ပရီးမီးယားလိဂ္ ၾကယ္ပြင့္ေဟာင္း အလန္ရွီးယားရား က လာမည့္ မန္ခ်က္စတာ ဒါဘီ ပြဲစဥ္ဟာ ဒီရာသီ Title race အတြက္ အဓိက အခန္းက႑ ကေန ပါ၀င္ လိမ့္မယ္လို႕ ယံုၾကည္ ေနပါတယ္။ လီဗာပူး အသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္ အမွတ္ေပး ဇယား ထိပ္မွာ အနီးကပ္ဆံုး ျပိဳင္ဘက္ မန္ခ်က္စတာ စီးတီးအသင္းကို ၂ မွတ္ အသာနဲ႕ ဦးေဆာင္လ်က္ ရွိေနကာ ၆ ပြဲကစားဖို႕ က်န္ေန ပါေသးတယ္။

တနဂၤေႏြေန႕က ေတာ့တင္ဟမ္ကို အန္ဖီးမွာ အႏုိ္င္ရရွိ ခဲ့တာေၾကာင့္ လီဗာပူး ဟာ လက္ရွိ ခ်န္ပီယံကုိ ေက်ာ္ျဖတ္ကာ အမွတ္ေပး ဇယားထိပ္ကို ျပန္လည္ တက္လွမ္း ခဲ့တာ ျဖစ္ပါတယ္။ သုိ႕ေပမယ့္လည္း ပက္ဂြာဒီယုိလာရဲ႕ အသင္းဟာ လက္က်န္ တစ္ပြဲ ကစားဖို႕ က်န္ေန ေသးျပီး မန္စီးတီး ဟာ ၂၀၁၉ ခုႏွစ္ အတြင္း ျပိဳင္ပြဲစံုမွာ ရွံဳးပြဲ တစ္ပြဲပဲ ၾကံဳခဲ့ရတဲ့ အထိ ရလဒ္ေတြ အထူး ေကာင္းမြန္ ေနပါတယ္။

လြန္ခဲ့တဲ့ ၁၉၉၅ ခုႏွစ္က ဘလက္ဘန္း အသင္းနဲ႕ ပရီးမီးယားလိဂ္ ဖလားကုိ ရယူ ႏုိင္ခဲ့တဲ့ အလန္ ရွီးယားရား က ပရီးမီးယားလိဂ္ Title race ဟာ မျပီးေသး ဘူးလို႕ ဆုိသြား ပါတယ္။

ရွီးယားရား က “ လီဗာပူး အသင္း အေနနဲ႕ တနဂၤေႏြေန႕ ကသာ ေတာ့တင္ဟမ္ ကုိ အႏုိင္ မရရွိ ခဲ့ဘူး ဆုိရင္ တကယ့္ကုိ ကပ္ဆုိးၾကီး ပါပဲ။ အထူး သျဖင့္ မန္ခ်က္စတာ စီးတီး အသင္းဟာ ဗုဒၶဟူးေန႕မွာ တန္းဆင္းဇုန္ထဲ ေရာက္ေနတဲ့ ကာဒစ္ စီးတီး နဲ႕ ကစား ရမွာ ျဖစ္ေနတာေၾကာင့္ မုိ႕လို႕ပါ။

အခု ဆုိရင္ လူတုိင္းလူတုိင္းဟာ လာမည့္ ဧျပီလ ၂၄ ရက္ေန႕မွာ ကစား သြားရမယ့္ မန္ခ်က္စတာယူႏုိက္တက္ Vs မန္စီးတီး တုိ႕ရဲ႕ မန္ခ်က္စတာ ဒါဘီ ကုိ အဓိက အဆံုးအျဖတ္ ေပးသြားမယ့္ ပြဲအေနနဲ႕ ျမင္ေန ၾကပါတယ္။ ဒါေပမယ့္ လီဗာပူး အသင္း စပါး ကုိ အႏုိင္ မရ ခဲ့ေပမယ့္ စီးတီး တုိ႕ အိုးထရပ္ဖို႕ဒ္ မွာ ယူႏုိက္တက္ကုိ ရံွဳးနိမ့္ ခဲ့မယ္ ဆုိရင္ ကေလာ့ရဲ႕ အသင္းဟာ အမွတ္ေပး ဖလား ဆြတ္ခူးႏုိင္ဖို႕ ရွိေနဆဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ PL Title race မွာ ဒီပြဲဟာ အေရး အၾကီးဆံုး ေန႕တစ္ေန႕ ျဖစ္လာ ပါလိမ့္မယ္။” လို႕ ဆုိသြား ပါတယ္။

ဆက္လက္ျပီး အလန္းရွီးယားရား က သူ႕ကစားသမား ဘ၀ မွာ အေကာင္းဆံုး အေငြ႕အသက္ေတြ ၾကားမွာ ကစား ခဲ့ရဖူးတဲ့ ကြင္းသံုးကြင္းကုိ ေရြးခ်ယ္ ေပးသြား ခဲ့ျပီး အံ့အားသင့္စရာ အေနနဲ႕ ၎ရဲ႕ အသင္းေဟာင္း နယူးကာဆယ္ အသင္းရဲ႕ စိန္႕ဂ်ိမ္းပက္ ကြင္းကေတာ့ ပါ၀င္ ခဲ့ျခင္း မရွိ ခဲ့ပါဘူး။

