မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ နံပါတ် တစ် ဂိုး သမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အမှား တွေ များစွာ ကျူးလွန် ထားခဲ့ ပေမယ့် သူ့ရဲ့ အနေ အထား ၊ လက်စွမ်း တွေ အပေါ် ကျေနပ် ဝမ်းမြောက် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် အသင်း နဲ့ စာချုပ် သက်တမ်း တိုးဖို့ ကိစ္စကို ဆွေးနွေး ခဲ့ခြင်း က သူ့ရဲ့ လက်စွမ်း တွေ အပေါ် မှာ ဘယ်လို မှ သက်ရောက် မှု မရှိ ခဲ့ကြောင်း လည်း ဒီဂီယာ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အနေ အထား အကြောင်း တွေးတော နေသူ တွေကို ကြည့် လိုက်မယ် ဆိုရင် သူတို့ တွေဟာ လ အနည်းငယ် အတွင်း က ဖြစ်ပျက် ခဲ့တဲ့ အကြောင်း အရာတွေ ကိုပဲ အဓိက ထား တွေးနေ ကြတယ် ဆိုတာ သိသာ ထင်ရှား လှ ပါတယ် ”

” အကယ်လို့ ခင်ဗျား ဟာ ဘောလုံး ရာသီ တစ်ခု လုံးကို သေချာ ခြုံ ကြည့်လိုက် မယ် ဆိုရင် တော့ ကျွန်တော့် ရဲ့ ပထမဆုံး 7 လတာ ကာလ ဟာ တစ်ကယ် ပဲ ပျော်ရွှင် ကျေနပ် ဖွယ် ကောင်းတယ် ဆိုတာ ကို မြင်တွေ့ ရပါ လိမ့်မယ် ”

” ခင်ဗျား တို့ ကတော့ နောက်ကွယ် မှာ စာချုပ် ကိစ္စ တွေ ရှိနေတယ် ဆိုတာ ကို ပြောကြ ပါ လိမ့်မယ် ။ အဲ့တာက ကျွန်တော် တို့ စိတ်ထဲ ထားရှိ နေ ရမယ့် အရာ မဟုတ် ပါဘူး ။ ဒါဟာ တစ်ဖက် သက် ဆန်တဲ့ အတွေး တစ်ခု ပါပဲ ”

” ကျွန်တော် တို့ တွေက နေ့စဉ် နေ့တိုင်း ပြုလုပ် နေ ရတဲ့ လေ့ကျင့်ရေး အစီအစဉ် ၊ ကွင်း အတွင်း ကွင်း အပြင် အပြင် ကိစ္စ တွေနဲ့ အသင်း ကို ဘယ်လို ကူညီ ရမလဲ ဆိုတဲ့ အကြောင်း ကိုပဲ တွေးတော ဖြစ်ကြ ပါတယ် ”

” လူတွေ က အရင် က အမှား တွေ အကြောင်း ပဲ ပြောလေ့ ရှိတက် ကြ ပါတယ် ။ ဒါပေမယ့် ကစားသမား တွေရဲ့ စွမ်းဆောင်ရည် ဆိုတာ ကောင်းလိုက် ၊ မကောင်းလိုက် ဖြစ်လေ့ ရှိတက် တာ ပါပဲ ”

” ဒါပေမယ့် ခင်ဗျား ဟာ ဂိုး သမား တစ်ယောက် ဖြစ် နေပြီ ဆိုရင် တော့ အခြား သူ တွေရဲ့ အသေအချာ စောင့်ကြည့် ခြင်းကို ခံနေ ရပါ လိမ့်မယ် ။ အမြဲတမ်း အမြင့်ဆုံး စွမ်းဆောင်ရည် တွေကို ပြသ နိုင်ဖို့ ဆိုတာ လွယ်ကူ တဲ့ အရာ တစ်ခု တော့ မဟုတ် ဘူးလေ ”

” ကျွန်တော် ဒီမှာ ရှိနေ ခဲ့တာ အခု ဆိုရင် နှစ်ပေါင်း အတော် လေး ကြာခဲ့ ပါပြီ ။ ကျွန်တော် တို့ အချိန် တိုင်းမှာ ထိပ်တန်း စွမ်းရည် ပြသ နိုင်ဖို့ ဆိုတာ တစ်ကယ့် ကို ခက်ခဲ လှတဲ့ အရာ တစ်ခု ပဲ ဖြစ် ပါတယ် ”

” ကျွန်တော် တို့ ပိုကောင်း နေတယ် ဆိုတဲ့ ခံစားချက် ကို ဖြစ်ပေါ် စေတဲ့ အခိုက် အတန့် မျိုး ရှိနေ သလို ကျွန်တော် တို့ သိပ် မကောင်းဘူး ဆိုတာ ကို ခံစား ရတဲ့ အခိုက် အတန့် လည်း ရှိနေ ပါတယ် ”

” အမှား တွေ ကတော့ ဖြစ်ပေါ် လေ့ ရှိနေ တက် ပါတယ် ။ ဂိုး သမား တွေ ကလည်း အဲ့တာ ကို ကြုံတွေ့ ရလေ့ ရှိတက် ပါတယ် ။ ကျွန်တော် ကလည်း သူတို့ တွေနဲ့ ခြားနား လွန်းတဲ့ သူ တစ်ဦး မဟုတ် ဘူးလေ ” လို့ ဒီဂီယာ က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar