#Sports_Myanmar
Unicode
လူတွေရဲ့ ပြောစကား တွေက သူ့ကို သတ်နေသလို ပါပဲလို့ ဝန်ခံ လိုက်တဲ့ ယူနိုက်တက် နောက်ခံလူဟောင်း #အီဗရာ
===============
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဘယ် နောက်ခံ ကစား သမား ဟောင်း ဖြစ်သူ ပတ်ထရစ် အီဗရာ က လက်ရှိ အသင်း ရဲ့ ကျဆင်း နေမှု ကို ကြည့်ပြီး တစ်ကယ် ပဲ စိတ်ပျက် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဒါ့အပြင် ပြိုင်ဖက် အသင်း တွေ ဖက်မှ အသင်း ဟောင်း အပေါ် လေးစား မှု တစ်စ ထက် တစ်စ ကင်းမဲ့ လာကြ ခြင်းက သူ့ကို သတ်နေ သလို ခံစား ရကြောင်း အီဗရာ က သူ့ရဲ့ ခံစားချက် တွေကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဒါပေမယ့် အသင်း ရဲ့ အဓိက ကစားသမား အချို့ ဒဏ်ရာ ပြသနာ မှ ပြန်လာ သက်သာ ကောင်းမွန် လာကြ မယ့် အချိန် ယူနိုက်တက် အသင်း ဟာ ပြန်လည် တိုးတက် ကောင်းမွန် လာ လိမ့်မယ် လို့ ယုံကြည် ကြောင်း အီဗရာ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် လေးစား သမှု တွေက ဘယ်မှာလဲ ? လူတွေ ကျွန်တော် တို့ကို ပြန်လည် ကြောက်ရွံ့ ကြတာ မျိုးကို ကျွန်တော် ပြန်လည် မြင်တွေ့ ချင်နေ ပါတယ် ။ ဒါ့အပြင် အသင်း က ကစားသမား တွေလည်း ကွင်းထဲ ရောက်တဲ့ အခါ ပို ကောင်းတဲ့ ကစား ပုံနဲ့ အတူ နိုင်ပွဲ တွေ ရယူ ကြတာ မျိုး ကျွန်တော် မြင်တွေ့ လိုနေ ပါတယ် ”
” ဝက်စ်ဟမ်း အသင်း ဆီ သွားရောက် ရင်ဆိုင် ကစား ရဖို့ ဆိုတာ မလွယ်ကူ မှန်း ကျွန်တော် သိ ပါတယ် ။ အဲ့တာ က ခက်ခဲ တဲ့ နေရာ တစ်ခု ပါ ။ ဒါပေမယ့် ကျွန်တော် တို့ သေချာ အောင် ပြင်ဆင် ရ ပါ့မယ် ။ ကစားသမား တွေဟာ ကွင်းထဲ ရောက်ရှိ နေတဲ့ အချိန် ကျွန်တော် တို့တွေ ဟာ စည်းလုံး ညီညာ ( ယူနိုက်တက် ) နေကြ ရ ပါ့မယ် ”
” ယူနိုက်တက် ရဲ့ ဝင့်ထည် မှု တွေကုုိ ကျွန်တော် ပြန်လည် မြင်တွေ့ လိုနေ ပါတယ် ။ ပြိုင်ဖက် နဲ့ ရင်ဆိုင် ကစား တာ မလွယ် ကူဘူး ဆိုရင် တောင် လူတွေ က ကျွန်တော် တို့ မန်ချက်စတာ ယူနိုက်တက် ဖြစ်တယ် ဆိုတာ ကို သိရှိ နားလည် သွားရ ပါ့မယ် ”
” ဒါ့ကြောင့် ယူနိုက်တက် ဆိုတာ ဘာမှ မဟုတ် တော့ဘူး ဆိုတဲ့ အကြောင်း လူတွေ ပြောဆို ကြတဲ့ အခါ မှာ ကျွန်တော် တစ်ကယ် ပဲ စိတ်မကောင်း ဖြစ်ရ ပါတယ် ။ အဲ့တာ တွေက ကျွန်တော့် ကို သတ်နေ သလို ပါပဲ ”
” ဘယ်လို ပဲ ဖြစ်နေ ပါစေ ၊ ကျွန်တော် တို့ နိုင်ပွဲ တွေ ရရှိ နိုင်ဖို့ လိုအပ် ပါတယ် ။ ကျွန်တော် တို့ အသင်း မှာ လက်ရှိ အချိန် ဒဏ်ရာ ပြသနာ တွေ များစွာ ရှိနေ ပေမယ့် လည်း ကျွန်တော် နိုင်ပွဲ တွေကို မြင်တွေ့ လိုနေ ဆဲ ပါပဲ ။ ဘာပဲ ဖြစ်နေ ပါစေ ၊ ကျွန်တော် တို့ နိုင်နေ ဖို့ပဲ လိုအပ် တာပါ ”
” အချို့ လူတွေ က လက်စတာ နဲ့ ပွဲစဉ် မှာ ကျွန်တော် တို့ ကစားပုံ မကောင်းခဲ့ ကြဘူး လို့ ဝေဖန် ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ သုံးမှတ် အပြည့် ရရှိ နိုင်ခဲ့ ကြတယ် လေ ။ ကျွန်တော် တို့ သုံးမှတ် အတွက် ပဲ အဓိက ထား ကစား သွားကြ ရမှာ ပါ ”
” ကျွန်တော် တို့ ကွင်းထဲ ရောက်ပြီ ဆိုတာ နဲ့ အနိုင် ရလဒ် အတွက် ပဲ ဦးတည် ကစား ကြရ မှာပါ ။ ကျွန်တော့် ကို ယုံပါ ။ အသင်း ဟာ လူ ပြန်စုံ လာတဲ့ အခါ မှာ ကျွန်တော် တို့ တွေဟာ ပို ကောင်းတဲ့ နေစွဲ တွေကို ပိုင်ဆိုင် ကြမှာ အသေအချာ ပါပဲ ” လို့ အီဗရာ က သုံးသပ် ပြောနေ ကြ ပါတယ် ။
#Sports_Myanmar