မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ယာယီ နည္းျပ ျဖစ္ခဲ့ သူ အိုလီ ဂန္နား ဆုိးလ္ရွား ဟာ ယူနုိက္တက္ ကို စတင္ ေရာက္ရွိ လာ ကတည္းက အသင္း ရဲ့ ကစားသမား ေတြကို ေျခစြမ္း ေကာင္း ျပန္လည္ ရရွိ ေအာင္ လုပ္ေဆာင္ ေပးခဲ့ ျပီး အသင္း နဲ့ ပရိသတ္ ေတြ ျမင္ေတြ့ လိုခဲ့ ၾကတဲ့ ကစား ကြက္ ကို လည္း ရွာေဖြ ေပးနုိင္ ခဲ့ ပါတယ္ ။

အဲ့ဒီ ေနာက္ အသင္း ေဟာင္းကို ေရရွည္ ကိုင္တြယ္ လိုေန ခဲ့တဲ့ ဆုိးလ္ရွား ဟာ အသင္း ကို ကိုင္တြယ္ နည္းျပ ခဲ့တဲ့ ျပိဳင္ပြဲစံု ပြဲစဥ္ 19 ပြဲ မွာ 14 ပြဲ နုိင္ ၊ 2 ပြဲ သေရ ၊ 3 ပြဲ ရွံဳး ရလဒ္ ရယူ ေပးနုိင္ ခဲ့ျခင္း နဲ့ အတူ ျပီး ခဲ့တဲ့ တစ္ပါတ္ က အသင္း ရဲ့ အျမဲတမ္း နည္းျပ ရာထူး ကို ရယူ သြားနုိင္ ခဲ့ ပါတယ္ ။

အခုေတာ့ သူဟာ အသင္း ရဲ့ ဝါရင့္ ေတာင္ပံ တုိက္စစ္ ကစား သမား ျဖစ္သူ အလက္ဆစ္ ဆန္းခ်က္ ရဲ့ ေျခစြမ္း ေတြ ပိုမို တိုးတက္ ေကာင္းမြန္ လာေအာင္ လုပ္ေဆာင္ ျခင္း က သူ့ရဲ့ ေနာက္ထပ္ ပစ္မွတ္ တစ္ခု ျဖစ္လာ လိမ့္မယ္ လို့ ယူနုိက္တက္ ဂႏၶဝင္ ရီယို ဖာဒီနန္ က အတည္ျပဳ သြားခဲ့ လိုက္ ပါတယ္ ။

အာဆင္နယ္ အသင္း မွ ယူနုိက္တက္ ဆီ ေျပာင္းေရႊ့ ေရာက္ရွိ လာ ခဲ့တဲ့ ေနာက္ ခ်ီလီ လက္ေရြးစင္ ဟာ ယူနုိက္တက္ အတြက္ 41 ပြဲ အထိ ကစား ေပး ထားခဲ့ ေပမဲ့ ကိုယ္တုိင္ 5 ၾကိမ္ သာ ဂိုး သြင္းယူ ထားနုိင္ ခဲ့ သလို အသင္း ေဖာ္ေတြ အတြက္ 9 ၾကိမ္ ဂိုး ဖန္တီး ေပးထား နုိင္ခဲ့ ပါတယ္ ။

ဒီ အတြက္ ဆုိးလ္ရွား က ခ်ီလီ လက္ေရြးစင္ ကို ယခင္ လို ပံုစံ ေကာင္း ျပန္လည္ ရရွိ ေအာင္ ဆုိးလ္ရွား က ကူညီ ေပးနုိင္ လိမ့္မယ္ လို့ ယံုၾကည္ ေန ပါတယ္ ။

” သူဟာ ဆန္းခ်က္ ရဲ့ အေကာင္းဆံုး ပံုစံ ကို ရယူ နုိင္ဖုိ့ ပစ္မွတ္ ထားလာ ပါ လိမ့္မယ္ ။ အိုလီ ဟာ အသင္း ကို ေရာက္ရွိ လာ ကတည္းက အသင္း သား အမ်ားစု ဆီက အေကာင္းဆံုး ေျခစြမ္း ေတြကို ရယူ ျပထား နုိင္ခဲ့ ပါတယ္ ”

” အခု သူတုိ့ ေတြ ဖက္ကို သိပ္ျပီး ၾကည့္ေန ဖုိ့ မလုိ ေတာ့ ပါဘူူး ။ ဒါေပမဲ့ လက္ရွိ အခ်ိန္ မွာေတာ့ ဆန္းခ်က္ တစ္ေယာက္ က အာဆင္နယ္ မွာ ကစား ျပ ခဲ့တုန္း ကလို ေျခစြမ္း မ်ိဳး မျပ သ နိုင္ခဲ့ ေသး ပါဘူူး ”

” ဒါ့ေၾကာင့္ သူ ကုိယ္တုိင္ ကလည္း အရင္လို ျပန္ျဖစ္ လာဖုိ့ အလို ရွိေန မွာပါ ။ အိုလီ နဲ့ သူ့ရဲ့ နည္းျပ အဖြဲ့ဝင္ ေတြ ကလည္း သူ့ကို အရင္ လို ပံုစံ ျပန္လည္ ရရွိ ေအာင္ ၾကိဳးစား သြား ၾက မွာပါ ။ အာဆင္နယ္ မွာ ျပသ ခဲ့ သလို တည္ျငိမ္ တဲ့ ေျခစြမ္း မ်ိဳး ယူနုိက္တက္ မွာ ျပသ နုိင္ဖုိ့ အတြက္ ေပါ့ ” လို့ ဖာဒီနန္ က သံုးသပ္ သြားခဲ့ လိုက္ ပါတယ္ ။

ဆုိးလ္ရွား ဟာ ယူနုိက္တက္ ကို စတင္ ကိုင္တြယ္ ခဲ့တဲ့ ပြဲစဥ္ 20 မွာ 15 ပြဲ အထိ အနုိင္ ရလဒ္ ရယူ ထားနုိင္ ခဲ့ျပီး အသင္း ရဲ့ ကစားသမား ေတြ ကိုလည္း ေျခစြမ္း ေကာင္း ျပသ နုိင္ေအာင္ ျပန္လည္ လုပ္ေဆာင္ ထားနိုင္ ခဲ့ ပါတယ္ ။ အဆုိပါ အေၾကာင္း အရာ နဲ့ ပတ္သက္ ျပီး ဖာဒီနန္ က …

” အိုလီ ေရာက္ရွိ လာ ကတည္းက ရပ္ရွ္ဖုိ့ ၊ ေပါ့ဂ္ဘာ နဲ့ လင္ဒီေလာ့ဖ္ တုိ့ အတုိးတက္ ဆံုး ျဖစ္ခဲ့ ၾကတယ္ လို့ က်ြန္ေတာ္ တုိ့ ျမင္ေတြ့ ခဲ့ၾက ရ ပါတယ္ ။ သူတုိ့ သံုးဦး ကေတာ့ အထူးျခားဆံုး ပါပဲ ။ ဒီဂီယာ ကေတာ့ ဟုိး အရင္ ထဲက ပရီးမီးယား လိဂ္ မွာ လက္စြမ္း ျပျပီး အေကာင္းဆံုး ဂိုးသမား ဆုိတာ သက္ေသ ျပထား ခဲ့တယ္ ေလ ” လို့ ဖာဒီနန္ က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဆိုးလ်ရှားရဲ့ နောက်ထပ် ပစ်မှတ်က ဘာဖြစ်လိမ့်မလဲ ဆိုတာ အတည်ပြု သွားတဲ့ #ဖာဒီနန်

==============

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ယာယီ နည်းပြ ဖြစ်ခဲ့ သူ အိုလီ ဂန်နား ဆိုးလ်ရှား ဟာ ယူနိုက်တက် ကို စတင် ရောက်ရှိ လာ ကတည်းက အသင်း ရဲ့ ကစားသမား တွေကို ခြေစွမ်း ကောင်း ပြန်လည် ရရှိ အောင် လုပ်ဆောင် ပေးခဲ့ ပြီး အသင်း နဲ့ ပရိသတ် တွေ မြင်တွေ့ လိုခဲ့ ကြတဲ့ ကစား ကွက် ကို လည်း ရှာဖွေ ပေးနိုင် ခဲ့ ပါတယ် ။

အဲ့ဒီ နောက် အသင်း ဟောင်းကို ရေရှည် ကိုင်တွယ် လိုနေ ခဲ့တဲ့ ဆိုးလ်ရှား ဟာ အသင်း ကို ကိုင်တွယ် နည်းပြ ခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် 19 ပွဲ မှာ 14 ပွဲ နိုင် ၊ 2 ပွဲ သရေ ၊ 3 ပွဲ ရှုံး ရလဒ် ရယူ ပေးနိုင် ခဲ့ခြင်း နဲ့ အတူ ပြီး ခဲ့တဲ့ တစ်ပါတ် က အသင်း ရဲ့ အမြဲတမ်း နည်းပြ ရာထူး ကို ရယူ သွားနိုင် ခဲ့ ပါတယ် ။

အခုတော့ သူဟာ အသင်း ရဲ့ ဝါရင့် တောင်ပံ တိုက်စစ် ကစား သမား ဖြစ်သူ အလက်ဆစ် ဆန်းချက် ရဲ့ ခြေစွမ်း တွေ ပိုမို တိုးတက် ကောင်းမွန် လာအောင် လုပ်ဆောင် ခြင်း က သူ့ရဲ့ နောက်ထပ် ပစ်မှတ် တစ်ခု ဖြစ်လာ လိမ့်မယ် လို့ ယူနိုက်တက် ဂန္ဓဝင် ရီယို ဖာဒီနန် က အတည်ပြု သွားခဲ့ လိုက် ပါတယ် ။

အာဆင်နယ် အသင်း မှ ယူနိုက်တက် ဆီ ပြောင်းရွှေ့ ရောက်ရှိ လာ ခဲ့တဲ့ နောက် ချီလီ လက်ရွေးစင် ဟာ ယူနိုက်တက် အတွက် 41 ပွဲ အထိ ကစား ပေး ထားခဲ့ ပေမဲ့ ကိုယ်တိုင် 5 ကြိမ် သာ ဂိုး သွင်းယူ ထားနိုင် ခဲ့ သလို အသင်း ဖော်တွေ အတွက် 9 ကြိမ် ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။

ဒီ အတွက် ဆိုးလ်ရှား က ချီလီ လက်ရွေးစင် ကို ယခင် လို ပုံစံ ကောင်း ပြန်လည် ရရှိ အောင် ဆိုးလ်ရှား က ကူညီ ပေးနိုင် လိမ့်မယ် လို့ ယုံကြည် နေ ပါတယ် ။

” သူဟာ ဆန်းချက် ရဲ့ အကောင်းဆုံး ပုံစံ ကို ရယူ နိုင်ဖို့ ပစ်မှတ် ထားလာ ပါ လိမ့်မယ် ။ အိုလီ ဟာ အသင်း ကို ရောက်ရှိ လာ ကတည်းက အသင်း သား အများစု ဆီက အကောင်းဆုံး ခြေစွမ်း တွေကို ရယူ ပြထား နိုင်ခဲ့ ပါတယ် ”

” အခု သူတို့ တွေ ဖက်ကို သိပ်ပြီး ကြည့်နေ ဖို့ မလို တော့ ပါဘူူး ။ ဒါပေမဲ့ လက်ရှိ အချိန် မှာတော့ ဆန်းချက် တစ်ယောက် က အာဆင်နယ် မှာ ကစား ပြ ခဲ့တုန်း ကလို ခြေစွမ်း မျိုး မပြ သ နိုင်ခဲ့ သေး ပါဘူူး ”

” ဒါ့ကြောင့် သူ ကိုယ်တိုင် ကလည်း အရင်လို ပြန်ဖြစ် လာဖို့ အလို ရှိနေ မှာပါ ။ အိုလီ နဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင် တွေ ကလည်း သူ့ကို အရင် လို ပုံစံ ပြန်လည် ရရှိ အောင် ကြိုးစား သွား ကြ မှာပါ ။ အာဆင်နယ် မှာ ပြသ ခဲ့ သလို တည်ငြိမ် တဲ့ ခြေစွမ်း မျိုး ယူနိုက်တက် မှာ ပြသ နိုင်ဖို့ အတွက် ပေါ့ ” လို့ ဖာဒီနန် က သုံးသပ် သွားခဲ့ လိုက် ပါတယ် ။

ဆိုးလ်ရှား ဟာ ယူနိုက်တက် ကို စတင် ကိုင်တွယ် ခဲ့တဲ့ ပွဲစဉ် 20 မှာ 15 ပွဲ အထိ အနိုင် ရလဒ် ရယူ ထားနိုင် ခဲ့ပြီး အသင်း ရဲ့ ကစားသမား တွေ ကိုလည်း ခြေစွမ်း ကောင်း ပြသ နိုင်အောင် ပြန်လည် လုပ်ဆောင် ထားနိုင် ခဲ့ ပါတယ် ။ အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက် ပြီး ဖာဒီနန် က …

” အိုလီ ရောက်ရှိ လာ ကတည်းက ရပ်ရှ်ဖို့ ၊ ပေါ့ဂ်ဘာ နဲ့ လင်ဒီလော့ဖ် တို့ အတိုးတက် ဆုံး ဖြစ်ခဲ့ ကြတယ် လို့ ကျွန်တော် တို့ မြင်တွေ့ ခဲ့ကြ ရ ပါတယ် ။ သူတို့ သုံးဦး ကတော့ အထူးခြားဆုံး ပါပဲ ။ ဒီဂီယာ ကတော့ ဟိုး အရင် ထဲက ပရီးမီးယား လိဂ် မှာ လက်စွမ်း ပြပြီး အကောင်းဆုံး ဂိုးသမား ဆိုတာ သက်သေ ပြထား ခဲ့တယ် လေ ” လို့ ဖာဒီနန် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar