုင်ဆုံး ကြိုးစား သင်ယူ ခဲ့ကြပါတယ် ။ နောက်တခါ ကျွန်တော် ထပ်ပြောရရင် အခု အေဘရာဟမ် စွမ်းဆောင် ထားတဲ့ ဂိုးသွင်းနှုန်း တွေနဲ့ ပတ်သက်ပြီး ကျွန်တော် လုံးဝ မအံ့သြ မိပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး ဒရော့ဘာ က သူ့ရဲ့ အသင်းဖော် ဟောင်း ဖရန့် လမ်းပတ် ဟာ အခု အချိန် မှာ ချယ်လ်ဆီး အသင်း ကို နည်းပြ အနေနဲ့ ရောက်ရှိနေခြင်း နဲ့ ပတ်သက်ပြီး အခုလို ထပ်မံ ဖွင့်ဟ သွားခဲ့ ပြန်ပါတယ် ။

ဒရော့ဘာ က ” ကျွန်တော် ကတော့ ဖရန့် ဟာ အခု အချိန် မှာ ချယ်လ်ဆီး အသင်း အတွက် အပြည့်အဝ အာရုံစိုက် ကြိုးစား ပေးနေတယ် လို့ ထင်ပါတယ် ။ သူဟာ ချယ်လ်ဆီး အသင်း ဖက်က တကယ် လိုအပ် နေတဲ့ လူငယ် လေးတွေ အတွက် အခွင့်အရေး တွေကို ကြံုသလို ပေးနေပြီး အသင်း ရဲ့ တိုးတက်ရေး အတွက် ရှေးရှု လုပ်ဆောင် ပေးနေပါတယ် ။ နောက်ပြီး ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး လည်း ဖြစ်နေတာကြောင့် ဖရန့် အတွက် ပိုပြီး အဆင်ပြေ နေတာကို တွေ့ရပါတယ် ။ ”

” ဒီလိုမျိုး မန်နေဂျာ တဦး က အဲ့ဒီ လူငယ် ကစားသမား တယောက် ကို အခွင့်အရေး ပေးနေပြီး ဆိုရင် သူဟာ မန်နေဂျာ ကို အထင်ကြီးအောင် ခြေစွမ်းပြ ကစားပေး နိုင်ဖို့ လိုလာပါပြီ ။ ဟုတ်ပါတယ် ။ လက်ရှိ ချယ်လ်ဆီး အသင်း ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ အတွက် အတွေ့အကြံု နုနယ်သေးတာ မှန်ပါတယ် ။ ဒါပေမယ့် သူတို့ရဲ့ စွမ်းဆောင်ရည် တွေက ကောင်းနေဆဲပါ ။ ဒါကြောင့်မို့ သူတို့ရဲ့ အနာဂတ် အတွက် ကျွန်တော် မစိုးရိမ် နေပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR