Abraham

ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕ မွာ အဓိက ေတာင္ပံ ကစားသမား တဦး ျဖစ္တဲ့ အီဒင္ ဟာဇတ္ ကို ရီးရဲလ္ မက္ဒရစ္ အသင္း ထံသို႕ ေပါင္ ၈၈ သန္း နဲ႕ ေရာင္းခ် ခဲ့ပါတယ္ ။ ကစားသမားသစ္ ေခၚယူခြင့္ မရွိတဲ့ အတြက္ေၾကာင့္ ဟာဇတ္ ရဲ႕ ေနရာ ကို ျဖည့္တင္းလို႕ မရႏိုင္ေပမယ့္ ခ်ယ္လ္ဆီး အသင္း ဟာ အသင္း ရဲ႕ အကယ္ဒမီထြက္ လူငယ္ ကစားသမား ေတြကို ေနရာ ေပးလ်က္ ရွိေနပါတယ္ ။

အထူးသျဖင့္ ဒီႏွစ္ ေဘာလံုး ရာသီ ပရီးမီးယားလိဂ္ မွာ ရရွိ ထားတဲ့ သြင္းဂိုး ၁၁ ဂိုး ဟာ အကယ္ဒမီ ထြက္ လူငယ္ ကစားသမား ၃ဦး ျဖစ္တဲ့ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ၊ ကြင္းလယ္ တိုက္စစ္ ကစားသမား ေမဆင္ေမာင့္ ၊ ခံစစ္မွဴး ဖီကာယုိ တိုမိုရီ တို႕ဆီကေန ရရွိ ထားခဲ့ပါတယ္ ။ ယင္း သြင္းဂိုး ၁၁ ဂိုးမွာ တမ္မီ ေအဘရာဟမ္ ဟာ ကိုယ္တိုင္ ၇ဂိုး သြင္းယူ ေပးခဲ့ပါတယ္ ။

ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မွာ အီဒင္ ဟာဇတ္ ရဲ႕ သြင္းဂိုး ပါဝင္မႈႏႈန္း ေတြက ခ်ယ္လ္ဆီး အသင္း အတြက္ အက်ိဳးသက္ေရာက္မႈ မ်ားစြာ ရွိခဲ့တဲ့ အတြက္ အခုလို အသင္း ေျပာင္းေရႊ႕ ခဲ့တာ ခ်ယ္လ္ဆီး အတြက္ေတာ့ ဆုတ္ယုတ္မႈ တခု ျဖစ္ေစခ့ဲေပမယ့္ ၄င္းရဲ႕ ဂိုးသြင္း တာဝန္ ကို လူငယ္ တိုက္စစ္မွဴး ေအဘရာဟမ္ က ျဖည့္တင္းေပးေနျပီ လို႕ ယံုၾကည္ေၾကာင္း ဝီလီယံ က Goal နဲ႕ အင္တာဗ်ဴး မွာ ေထာက္ခံ ေျပာဆို ခဲ့ပါတယ္ ။

ဝီလီယံ က ” ကြ်န္ေတာ္ ကေတာ့ ဟာဇတ္ ခ်ယ္လ္ဆီး ကေန ထြက္ခြာ ခဲ့တာဟာ တကယ္ ၾကီးမားတဲ့ ဆံုးရႈံးမႈၾကီး တရပ္ ျဖစ္ခဲ့တယ္ လို႕ ထင္ပါတယ္ ။ အီဒင္ ဟာ ပြဲရဲ႕ အေျဖ ကို ေျပာင္းလဲ ေပးႏိုင္စြမ္း ရွိတဲ့ ကစားသမား တေယာက္ပါ ။ သူ ထြက္ခြာ သြားလဲ့ေပမယ့္ ကြ်န္ေတာ္ တို႕မွာ ပြဲ အေျဖ ကို အေျပာင္းအလဲ လုပ္ေပးႏိုင္တဲ့ ကစားသမား ေတြ ရွိေနတုန္းပါပဲ ။ ”

” လတ္တေလာ မွာ ေအဘရာဟမ္ ဟာ ေျခစြမ္း အေတာ္ေလး တိုးတက္ ေနပါတယ္ ။ သူဟာ ကြ်န္ေတာ္ တို႕ အတြက္ ဂိုးေတြ အမ်ားၾကီး သြင္းေနျပီး အဲ့ဒီ အတြက္ သူ႕နဲ႕ ပတ္သက္ျပီး ကြ်န္ေတာ္ ဝမ္းသာ မိပါတယ္ ။ လက္ရွိ မွာ လူငယ္ ကစားသမား ေတြရဲ႕ ေျခစြမ္း နဲ႕ ၾကိဳးစားမႈ က အားရစရာပါ ။ ေနာက္ထပ္ လည္း သူတို႕ရဲ႕ ေျခစြမ္း ေတြ အမ်ားၾကီး တိုးတက္လာဖို႕ ရွိပါေသးတယ္ ။ ”

” ခ်ယ္လ္ဆီး ဟာ ခ်ယ္လ္ဆီး ပံုစံ အတိုင္းပဲ ဆက္သြား ေနမွာပါ ။ ဘယ္လို ကစားသမားမ်ိဳး ေတြကိုပဲ ကြ်န္ေတာ္ တို႕ ပိုင္ဆိုင္ ထားပါေစ ၊ ဆုဖလား ေတြ အတြက္ေတာ့ အျမဲတမ္း တိုက္ပြဲ ဝင္ေနမွာပါ ။ ဒီႏွစ္ ေဘာလံုး ရာသီ မွာလည္း ကြ်န္ေတာ္ တို႕ ေနာက္ထပ္ ဆုဖလား ေအာင္ျမင္မႈ တခုခု အတြက္ ပစ္မွတ္ထား တိုက္ပြဲ ဝင္သြားမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး ဝီလီယံ က အသင္း ေျပာင္းေရႊ႕ သြားတဲ့ ဟာဇတ္ ၊ ေဒးဗစ္ လူးဝဇ္ တို႕နဲ႕ ပတ္သက္ျပီး ” ကြ်န္ေတာ္ တို႕ဟာ ၾကီးက်ယ္ တဲ့ ကစားသမား တခ်ိဳ႕ ကို ဆံုးရႈံး ခဲ့ရပါတယ္ ။ ေဒးဗစ္ လူးဝဇ္ နဲ႕ ဟာဇတ္ တို႕ပါ ။ အီဒင္ အတြက္ေတာ့ ကြ်န္ေတာ္ အရမ္း ဝမ္းသာ မိပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ သူ ကစားခြင့္ ရဖို႕ အျမဲ အိပ္မက္ မက္ေနတဲ့ အသင္း ကို ေျပာင္းေရႊ႕ သြားႏိုင္ခဲ့လို႕ပါ ။ ခ်ယ္လ္ဆီး မွာ ျပသ ခဲ့တဲ့ ေမွာ္ဝင္ ေျခစြမ္း ေတြကို သူ ရီးရဲလ္ မက္ဒရစ္ အသင္း မွာလည္း ဆက္လက္ ထိန္းသိမ္း ႏိုင္မယ္ လို႕ ေမွ်ာ္လင့္ မိပါတယ္ ။ ”

” သူ စပိန္ မွာ ေအာင္ျမင္မယ္ လို႕လည္း ကြ်န္ေတာ္ ထင္ပါတယ္ ။ ေဒးဗစ္ နဲ႕ ကြ်န္ေတာ္ ကေတာ့ တေယာက္ နဲ႕ တေယာက္ အရမ္း ကို ခင္မင္ ၾကပါတယ္ ။ ေဘာလံုး ကစားေနတဲ့ သူငယ္ခ်င္း ေတြမွာ သူဟာ ကြ်န္ေတာ့ ရဲ႕ အရင္းႏွီးဆံုး သူငယ္ခ်င္း တေယာက္ ပါပဲ ။ အခုလို သူ႕ကို ဂ်ာစီ အနီေရာင္ နဲ႕ ျမင္ေနရတာ တမ်ိဳးပါပဲ ။ ကြ်န္ေတာ္ ဟာ အခုထိ သူနဲ႕ အခင္အမင္ မျပတ္ ရွိေနေပမယ့္ အာဆင္နယ္ နဲ႕ ရင္ဆိုင္ ရတဲ့ ပြဲမွာ သူကို ေက်ာ္ျဖတ္ျပီး ဂိုးသြင္း ႏိုင္ခဲ့ရင္ေတာ့ ကြ်န္ေတာ္ ေအာင္ပြဲခံ သြားမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

လစ်လပ် သွားတဲ့ ဟာဇတ် ရဲ့ သွင်းဂိုး တာဝန် ကို အေဘရာဟမ် ဝင်ရောက် အားဖြည့် ကစားပေး နိုင်ဖို့ ထောက်ခံ လိုက်တဲ့ #ဝီလီယံ

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ အဓိက တောင်ပံ ကစားသမား တဦး ဖြစ်တဲ့ အီဒင် ဟာဇတ် ကို ရီးရဲလ် မက်ဒရစ် အသင်း ထံသို့ ပေါင် ၈၈ သန်း နဲ့ ရောင်းချ ခဲ့ပါတယ် ။ ကစားသမားသစ် ခေါ်ယူခွင့် မရှိတဲ့ အတွက်ကြောင့် ဟာဇတ် ရဲ့ နေရာ ကို ဖြည့်တင်းလို့ မရနိုင်ပေမယ့် ချယ်လ်ဆီး အသင်း ဟာ အသင်း ရဲ့ အကယ်ဒမီထွက် လူငယ် ကစားသမား တွေကို နေရာ ပေးလျက် ရှိနေပါတယ် ။

အထူးသဖြင့် ဒီနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ် မှာ ရရှိ ထားတဲ့ သွင်းဂိုး ၁၁ ဂိုး ဟာ အကယ်ဒမီ ထွက် လူငယ် ကစားသမား ၃ဦး ဖြစ်တဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ၊ ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် ၊ ခံစစ်မှူး ဖီကာယို တိုမိုရီ တို့ဆီကနေ ရရှိ ထားခဲ့ပါတယ် ။ ယင်း သွင်းဂိုး ၁၁ ဂိုးမှာ တမ်မီ အေဘရာဟမ် ဟာ ကိုယ်တိုင် ရဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ အီဒင် ဟာဇတ် ရဲ့ သွင်းဂိုး ပါဝင်မှုနှုန်း တွေက ချယ်လ်ဆီး အသင်း အတွက် အကျိုးသက်ရောက်မှု များစွာ ရှိခဲ့တဲ့ အတွက် အခုလို အသင်း ပြောင်းရွှေ့ ခဲ့တာ ချယ်လ်ဆီး အတွက်တော့ ဆုတ်ယုတ်မှု တခု ဖြစ်စေခဲ့ပေမယ့် ၄င်းရဲ့ ဂိုးသွင်း တာဝန် ကို လူငယ် တိုက်စစ်မှူး အေဘရာဟမ် က ဖြည့်တင်းပေးနေပြီ လို့ ယုံကြည်ကြောင်း ဝီလီယံ က Goal နဲ့ အင်တာဗျူး မှာ ထောက်ခံ ပြောဆို ခဲ့ပါတယ် ။

ဝီလီယံ က ” ကျွန်တော် ကတော့ ဟာဇတ် ချယ်လ်ဆီး ကနေ ထွက်ခွာ ခဲ့တာဟာ တကယ် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တရပ် ဖြစ်ခဲ့တယ် လို့ ထင်ပါတယ် ။ အီဒင် ဟာ ပွဲရဲ့ အဖြေ ကို ပြောင်းလဲ ပေးနိုင်စွမ်း ရှိတဲ့ ကစားသမား တယောက်ပါ ။ သူ ထွက်ခွာ သွားလဲ့ပေမယ့် ကျွန်တော် တို့မှာ ပွဲ အဖြေ ကို အပြောင်းအလဲ လုပ်ပေးနိုင်တဲ့ ကစားသမား တွေ ရှိနေတုန်းပါပဲ ။ ”

” လတ်တလော မှာ အေဘရာဟမ် ဟာ ခြေစွမ်း အတော်လေး တိုးတက် နေပါတယ် ။ သူဟာ ကျွန်တော် တို့ အတွက် ဂိုးတွေ အများကြီး သွင်းနေပြီး အဲ့ဒီ အတွက် သူ့နဲ့ ပတ်သက်ပြီး ကျွန်တော် ဝမ်းသာ မိပါတယ် ။ လက်ရှိ မှာ လူငယ် ကစားသမား တွေရဲ့ ခြေစွမ်း နဲ့ ကြိုးစားမှု က အားရစရာပါ ။ နောက်ထပ် လည်း သူတို့ရဲ့ ခြေစွမ်း တွေ အများကြီး တိုးတက်လာဖို့ ရှိပါသေးတယ် ။ ”

” ချယ်လ်ဆီး ဟာ ချယ်လ်ဆီး ပုံစံ အတိုင်းပဲ ဆက်သွား နေမှာပါ ။ ဘယ်လို ကစားသမားမျိုး တွေကိုပဲ ကျွန်တော် တို့ ပိုင်ဆိုင် ထားပါစေ ၊ ဆုဖလား တွေ အတွက်တော့ အမြဲတမ်း တိုက်ပွဲ ဝင်နေမှာပါ ။ ဒီနှစ် ဘောလုံး ရာသီ မှာလည်း ကျွန်တော် တို့ နောက်ထပ် ဆုဖလား အောင်မြင်မှု တခုခု အတွက် ပစ်မှတ်ထား တိုက်ပွဲ ဝင်သွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ဝီလီယံ က အသင်း ပြောင်းရွှေ့ သွားတဲ့ ဟာဇတ် ၊ ဒေးဗစ် လူးဝဇ် တို့နဲ့ ပတ်သက်ပြီး ” ကျွန်တော် တို့ဟာ ကြီးကျယ် တဲ့ ကစားသမား တချို့ ကို ဆုံးရှုံး ခဲ့ရပါတယ် ။ ဒေးဗစ် လူးဝဇ် နဲ့ ဟာဇတ် တို့ပါ ။ အီဒင် အတွက်တော့ ကျွန်တော် အရမ်း ဝမ်းသာ မိပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူ ကစားခွင့် ရဖို့ အမြဲ အိပ်မက် မက်နေတဲ့ အသင်း ကို ပြောင်းရွှေ့ သွားနိုင်ခဲ့လို့ပါ ။ ချယ်လ်ဆီး မှာ ပြသ ခဲ့တဲ့ မှော်ဝင် ခြေစွမ်း တွေကို သူ ရီးရဲလ် မက်ဒရစ် အသင်း မှာလည်း ဆက်လက် ထိန်းသိမ်း နိုင်မယ် လို့ မျှော်လင့် မိပါတယ် ။ ”

” သူ စပိန် မှာ အောင်မြင်မယ် လို့လည်း ကျွန်တော် ထင်ပါတယ် ။ ဒေးဗစ် နဲ့ ကျွန်တော် ကတော့ တယောက် နဲ့ တယောက် အရမ်း ကို ခင်မင် ကြပါတယ် ။ ဘောလုံး ကစားနေတဲ့ သူငယ်ချင်း တွေမှာ သူဟာ ကျွန်တော့ ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တယောက် ပါပဲ ။ အခုလို သူ့ကို ဂျာစီ အနီရောင် နဲ့ မြင်နေရတာ တမျိုးပါပဲ ။ ကျွန်တော် ဟာ အခုထိ သူနဲ့ အခင်အမင် မပြတ် ရှိနေပေမယ့် အာဆင်နယ် နဲ့ ရင်ဆိုင် ရတဲ့ ပွဲမှာ သူကို ကျော်ဖြတ်ပြီး ဂိုးသွင်း နိုင်ခဲ့ရင်တော့ ကျွန်တော် အောင်ပွဲခံ သွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR