ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ တနဂၤေႏြေန႕ ညက တန္းဆင္းဇုန္ မွ ကာဒစ္ဖ္ အသင္း ကို အေဝးကြင္း မွာ ခက္ခက္ခဲခဲ ကစား ခဲ့ရျပီး ပြဲျပီးခါနီး မွာ အက္ဇ္ပီလီကြီတာ ၊ ရူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ တို႕ရဲ႕ သြင္းဂိုး ေတြနဲ႕ အတူ ၁ – ၂ ရလဒ္ျဖင့္ အႏိုင္ရကာ အဆင့္ေလး အတြင္း ဝင္ႏိုင္ဖို႕ အတြက္ ၄င္းရဲ႕ အထက္ မွ ျပိဳင္ဖက္ အသင္းေတြကို ဆက္လက္ ဖိအားေပး ႏိုင္ခဲ့ ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ ထို ပြဲစဥ္ မွာ ကံေကာင္းစြာ နဲ႕ အႏိုင္ ရခဲ့တာ ျဖစ္ျပီး အသင္းရဲ႕ ကစားပံု က အေတာ္ ဆိုးရြား ခဲ့ကာ အေဝးကြင္း အထိ လာေရာက္ အားေပး ခဲ့တဲ့ ခ်ယ္လ္ဆီး ပရိသတ္ ေတြ အဖို႕ အေတာ္ ကို ေဒါသထြက္ စိတ္ပ်က္ ခဲ့ရပါတယ္ ။ အထူးသျဖင့္ ပထမပိုင္း ကစား ခဲ့တဲ့ ေျခစြမ္း ဟာ အေတာ္ ကို စိတ္ပ်က္စရာ ေကာင္းခဲ့ျပီး သာမန္ ေဘာလံုး ေပးပို႕မႈ ေတြက အစ လြဲေခ်ာ္ ခဲ့ပါတယ္ ။

ဒုတိယပိုင္း မွာ လူစားလဲမႈ အခ်ိဳ႕ မွန္ကန္ ခဲ့သလို အက္ဇ္ပီလီကြီတာ ရဲ႕ ေခ်ပဂိုး ဟာ လူကြ်ံ ေနခဲ့ေပမယ့္ ကြင္းလယ္ဒိုင္ ရဲ႕ ခြင့္ျပဳ ခဲ့မႈေၾကာင့္ ခ်ယ္လ္ဆီး အသင္းသား ေတြ စိတ္ဓာတ္ ျပန္တက္ ခဲ့ရျပီး နာက်င္ အခ်ိန္ပို မွာ ေလာ့ဖ္တပ္စ္ခ်ိခ္ ရဲ႕ ေခါင္းတိုက္ အဆံုးသတ္ ႏိုင္ခဲ့မႈေၾကာင့္ အဖိုးတန္ အႏိုင္ ၃ မွတ္ ရရွိခဲ့တာ ျဖစ္ပါတယ္ ။

ေခ်ပဂိုး မရခင္အခ်ိန္ အထိ ခ်ယ္လ္ဆီး ပရိသတ္ ေတြဟာ ‘ ဆာရီ အလိုမရွိ ‘ ဆိုတဲ့ သံျပိဳင္ သီဆိုမႈ ေတြ ျပဳလုပ္ ခဲ့ၾကတာ ကို ေတြ႕ျမင္ ခဲ့ရျပီး ထို ပြဲစဥ္ မွာသာ ရႈံးနိမ့္ ခဲ့ပါက ဆာရီ ရဲ႕ အနာဂတ္ ဟာ တမ်ိဳးတဖံု ေျပာင္းလဲ သြားႏိုင္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ေနာက္ခံလူ အက္ဇ္ပီလီကြီတာ က သူ႕ အေနနဲ႕ ကစားကြက္ ဆိုးရြားမႈ အတြက္ ေဒါသထြက္ ခဲ့ၾကတဲ့ ပရိသတ္ ေတြ နဲ႕ ပတ္သက္ျပီး ေစာဒက တက္စရာ မရွိဘူး လို႕ မေန႕က ခ်ယ္လ္ဆီး တီဗြီ နဲ႕ အင္တာဗ်ဴး မွာ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ပါတယ္ ။

အက္ဇ္ပီလီကြီတာ က ” ကစားကြက္ ဆိုးရြားလို႕ သေရာ္ ခဲ့ၾကတဲ့ ပရိသတ္ ေတြနဲ႕ ပတ္သက္ျပီး ကြ်န္ေတာ့ မွာ ဘာ ေစာဒက တက္စရာမွ မရွိပါဘူး ။ ကြ်န္ေတာ္ တို႕ဟာ ပရိသတ္ ေတြ ေပ်ာ္ရႊင္ ေစဖို႕ အတြက္ အရာရာ ေပးဆပ္ဖို႕ လိုပါတယ္ ။ အခု ေနာက္ပိုင္း ပြဲစဥ္ ေတြမွာ ကြ်န္ေတာ္တို႕ အသင္းရဲ႕ စြမ္းေဆာင္ရည္ ညံ့ဖ်င္း ေနခဲ့လို႕ ပရိသတ္ ေတြ မေပ်ာ္မရႊင္ ျဖစ္ေနၾကတာ ပံုမွန္ အေနအထား တခု ပါပဲ ။ ”

” ပရိသတ္ ေတြရဲ႕ အျမင္ ျပန္ေျပာင္း ဖို႕ အတြက္ဆိုတာ ကြ်န္ေတာ္ တို႕ အေပၚမွာပဲ မူတည္ ေနပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ လာမယ့္ ၾကားရက္ မွာ ဘရိုက္တန္ ကို အိမ္ကြင္း မွာ လက္ခံ ကစား ရမွာ ျဖစ္လို႕ ကြ်န္ေတာ္ တို႕ အတြက္ အိမ္ကြင္း ပရိသတ္ ေရွ႕ေမွာက္ မွာ ကစားကြက္ ေကာင္းေကာင္း နဲ႕ ျပန္ တုန္႕ျပန္ ျပဖို႕ အခြင့္အေရး ရွိေနပါတယ္ ။ ”

” ကြ်န္ေတာ့ အျမင္မွာေတာ့ ေနာက္ဆံုး ကစားခဲ့တဲ့ ပြဲစဥ္ ၂ပြဲ ေလာက္မွာ ကြ်န္ေတာ္ တို႕ရဲ႕ ပံုမွန္ အဆင့္အတန္း မွာ ရွိမေနခဲ့ဘူး လို႕ ထင္ပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ အရင္ ကေလာက္ ဂိုးသြင္းဖို႕ အခြင့္အေရး ေတြ မလုပ္ ႏိုင္ခဲ့သလို ခံစစ္ ကလည္း သြင္းဂိုး ေတြကို လြယ္လြယ္ နဲ႕ ခြင့္ျပဳ ေနခဲ့ရပါတယ္ ။ ကြ်န္ေတာ္ တို႕ ဒီထက္ပုိျပီး မ်ားစြာ တိုးတက္ လာဖို႕ လိုေနပါျပီ ။ ေဘာလံုး ရာသီ ကလည္း ကုန္ဆံုးဖို႕ အေတာ္ နီးကပ္ လာတာေၾကာင့္ ကြ်န္ေတာ္ တို႕ ေျခစြမ္း ကို ေနာက္ထပ္ အဆင့္ တဆင့္ ကို ထပ္ျမွင့္ဖို႕ လိုအပ္ ေနပါတယ္ ။ ”

” မေန႕က ပြဲမွာ ကြ်န္ေတာ္ တို႕ဟာ အရႈံး ရလဒ္ ကေန ျပန္လာ ႏိုင္ခဲ့ပါတယ္ ။ ပံုမွန္ အားျဖင့္ ကြ်န္ေတာ္ တို႕ဟာ ျပိဳင္ဖက္ ကို သြင္းဂိုး ခြင့္ျပဳ ခဲ့ရျပီ ဆိုရင္ အႏိုင္ ရလဒ္ ကို ျပန္လာဖို႕ ခက္ခဲ ေနတတ္ပါတယ္ ။ မေန႕က ပြဲမွာ comeback တာဟာ ဒီရာသီ မွာ ဒုတိယ အၾကိမ္ေျမာက္ ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ အႏိုင္ ၃မွတ္ ရခဲ့တာ မွန္ပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဟာ ဒီထက္ ပိုျပီး က်စ္လ်စ္ တဲ့ ကစားဟန္ လိုေနသလို စြမ္းေဆာင္ရည္ လည္း ပိုေကာင္း ရပါမယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

Sarri-ball ကို လှောင်ပြောင် ခဲ့ကြတဲ့ ချယ်လ်ဆီး ပရိသတ် တွေနဲ့ ပတ်သက်ပြီး မှတ်ချက် စကား ဆိုသွားခဲ့တဲ့ #အက်ဇ်ပီလီကွီတာ

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညက တန်းဆင်းဇုန် မှ ကာဒစ်ဖ် အသင်း ကို အဝေးကွင်း မှာ ခက်ခက်ခဲခဲ ကစား ခဲ့ရပြီး ပွဲပြီးခါနီး မှာ အက်ဇ်ပီလီကွီတာ ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ၁ – ၂ ရလဒ်ဖြင့် အနိုင်ရကာ အဆင့်လေး အတွင်း ဝင်နိုင်ဖို့ အတွက် ၄င်းရဲ့ အထက် မှ ပြိုင်ဖက် အသင်းတွေကို ဆက်လက် ဖိအားပေး နိုင်ခဲ့ ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ထို ပွဲစဉ် မှာ ကံကောင်းစွာ နဲ့ အနိုင် ရခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ကစားပုံ က အတော် ဆိုးရွား ခဲ့ကာ အဝေးကွင်း အထိ လာရောက် အားပေး ခဲ့တဲ့ ချယ်လ်ဆီး ပရိသတ် တွေ အဖို့ အတော် ကို ဒေါသထွက် စိတ်ပျက် ခဲ့ရပါတယ် ။ အထူးသဖြင့် ပထမပိုင်း ကစား ခဲ့တဲ့ ခြေစွမ်း ဟာ အတော် ကို စိတ်ပျက်စရာ ကောင်းခဲ့ပြီး သာမန် ဘောလုံး ပေးပို့မှု တွေက အစ လွဲချော် ခဲ့ပါတယ် ။

ဒုတိယပိုင်း မှာ လူစားလဲမှု အချို့ မှန်ကန် ခဲ့သလို အက်ဇ်ပီလီကွီတာ ရဲ့ ချေပဂိုး ဟာ လူကျွံ နေခဲ့ပေမယ့် ကွင်းလယ်ဒိုင် ရဲ့ ခွင့်ပြု ခဲ့မှုကြောင့် ချယ်လ်ဆီး အသင်းသား တွေ စိတ်ဓာတ် ပြန်တက် ခဲ့ရပြီး နာကျင် အချိန်ပို မှာ လော့ဖ်တပ်စ်ချိခ် ရဲ့ ခေါင်းတိုက် အဆုံးသတ် နိုင်ခဲ့မှုကြောင့် အဖိုးတန် အနိုင် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ် ။

ချေပဂိုး မရခင်အချိန် အထိ ချယ်လ်ဆီး ပရိသတ် တွေဟာ ‘ ဆာရီ အလိုမရှိ ‘ ဆိုတဲ့ သံပြိုင် သီဆိုမှု တွေ ပြုလုပ် ခဲ့ကြတာ ကို တွေ့မြင် ခဲ့ရပြီး ထို ပွဲစဉ် မှာသာ ရှုံးနိမ့် ခဲ့ပါက ဆာရီ ရဲ့ အနာဂတ် ဟာ တမျိုးတဖုံ ပြောင်းလဲ သွားနိုင်ပါတယ် ။ ချယ်လ်ဆီး အသင်း နောက်ခံလူ အက်ဇ်ပီလီကွီတာ က သူ့ အနေနဲ့ ကစားကွက် ဆိုးရွားမှု အတွက် ဒေါသထွက် ခဲ့ကြတဲ့ ပရိသတ် တွေ နဲ့ ပတ်သက်ပြီး စောဒက တက်စရာ မရှိဘူး လို့ မနေ့က ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ က ” ကစားကွက် ဆိုးရွားလို့ သရော် ခဲ့ကြတဲ့ ပရိသတ် တွေနဲ့ ပတ်သက်ပြီး ကျွန်တော့ မှာ ဘာ စောဒက တက်စရာမှ မရှိပါဘူး ။ ကျွန်တော် တို့ဟာ ပရိသတ် တွေ ပျော်ရွှင် စေဖို့ အတွက် အရာရာ ပေးဆပ်ဖို့ လိုပါတယ် ။ အခု နောက်ပိုင်း ပွဲစဉ် တွေမှာ ကျွန်တော်တို့ အသင်းရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်း နေခဲ့လို့ ပရိသတ် တွေ မပျော်မရွှင် ဖြစ်နေကြတာ ပုံမှန် အနေအထား တခု ပါပဲ ။ ”

” ပရိသတ် တွေရဲ့ အမြင် ပြန်ပြောင်း ဖို့ အတွက်ဆိုတာ ကျွန်တော် တို့ အပေါ်မှာပဲ မူတည် နေပါတယ် ။ ကျွန်တော် တို့ဟာ လာမယ့် ကြားရက် မှာ ဘရိုက်တန် ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ဖြစ်လို့ ကျွန်တော် တို့ အတွက် အိမ်ကွင်း ပရိသတ် ရှေ့မှောက် မှာ ကစားကွက် ကောင်းကောင်း နဲ့ ပြန် တုန့်ပြန် ပြဖို့ အခွင့်အရေး ရှိနေပါတယ် ။ ”

” ကျွန်တော့ အမြင်မှာတော့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၂ပွဲ လောက်မှာ ကျွန်တော် တို့ရဲ့ ပုံမှန် အဆင့်အတန်း မှာ ရှိမနေခဲ့ဘူး လို့ ထင်ပါတယ် ။ ကျွန်တော် တို့ဟာ အရင် ကလောက် ဂိုးသွင်းဖို့ အခွင့်အရေး တွေ မလုပ် နိုင်ခဲ့သလို ခံစစ် ကလည်း သွင်းဂိုး တွေကို လွယ်လွယ် နဲ့ ခွင့်ပြု နေခဲ့ရပါတယ် ။ ကျွန်တော် တို့ ဒီထက်ပိုပြီး များစွာ တိုးတက် လာဖို့ လိုနေပါပြီ ။ ဘောလုံး ရာသီ ကလည်း ကုန်ဆုံးဖို့ အတော် နီးကပ် လာတာကြောင့် ကျွန်တော် တို့ ခြေစွမ်း ကို နောက်ထပ် အဆင့် တဆင့် ကို ထပ်မြှင့်ဖို့ လိုအပ် နေပါတယ် ။ ”

” မနေ့က ပွဲမှာ ကျွန်တော် တို့ဟာ အရှုံး ရလဒ် ကနေ ပြန်လာ နိုင်ခဲ့ပါတယ် ။ ပုံမှန် အားဖြင့် ကျွန်တော် တို့ဟာ ပြိုင်ဖက် ကို သွင်းဂိုး ခွင့်ပြု ခဲ့ရပြီ ဆိုရင် အနိုင် ရလဒ် ကို ပြန်လာဖို့ ခက်ခဲ နေတတ်ပါတယ် ။ မနေ့က ပွဲမှာ comeback တာဟာ ဒီရာသီ မှာ ဒုတိယ အကြိမ်မြောက် ဖြစ်ပါတယ် ။ ကျွန်တော် တို့ဟာ အနိုင် ၃မှတ် ရခဲ့တာ မှန်ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ဒီထက် ပိုပြီး ကျစ်လျစ် တဲ့ ကစားဟန် လိုနေသလို စွမ်းဆောင်ရည် လည်း ပိုကောင်း ရပါမယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR