ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ နဲ့ တိုက်စစ်မှုး အန်တိုနီ မာရှယ် တို့ ဟာ ၀က်စ်ဟမ်း နဲ့ ပွဲ ကို လည်း ဆက်လက် လွဲချော် ဦးမယ် လို့ နည်းပြ ဆိုးရှား က ပြောဆို သွားခဲ့ ပြီး ယူရိုပါလိဂ် မှာ ခြေစွမ်း ပြခဲ့တဲ့ လူငယ်လေး မေဆင် ဂရင်းဝုဒ် အနေနဲ့ ၀က်စ်ဟမ်း နဲ့ ပွဲ မှာ ထပ်မံ အခွင့် အရေး ရလာ နိုင်ကြောင်း အရိပ် မြွက် ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး ကွင်းလယ်လူ နာဘီ ကီတာ ဟာ အသင်း နဲ့ အတူ လေ့ကျင့်ခန်း အပြည့် ပြန်လည် ပြုလုပ် နိုင် ခဲ့ပြီ လို့ ကြားသိရ ပြီး ဂိုး သမား အဲလစ်ဆွန် ဟာလည်း ဂိုး နည်းပြ နဲ့ သီးသန့် ကြံ့ခိုင်ရေး လေ့ကျင့်မှု တွေ ပြုလုပ် နေပြီ ဖြစ်တယ် လို့ သိရ ပါတယ် ။

ချန်ပီယံ လိဂ် ပွဲစဉ် ( ၁ ) ရဲ့ အကောင်းဆုံး ကစား သမား ဆု ကို တော့ ရက်ဘူး ဆဲလ်ဘတ် အတွက် ဟက်ထရစ် သွင်းယူ ခဲ့တဲ့ တိုက်စစ်မှုး အာလင်း ဟာလန်း က ရရှိ သွားခဲ့ ပါတယ် ။ ယူရိုပါ လိဂ် ပွဲစဉ် ( ၁ ) ရဲ့ အကောင်းဆုံး ကစား သမား ဆု ကိုလည်း လူဒိုဂိုရက် အတွက် ဟက်ထ၇စ် သွင်းယူပေး ခဲ့တဲ့ ကီဆီရူ က ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။

ယူဗင်တပ် ကွင်းလယ်လူ မာတွီဒီ ကတော့ အသင်း ကနေ နွေရာသီ တုန်းက ထွက်ခွာ ဖို့ စိတ်ကူး ခဲ့တယ် ဆိုတဲ့ သတင်း တွေ ဟာ မဟုတ်မှန် ကြောင်း ငြင်းဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လူငယ် ကစား သမားလေး အိန်ဂျယ် ဂိုးမက် ကို စာချုပ်သစ် ကမ်းလှမ်း ဖို့ အတွက် ပြင်ဆင်မှု ပြုလုပ် နေတယ် လို့ သိရ ပါတယ် ။

နယူးကာဆယ် ကို တစ်ကျော့ပြန် ရောက် လာခဲ့တဲ့ တိုက်စစ်မှုးကြီး အန်ဒီ ကာရိုး ကတော့ ခြေကျင်းဝတ် ဒဏ်ရာ သက်သာ ပျောက်ကင်း ပြီ ဖြစ်တဲ့ အတွက် ယခု အပတ် မှာ ကစားမယ့် ဘရိုက်တန် နဲ့ ပွဲ မှာ ပါဝင် ကစားးပေး နိုင်ဖွယ် ရှိတယ် လို့ သိရ ပါတယ် ။

ယူဗင်တပ် နည်းပြ ဟောင်း အယ်လီ ဂရီ နဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဟောင်း မော်ရင်ဟို တို့ ဟာ ရီးရဲ နည်းပြ ဇီဒန်း ရဲ့ ရာထူး အတွက် အပြိုင် ရေပန်း စားနေကြ တယ် လို့ သိရ ပါတယ် ။ မော်ရင်ဟို ကတော့ လက်ရှိ မှာ ဇီဒန်း ဟာ ရီးရဲ မက်ဒရစ် နည်းပြ အဖြစ် ရှိနေ သေးတာ ကြောင့် သူ့ အနေနဲ့ ဒီ အလုပ်ကို ရနိုင် မှာ မဟုတ်ပါဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ နောက်ခံလူ တွေ ဖြစ်တဲ့ တိုင်ယာနီ နဲ့ ဘယ်လာရင် တို့ ဟာ လူငယ် အသင်း တွေ နဲ့ စတင် ကစားပေး နိုင် ဖို့ ရှိနေပြီ လို့ သတင်း ကောင်း ကြားသိရ ပါတယ် ။

လီဗာပူး အသင်း ကတော့ တိုက်စစ်မှုး ဆာဒီယို မာနေး ကို တစ်နှစ် လုပ်ခ ပေါင် ၁၁.၅ သန်း ရရှိ စေမယ့် စာချုပ်သစ် ကို ကမ်းလှမ်း ဖို့ ပြင်ဆင် နေတယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ လာမယ့် ဇန်န၀ါရီ မှာ နောက်ခံလူ အမ်တီတီ နဲ့ ကွင်းလယ်လူ ရာကီတစ် တို့ ကို ရောင်းထုတ်ပြီး နေမာ ကို ခေါ်ယူ နိုင်ရေးကို ပြန်လည် လုပ်ဆောင် သွားဖို့ ရှိနေတယ် လို့ သိရ ပါတယ် ။

SPORTS MYANMAR