SPORTS MYANMAR
Unicode
ဟတ်ဒ်ဆန် အိုဒွိုင်း ကို စာချုပ်သစ် ချုပ်စေဖို့ ဘာတွေ တိုက်တွန်း လိုက်ရလဲ ဆိုတာ ပြောပြ လိုက်တဲ့ #လမ်းပတ်
ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကမှ ၄င်းတို့ရဲ့ လူငယ် တောင်ပံ တိုက်စစ် ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ကို တပတ် လုပ်ခ ပေါင် ၁၂၀၀၀၀ နဲ့ ၅နှစ် စာချုပ်သစ် ချုပ်ဆို နိုင်ခဲ့ပါတယ် ။ ထို မတိုင်ခင် က ချယ်လ်ဆီး အသင်း ဟာ အိုဒွိုင်း ကို စာချုုပ်သစ် ချုပ်ဆို နိုင်ဖို့ အတော်လေး စည်းရုံး ပြောဆို ခဲ့ရဖူးပါတယ် ။
ဘိုင်ယန် မြူးနစ် လို ဥရောပ အင်အာကြီး ကလပ် တသင်း ရဲ့ စိတ်ဝင်စားမှု ကို ရရှိခဲ့တဲ့ အတွက်ကြောင့် အိုဒွိုင်း အတွက် ပွဲထွက်ခွင့် ရရှိဖို့ အတွက်ပါ အတော်လေး စဉ်းစား ယူခဲ့ရပါတယ် ။ သို့ပေမယ့် လည်း ဖရန့် လမ်းပတ် ချယ်လ်ဆီး အသင်း နည်းပြ ဖြစ်လာခြင်း နဲ့ အတူ ဟတ်ဒ်ဆန် အိုဒွိုင်း ရဲ့ အနာဂတ် ဟာ ချယ်လ်ဆီး မှာ ဆက်ရှိဖို့ ပိုပြီး သေချာ စေခဲ့ပါတယ် ။
မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ အိုဒွိုင်း ကို စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ သူ ဘာတွေ ကူညီ လုပ်ဆောင် ပေးလိုက်ရလဲ ဆိုတာနဲ့ ပတ်သက်ပြီး လမ်းပတ် က ” ကျွန်တော် တို့ ရာသီကြို ခရီးစဉ် အတွက် ဒပ်ဗလင် ကို ရောက်နေခဲ့တုန်းက ကျွန်တော် ဟာ ကော်လမ် ကို ဖုန်းဆက် စကား ပြောခဲ့ပါတယ် ။ အထူးသဖြင့် ကျွန်တော် ချယ်လ်ဆီး ကို နည်းပြ အနေနဲ့ စတင် ရောက်ရှိပြီး မကြာမီ မှာပဲ သူ့ကို ကျွန်တော် ဆက်သွယ် ခဲ့ပါတယ် ။ ”
” သူဟာ ချယ်လ်ဆီး အသင်း နဲ့ ကျွန်တော့ ရဲ့ အနာဂတ် အစီအစဉ် တွေထဲမှာ ပါဝင် နေဆဲ အကြောင်း သူ့ကို အရင် ပြောပြ ခဲ့ပါတယ် ။ သူဟာ အသင်း ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ် လာတဲ့ အရမ်း တော်တဲ့ လူငယ် ကစားသမား ဖြစ်တာကြောင့် ကလပ် ဖက်ကလည်း သူ့ကို ဆက်လက် ထိန်းသိမ်းခွင့် ရဖို့ အတော်လေး ကြိုးစား ဆွေးနွေး ခဲ့ရပါတယ် ။ အခုဆို ကော်လမ် ဟာ ချယ်လ်ဆီး ပထမ အသင်း မှာ ပါဝင် ကစားဖို့ ခြေတလှမ်း လှမ်းထား နိုင်ခဲ့ပါပြီ ။ ”
” ကျွန်တော့ အတွက် ကတော့ ကော်လမ် ကို စာချုပ်သစ် ချုပ်ဆို ဖို့ ဆိုတာ ချယ်လ်ဆီး နဲ့ ပတ်သက်တဲ့ လူတိုင်း အလိုရှိတယ် လို့ ခံစား မိပါတယ် ။ ကလပ် ဘုတ်အဖွဲ့ ထက် စာရင် ကျွန်တော် ဟာ ကော်လမ် ကို စာချုပ်သစ် အတွက် စည်းရုံးတဲ့ နေရာ မှည နည်းနည်း အလှမ်း ဝေးနေခဲ့တယ် လို့ ဆိုနိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော် ဟာ သူနဲ့ စကား ပြောရတဲ့ အချိန် အတွင်းမှာ ကလပ် ဖက်က သူ့ကို တကယ် အလိုရှိတဲ့ အကြောင်း ထိထိရောက်ရောက် ဖြစ်အောင် ပြောခဲ့ပါတယ် ။ ”
” ကျွန်တော် ဟာ သူ့ရဲ့ အရည်အသွေး နဲ့ ပါရမီ အပေါ် မှာ ယုံကြည်မှု အပြည့် ရှိပါတယ် ။ အခုတော့ သူဟာ အသင်း နဲ့ ၅နှစ် စာချုပ်သစ် ချုပ်နိုင် ခဲ့ပြီ ဖြစ်လို့ သူ့ရဲ့ နောက်ဆက်တွဲ ပြင်းထန်တဲ့ ကြိုးစားမှု တွေ စတင် ရတော့မှာ ဖြစ်ပါတယ် ။ ကျွန်တော် တို့ အသင်း မှာ တကယ် အသုံးလို နေတဲ့ အရည်အချင်း တွေ အားလုံး သူ့ဆီမှာ ရှိနေပါတယ် ။ ပြီးခဲ့တဲ့ ရာသီတုန်းက ပထမ အသင်း မှာ အခွင့်အရေး ရတိုင်း သူ ပြသခဲ့တဲ့ ခြေစွမ်း တွေ ဘယ်လောက် ကောင်းသလဲ ဆိုတာ ကျွန်တော် တို့ အားလုံး သိထားပြီးသားပါ ။ ”
” ဒါပေမယ့် ထိပ်တန်း အဆင့် ကို ရောက်ဖို့ အတွက် ကတော့ စစ်မှန်တဲ့ ကြိုးစားမှု ရှိဖို့တော့ လိုအပ် ပါတယ် ။ ကော်လမ် ကို စာချုပ်သစ် မချုပ်မီ ကလပ် ဖက်က သူ့ကို အများကြီး စကားပြောခဲ့တာ ကို ကျွန်တော် အပြင် က သတင်း တွေ အရ ကြားသိ ခဲ့ရပါတယ် ။ ကျွန်တော် နဲ့ သူနဲ့ ပြောဆို ခဲ့တဲ့ အကြောင်းအရာ တွေဟာ သူ့ကို စာချုပ် ချုပ်ဖို့ မဲဆွယ် ခဲ့တာတွေ မဟုတ်ပါဘူး ။ ကျွန်တော့ ရဲ့ ဒီ အသင်း အပေါ် မြင်တဲ့ အမြင်တွေကို ပြောပြ ခဲ့တာပါ ။ ”
” ကျွန်တော့ ဖက်ကတော့ ကော်လမ် အနေနဲ့ ဒီ အသင်း မှာ လူငယ် ကစားသမား တွေ အခွင့်အရေး အတော်များများ ရလာပြီ ဆိုတာကို သေချာ မြင်တွေ့ဖို့ မျှော်လင့် မိပါတယ် ။ သူတို့ဟာ အရန်သင့် ဒီလိုမျိုး အခွင့်အရေး တွေ ရလာတာ မဟုတ်ပါဘူး ။ ရာသီကြို ပွဲစဉ် တွေမှာ တကယ်ကို ကျားကုတ်ကျားခဲ ကြိုးစားပြီးမှ ဒီလို ထိုက်တန်တဲ့ အခွင့်အရေး တွေ ရလာတာပါ ။ အခုဆို ခင်ဗျား တို့ဟာ တမ်မီ ( အေဘရာဟမ် ) ၊ ဖီကာယို ( တိုမိုရီ ) အကြောင်း တွေ ပြောနေကြပါပြီ ။ ”
” ကော်လမ် အနေနဲ့ ဒါကို အမှန် အတိုင်း မြင်နိုင်ဖို့ ကောင်းပါတယ် ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သူ ချယ်လ်ဆီး အသင်း အတွက် ပိုပြီး ပေးဆပ်ချင်စိတ် တွေ ထပ်ရလာဖို့ မျှော်လင့် ပါတယ် ။ အခု သူ့ကို စာချုပ် ချုပ်ဆို ခဲ့ပြီး ဖြစ်တာကြောင့် စိတ်ချလက်ချ သူနဲ့ အလုပ် တွဲလုပ်လို့ ရသွားတာပေါ့ဗျာ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။
SPORTS MYANMAR