ဒီတစ်​ပတ်​ ပရီးမီးယားလိဂ် ပွဲစဉ်​ ၅ မှာ​တော့ စတန်းဖို့ဒ်​ဘရစ်​ခ်ျ​ ၊ လန်​ဒန်​စ​တေဒီယမ်​ နဲ့ ကင်းပါဝါ တို့မှာ ပွဲကြီးပွဲ​ကောင်း​တွေ ရှိ​နေပါတယ်​ ။ ​တော့တင်​ဟမ်​ဟာ ကြားရက်​က ဥ​ရောပ ပွဲစဉ်​ ပြီး​နောက်​ စ​နေ​နေ့ည အ​စောပိုင်းမှာ လက်​စတာကို အ​ဝေးကွင်းမှာ ပွဲကျပ်​ သွားကစား ရမှာ ဖြစ်​ပါတယ်​။ ​မော်​ရီစီယို ပိုချက်​တီနို ရဲ့ အသင်းဟာ အိုလီပီယာ​ကော့စ်​ နဲ့ ကစား ခဲ့တဲ့ ချန်​ပီယံလိဂ်​ အုပ်​စု ပွဲစဉ်​ကို ​ဗုဒ္ဓဟူး​နေ့က ကစား ခဲ့တာ​ကြောင့်​ ကင်းပါဝါမှာ သွားကစား ရမယ့်​ လက်​စတာ နဲ့ ပွဲစဉ်​ အတွက်​ ပြင်​ဆင်​ချိန်​ အနည်းငယ်​သာ ရှိထားပါတယ်​။

လက်​စတာ ကစားသမား​ဟောင်း ​ရော်​ဘီဆား​ဗေ့ခ်ျ​က စပါးအသင်း အ​နေနဲ့ ဒီရာသီ ပုံစံ​ကောင်း ပြသ​နေတဲ့ ဘရန်​ဒန်​​ရော်​ဂျာရဲ့ အသင်းနဲ့ ပွဲမှာ ဥ​ရောပ ပွဲပန်းမှု​ ဒဏ်​ကို ခံစား ရလိမ့်​မယ်​လို့ ယူဆ ​နေပါတယ်​။ ဒီတစ်​ပတ်​ လူ​တော်​​တော်​များများ အာရုံစိုက်​ ​နေတာ က​တော့ စတန်းဖို့ဒ်​ဘရစ်​ခ်ျ​မှာ ယှဉ်​ပြိုင်​ ကြမယ့်​ the clash of the weekend ဖြစ်​ပြီး ပရီးမီးယားလိဂ် leader လီ​ဗာပူး အသင်းဟာ ပြိုင်​ဘက်​ ချဲလ်​ဆီး အသင်းကို အ​ဝေးကွင်းမှာ လာကစားမှာ ဖြစ်​ပါတယ်​။

လီ​ဗာပူး ​ကော ချဲလ်​ဆီး တို့ဟာ ကြားရက်​က ကစား ခဲ့တဲ့ ချန်​ပီယံလိဂ်​ အုပ်​စု အဖွင့်​ပွဲစဉ်​​တွေ မှာ​တော့ အသီးသီး ရှုံးပွဲ ကြုံ​တွေ့ ခဲ့ကြပြီး လီ​ဗာပူး ဟာ ​နေပယ်​မှာ နာပိုလီ ကို ၂-၀ နဲ့ ရှုံးနိမ့်​ ခဲ့သလို ချဲလ်​ဆီး ကလည်း အိမ်​ကွင်းမှာ ​ဗလင်​စီယာ ကို ရှုံးခဲ့ပါတယ်​။ ဒီနှစ်​သင်းဟာ ပြီးခဲ့တဲ့ လက ယူအီးအက်​​​အေ စူပါဖလား ပွဲစဉ်​မှာ ​တွေ့ဆုံ ခဲ့ကြပြီး ​ခြေစွမ်း ကွာဟမှု မရှိခဲ့ကာ လီ​ဗာပူးဟာ ပင်​နယ်​တီ အဆုံးအဖြတ်​ နဲ့ အနိုင်​ယူကာ ​ဗိုလ်​စွဲ ခဲ့ပါတယ်​။ ​ဆားေ​ဗ့ခ်ျ​က ဒီတစ်​ကြိမ်​ မှာလည်း ပြီးခဲ့တဲ့ စူပါဖလား တုန်းက ပုံစံမျိုး အကြိတ်​အနယ်​ ရှိတဲ့ ပွဲစဉ်​ကို မြင်​​တွေ့ ရလိမ့်​မယ်​လို့ ခန့်​မှန်း လိုက်​ပါတယ်​။

မန်​ချက်​စတာစီးတီး အသင်း က​တော့ ချဲလ်​ဆီး အ​နေနဲ့ သူတို့ရဲ့ အဓိက ဖလား ပြိုင်​ဘက်​ အသင်းထံမှာ အမှတ်​​တွေ ရယူ နိုင်​မယ်​လို့ ​မျှော်​လင့်​ ​နေမှာ ဖြစ်​ပြီး ၎င်းတို့ အ​နေနဲ့လည်း ပြီးခဲ့တဲ့ တစ်​ပတ်​က ​နော့ဝှစ်​ကို အ​ဝေးကွင်းမှာ ရှုံးနိမ့်​ ခဲ့မှု က​နေ ရုန်းထွက်​ ပြဖို့ ရည်​ရွယ်​ ထားမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်​ပီယံ အသင်းဟာ ဆန်းချက်​​ဖ​လော်​ရက်​ ​ရောက်​ရှိ လာခဲ့ပြီး ​နောက်​ပိုင်း ပြန်​လည်​ စိတ်​ဓာတ်​ တက်​ကြွ​နေတဲ့ ဝက်​ဖို့ဒ်​ အသင်းကို အီတီဟတ်​မှာ လက်​ခံ ကစား သွားရမှာ ဖြစ်​ပြီး ဧည့်​သည်​​ အသင်း အ​နေနဲ့ ပြီးခဲ့တဲ့ ​မေလက အက်​ဖ်​​အေဖလား ဖိုင်​နယ်​မှာ ပက်​ဂွာဒီယိုလာရဲ့ အသင်းကို ၆-၀ နဲ့ အရှက်​တကွဲ ရှုံးနိမ့်​ ခဲ့မှုကို ပြန်​လည်​ တုန့်​ပြန်​ဖို့ စိတ်​အား ထက်​သန်​ ​နေပါတယ်​။

ပြီးခဲ့တဲ့ တစ်​ပတ်​က ဝက်​ဖို့ဒ်​ နဲ့ ပွဲမှာ အာဆင်​နယ်​ အသင်းရဲ့ ​ခြေစွမ်းဟာ တကယ့်​ကို ​ဝေဖန်​စရာ ဖြစ်​ခဲ့ပြီး ဦး​ဆောင်​ဂိုး ၂ဂိုး ရရှိ ခဲ့​ပေမယ့်​လည်း ​ချေပဂိုး ၂ဂိုး ပြန်​လည်​ ​ပေးခဲ့ရတဲ့ အပြင်​ ပြိုင်​ဘက်​ကို ဂိုးကန်​သွင်းခွင့်​ ၃၁ကြိမ်​ထိ ခွင့်​ပြု ခဲ့ရပါတယ်​။ ဂန်းနားတို့ အ​နေနဲ့ ဒီတစ်​ပတ်​မှာ​တော့ အက်​စတွန်​​ဗီလာ နဲ့ အ​ရေးကြီးတဲ့ ပွဲစဉ်​ ရှိ​နေပါတယ်​။ အာဆင်​နယ်​ ဟာ ကြားရက်​က ယူရိုပါလိဂ်​ ပွဲစဉ်​မှာ ဖရန့်​ဖတ်​ အသင်းကို အ​ဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်​ ရရှိခဲ့တဲ့ အပြင်​ အဓိက ကစားသမား​တွေကို အနား​ပေး နိုင်​ခဲ့တဲ့ အကျိုးအမြတ်​ပါ ရရှိ ခဲ့ပါတယ်​။ အူနိုင်းအမ်​မရီ ရဲ့ အသင်း အ​နေနဲ့ ဒီတစ်​ပတ်​ ပရီးမီးယားလိဂ်မှာ ယူရိုပါလိဂ်​ ပွဲပန်းမှု​ ဒဏ်​ကို ခံစား ရမှာ မဟုတ်​ဘူးလို့ ဆားေ​ဗ့ခ်ျ​က ခန့်​မှန်း သွားခဲ့ပါတယ်​။

လန်​ဒန်​ရဲ့ အခြား တစ်​ဖက်​မှာ​တော့ ဝက်​ဟမ်း အသင်းဟာ စူပါဆန်း​ဒေး အ​စောပိုင်း ပွဲစဉ်​ အဖြစ်​ မန်​ယူနိုက်​တက်​ အသင်းကို လန်​ဒန်​စ​တေဒီယမ်​မှာ လက်​ခံ ကစားရမှာ ဖြစ်​ပါတယ်​။ မန်​ယူနိုက်​တက်​ ဟာ ကြားရက်​က အက်​စ်​တာနာကို အိုးထရပ်​ဖို့ဒ်​မှာ လက်​ခံ ကစား ခဲ့တဲ့ ယူရိုပါလိဂ်​ ပွဲစဉ်​မှာ ​ခြေစွမ်း ​ကောင်းမွန်​ခဲ့ခြင်း မရှိခဲ့ဘဲ တိုက်​စစ်​ပိုင်း ကလည်း ဂိုးရဖို့ ရုန်းကန်​ ​ခဲ့ရပါတယ်​။ ဘလက်​ဘန်း ကစားသမား​ဟောင်း က​တော့ ယူနိုက်​တက်​ တို့ အ​ဝေးကွင်းမှာ အကြိတ်​အနယ်​ ကစားကာ ရလဒ်​​ကောင်း လိမ့်​မယ်​လို့ ဆိုသွားပါတယ်​။
ခရစ်​စတယ်​ပဲ​လေ့စ်​ က​တော့ ဝုဖ်​ကို အိမ်​ကွင်းမှာ လက်​ခံ ကစားရမှာ ဖြစ်​ပါတယ်​။

ဘရိုက်​တန် အသင်းက​တော့ နယူးကာဆယ်​ ဆီကို ခရီး​ဝေး နှင်​ရမှာ ဖြစ်​ပြီး မန်​စီးတီး ကို အနိုင်​ရရှိ ခဲ့တဲ့ ​နော့ဝှစ်​ အသင်းက​တော့ ဘန်​​လေကို တပ်​မိုးမှာ ပွဲကျပ်​ သွားကန်​ရမှာ ဖြစ်​ပါတယ်​။ ရှက်​ဖီးယူနိုက်​တက်​ အသင်း က​တော့ ဒီရာသီ ​ခြေစွမ်း မမှန်​ ဖြစ်​​နေတဲ့ အဲ​ဗာတန်​ နဲ့ပွဲမှာ တစ်​ခုခု ရယူ နိုင်​ဖို့ ရည်​မှန်း ​နေမှာပါ။

ဒီတစ်​ပတ်​ ပရီးမီးယားလိဂ် ပွဲစဉ်​​တွေ အတွက်​ ​ရော်​ဘီဆာေ​ဗ့ခ်ျ​ ရဲ့ ခန့်​မှန်းချက်​ က​တော့..

လက်​စတာ ၂ – ၁ စပါး
ဘန်​​လေ ၂ – ၁ ​နော့ဝှစ်
အဲ​ဗာတန်​ ၂ – ၀ ရှက်​ဖီးယူနိုက်​တက်
မန်​စီးတီး ၃ – ၀ ဝက်​ဖို့ဒ်
နယူးကာဆယ်​ ၁ – ၀ ဘရိုက်​တန်
ပဲ​လေ့စ်​ ၂ – ၁ ဝုဖ်
ဝက်​ဟမ်း ၁ – ၂ ယူနိုက်​တက်
အာဆင်​နယ်​ ၂ – ၀ ​ဗီလာ
ချဲလ်​ဆီး ၂ – ၃ လီ​ဗာပူး

SM