ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္ တိုက္စစ္ ကစားသမား ေမဆင္ေမာင့္ ဟာ ျပီးခဲ့တဲ့ ၾကားရက္ က ကစား သြားခဲ့တဲ့ ဗလင္စီယာ အသင္း နဲ႕ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ အဖြင့္ ပြဲစဥ္ မွာ ဗလင္စီယာ ကြင္းလယ္ အဖ်က္ ကစားသမား ကိုကြီလင္ ရဲ႕ ၾကမ္းတမ္း တဲ့ ဖ်က္ထုတ္ပံု ေၾကာင့္ ေျခက်င္းဝတ္ ဒဏ္ရာ ရခဲ့ကာ အေစာပိုင္း သတင္း ေတြ အရေတာ့ မနက္ျဖန္ မွာ ကစားမယ့္ လီဗာပူး နဲ႕ ပြဲစဥ္ အတြက္ေတာ့ ပါဝင္ဖို႕ မေသခ်ာပဲ ရွိေနပါတယ္ ။

ေမာင့္ ရဲ႕ ဒဏ္ရာ ဟာ မျပင္းထန္ ေပမယ့္ နည္းျပ ျဖစ္သူ ဖရန္႕ လမ္းပတ္ ဟာ အရဲစြန္႕ ျပီး ၄င္းကို ပြဲထုတ္ဖို႔ မရွိေလာက္ဘူး လို႕ အမ်ားက ခန္႕မွန္း ေနၾကပါတယ္ ။ သို႕ေပမယ့္ လည္း မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ဖရန္႕ လမ္းပတ္ က ေမဆင္ေမာင့္ ဟာ မနက္ျဖန္ လီဗာပူး နဲ႕ ပြဲမွာ ပါဝင္ ကစားႏိုင္ဖို႕ အခြင့္အေရး ရွိေနတယ္ လို႕ အရိပ္အျမြက္ ဆိုခဲ့ပါတယ္ ။

လမ္းပတ္ က ” ကြ်န္ေတာ္ တို႕ဟာ ေမဆင္ ဒဏ္ရာ ရသြားတဲ့ ေနရာ ကို scan ဖတ္ၾကည့္ေတာ့ သူ႕ရဲ႕ ဒဏ္ရာ က ထင္သေလာက္ မျပင္းထန္ဘူး လို႕ အသင္း ရဲ႕ ဆရာဝန္ ေတြက ေျပာပါတယ္ ။ ဒါေၾကာင့္မို႕ သူဟာ လီဗာပူး နဲ႕ ပြဲကို ပါဝင္ဖို႕ အခြင့္အေရး ရွိေနပါတယ္ ။ အရမ္းၾကီး မဆိုးရြားဖို႕ေတာ့ ကြ်န္ေတာ္ ေမွ်ာ္လင့္ ထားေပမယ့္ ကြ်န္ေတာ္ တို႕ဟာ သူ႕ကို ဒီေန႕မွာ ၾကံ့ခိုင္မႈ အေျခအေန တိုးတက္လာဖို႕ အတြက္ အတတ္ႏိုင္ဆံုး ကူညီ လုပ္ေဆာင္ ေပးေနၾကပါတယ္ ။ ”

” တခု ရွိတာက ကြ်န္ေတာ့ အေနနဲ႕ သူ႕ကို လီဗာပူး နဲ႕ ပြဲမွာ ေပးကစား ႏိုင္မလား ဆိုတာ ကေတာ့ အဲ့ဒီ ေန႕ ပြဲစခါနီး မွာ သိရမွာပါ ။ ကြ်န္ေတာ္ တို႕ သူ႕ကို အျမန္ဆံုး ၾကံ့ခိုင္မႈ ျပန္ျပည့္ လာေစဖို႕ ၾကိဳးစား ေနပါတယ္ ။ ေမဆင္ နဲ႕ ပတ္သက္ျပီး ေကာင္းတဲ့ အရာ တခု က သူဟာ ခ်ယ္လ္ဆီး အသင္း အတြက္ ဘယ္လို အေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ ၊ အေကာင္းဆံုး ေပးဆပ္ သြားခ်င္တဲ့ စိတ္ဓာတ္ နဲ႕ ခံယူခ်က္ ရွိေနတာပါ ။ ”

” ဒါေၾကာင့္မို႕ ကြ်န္ေတာ္ တို႕ ဖက္က သူ႕ကို လီဗာပူး နဲ႕ ပြဲမွာ ထည့္သံုးလို႕ ရမယ့္ အခြင့္အေရး မွန္သမွ် အကုန္ အသံုးခ် သြားမွာပါ ။ သူ႕ရဲ႕ ေျခက်င္းဝတ္ ေနရာ မွာ အေတာ္ေလး ေယာင္ကိုင္း ေနျပီး အေကာင္းဆံုး အေျခအေန တခု မွာ မရွိေနတာေတာ့ ေသခ်ာပါတယ္ ။ ကြ်န္ေတာ့ ရဲ႕ ကစားသမား ဘဝ က အေတြ႕အၾကံဳ အရ ဆိုရင္ေတာ့ ေျခက်င္းဝတ္ မွာ အေတာ္ေလး ဒဏ္ရာ ရေနတာ လို႕ ထင္ပါတယ္ ။ ”

” အဲ့ဒီ ေျခက်င္းဝတ္ ေနရာ မွာ ဒဏ္ရာ က အေတာ္ေလး ျပင္းထန္ ေနမယ္ ဆိုရင္ေတာ့ ကြ်န္္ေတာ္ တို႕ဖက္ က လုပ္ေပး ႏိုင္တာ ဘာမွ မရွိသေလာက္ပါပဲ ။ ေယာင္ေနတယ္ ဆိုရင္ ဒဏ္ရာ ျဖစ္ေနတဲ့ ေနရာ ကို ပတ္တီးတပ္ ကစား ရမွာပါ ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဟာ ေနာက္ဆက္တြဲ ဒဏ္ရာ ေတြ အတြက္ သူ႕ကို ထပ္ျပီး အရဲ မစြန္႕ ေစခ်င္ပါဘူး ။ အကယ္၍ ရလဒ္ေကာင္း ရဖို႕ လုိေနတယ္ ဆိုရင္ေတာင္ ရွိတဲ့ ကစားသမား ေတြနဲ႕ အေကာင္းဆံုး ေရွ႕ဆက္ ႏိုင္ဖို႕ ၾကိဳးစား သြားမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

တဖက္ မွာလည္း ဒူးဒဏ္ရာ က ျပန္ေကာင္း လာေပမယ့္ ၾကံ့ခိုင္မႈ မျပည့္ေသးတာေၾကာင့္ ခ်ယ္လ္ဆီး အတြက္ မကစား ေပးႏိုင္ခဲ့တဲ့ အဓိက ကြင္းလယ္ အင္ဂ်င္ အန္ဂိုလို ကန္ေတ ဟာ ျပီးခဲ့တဲ့ ဗလင္စီယာ နဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္ မတိုင္မီ မွာ ခ်ယ္လ္ဆီး အသင္းသား ေတြနဲ႕ အတူတူ အျပည့္အဝ ေလ့က်င့္ေရး ဆင္းႏိုင္ခဲ့ပါတယ္ ။

ကန္ေတ နဲ႕ ပတ္သက္ျပီး လမ္းပတ္ က ” ဟုတ္ပါတယ္ ။ ကန္ေတ ကြ်န္ေတာ္ တို႕နဲ႕ အတူ ေလ့က်င့္ေရး အစီအစဥ္ ေတြ စတင္ ႏိုင္တာ ဟာ အသင္း ရဲ႕ အင္းအား အတြက္ တကယ္ ၾကီးမားတဲ့ အားျဖည့္မႈ တခု ပါပဲ ။ သူ ကစားဖူးသမွ် အသင္း ေတြ အတြက္ သူဟာ ဘယ္ေလာက္ အထိ အေရးပါတဲ့ ကစားသမား ျဖစ္ေနလဲ ဆိုတာ ကြ်န္ေတာ္ တို႕ အားလံုး သိထားျပီးသားပါ ။ ”

” တခု ရွိတာ က သူ႕ရဲ႕ ၾကံ့ခိုင္မႈ အေျခအေန ပါ ။ သူဟာ ျပီးခဲ့တဲ့ ရာသီ ျပီးခါနီး ကတည္းက ဒဏ္ရာ ေၾကာင့္ ပြဲကစားခြင့္ မရလာ ခဲ့တာ အေတာ္ၾကာပါျပီ ။ သူဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာေတာ့ ကြ်န္ေတာ္ တို႕ အတြက္ ပြဲတခ်ိဳ႕ မွာ ပါဝင္ ကစား ေပးခဲ့ပါတယ္ ။ ဒါေပမယ့္ ရာသီၾကိဳ ခရီးစဥ္ မွာ မပါဝင္ ခဲ့ရတဲ့ အတြက္ သူ ကြ်န္ေတာ္ တို႕နဲ႕ အတူ ဘယ္ေလာက္ အတိုင္းအတာ အထိ ကစားေပးႏိုင္မလဲ ဆိုတာ တိတိက်က် ေျပာလို႕ မရေသးပါဘူး ။ ဘယ္လိုပဲ ျဖစ္ျဖစ္ သူ ကြ်န္ေတာ္ တို႕နဲ႕ အတူ ေလ့က်င့္ေရး အစီအစဥ္ ေတြ စတင္ႏိုင္တာက အရမ္း ေကာင္းတဲ့ အေျခအေန တခု ျဖစ္ေနပါျပီ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

မေဆင်မောင့် နဲ့ ကန်တေ တို့ကို လီဗာပူး နဲ့ ပွဲမှာ ထုတ်သုံး နိုင်လား ဆိုတဲ့ မေးခွန်း အပေါ် တုန့်ပြန် ဖြေကြား ခဲ့တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် ဟာ ပြီးခဲ့တဲ့ ကြားရက် က ကစား သွားခဲ့တဲ့ ဗလင်စီယာ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် အဖွင့် ပွဲစဉ် မှာ ဗလင်စီယာ ကွင်းလယ် အဖျက် ကစားသမား ကိုကွီလင် ရဲ့ ကြမ်းတမ်း တဲ့ ဖျက်ထုတ်ပုံ ကြောင့် ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့ကာ အစောပိုင်း သတင်း တွေ အရတော့ မနက်ဖြန် မှာ ကစားမယ့် လီဗာပူး နဲ့ ပွဲစဉ် အတွက်တော့ ပါဝင်ဖို့ မသေချာပဲ ရှိနေပါတယ် ။

မောင့် ရဲ့ ဒဏ်ရာ ဟာ မပြင်းထန် ပေမယ့် နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ဟာ အရဲစွန့် ပြီး ၄င်းကို ပွဲထုတ်ဖို့ မရှိလောက်ဘူး လို့ အများက ခန့်မှန်း နေကြပါတယ် ။ သို့ပေမယ့် လည်း မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဖရန့် လမ်းပတ် က မေဆင်မောင့် ဟာ မနက်ဖြန် လီဗာပူး နဲ့ ပွဲမှာ ပါဝင် ကစားနိုင်ဖို့ အခွင့်အရေး ရှိနေတယ် လို့ အရိပ်အမြွက် ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော် တို့ဟာ မေဆင် ဒဏ်ရာ ရသွားတဲ့ နေရာ ကို scan ဖတ်ကြည့်တော့ သူ့ရဲ့ ဒဏ်ရာ က ထင်သလောက် မပြင်းထန်ဘူး လို့ အသင်း ရဲ့ ဆရာဝန် တွေက ပြောပါတယ် ။ ဒါကြောင့်မို့ သူဟာ လီဗာပူး နဲ့ ပွဲကို ပါဝင်ဖို့ အခွင့်အရေး ရှိနေပါတယ် ။ အရမ်းကြီး မဆိုးရွားဖို့တော့ ကျွန်တော် မျှော်လင့် ထားပေမယ့် ကျွန်တော် တို့ဟာ သူ့ကို ဒီနေ့မှာ ကြံ့ခိုင်မှု အခြေအနေ တိုးတက်လာဖို့ အတွက် အတတ်နိုင်ဆုံး ကူညီ လုပ်ဆောင် ပေးနေကြပါတယ် ။ ”

” တခု ရှိတာက ကျွန်တော့ အနေနဲ့ သူ့ကို လီဗာပူး နဲ့ ပွဲမှာ ပေးကစား နိုင်မလား ဆိုတာ ကတော့ အဲ့ဒီ နေ့ ပွဲစခါနီး မှာ သိရမှာပါ ။ ကျွန်တော် တို့ သူ့ကို အမြန်ဆုံး ကြံ့ခိုင်မှု ပြန်ပြည့် လာစေဖို့ ကြိုးစား နေပါတယ် ။ မေဆင် နဲ့ ပတ်သက်ပြီး ကောင်းတဲ့ အရာ တခု က သူဟာ ချယ်လ်ဆီး အသင်း အတွက် ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ၊ အကောင်းဆုံး ပေးဆပ် သွားချင်တဲ့ စိတ်ဓာတ် နဲ့ ခံယူချက် ရှိနေတာပါ ။ ”

” ဒါကြောင့်မို့ ကျွန်တော် တို့ ဖက်က သူ့ကို လီဗာပူး နဲ့ ပွဲမှာ ထည့်သုံးလို့ ရမယ့် အခွင့်အရေး မှန်သမျှ အကုန် အသုံးချ သွားမှာပါ ။ သူ့ရဲ့ ခြေကျင်းဝတ် နေရာ မှာ အတော်လေး ယောင်ကိုင်း နေပြီး အကောင်းဆုံး အခြေအနေ တခု မှာ မရှိနေတာတော့ သေချာပါတယ် ။ ကျွန်တော့ ရဲ့ ကစားသမား ဘဝ က အတွေ့အကြုံ အရ ဆိုရင်တော့ ခြေကျင်းဝတ် မှာ အတော်လေး ဒဏ်ရာ ရနေတာ လို့ ထင်ပါတယ် ။ ”

” အဲ့ဒီ ခြေကျင်းဝတ် နေရာ မှာ ဒဏ်ရာ က အတော်လေး ပြင်းထန် နေမယ် ဆိုရင်တော့ ကျွန််တော် တို့ဖက် က လုပ်ပေး နိုင်တာ ဘာမှ မရှိသလောက်ပါပဲ ။ ယောင်နေတယ် ဆိုရင် ဒဏ်ရာ ဖြစ်နေတဲ့ နေရာ ကို ပတ်တီးတပ် ကစား ရမှာပါ ။ ဒါပေမယ့် ကျွန်တော် တို့ဟာ နောက်ဆက်တွဲ ဒဏ်ရာ တွေ အတွက် သူ့ကို ထပ်ပြီး အရဲ မစွန့် စေချင်ပါဘူး ။ အကယ်၍ ရလဒ်ကောင်း ရဖို့ လိုနေတယ် ဆိုရင်တောင် ရှိတဲ့ ကစားသမား တွေနဲ့ အကောင်းဆုံး ရှေ့ဆက် နိုင်ဖို့ ကြိုးစား သွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

တဖက် မှာလည်း ဒူးဒဏ်ရာ က ပြန်ကောင်း လာပေမယ့် ကြံ့ခိုင်မှု မပြည့်သေးတာကြောင့် ချယ်လ်ဆီး အတွက် မကစား ပေးနိုင်ခဲ့တဲ့ အဓိက ကွင်းလယ် အင်ဂျင် အန်ဂိုလို ကန်တေ ဟာ ပြီးခဲ့တဲ့ ဗလင်စီယာ နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မတိုင်မီ မှာ ချယ်လ်ဆီး အသင်းသား တွေနဲ့ အတူတူ အပြည့်အဝ လေ့ကျင့်ရေး ဆင်းနိုင်ခဲ့ပါတယ် ။

ကန်တေ နဲ့ ပတ်သက်ပြီး လမ်းပတ် က ” ဟုတ်ပါတယ် ။ ကန်တေ ကျွန်တော် တို့နဲ့ အတူ လေ့ကျင့်ရေး အစီအစဉ် တွေ စတင် နိုင်တာ ဟာ အသင်း ရဲ့ အင်းအား အတွက် တကယ် ကြီးမားတဲ့ အားဖြည့်မှု တခု ပါပဲ ။ သူ ကစားဖူးသမျှ အသင်း တွေ အတွက် သူဟာ ဘယ်လောက် အထိ အရေးပါတဲ့ ကစားသမား ဖြစ်နေလဲ ဆိုတာ ကျွန်တော် တို့ အားလုံး သိထားပြီးသားပါ ။ ”

” တခု ရှိတာ က သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေ ပါ ။ သူဟာ ပြီးခဲ့တဲ့ ရာသီ ပြီးခါနီး ကတည်းက ဒဏ်ရာ ကြောင့် ပွဲကစားခွင့် မရလာ ခဲ့တာ အတော်ကြာပါပြီ ။ သူဟာ ဒီနှစ် ဘောလုံး ရာသီ မှာတော့ ကျွန်တော် တို့ အတွက် ပွဲတချို့ မှာ ပါဝင် ကစား ပေးခဲ့ပါတယ် ။ ဒါပေမယ့် ရာသီကြို ခရီးစဉ် မှာ မပါဝင် ခဲ့ရတဲ့ အတွက် သူ ကျွန်တော် တို့နဲ့ အတူ ဘယ်လောက် အတိုင်းအတာ အထိ ကစားပေးနိုင်မလဲ ဆိုတာ တိတိကျကျ ပြောလို့ မရသေးပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ ကျွန်တော် တို့နဲ့ အတူ လေ့ကျင့်ရေး အစီအစဉ် တွေ စတင်နိုင်တာက အရမ်း ကောင်းတဲ့ အခြေအနေ တခု ဖြစ်နေပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR