#Sports_Myanmar
Unicode
လက်ရှိ မန်စီးတီး အသင်းကို အနိုင်ယူ နိုင်စွမ်းရှိတဲ့ အသင်းအကြောင်းဖွင့်ဟရင်း လာမဲ့ မန်ချက်စတာဒါဘီ အပေါ် မှတ်ချက်ပေးသွားတဲ့ #အင်ဒီကိုးလ်
==================
လက်ရှိ နည်းပြ ပက် ဂွာဒီယိုလာ ဦးဆောင် နေ ခဲ့တဲ့ မန်ချက်စတာ စီးတီး အသင်း ဟာ ဆု ဖလား 4 လုံး ဆွတ်ခူး နိုင် ရေး လမ်းကြောင်း အပေါ် မှာ ရှိနေ ပြီး 1999 ခုနှစ် က ယူနိုက်တက် တို့ရဲ့ ဆု ဖလား 3 လုံး ဆွတ်ခူး နိုင်ခဲ့ တဲ့ မှတ်တမ်း ကောင်းကို ကျော်ဖြတ် နိုင်ဖို့ ဆက်လက် ယှဉ်ပြိုင် နေ ပါတယ် ။
ဒါပေမဲ့ ယူနိုက်တက် နဲ့ အတူ 1999 ခုနှစ် တုန်းက ဆု ဖလား 3 လုံး ဆွတ်ခူး ခဲ့ရာ မှာ ပါဝင် နိုင် ခဲ့တဲ့ တိုက်စစ် မှူးဟောင်း ဖြစ်သူ အင်ဒီ ကိုးလ် က အဆိုပါ အချိန် တုန်းက သူတို့ ရဲ့ အသင်း ဟာ လက်ရှိ မန်စီးတီး အသင်း ကို အနိုင်ယူ နိုင်စွမ်း ရှိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ ပါတယ် ။
ဒါ့အပြင် အဆိုပါ အသင်း ဟာ လက်ရှိ ဘောလုံး လောက မှ မည်သည့် အသင်း ကို မဆို အနိုင်ယူ နိုင်ဖို့ အတွက် လုံလောက် စွာ ကောင်းမွန် တဲ့ စုဖွဲ့ မှု ရှိ သလို လက်ရှိ ဘောလုံး လောက မှ အသင်း တိုင်းကို ယှဉ်ပြိုင် နိုင်စွမ်း ရှိတယ် လို့ ကိုးလ် က ယုံကြည် နေခဲ့ ပါတယ် ။
” ကျွန်တော် တို့ဟာ သူတို့ ( လက်ရှိ မန်စီးတီး အသင်း ) ကို ယှဉ်ပြိုင် နိုင်ဖို့ အတွက် ကိရိယာ တန်ဆာပလာ စုံလင် ခဲ့ ပါတယ် ။ ဘောလုံး လောက ကြီးဟာ အတော်လေး ခြားနား ပြောင်းလဲ သွားခဲ့ ပါပြီ ။ ဒါပေမဲ့ ကျွန်တော် တို့ အသင်း ကို ပြန်ကြည့် လိုက်တဲ့ အခါ တိုင်း အသင်း တိုင်း ကို ယှဉ်ပြိုင် နိုင်တယ် လို့ ကျွန်တော် အပြည့်အဝ ယုံကြည် နေ ပါတယ် ” လို့ ကိုးလ် က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။
ဆိုးလ်ရှား ဟာ မကြာသေး ခင် တုန်းက ယူနိုက်တက် အသင်း ရဲ့ အမြဲတမ်း နည်းပြ သစ် ဖြစ်ခဲ့ ပြီး ကိုးလ် ကတော့ အသင်း ဖော် ဟောင်း ဟာ ဒီ ရာထူး နဲ့ ထုုိက်တန် တယ်လို့ ယုံကြည် နေခဲ့ ပါတယ် ။ ဆိုးလ်ရှား ရဲ့ ယူနိုက်တက် ဟာ ဒီလ အကုန် လောက် မှာတော့ မန်စီးတီး အသင်း နဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် ။