ပရီးမီးယားလိ္ဂ္ ရဲ႕ စံခ်ိန္တင္ သြင္းဂိုးရွင္ ရီွးယားရား ဟာ လြန္ခဲ့တဲ့ ၁၉၉၆ ကေန ၂၀၀၆ ထိ နယူးကာဆယ္ အတြက္ ကစား ေပးခဲ့ျပီး သြင္းဂိုး ၂၀၆ ဂိုးထိ သြင္းယူ ေပးခဲ့ပါတယ္။ ဒါေပမယ္လည္း နယူးကာဆယ္ ကြငး္ဟာ ရွီးယားရားရဲ႕ စိတ္ၾကိဳက္ အေငြ႕အသက္ေတြ ေပးစြမ္း ႏိုင္တဲ့ကြင္း ၃ ကြင္းမွာ မပါ ခဲ့ပါဘူး။

ရွီးယားရား က “ အဂၤလန္ လက္ေရြးစင္ ကစားသမား ဘ၀ မွာတုန္းက အေကာင္းဆံုး အေငြ႕အသက္ နဲ႕ ကၽြန္ေတာ္ ကစား ခဲ့ဖူးတဲ့ ပြဲကေတာ့ လြန္ခဲ့တဲ့ ယူရုိ ၉၆ က ေဟ္ာလန္ နဲ႕ ၀င္ဘာေလမွာ ကစား ခဲ့တဲ့ ပြဲျဖစ္ပါတယ္။ တစ္ကြင္းလံုး အျပင္းအထန္ အားေပး ေနၾကတာပါ။ ျပီးေတာ့ အန္ဖီးဟာ အေကာင္းဆံုး ကြင္းတစ္ကြင္း ျဖစ္တယ္လို႕ ကၽြန္ေတာ္ အျမဲ ခံစား မိပါတယ္။ သူတုိ႕ရဲ႕ အရူးအမူး ျဖစ္မွဳနဲ႕ လီဗာပူး ပရိတ္သတ္ေတြရဲ႕ သိနားလည္မွဳ ေတြေၾကာင့္ပါ။ ေနာက္တစ္ခု ကေတာ့ ကၽြန္ေတာ္ နယူးကာဆယ္ နဲ႕ ဥေရာပ ပြဲ သြားကစား ခဲ့တုန္းက မာေဆး အသင္းရဲ႕ကြင္း ပါပဲ။ အေငြ႕အသက္ဟာ အရမ္းကို ခမ္းနား လွပါတယ္။ ဒီ ၃ ကြင္းဟာ အေကာင္းဆံုးလို႕ ကၽြန္ေတာ္ ယူဆမိ ပါတယ္။” လို႕ ဆုိခဲ့ ပါတယ္။

ပရီးမီးယားလိဂ် ချန်ပီယံဆုကို အဆုံးအဖြတ် ပေးသွားမယ့် ပွဲစဉ်ကို ထုတ်ဖော်လိုက်တဲ့ အလန်ရှီးယားရား

ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း အလန်ရှီးယားရား က လာမည့် မန်ချက်စတာ ဒါဘီ ပွဲစဉ်ဟာ ဒီရာသီ Title race အတွက် အဓိက အခန်းကဏ္ဍ ကနေ ပါ၀င် လိမ့်မယ်လို့ ယုံကြည် နေပါတယ်။ လီဗာပူး အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ထိပ်မှာ အနီးကပ်ဆုံး ပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းကို ၂ မှတ် အသာနဲ့ ဦးဆောင်လျက် ရှိနေကာ ၆ ပွဲကစားဖို့ ကျန်နေ ပါသေးတယ်။

တနင်္ဂနွေနေ့က တော့တင်ဟမ်ကို အန်ဖီးမှာ အနို်င်ရရှိ ခဲ့တာကြောင့် လီဗာပူး ဟာ လက်ရှိ ချန်ပီယံကို ကျော်ဖြတ်ကာ အမှတ်ပေး ဇယားထိပ်ကို ပြန်လည် တက်လှမ်း ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ လက်ကျန် တစ်ပွဲ ကစားဖို့ ကျန်နေ သေးပြီး မန်စီးတီး ဟာ ၂၀၁၉ ခုနှစ် အတွင်း ပြိုင်ပွဲစုံမှာ ရှုံးပွဲ တစ်ပွဲပဲ ကြံုခဲ့ရတဲ့ အထိ ရလဒ်တွေ အထူး ကောင်းမွန် နေပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က ဘလက်ဘန်း အသင်းနဲ့ ပရီးမီးယားလိဂ် ဖလားကို ရယူ နိုင်ခဲ့တဲ့ အလန် ရှီးယားရား က ပရီးမီးယားလိဂ် Title race ဟာ မပြီးသေး ဘူးလို့ ဆိုသွား ပါတယ်။

ရှီးယားရား က “ လီဗာပူး အသင်း အနေနဲ့ တနင်္ဂနွေနေ့ ကသာ တော့တင်ဟမ် ကို အနိုင် မရရှိ ခဲ့ဘူး ဆိုရင် တကယ့်ကို ကပ်ဆိုးကြီး ပါပဲ။ အထူး သဖြင့် မန်ချက်စတာ စီးတီး အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ကာဒစ် စီးတီး နဲ့ ကစား ရမှာ ဖြစ်နေတာကြောင့် မို့လို့ပါ။

အခု ဆိုရင် လူတိုင်းလူတိုင်းဟာ လာမည့် ဧပြီလ ၂၄ ရက်နေ့မှာ ကစား သွားရမယ့် မန်ချက်စတာယူနိုက်တက် Vs မန်စီးတီး တို့ရဲ့ မန်ချက်စတာ ဒါဘီ ကို အဓိက အဆုံးအဖြတ် ပေးသွားမယ့် ပွဲအနေနဲ့ မြင်နေ ကြပါတယ်။ ဒါပေမယ့် လီဗာပူး အသင်း စပါး ကို အနိုင် မရ ခဲ့ပေမယ့် စီးတီး တို့ အိုးထရပ်ဖို့ဒ် မှာ ယူနိုက်တက်ကို ရှုံးနိမ့် ခဲ့မယ် ဆိုရင် ကလော့ရဲ့ အသင်းဟာ အမှတ်ပေး ဖလား ဆွတ်ခူးနိုင်ဖို့ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် PL Title race မှာ ဒီပွဲဟာ အရေး အကြီးဆုံး နေ့တစ်နေ့ ဖြစ်လာ ပါလိမ့်မယ်။” လို့ ဆိုသွား ပါတယ်။

ဆက်လက်ပြီး အလန်းရှီးယားရား က သူ့ကစားသမား ဘဝ မှာ အကောင်းဆုံး အငွေ့အသက်တွေ ကြားမှာ ကစား ခဲ့ရဖူးတဲ့ ကွင်းသုံးကွင်းကို ရွေးချယ် ပေးသွား ခဲ့ပြီး အံ့အားသင့်စရာ အနေနဲ့ ၎င်းရဲ့ အသင်းဟောင်း နယူးကာဆယ် အသင်းရဲ့ စိန့်ဂျိမ်းပက် ကွင်းကတော့ ပါ၀င် ခဲ့ခြင်း မရှိ ခဲ့ပါဘူး။

ပရီးမီးယားလိ်ဂ် ရဲ့ စံချိန်တင် သွင်းဂိုးရှင် ရှီးယားရား ဟာ လွန်ခဲ့တဲ့ ၁၉၉၆ ကနေ ၂၀၀၆ ထိ နယူးကာဆယ် အတွက် ကစား ပေးခဲ့ပြီး သွင်းဂိုး ၂၀၆ ဂိုးထိ သွင်းယူ ပေးခဲ့ပါတယ်။ ဒါပေမယ်လည်း နယူးကာဆယ် ကွငး်ဟာ ရှီးယားရားရဲ့ စိတ်ကြိုက် အငွေ့အသက်တွေ ပေးစွမ်း နိုင်တဲ့ကွင်း ၃ ကွင်းမှာ မပါ ခဲ့ပါဘူး။

ရှီးယားရား က “ အင်္ဂလန် လက်ရွေးစင် ကစားသမား ဘဝ မှာတုန်းက အကောင်းဆုံး အငွေ့အသက် နဲ့ ကျွန်တော် ကစား ခဲ့ဖူးတဲ့ ပွဲကတော့ လွန်ခဲ့တဲ့ ယူရို ၉၆ က ဟေ်ာလန် နဲ့ ၀င်ဘာလေမှာ ကစား ခဲ့တဲ့ ပွဲဖြစ်ပါတယ်။ တစ်ကွင်းလုံး အပြင်းအထန် အားပေး နေကြတာပါ။ ပြီးတော့ အန်ဖီးဟာ အကောင်းဆုံး ကွင်းတစ်ကွင်း ဖြစ်တယ်လို့ ကျွန်တော် အမြဲ ခံစား မိပါတယ်။ သူတို့ရဲ့ အရူးအမူး ဖြစ်မှုနဲ့ လီဗာပူး ပရိတ်သတ်တွေရဲ့ သိနားလည်မှု တွေကြောင့်ပါ။ နောက်တစ်ခု ကတော့ ကျွန်တော် နယူးကာဆယ် နဲ့ ဥရောပ ပွဲ သွားကစား ခဲ့တုန်းက မာဆေး အသင်းရဲ့ကွင်း ပါပဲ။ အငွေ့အသက်ဟာ အရမ်းကို ခမ်းနား လှပါတယ်။ ဒီ ၃ ကွင်းဟာ အကောင်းဆုံးလို့ ကျွန်တော် ယူဆမိ ပါတယ်။” လို့ ဆိုခဲ့ ပါတယ်။