carrahger

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ကေတာ့ ဒီ ရာသီ မွာ အနုိင္ ရလဒ္ ရယူ နုိင္ေရး နဲ့ ပတ္သက္ လို့ ယံုၾကည္ စိတ္ခ် ရဖြယ္ ေကာင္းလွတဲ့ ေျခစြမ္း မ်ိဳး မျပသ နုိင္ခဲ့ ေသး ပါဘူး ။ အခုေတာ့ လီဗာပူး အသင္း ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း ျဖစ္သူ ေဂ်မီ ကာေရဂါ က ယူနုိက္တက္ ရဲ့ ဒီ ရာသီ အဓိက ျပသနာ က ဂိုးေတြ မသြင္းယူ နုိင္ျခင္း ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ဒီ ရာသီ ပြဲစဥ္ 5 ပြဲ အထိ ကစား ထားခဲ့ ျပီး 2 ပြဲ နုိင္ ၊ 2 ပြဲ သေရ ၊ 1 ပြဲ ရွံဳး ရလဒ္ နဲ့ အတူ ပရီးမီးယား လိဂ္ အမွတ္ေပး ဇယား အဆင့္ 5 ေနရာ မွာ ရမွတ္ 8 မွတ္ နဲ့ အတူ ရပ္တည္ ေနခဲ့ ရ ပါတယ္ ။ ဒါ့အျပင္ ကစား ခဲ့တဲ့ အဆုိပါ 5 ပြဲမွာ 8 ဂိုးသာ သြင္းယူ ထားနုိင္ ခဲ့ပါ ေသးတယ္ ။

အျခား တစ္ဖက္ မွာေတာ့ အမွတ္ေပး ဇယား ကို ဦးေဆာင္ ထား ၾကတဲ့ လီဗာပူး နဲ့ မန္စီးတီး အသင္း ေတြက 15 ဂိုး ၊ 16 ဂိုးစီ သြင္းယူ ထားခဲ့ ၾကျပီး ထက္ျမက္ တဲ့ တုိက္စစ္ ကစားဟန္ ကို ျပသ ထားနုိင္ ခဲ့ၾက ပါတယ္ ။ ဒါ့အျပင္ အျခား ျပဳိင္ဖက္ အသင္း ေတြ ျဖစ္ၾက တဲ့ ေတာ့တင္ဟမ္ နဲ့ ခ်ဲလ္ဆီး တုိ့ဟာ လည္း 11 ဂိုးစီ သြင္းယူ ထားခဲ့ ၾက ပါတယ္ ။

ဒါေပမယ့္ ယူနုိက္တက္ ခံစစ္ ကေတာ့ ေကာင္းမြန္ တဲ့ ကစား ကြက္နဲ့ အတူ ပရီးမီးယား လိဂ္ရဲ့ ခံစစ္ အေကာင္းဆံုး အသင္း တစ္သင္း အျဖစ္ 4 ဂိုးသာ ေပးထား ခဲ့ရ ပါ ေသးတယ္ ။ ဒါေပမယ့္ ကာေရဂါ က တုိက္စစ္ပိုင္း မွာ ဂိုးေတြ သြင္းယူ နုိင္မွဳ မရွိ ျခင္းက ခံစစ္ ကစားသမား ေတြ အတြက္ ဖိအား ေတြကုုိ ျဖစ္ေပၚ ေစနိုင္ တယ္လို့ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

united-chelsea

” မန္ခ်က္စတာ ယူနုိက္တက္ အတြက္ ေတာ့ ၾကီးက်ယ္ လွတဲ့ အေနအထား မ်ိဳး မျဖစ္ ခဲ့ေသး ပါဘူး ။ သူတုိ့ တုိက္စစ္ မွာ သြင္းဂိုး ေတြကို ျမင္ေတြ့ ရဖုိ႔ ခက္ခဲ ေနခဲ့ ပါတယ္ ။ အဲ့တာက ၾကီးမား လွတဲ့ ျပသနာ တစ္ခု ပါပဲ ။ အဲ့တာ ေတြက အေဝးကြင္းမွာ Clean Sheet ရရွိ ဖုိ႔ ရုန္းကန္ ရမွု ေတြကို ျဖစ္ေပၚ ေစခဲ့ ပါတယ္ ”

” အသင္း တစ္သင္း ရဲ့ တုိက္စစ္ ပိုင္းမွာ ဂိုးေတြ ရရွိ နုိင္ဖုိ့ ရုန္းကန္ ေနရ ျခင္းက အဲ့ဒီ အသင္း ရဲ့ ခံစစ္ ကစားသမား ေတြနဲ့ ဂိုး သမား ျဖစ္သူ ေတြကို ၾကီးမား တဲ့ ဖိအား ေတြ ပိုမို ျဖစ္ေပၚ ေစနုိင္ ပါတယ္ ”

” အကယ္လို့ လံုေလာက္ တဲ့ ဂိုးေတြ မသြင္းယူ နုိင္ဘူး ဆုိရင္ သူတုိ႔ ရွိေန လိုတဲ့ ေနရာ တစ္ခု ဆီကို ေရာက္ရွိ နိုင္ပါ့ မလား ? သူတုိ့ အတြက္ ကေတာ့ ဒီ ရာသီ အတြင္း အိမ္ကြင္း မွာထက္ အေဝး ကြင္းမွာ ဂိုးေတြ သြင္းယူ နုိင္ဖုိ႔ ဆုိတာ ပိုျပီး ခက္ခဲ တဲ့ အရာ တစ္ခု ျဖစ္လာ ခဲ့ရ ပါတယ္ ” လို့ ကာေရဂါ က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ျပီးခဲ့တဲ့ ေႏြ အေျပာင္း အေရႊ့ တုန္းက အသင္း ရဲ့ အေထာင္ တုိက္စစ္မွဴး တစ္ဦး ျဖစ္တဲ့ ရိုမီလူ လူကာကူ ကို အီတလီ ထိပ္သီး ကလပ္ ျဖစ္တဲ့ အင္တာ မီလန္ အသင္း ဆီ ေပါင္ 73 သန္း ဝန္းက်င္ နဲ့ ေရာင္းခ် ျဖစ္ခဲ့ ပါတယ္ ။

ဒါ့ေၾကာင့္ ဒီ ရာသီ ယူနုိက္တက္ အသင္း ရဲ့ တုိက္စစ္ မွာ စစ္မွန္ တဲ့ တုိက္စစ္ ကစားသမား တစ္ဦး တစ္ေယာက္ မွ ရွိ မေန ေတာ့ပဲ ေတာင္ပံ တုိက္စစ္ ကစားသမား ေတြ ျဖစ္ၾက တဲ့ မားကပ္စ္ ရပ္ရွ္ဖုိ႔ နဲ့ အန္သိုနီ မာရွယ္ တုိ့ အေပၚ ဂိုးသြင္း နုိင္ေရး ဖိအား ေတြဟာ အဓိက က်ေရာက္ ခဲ့ရ ပါတယ္ ။

marcus-rashford

လက္ရွိ အခ်ိန္ မွာေတာ့ အန္သိုနီ မာရွယ္ ဟာ ဒဏ္ရာ ျပသနာ ေၾကာင့္ ကုသ မွဳ ခံယူ ရင္း အနားယူ ေနခဲ့ ရတဲ့ အခ်ိန္ တုိက္စစ္ မွာ ဂိုးေတြ သြင္းယူ နုိင္ေရး ဖိအား ေတြဟာ အသက္ 21 ႏွစ္သာ ရွိေန ေသးတဲ့ မားကပ္စ္ ရပ္ရွ္ဖုိ႔ အေပၚ အျပည့္ အဝ က်ေရာက္ ေနခဲ့ ရ ပါတယ္ ။

#Sports_Myanmar

Unicode

ယူနိုက်တက်ရဲ့ အကြီးမားဆုံး ပြသနာက ဘာလဲ ဆိုတာ ထုတ်ဖော် ပြောကြားသွားတဲ့ လီဗာပူး ဂန္ဓဝင် #ကာရေဂါ

================

မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ ဒီ ရာသီ မှာ အနိုင် ရလဒ် ရယူ နိုင်ရေး နဲ့ ပတ်သက် လို့ ယုံကြည် စိတ်ချ ရဖွယ် ကောင်းလှတဲ့ ခြေစွမ်း မျိုး မပြသ နိုင်ခဲ့ သေး ပါဘူး ။ အခုတော့ လီဗာပူး အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဂျေမီ ကာရေဂါ က ယူနိုက်တက် ရဲ့ ဒီ ရာသီ အဓိက ပြသနာ က ဂိုးတွေ မသွင်းယူ နိုင်ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ ပွဲစဉ် 5 ပွဲ အထိ ကစား ထားခဲ့ ပြီး 2 ပွဲ နိုင် ၊ 2 ပွဲ သရေ ၊ 1 ပွဲ ရှုံး ရလဒ် နဲ့ အတူ ပရီးမီးယား လိဂ် အမှတ်ပေး ဇယား အဆင့် 5 နေရာ မှာ ရမှတ် 8 မှတ် နဲ့ အတူ ရပ်တည် နေခဲ့ ရ ပါတယ် ။ ဒါ့အပြင် ကစား ခဲ့တဲ့ အဆိုပါ 5 ပွဲမှာ 8 ဂိုးသာ သွင်းယူ ထားနိုင် ခဲ့ပါ သေးတယ် ။

အခြား တစ်ဖက် မှာတော့ အမှတ်ပေး ဇယား ကို ဦးဆောင် ထား ကြတဲ့ လီဗာပူး နဲ့ မန်စီးတီး အသင်း တွေက 15 ဂိုး ၊ 16 ဂိုးစီ သွင်းယူ ထားခဲ့ ကြပြီး ထက်မြက် တဲ့ တိုက်စစ် ကစားဟန် ကို ပြသ ထားနိုင် ခဲ့ကြ ပါတယ် ။ ဒါ့အပြင် အခြား ပြိုင်ဖက် အသင်း တွေ ဖြစ်ကြ တဲ့ တော့တင်ဟမ် နဲ့ ချဲလ်ဆီး တို့ဟာ လည်း 11 ဂိုးစီ သွင်းယူ ထားခဲ့ ကြ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် ခံစစ် ကတော့ ကောင်းမွန် တဲ့ ကစား ကွက်နဲ့ အတူ ပရီးမီးယား လိဂ်ရဲ့ ခံစစ် အကောင်းဆုံး အသင်း တစ်သင်း အဖြစ် 4 ဂိုးသာ ပေးထား ခဲ့ရ ပါ သေးတယ် ။ ဒါပေမယ့် ကာရေဂါ က တိုက်စစ်ပိုင်း မှာ ဂိုးတွေ သွင်းယူ နိုင်မှု မရှိ ခြင်းက ခံစစ် ကစားသမား တွေ အတွက် ဖိအား တွေကုုိ ဖြစ်ပေါ် စေနိုင် တယ်လို့ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အတွက် တော့ ကြီးကျယ် လှတဲ့ အနေအထား မျိုး မဖြစ် ခဲ့သေး ပါဘူး ။ သူတို့ တိုက်စစ် မှာ သွင်းဂိုး တွေကို မြင်တွေ့ ရဖို့ ခက်ခဲ နေခဲ့ ပါတယ် ။ အဲ့တာက ကြီးမား လှတဲ့ ပြသနာ တစ်ခု ပါပဲ ။ အဲ့တာ တွေက အဝေးကွင်းမှာ Clean Sheet ရရှိ ဖို့ ရုန်းကန် ရမှု တွေကို ဖြစ်ပေါ် စေခဲ့ ပါတယ် ”

” အသင်း တစ်သင်း ရဲ့ တိုက်စစ် ပိုင်းမှာ ဂိုးတွေ ရရှိ နိုင်ဖို့ ရုန်းကန် နေရ ခြင်းက အဲ့ဒီ အသင်း ရဲ့ ခံစစ် ကစားသမား တွေနဲ့ ဂိုး သမား ဖြစ်သူ တွေကို ကြီးမား တဲ့ ဖိအား တွေ ပိုမို ဖြစ်ပေါ် စေနိုင် ပါတယ် ”

” အကယ်လို့ လုံလောက် တဲ့ ဂိုးတွေ မသွင်းယူ နိုင်ဘူး ဆိုရင် သူတို့ ရှိနေ လိုတဲ့ နေရာ တစ်ခု ဆီကို ရောက်ရှိ နိုင်ပါ့ မလား ? သူတို့ အတွက် ကတော့ ဒီ ရာသီ အတွင်း အိမ်ကွင်း မှာထက် အဝေး ကွင်းမှာ ဂိုးတွေ သွင်းယူ နိုင်ဖို့ ဆိုတာ ပိုပြီး ခက်ခဲ တဲ့ အရာ တစ်ခု ဖြစ်လာ ခဲ့ရ ပါတယ် ” လို့ ကာရေဂါ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက အသင်း ရဲ့ အထောင် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ရိုမီလူ လူကာကူ ကို အီတလီ ထိပ်သီး ကလပ် ဖြစ်တဲ့ အင်တာ မီလန် အသင်း ဆီ ပေါင် 73 သန်း ဝန်းကျင် နဲ့ ရောင်းချ ဖြစ်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ဒီ ရာသီ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် မှာ စစ်မှန် တဲ့ တိုက်စစ် ကစားသမား တစ်ဦး တစ်ယောက် မှ ရှိ မနေ တော့ပဲ တောင်ပံ တိုက်စစ် ကစားသမား တွေ ဖြစ်ကြ တဲ့ မားကပ်စ် ရပ်ရှ်ဖို့ နဲ့ အန်သိုနီ မာရှယ် တို့ အပေါ် ဂိုးသွင်း နိုင်ရေး ဖိအား တွေဟာ အဓိက ကျရောက် ခဲ့ရ ပါတယ် ။

လက်ရှိ အချိန် မှာတော့ အန်သိုနီ မာရှယ် ဟာ ဒဏ်ရာ ပြသနာ ကြောင့် ကုသ မှု ခံယူ ရင်း အနားယူ နေခဲ့ ရတဲ့ အချိန် တိုက်စစ် မှာ ဂိုးတွေ သွင်းယူ နိုင်ရေး ဖိအား တွေဟာ အသက် 21 နှစ်သာ ရှိနေ သေးတဲ့ မားကပ်စ် ရပ်ရှ်ဖို့ အပေါ် အပြည့် အဝ ကျရောက် နေခဲ့ ရ ပါတယ် ။

#Sports_Myanmar