ျပီးခဲ့တဲ့ ေဘာလံုးရာသီ ရိုနာဒို ဂ်ဴဗီ ကို ေျပာင္းေရႊ႕လာခဲ့တဲ့ အခ်ိန္က အသင္းရဲ႕ ရွယ္ယာေစ်းေတြ ထိုးတက္သြားခဲ့သလုိ ၊ ဂ်ာစီ ေရာင္းရမႈ အေရအတြက္ကလဲ ျမင့္တက္ခဲ့တယ္လို႔ အသင္းတာ၀န္ရွိသူေတြ က ေျပာဆိုခဲ့ၾကေပမယ့္ ၊ မေန႔က ထြက္လာတဲ့ အသင္းရဲ႕ ဘ႑ာေရး ရွင္းတမ္းမွာေတာ့ ၀င္ေငြ ပမာဏ ျမင့္တက္လာခဲ့သည့္တိုင္ေအာင္ ၊ အရႈံးပမာဏကလဲ ျမင့္တက္ ေနခဲ့ပါတယ္။

ဂ်ဴဗီဟာ 2019 ခုႏွစ္ ဇြန္လ 30 ရက္ေန႔က ပိတ္သိမ္းခဲ့တဲ့ ဘ႑ာေရး နွစ္ရဲ႕ ရွင္းတမ္းကို တရား၀င္ ထုတ္ျပန္ ေၾကျငာခဲ့တာ ျဖစ္ျပီး ၊ အသင္းရဲ႕ ကုန္က်စာရိတ္ ၊ ၀င္ေငြ နဲ႔ ေငြေၾကး လည္ပတ္မွဳေတြ အားလံုးကို အေသးစိတ္ ေဖာ္ျပသြားခဲ့ပါတယ္။

အီတလီ သတင္းစာ အမ်ားစုကေတာ့ ဂ်ဴဗီရဲ႕ အရႈံးျပမႈ နဲ႔ အတူ အေၾကြး ပမာဏပါ ျမင့္တက္လာတာေၾကာင့္ ၊ အဲဒီ အေနအထားေတြဟာ ရိုနာဒို ကို ေခၚယူခဲ့ျခင္း ရဲ႕ အက်ိဳးသက္ေရာက္မႈေတြ စတင္ ခံစားလာေနရျပီ ျဖစ္တယ္လို႔ မွတ္ခ်က္ေပးလွ်က္ ရွိေနပါတယ္။ အထူးသျဖင့္ ရိုနာဒို ရဲ႕ စြမ္းေဆာင္ရည္ေတြ ၊ ဂ်ာစီေရာင္းအားေတြက ေကာင္းလြန္းေနသည့္တိုင္ေအာင္ ၊ ရုပ္သံထုတ္လြင့္ခ ၀င္ေငြ ရရွိမႈ နဲ႔ စပြန္ဆာေၾကး ရရွိမႈေတြမွာေတာ့ အျခား ထိပ္သီးလိဂ္ ႏွစ္ခုျဖစ္တဲ့ လာလီဂါ နဲ႔ ပရီးမီးယားလိဂ္ ကို ယွဥ္ႏုိင္ျခင္း မရွိေသးတာေၾကာင့္လဲ ၊ အခုလို သက္ေရာက္မႈက ၾကီးမားခဲ့တာ ျဖစ္ပါတယ္။

ဘ႑ာေရး ရွင္းတမ္းေတြ အရ ဂ်ဴဗီဟာ 2018 ခုႏွစ္ ဇြန္လ 30 ရက္ မတိုင္ခင္က ၀င္ေငြ ယူရို 504.7 သန္း ရွိခဲ့ျပီး ၊ 2019 ခုႏွစ္ ဇြန္လ မွာေတာ့ ၀င္ေငြ ပမာဏဟာ ယူရုိ 621.5 သန္း အထိ တိုးတက္လာခဲ့ပါတယ္။ ဒါဟာ ျပီးခဲ့တဲ့ ႏွစ္ကနဲ႔ စာရင္ ၀င္ေငြပိုင္းက 23% အထိ တိုးတက္လာတယ္လို႔ ဆိုရမွာပါ။

တစ္ခ်ိန္တည္းမွာပဲ ရိုနာဒို အပါအ၀င္ ကစားသမားသစ္ေတြ ေခၚယူျခင္း စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ျခင္း နဲ႔အတူ အသင္းရဲ႕ လည္ပတ္မႈပိုင္း ဆိုင္ရာ ကုန္က်စာရိတ္ကလဲ 2018 ခုႏွစ္က ယူရုိ 383.3 သန္း ရွိခဲ့ရာမွ 2019 ခုႏွစ္မွာ 458.5 သန္း အထိ ျမင့္တက္ခဲ့ပါတယ္။

ျပီးခဲ့တဲ့ ႏွစ္က စာရင္းအႏွစ္ခ်ဳပ္ မွာေတာ့ အရႈံးေငြက 19.2 ယူရုိ သန္း သာ ရွိခဲ့ေပမယ့္ ၊ ဒီႏွစ္မွာေတာ့ 39.9 သန္း အထိ ရွိလာခဲ့ပါတယ္။ ဒါေၾကာင့္ အရႈံးပမာဟာ 2 ေက်ာ္ အထိ ျမင့္တက္သြားခဲ့ျပီး ၊ အဓိက အားျဖင့္ ကစားသမားေတြ ရဲ႕ လစာ ေပးေခ်မႈ ပိုင္းဆိုင္ရာမွာ ျမင့္မားလြန္းခဲ့တာေၾကာင့္ အခုလို ကုန္က်စရိတ္ ထိုးတက္သြားသြားခဲ့တာ ျဖစ္တယ္လို႔ ရွင္းျပထားပါတယ္။

ဂ်ဴဗီဟာ ရိုနာဒုိ တစ္ဦးတည္းကိုပဲ တစ္ႏွစ္ လုပ္ခ ယူရုိ 31 သန္း (အသားတင္) ေပးေခ်ေနရတာပါ။ အခြန္ ပမာဏ ပါ ထည့္တြက္လိုက္မယ္ ဆုိပါက တစ္ႏွစ္စာ အတြက္တင္ပဲ ယူရုိ 54.24 သန္း အထိ သံုးစြဲေနရတာ ျဖစ္ပါတယ္။ အဲဒီ အေနအထားေတြေၾကာင့္ ဂ်ဴဗီ ရဲ႕ အေၾကြး ပမာဏဟာ ျပီးခဲ့တဲ့ ႏွစ္က ယူရုိ 309.8 သန္း ရွိခဲ့ရာကေန ၊ ဒီႏွစ္မွာ 463.5 သန္း အထိ ျမင့္တက္သြားခဲ့ပါတယ္။

ဂ်ဴဗီဟာ 2019 ခုႏွစ္ အတြင္း အီတလီ စူပါဖလား နဲ႔ စီးရီးေအ ဖလားေတြကို ဆြတ္ခူး ႏိုင္ခဲ့သလုိ ၊ အမ်ိဳးသမီး အသင္းကလဲ စီးရီးေအ ဖလား နဲ႔ အီတလီ ျပည္တြင္းဖလား ေတြကိုပါ ဆြတ္ခူး ထားႏိုင္ခဲ့တာပါ။

ဒါ့အျပင္ 2018 ခုႏွစ္ ဒီဇင္ဘာလ က ခ်ဳပ္ဆုိခဲ့တဲ့ Adidas နဲ႔ စပြန္ဆာ စာခ်ဳပ္ဟာလဲ 2019 ခုႏွစ္ မွာ စတင္ သက္၀င္လာခဲ့တာ ျဖစ္ပါတယ္။ အဲဒီ သေဘာတူညီမႈ အရ ဂ်ဴဗီဟာ Adidas ဆီကေန စပြန္ဆာေၾကး ယူရုိ 51 သန္း ကို (ေဘာနပ္ေၾကးေတြ မပါ) 2027 ခုႏွစ္ အထိ ရရွိသြားဦးမွာ ျဖစ္ပါတယ္အသင္းတာ၀န္ ရွိသူေတြကေတာ့ အေၾကြးပမာဏ ယူရုိ 463.5 သန္း ျမင့္တက္လာတဲ့ အေနအထားကို ေျဖရွင္းဖို႔ ရွယ္ယာ ပမာဏကို တိုးျမွင့္ျပီး ေနာက္ထပ္ ယူရုိ သန္း 300 ေပါင္းထည့္ႏိုင္ဖို႔ လုပ္ေဆာင္သြားမယ္လို႔ အသိေပး ေၾကျငာသြားခဲ့ပါတယ္။

SPORT MYANMAR

Unicode

ရိုနာဒို ကြောင့် ရှယ်ယာစျေးတွေ တက်ခဲ့ပေမယ့် ၊ ဘဏ္ဍာရေး ရှင်းတမ်းမှာ အရှုံးပမာဏ နှစ်ဆကျော် မြင့်တက်ခဲ့ရတဲ့ #ဂျူဗီ
**************************************************

ပြီးခဲ့တဲ့ ဘောလုံးရာသီ ရိုနာဒို ဂျူဗီ ကို ပြောင်းရွှေ့လာခဲ့တဲ့ အချိန်က အသင်းရဲ့ ရှယ်ယာစျေးတွေ ထိုးတက်သွားခဲ့သလို ၊ ဂျာစီ ရောင်းရမှု အရေအတွက်ကလဲ မြင့်တက်ခဲ့တယ်လို့ အသင်းတာဝန်ရှိသူတွေ က ပြောဆိုခဲ့ကြပေမယ့် ၊ မနေ့က ထွက်လာတဲ့ အသင်းရဲ့ ဘဏ္ဍာရေး ရှင်းတမ်းမှာတော့ ၀င်ငွေ ပမာဏ မြင့်တက်လာခဲ့သည့်တိုင်အောင် ၊ အရှုံးပမာဏကလဲ မြင့်တက် နေခဲ့ပါတယ်။

ဂျူဗီဟာ 2019 ခုနှစ် ဇွန်လ 30 ရက်နေ့က ပိတ်သိမ်းခဲ့တဲ့ ဘဏ္ဍာရေး နှစ်ရဲ့ ရှင်းတမ်းကို တရားဝင် ထုတ်ပြန် ကြေငြာခဲ့တာ ဖြစ်ပြီး ၊ အသင်းရဲ့ ကုန်ကျစာရိတ် ၊ ၀င်ငွေ နဲ့ ငွေကြေး လည်ပတ်မှုတွေ အားလုံးကို အသေးစိတ် ဖော်ပြသွားခဲ့ပါတယ်။

အီတလီ သတင်းစာ အများစုကတော့ ဂျူဗီရဲ့ အရှုံးပြမှု နဲ့ အတူ အကြွေး ပမာဏပါ မြင့်တက်လာတာကြောင့် ၊ အဲဒီ အနေအထားတွေဟာ ရိုနာဒို ကို ခေါ်ယူခဲ့ခြင်း ရဲ့ အကျိုးသက်ရောက်မှုတွေ စတင် ခံစားလာနေရပြီ ဖြစ်တယ်လို့ မှတ်ချက်ပေးလျှက် ရှိနေပါတယ်။ အထူးသဖြင့် ရိုနာဒို ရဲ့ စွမ်းဆောင်ရည်တွေ ၊ ဂျာစီရောင်းအားတွေက ကောင်းလွန်းနေသည့်တိုင်အောင် ၊ ရုပ်သံထုတ်လွင့်ခ ၀င်ငွေ ရရှိမှု နဲ့ စပွန်ဆာကြေး ရရှိမှုတွေမှာတော့ အခြား ထိပ်သီးလိဂ် နှစ်ခုဖြစ်တဲ့ လာလီဂါ နဲ့ ပရီးမီးယားလိဂ် ကို ယှဉ်နိုင်ခြင်း မရှိသေးတာကြောင့်လဲ ၊ အခုလို သက်ရောက်မှုက ကြီးမားခဲ့တာ ဖြစ်ပါတယ်။

ဘဏ္ဍာရေး ရှင်းတမ်းတွေ အရ ဂျူဗီဟာ 2018 ခုနှစ် ဇွန်လ 30 ရက် မတိုင်ခင်က ၀င်ငွေ ယူရို 504.7 သန်း ရှိခဲ့ပြီး ၊ 2019 ခုနှစ် ဇွန်လ မှာတော့ ၀င်ငွေ ပမာဏဟာ ယူရို 621.5 သန်း အထိ တိုးတက်လာခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ နှစ်ကနဲ့ စာရင် ၀င်ငွေပိုင်းက 23% အထိ တိုးတက်လာတယ်လို့ ဆိုရမှာပါ။

တစ်ချိန်တည်းမှာပဲ ရိုနာဒို အပါအဝင် ကစားသမားသစ်တွေ ခေါ်ယူခြင်း စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်း နဲ့အတူ အသင်းရဲ့ လည်ပတ်မှုပိုင်း ဆိုင်ရာ ကုန်ကျစာရိတ်ကလဲ 2018 ခုနှစ်က ယူရို 383.3 သန်း ရှိခဲ့ရာမှ 2019 ခုနှစ်မှာ 458.5 သန်း အထိ မြင့်တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်က စာရင်းအနှစ်ချုပ် မှာတော့ အရှုံးငွေက 19.2 ယူရို သန်း သာ ရှိခဲ့ပေမယ့် ၊ ဒီနှစ်မှာတော့ 39.9 သန်း အထိ ရှိလာခဲ့ပါတယ်။ ဒါကြောင့် အရှုံးပမာဟာ 2 ကျော် အထိ မြင့်တက်သွားခဲ့ပြီး ၊ အဓိက အားဖြင့် ကစားသမားတွေ ရဲ့ လစာ ပေးချေမှု ပိုင်းဆိုင်ရာမှာ မြင့်မားလွန်းခဲ့တာကြောင့် အခုလို ကုန်ကျစရိတ် ထိုးတက်သွားသွားခဲ့တာ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

ဂျူဗီဟာ ရိုနာဒို တစ်ဦးတည်းကိုပဲ တစ်နှစ် လုပ်ခ ယူရို 31 သန်း (အသားတင်) ပေးချေနေရတာပါ။ အခွန် ပမာဏ ပါ ထည့်တွက်လိုက်မယ် ဆိုပါက တစ်နှစ်စာ အတွက်တင်ပဲ ယူရို 54.24 သန်း အထိ သုံးစွဲနေရတာ ဖြစ်ပါတယ်။ အဲဒီ အနေအထားတွေကြောင့် ဂျူဗီ ရဲ့ အကြွေး ပမာဏဟာ ပြီးခဲ့တဲ့ နှစ်က ယူရို 309.8 သန်း ရှိခဲ့ရာကနေ ၊ ဒီနှစ်မှာ 463.5 သန်း အထိ မြင့်တက်သွားခဲ့ပါတယ်။

ဂျူဗီဟာ 2019 ခုနှစ် အတွင်း အီတလီ စူပါဖလား နဲ့ စီးရီးအေ ဖလားတွေကို ဆွတ်ခူး နိုင်ခဲ့သလို ၊ အမျိုးသမီး အသင်းကလဲ စီးရီးအေ ဖလား နဲ့ အီတလီ ပြည်တွင်းဖလား တွေကိုပါ ဆွတ်ခူး ထားနိုင်ခဲ့တာပါ။

ဒါ့အပြင် 2018 ခုနှစ် ဒီဇင်ဘာလ က ချုပ်ဆိုခဲ့တဲ့ Adidas နဲ့ စပွန်ဆာ စာချုပ်ဟာလဲ 2019 ခုနှစ် မှာ စတင် သက်ဝင်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သဘောတူညီမှု အရ ဂျူဗီဟာ Adidas ဆီကနေ စပွန်ဆာကြေး ယူရို 51 သန်း ကို (ဘောနပ်ကြေးတွေ မပါ) 2027 ခုနှစ် အထိ ရရှိသွားဦးမှာ ဖြစ်ပါတယ်အသင်းတာဝန် ရှိသူတွေကတော့ အကြွေးပမာဏ ယူရို 463.5 သန်း မြင့်တက်လာတဲ့ အနေအထားကို ဖြေရှင်းဖို့ ရှယ်ယာ ပမာဏကို တိုးမြှင့်ပြီး နောက်ထပ် ယူရို သန်း 300 ပေါင်းထည့်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ အသိပေး ကြေငြာသွားခဲ့ပါတယ်။