အဆိုပါ ပွဲစဉ် မှာ ယူနိုက်တက် ဟာ မန်စီးတီး ကို ရှုံးနိမ့် ပြီး ပြိုင်ဖက် လီဗာပူး အသင်း ရဲ့ ချန်ပီယံ ဖြစ်နိုင် ရေး အိပ်မက် ကို ဟန့်တား ဖို့ လုပ်ဆောင် သွားနိုင် ခဲ့ရင် သရဲနီ ပရိသတ် တွေ ပျော်ရွှင် နေလိမ့် မလား လို့ အမေး ခံလိုက် ရတဲ့ အခါ မှာတော့ ကိုးလ် က ငြင်းဆန် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။
” အဲ့တာ က ဒါဘီ ပွဲစဉ် တစ်ခု ပါ ၊ အသင်း တိုင်းက ဒါဘီ ပွဲစဉ် ကို နိုင်လို ချင်ကြ ပါတယ် ။ ပရိသတ် တွေက လီဗာပူး နဲ့ ပတ်သက် လို့ စိုးရိမ် နေကြ လိမ့်မယ် လို့ ကျွန်တော် မထင် ပါဘူူး ။ အကယ်လို့ ကျွန်တော် သာ ပွဲ ကစား လိုသူ တစ်ဦး ဆိုရင် ဒါဘီ ပွဲစဉ် ကို အနိုင်ယူ ချင်မှာ ပါပဲ ။ အချိန် တန်လို့ ရာသီ ကုန် သွားတဲ့ အခါ အကောင်း ဆုံး အသင်း က ဖလား ရ သွားမှာ ပေါ့ ” လို့ အင်ဒီ ကိုးလ် က ဖြေကြား သွားခဲ့ လိုက် ပါတယ် ။
အင်ဒီ ကိုးလ် ဟာ လက်ရှိ အချိန် အထိ ပရီးမီးယား လိဂ် ရဲ့ ဂိုးသွင်း အများဆုံး တတိယ အဖြစ် သွင်းဂိုး ပေါင်း 187 ဂိုး နဲ့ ရပ်တည် နေဆဲ ပါပဲ ။ သူဟာ ကစားသမား ဘဝ ယူနိုက်တက် အသင်း နဲ့ အတူ ပရီးမီးယား လိဂ် ဖလား 5 ကြိမ် အထိ ရယူ ဆွတ်ခူး ထားနိုင် ခဲ့ ပါတယ် ။
လက်ရှိ ဂွာဒီယိုလာ ဦးဆောင် နေတဲ့ မန်စီးတီး အသင်း ဟာ လိဂ် ဖလား ဆွတ်ခူး ထားခဲ့ ပြီး FA ဖလား ဆီမီး ဖိုင်နယ် ၊ ချန်ပီယံ လိဂ် ဖလား ကွာတား ဖိုင်နယ် အထိ တက်ရောက် ထားခဲ့ သလို ပရီးမီးယား လိဂ် ဖလား ဆွတ်ခူး နိုင်ရေး လမ်းကြောင်း အပေါ် မှာလည်း ရှိနေ ခဲ့ ပါတယ် ။
” အကယ်လိို့ မန်စီးတီး အသင်း သာ အဲ့တာ ကို လုပ်ဆောင် ပြ နိုင်မယ် ဆိုရင် တစ်ကယ့် ကို သဘာဝ ကျ ပါ့မယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ ဒီ ရာသီ ပရီးမီးယား လိဂ် မှာ သူတို့ ရဲ့ ခြေစွမ်း က အံ့ချီးဖွယ် ပဲလေ ”
” ဒါပေမဲ့ ဘာတွေ ဖြစ်လာ လိမ့် မလဲ ဆိုတာ ဘယ်သူ မှ ကြို မသိနိုင် ပါဘူး ။ ဒီ အတွက် ကံကောင်း ဖို့လည်း လိုအပ် လှ ပါတယ် ။ သူတို့ ဆွမ်ဆီး နဲ့ FA ဖလား ပွဲစဉ် တုန်းက လည်း ကံကောင်း ခဲ့ကြ ပါ သေးတယ် ” လို့ ကိုးလ် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar