မေန႕က ပြဲၾကိဳ သတင္းစာ ရွင္လင္းပြဲ မွာ လီဗာပူး အသင္း မန္ေနဂ်ာ ယာဂင္ ကေလာ့ပ္ ဟာ ခ်ယ္လ္ဆီး အသင္း မွာ လတ္တေလာ ေျခစြမ္း အေတာ္ေလး ေတာက္ပ ေနတဲ့ လူငယ္ ၾကယ္ပြင့္ ၂ဦး ျဖစ္တဲ့ ေမဆင္ေမာင့္ ၊ တမ္မီ ေအဘရာဟမ္ တို႕ကို ယခု အေျပာင္းအေရႊ႕ ေပါက္ေစ်း နဲ႕ ဆိုရင္ အနည္းဆံုး ေပါင္သန္း ၆၀ တန္ေၾကး ရွိႏိုင္တယ္ လို႕ ခ်ီးက်ဴး ေျပာဆို ခဲ့ပါတယ္ ။

ဒါ့အျပင္ ကေလာ့ပ္ ဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ Transfer ban ကိုင္တြယ္ပံု ကို ခ်ီးက်ဴး ေျပာေို ခဲ့သလို ဥေရာပ ကလပ္ ေတြထဲမွာ ဒီလို ျပစ္ဒဏ္ အခ်ခံ ရခ်ိန္ အသင္း ကို ပံုမပ်က္ေအာင္ လုပ္ေဆာင္ သြားႏိုင္မယ့္ ကလပ္ ဟာ ခ်ယ္လ္ဆီး တသင္းတည္းသာ ရွိႏိုင္ေၾကာင္း မွတ္ခ်က္ျပဳ ေျပာဆို ခဲ့ပါတယ္ ။

မနက္ျဖန္ ည မွာ ခ်ယ္လ္ဆီး နဲ႕ လီဗာပူး အသင္း တို႕ဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ ရဲ႕ Super Sunday ပြဲစဥ္ အျဖစ္ စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ အၾကိတ္အနယ္ ယွဥ္ျပိဳင္ ၾကဖို႕ ရွိေနျပီး လီဗာပူး ကလည္း လက္ရွိ ရာႏႈန္းျပည့္ ႏိုင္ပြဲ မွတ္တမ္း ကို ဆက္လက္ ထိန္းသိမ္းဖို႕ ၾကိဳးစား လာမွာ ျဖစ္သလို ၊ ခ်ယ္လ္ဆီး အသင္း ဖက္ကလည္း ဒီႏွစ္ ေဘာလံုး ရာသီ အတြက္ ပထမဆံုး အိမ္ကြင္း ႏိုင္ပြဲ အတြက္ အထူး ၾကိဳးစား လာႏိုင္ပါတယ္ ။

ကေလာ့ပ္ ရဲ႕ ခ်ယ္လ္ဆီး အသင္းသား ေတြ အေပၚ ခ်ီးက်ဴး ေျပာဆို ခဲ့မႈ နဲ႕ ပတ္သက္ျပီး မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာ ဖရန္႕ လမ္းပတ္ က ” ကြ်န္ေတာ့ အတြက္ ေျမွာက္ပင့္ ေျပာဆို ေနတာ ေတြ မလိုအပ္ပါဘူး ။ ကြ်န္ေတာ္ ဟာ ယာဂင္ အေပၚ အေတာ္ေလး ေလးစားမႈ ရွိပါတယ္ ။ ျပီးခဲ့တဲ့ ဥေရာပ စူပါဖလား မွာ သူနဲ႕ အတူ ယွဥ္ျပိဳင္ ရင္ဆိုင္ခြင့္ ရခဲ့တာ ဟာ ကြ်န္ေတာ့ အတြက္ တကယ္ေကာင္းတဲ့ အရာ ျဖစ္ခဲ့ပါတယ္ ။ ”

” ကြ်န္ေတာ္ ဟာ သူ လီဗာပူး အသင္း ကို ေရာက္ရွိ လာတဲ့ ပံုစံ ၊ အသင္း ကို ဘယ္လို ပံုစံသြင္းျပီး ေလ့က်င့္ေစခဲ့တာ ေတြရယ္ ၊ သူ႕ရဲ႕ ကိုယ္ပိုင္ဟန္ ေတြနဲ႕ အရည္အခ်င္း ေတြ အေပၚ အေတာ္ သေဘာက် မိပါတယ္ ။ ဒါေတြတင္ မဟုတ္ပါဘူး ။ သူ႕ရဲ႕ ပရို ပီသမႈေတြ ၊ ကိုယ့္နည္း ကိုယ့္ဟန္ နဲ႕ ၾကိဳးစားပံုေတြ အားလံုး ကို ကြ်န္ေတာ္ ေလးစားပါတယ္ ။ ဒီလို ပံုစံ ေတြေၾကာင့္ သူဟာ အမွန္တကယ္ ေအာင္ျမင္သင့္ ၊ ေအာင္ျမင္ထိုက္တဲ့ မန္ေနဂ်ာ တေယာက္ ျဖစ္လာတာပါ ။ ”

” ဒါေၾကာင့္မို႕ သူ႕လိုမ်ိဳး အေတြ႕အၾကံဳ ရင့္က်က္ျပီး ၊ အံ့ၾသဖြယ္ ေကာင္းတဲ့ မန္ေနဂ်ာ တဦး ဆီကေန အၾကံျပဳ စကား ေတြ ကြ်န္ေတာ္ နာယူ သြားဖို႕ ရွိပါတယ္ ။ ေနာက္ျပီး သူဟာ ကြ်န္ေတာ့ အသင္း က ကစားသမား ေတြရဲ႕ ၾကိဳးစားပံု ၊ ေျခစြမ္း တိုးတက္လာပံု နဲ႕ သူတို႕ ေတြကို ဒီအတိုင္း ဆက္ျပီး ေျခစြမ္း ျပႏိုင္ဖို႕ ေမွ်ာ္လင့္ မိတဲ့ အေၾကာင္း ၊ စသျဖင့္ ေျပာဆို ခဲ့တာပါ ။ ”

” အကယ္၍ ကြ်န္ေတာ္ တို႕ဟာ ဒီလို တဦးခ်င္း စြမ္းရည္ေကာင္း ေတြ ပိုင္ဆိုင္ ထားတဲ့ ကစားသမားေကာင္း ေတြ အေၾကာင္း ေဆြးေႏြးမယ္ ဆိုရင္ေတာ့ သူတို႕ ေတြ အတြက္ အရမ္း ေကာင္းတဲ့ မွတ္ခ်က္ ေတြ ျဖစ္လာမွာပါ ။ ဒါေပမယ့္ ကြ်န္ေတာ္ သူတို႕ကို အျမဲ ေျပာေလ့ ရွိတာက ဒီလိုမ်ိဳး ခ်ီးက်ဴး ေျမွာက္ပင့္မႈ ေတြမွာ မသာယာ ေနဖို႕ပါ ။ သူတို႕ အားလံုး တက္လမ္း အတြက္ ၊ ပိုေကာင္းတဲ့ ကစားသမား ေတြ ျဖစ္လာဖို႕ ၾကိဳးစား ရမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး နဲ႕ လီဗာပူး အသင္း တို႕ဟာ ဒီရာသီ ဥေရာပ စူပါဖလား ဗုိလ္လုပြဲ မွာ တၾကိမ္ ထိပ္တိုက္ ရင္ဆိုင္ ထားခဲ့ျပီး တဖက္ နဲ႔ တဖက္ အျပန္အလွန္ ေျခစြမ္း ေတြနဲ႕ အတူ သာမန္ ပြဲခ်ိန္ အတြင္း တဖက္ ၂ဂိုးစီ သေရ ရလဒ္ ထြက္ေပၚ ခဲ့ျပီး ပင္နယ္တီ အဆံုးအျဖတ္ မွာမွ လီဗာပူး အသင္း က ခ်ယ္လ္ဆီး အသင္း ကို ၅ – ၄ နဲ႕ အႏိုင္ ရခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ယာဂင် ကလော့ပ် ရဲ့ ချယ်လ်ဆီး လူငယ် တွေ အပေါ် ချီးကျူးမှု နဲ့ ပတ်သက်ပြီး တုန့်ပြန် ပြောကြားလိုက်တဲ့ #လမ်းပတ်

မနေ့က ပွဲကြို သတင်းစာ ရှင်လင်းပွဲ မှာ လီဗာပူး အသင်း မန်နေဂျာ ယာဂင် ကလော့ပ် ဟာ ချယ်လ်ဆီး အသင်း မှာ လတ်တလော ခြေစွမ်း အတော်လေး တောက်ပ နေတဲ့ လူငယ် ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ မေဆင်မောင့် ၊ တမ်မီ အေဘရာဟမ် တို့ကို ယခု အပြောင်းအရွှေ့ ပေါက်စျေး နဲ့ ဆိုရင် အနည်းဆုံး ပေါင်သန်း ၆၀ တန်ကြေး ရှိနိုင်တယ် လို့ ချီးကျူး ပြောဆို ခဲ့ပါတယ် ။

ဒါ့အပြင် ကလော့ပ် ဟာ ချယ်လ်ဆီး အသင်း ရဲ့ Transfer ban ကိုင်တွယ်ပုံ ကို ချီးကျူး ပြောေို ခဲ့သလို ဥရောပ ကလပ် တွေထဲမှာ ဒီလို ပြစ်ဒဏ် အချခံ ရချိန် အသင်း ကို ပုံမပျက်အောင် လုပ်ဆောင် သွားနိုင်မယ့် ကလပ် ဟာ ချယ်လ်ဆီး တသင်းတည်းသာ ရှိနိုင်ကြောင်း မှတ်ချက်ပြု ပြောဆို ခဲ့ပါတယ် ။

မနက်ဖြန် ည မှာ ချယ်လ်ဆီး နဲ့ လီဗာပူး အသင်း တို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ရဲ့ Super Sunday ပွဲစဉ် အဖြစ် စတမ်းဖို့ဒ် ဘရစ်ချ် မှာ အကြိတ်အနယ် ယှဉ်ပြိုင် ကြဖို့ ရှိနေပြီး လီဗာပူး ကလည်း လက်ရှိ ရာနှုန်းပြည့် နိုင်ပွဲ မှတ်တမ်း ကို ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစား လာမှာ ဖြစ်သလို ၊ ချယ်လ်ဆီး အသင်း ဖက်ကလည်း ဒီနှစ် ဘောလုံး ရာသီ အတွက် ပထမဆုံး အိမ်ကွင်း နိုင်ပွဲ အတွက် အထူး ကြိုးစား လာနိုင်ပါတယ် ။

ကလော့ပ် ရဲ့ ချယ်လ်ဆီး အသင်းသား တွေ အပေါ် ချီးကျူး ပြောဆို ခဲ့မှု နဲ့ ပတ်သက်ပြီး မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ ဖရန့် လမ်းပတ် က ” ကျွန်တော့ အတွက် မြှောက်ပင့် ပြောဆို နေတာ တွေ မလိုအပ်ပါဘူး ။ ကျွန်တော် ဟာ ယာဂင် အပေါ် အတော်လေး လေးစားမှု ရှိပါတယ် ။ ပြီးခဲ့တဲ့ ဥရောပ စူပါဖလား မှာ သူနဲ့ အတူ ယှဉ်ပြိုင် ရင်ဆိုင်ခွင့် ရခဲ့တာ ဟာ ကျွန်တော့ အတွက် တကယ်ကောင်းတဲ့ အရာ ဖြစ်ခဲ့ပါတယ် ။ ”

” ကျွန်တော် ဟာ သူ လီဗာပူး အသင်း ကို ရောက်ရှိ လာတဲ့ ပုံစံ ၊ အသင်း ကို ဘယ်လို ပုံစံသွင်းပြီး လေ့ကျင့်စေခဲ့တာ တွေရယ် ၊ သူ့ရဲ့ ကိုယ်ပိုင်ဟန် တွေနဲ့ အရည်အချင်း တွေ အပေါ် အတော် သဘောကျ မိပါတယ် ။ ဒါတွေတင် မဟုတ်ပါဘူး ။ သူ့ရဲ့ ပရို ပီသမှုတွေ ၊ ကိုယ့်နည်း ကိုယ့်ဟန် နဲ့ ကြိုးစားပုံတွေ အားလုံး ကို ကျွန်တော် လေးစားပါတယ် ။ ဒီလို ပုံစံ တွေကြောင့် သူဟာ အမှန်တကယ် အောင်မြင်သင့် ၊ အောင်မြင်ထိုက်တဲ့ မန်နေဂျာ တယောက် ဖြစ်လာတာပါ ။ ”

” ဒါကြောင့်မို့ သူ့လိုမျိုး အတွေ့အကြုံ ရင့်ကျက်ပြီး ၊ အံ့သြဖွယ် ကောင်းတဲ့ မန်နေဂျာ တဦး ဆီကနေ အကြံပြု စကား တွေ ကျွန်တော် နာယူ သွားဖို့ ရှိပါတယ် ။ နောက်ပြီး သူဟာ ကျွန်တော့ အသင်း က ကစားသမား တွေရဲ့ ကြိုးစားပုံ ၊ ခြေစွမ်း တိုးတက်လာပုံ နဲ့ သူတို့ တွေကို ဒီအတိုင်း ဆက်ပြီး ခြေစွမ်း ပြနိုင်ဖို့ မျှော်လင့် မိတဲ့ အကြောင်း ၊ စသဖြင့် ပြောဆို ခဲ့တာပါ ။ ”

” အကယ်၍ ကျွန်တော် တို့ဟာ ဒီလို တဦးချင်း စွမ်းရည်ကောင်း တွေ ပိုင်ဆိုင် ထားတဲ့ ကစားသမားကောင်း တွေ အကြောင်း ဆွေးနွေးမယ် ဆိုရင်တော့ သူတို့ တွေ အတွက် အရမ်း ကောင်းတဲ့ မှတ်ချက် တွေ ဖြစ်လာမှာပါ ။ ဒါပေမယ့် ကျွန်တော် သူတို့ကို အမြဲ ပြောလေ့ ရှိတာက ဒီလိုမျိုး ချီးကျူး မြှောက်ပင့်မှု တွေမှာ မသာယာ နေဖို့ပါ ။ သူတို့ အားလုံး တက်လမ်း အတွက် ၊ ပိုကောင်းတဲ့ ကစားသမား တွေ ဖြစ်လာဖို့ ကြိုးစား ရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး နဲ့ လီဗာပူး အသင်း တို့ဟာ ဒီရာသီ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မှာ တကြိမ် ထိပ်တိုက် ရင်ဆိုင် ထားခဲ့ပြီး တဖက် နဲ့ တဖက် အပြန်အလှန် ခြေစွမ်း တွေနဲ့ အတူ သာမန် ပွဲချိန် အတွင်း တဖက် ၂ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် မှာမှ လီဗာပူး အသင်း က ချယ်လ်ဆီး အသင်း ကို ၅ – ၄ နဲ့ အနိုင် ရခဲ့ပါတယ် ။

SPORTS MYANMAR