ခ်ယ္လ္ဆီး အသင္း ဟာ မနက္ျဖန္ ည မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ အျဖစ္ ဘရိုက္တန္ အသင္းကို အိမ္ကြင္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ လက္ခံ ကစားသြား ရမွာ ျဖစ္ျပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရဖို႕ နဲ႕ အဆင့္ေလး အတြင္း ဝင္ဖုိ႕ အတြက္ ထို ပြဲစဥ္ ကို မျဖစ္မေန အႏိုုင္ ကစား သြားရမွာ လည္း ျဖစ္ပါတယ္ ။

လက္ရွိ မွာ ခ်ယ္လ္ဆီး အသင္း ဟာ ပရီးမီးယားလိဂ္ အဆင့္ ၆ ေနရာ မွာ ရပ္တည္ ေနေပမယ့္ အဆင့္ ၃ ေနရာ က အာဆင္နယ္ အသင္း နဲ႕၃ မွတ္သာ ကြာဟ ေနေသးတဲ့ အတြက္ ရာသီကုန္ မွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရဖို႕ အခြင့္အေရး မ်ားစြာ ရွိေနေသးတာ ျဖစ္ပါတယ္ ။ ျပီးခဲ့တဲ့ ကာဒစ္ဖ္ နဲ႕ ပြဲမွာလည္း ပြဲျပီးခါနီး သြင္းဂိုး ၂ဂိုး ရရွိျပီး ကံေကာင္းစြာ နဲ႔ ခ်ယ္လ္ဆီး တို႕ အဖိုးတန္ အႏိုင္ ၃ မွတ္ ရရွိ ခဲ့တာ ျဖစ္ပါတယ္ ။

သို႕ေပမယ့္ လည္း ခ်ယ္လ္ဆီး အသင္း နည္းျပ ေမာ္ရစ္ဇီယို ဆာရီ ဟာ ထို ပြဲစဥ္ မွာ အသင္းရဲ႕ အဓိက ကစားသမား ၂ဦး ျဖစ္တဲ့ အီဒင္ ဟာဇတ္ နဲ႕ အန္ဂိုလို ကန္ေတ တို႕ကို အရန္ခံု မွာပဲ ခ်န္ရစ္ ထားခဲ့သလို အဂၤလန္ လက္ေရြးစင္ အသင္းနဲ႔ အတူ ေျခစြမ္းျပ ခဲ့တဲ့ လူငယ္ ေတာင္ပံ ကစားသမား ဟတ္ဒ္ဆန္ အိုဒိြဳင္း တို႕ကုိ ပြဲထြက္ခြင့္ မေပး ခဲ့တာေၾကာင့္ ပရိသတ္ ေတြ အလြန္ပဲ စိတ္ပ်က္ ေဒါသ ထြက္ခဲ့ ၾကပါတယ္ ။

ယခု တခါ ဘရိုက္တန္ နဲ႕ ေတြ႕ဆံု ရမွာ ပြဲထြက္ ကစားသမား စာရင္း ကို ဆာရီ တေယာက္ ဘယ္လို မ်ိဳး စီမံ ခန္႕ခြဲမလဲ ဆိုတာ ေသခ်ာ မသိရေသးေပမယ့္ ယေန႕ညေန က သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ဆာရီ က လူငယ္ ေတာင္ပံ ကစားသမား ဟတ္ဒ္ဆန္ အိုဒိြဳင္း ဟာ ဘရိုက္တန္ နဲ႕ ပြဲမွာ ဒီရာသီ ပထမဆံုး ပရီးမီးယားလိဂ္ ပြဲစဥ္ ကို ပြဲထြက္ ကစား ရႏိုင္တယ္ လို႕ အတိအလင္း ထုတ္ျပန္ ေျပာဆို သြားခဲ့ ပါတယ္ ။

ဆာရီ က ” ဒီရာသီ မစတင္ခင္ ရာသီၾကိဳ ေျခစမ္း ပြဲစဥ္ ေတြမွာ ကြ်န္ေတာ္ ဟာ ေကာ္လမ္ ရဲ႕ ေျခစြမ္း ကို ေလ့က်င့္ေရး အစီအစဥ္ ၅ခု ေလာက္ အျပီးမွာ သတိထား မိခဲ့ပါတယ္ ။ သူဟာ အလားအလာ အေတာ္ေကာင္းတဲ့ လူငယ္ ကစားသမား တေယာက္ ျဖစ္ပါတယ္ ။ ကြ်န္ေတာ့ အေတြးထဲမွာေတာ့ သူဟာ အခု ေလာေလာဆယ္ အသင္း နဲ႕ ပြဲတိုင္း နီးပါး ပြဲထြက္ ကစားဖို႕ မလံုေလာက္ ေသးတဲ့ ကစားသမား တဦး လို႕ပဲ ထင္ပါတယ္ ။ ”

” ဒါေပမယ့္ ဒီရာသီ အေတာအတြင္း မွာပဲ သူ႕ရဲ႕ ေျခစြမ္း အေတာ္ တိုးတက္ လာခဲ့ျပီး အခုဆို ပြဲထြက္ ကစားဖို႕ အသင့္ ျဖစ္ေနပါျပီ ။ ကြ်န္ေတာ္ ဟာ ဒီႏွစ္ ေဘာလံုး ရာသီ အစကတည္း က သူ႕ကို ခ်ယ္လ္ဆီး မွာပဲ ဆက္ထိန္း ထားဖို႕ ဆံုးျဖတ္ ခဲ့တာေၾကာင့္ သူ႕ကို ပထမ အသင္း စာရင္း မွာေတာင္ ထည့္သြင္း ခဲ့တာ ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ ဟာ ေကာ္လမ္ အေၾကာင္း ေသခ်ာ သိထား ျပီးသားပါ ။ ”

” ကြ်န္ေတာ့ အေနနဲ႕ သူ႔ကို ဒီထက္ ပိုျပီး ေျခစြမ္း တိုးတက္ ေစခ်င္ ပါေသးတယ္ ။ သူ႕ရဲ႕ အနာဂတ္ ေျခစြမ္း အလားအလာ က အရမ္း ေကာင္းေနပါတယ္ ။ ေကာ္လမ္ ဟာ ကြ်န္ေတာ့ ရဲ႕ စိတ္ထဲမွာ အျမဲ ရွိေနတဲ့ ကစားသမား တေယာက္ပါ ။ သူဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ အနာဂတ္ ၾကယ္ပြင့္ ကစားသမား ျဖစ္ျပီး အခုဆို ပြဲထြက္ ကစားဖို႕ အသင့္ ျဖစ္ေနပါျပီ ။ မနက္ျဖန္ ( ဒါမွမဟုတ္ ) လာမယ့္ ပြဲစဥ္ တပြဲမွာ သူ ပြဲထြက္ခြင့္ ရပါလိမ့္မယ္ ။ ”

” ပထမဆံုး အေနနဲ႕ က်န္တဲ့ ေတာင္ပံ ကစားသမား ေတြရဲဲ႕ ၾကံ့ခိုင္မႈ အေျခအေန ေတြကို အရင္ ၾကည့္ခ်င္ ပါတယ္ ။ ဝီလီ ၊ ပတ္ဒရို ၊ အီဒင္ တို႕ရဲ႕ အေနအထား ေတြေပါ့ ။ ဒါေပမယ့္ ေကာ္လမ္ ကို ပြဲထုတ္ ေပးဖို႕ ကြ်န္ေတာ့ စိတ္ထဲမွာ အျမဲ ရွိေနပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဒါကေတာ့ ခ်ယ္လ္ဆီး ပရိသတ္ ေတြ အတြက္ သတင္းေကာင္း ျဖစ္ျပီး ေနာက္ထပ္ သတင္းဆိုး တခု ကေတာ့ အသင္း ရဲ႕ အားထားရတဲ့ ဘယ္ေနာက္ခံလူ မားကို႕စ္ အလြန္ဆို ဟာ ေပါင္ျခံ ဒဏ္ရာေၾကာင့္ ေနာက္ထပ္ ၄ ၊ ၅ ရက္ေလာက္ အနားယူ ရမယ္ လို႕ ဆာရီ က မွတ္ခ်က္ ျပဳ ေျပာဆို ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချယ်လ်ဆီး ပရိသတ် တွေ အတွက် သတင်းကောင်း တခု နဲ့ သတင်းဆိုး တခု ကို ပြောပြ လိုက်တဲ့ #ဆာရီ

ချယ်လ်ဆီး အသင်း ဟာ မနက်ဖြန် ည မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဘရိုက်တန် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစားသွား ရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ နဲ့ အဆင့်လေး အတွင်း ဝင်ဖို့ အတွက် ထို ပွဲစဉ် ကို မဖြစ်မနေ အနိုုင် ကစား သွားရမှာ လည်း ဖြစ်ပါတယ် ။

လက်ရှိ မှာ ချယ်လ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် အဆင့် ၆ နေရာ မှာ ရပ်တည် နေပေမယ့် အဆင့် ၃ နေရာ က အာဆင်နယ် အသင်း နဲ့၃ မှတ်သာ ကွာဟ နေသေးတဲ့ အတွက် ရာသီကုန် မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အခွင့်အရေး များစွာ ရှိနေသေးတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ကာဒစ်ဖ် နဲ့ ပွဲမှာလည်း ပွဲပြီးခါနီး သွင်းဂိုး ၂ဂိုး ရရှိပြီး ကံကောင်းစွာ နဲ့ ချယ်လ်ဆီး တို့ အဖိုးတန် အနိုင် ၃ မှတ် ရရှိ ခဲ့တာ ဖြစ်ပါတယ် ။

သို့ပေမယ့် လည်း ချယ်လ်ဆီး အသင်း နည်းပြ မော်ရစ်ဇီယို ဆာရီ ဟာ ထို ပွဲစဉ် မှာ အသင်းရဲ့ အဓိက ကစားသမား ၂ဦး ဖြစ်တဲ့ အီဒင် ဟာဇတ် နဲ့ အန်ဂိုလို ကန်တေ တို့ကို အရန်ခုံ မှာပဲ ချန်ရစ် ထားခဲ့သလို အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ခြေစွမ်းပြ ခဲ့တဲ့ လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း တို့ကို ပွဲထွက်ခွင့် မပေး ခဲ့တာကြောင့် ပရိသတ် တွေ အလွန်ပဲ စိတ်ပျက် ဒေါသ ထွက်ခဲ့ ကြပါတယ် ။

ယခု တခါ ဘရိုက်တန် နဲ့ တွေ့ဆုံ ရမှာ ပွဲထွက် ကစားသမား စာရင်း ကို ဆာရီ တယောက် ဘယ်လို မျိုး စီမံ ခန့်ခွဲမလဲ ဆိုတာ သေချာ မသိရသေးပေမယ့် ယနေ့ညနေ က သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဆာရီ က လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ဘရိုက်တန် နဲ့ ပွဲမှာ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ကို ပွဲထွက် ကစား ရနိုင်တယ် လို့ အတိအလင်း ထုတ်ပြန် ပြောဆို သွားခဲ့ ပါတယ် ။

ဆာရီ က ” ဒီရာသီ မစတင်ခင် ရာသီကြို ခြေစမ်း ပွဲစဉ် တွေမှာ ကျွန်တော် ဟာ ကော်လမ် ရဲ့ ခြေစွမ်း ကို လေ့ကျင့်ရေး အစီအစဉ် ၅ခု လောက် အပြီးမှာ သတိထား မိခဲ့ပါတယ် ။ သူဟာ အလားအလာ အတော်ကောင်းတဲ့ လူငယ် ကစားသမား တယောက် ဖြစ်ပါတယ် ။ ကျွန်တော့ အတွေးထဲမှာတော့ သူဟာ အခု လောလောဆယ် အသင်း နဲ့ ပွဲတိုင်း နီးပါး ပွဲထွက် ကစားဖို့ မလုံလောက် သေးတဲ့ ကစားသမား တဦး လို့ပဲ ထင်ပါတယ် ။ ”

” ဒါပေမယ့် ဒီရာသီ အတောအတွင်း မှာပဲ သူ့ရဲ့ ခြေစွမ်း အတော် တိုးတက် လာခဲ့ပြီး အခုဆို ပွဲထွက် ကစားဖို့ အသင့် ဖြစ်နေပါပြီ ။ ကျွန်တော် ဟာ ဒီနှစ် ဘောလုံး ရာသီ အစကတည်း က သူ့ကို ချယ်လ်ဆီး မှာပဲ ဆက်ထိန်း ထားဖို့ ဆုံးဖြတ် ခဲ့တာကြောင့် သူ့ကို ပထမ အသင်း စာရင်း မှာတောင် ထည့်သွင်း ခဲ့တာ ဖြစ်ပါတယ် ။ ကျွန်တော် ဟာ ကော်လမ် အကြောင်း သေချာ သိထား ပြီးသားပါ ။ ”

” ကျွန်တော့ အနေနဲ့ သူ့ကို ဒီထက် ပိုပြီး ခြေစွမ်း တိုးတက် စေချင် ပါသေးတယ် ။ သူ့ရဲ့ အနာဂတ် ခြေစွမ်း အလားအလာ က အရမ်း ကောင်းနေပါတယ် ။ ကော်လမ် ဟာ ကျွန်တော့ ရဲ့ စိတ်ထဲမှာ အမြဲ ရှိနေတဲ့ ကစားသမား တယောက်ပါ ။ သူဟာ ချယ်လ်ဆီး အသင်း ရဲ့ အနာဂတ် ကြယ်ပွင့် ကစားသမား ဖြစ်ပြီး အခုဆို ပွဲထွက် ကစားဖို့ အသင့် ဖြစ်နေပါပြီ ။ မနက်ဖြန် ( ဒါမှမဟုတ် ) လာမယ့် ပွဲစဉ် တပွဲမှာ သူ ပွဲထွက်ခွင့် ရပါလိမ့်မယ် ။ ”

” ပထမဆုံး အနေနဲ့ ကျန်တဲ့ တောင်ပံ ကစားသမား တွေရဲဲ့ ကြံ့ခိုင်မှု အခြေအနေ တွေကို အရင် ကြည့်ချင် ပါတယ် ။ ဝီလီ ၊ ပတ်ဒရို ၊ အီဒင် တို့ရဲ့ အနေအထား တွေပေါ့ ။ ဒါပေမယ့် ကော်လမ် ကို ပွဲထုတ် ပေးဖို့ ကျွန်တော့ စိတ်ထဲမှာ အမြဲ ရှိနေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဒါကတော့ ချယ်လ်ဆီး ပရိသတ် တွေ အတွက် သတင်းကောင်း ဖြစ်ပြီး နောက်ထပ် သတင်းဆိုး တခု ကတော့ အသင်း ရဲ့ အားထားရတဲ့ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို ဟာ ပေါင်ခြံ ဒဏ်ရာကြောင့် နောက်ထပ် ၄ ၊ ၅ ရက်လောက် အနားယူ ရမယ် လို့ ဆာရီ က မှတ်ချက် ပြု ပြောဆို ခဲ့ပါတယ် ။

SPORTS MYANMAR