paul merson

လန္ဒန္ျမိဳ႔ခံ အာဆင္နယ္အသင္းဟာ သူတို႔ရဲ႕ သက္ေတာ္ရွည္နည္းျပျကီး အာဆင္ဝင္းဂါး နဲ႔ လမ္းခြဲအျပီးမွာ ဆီဗီလာ၊ PSG တို႔ရဲ႕နည္းျပေဟာင္း အမ္မရီကိုတာဝန္ေပးထားတာျဖစ္ပါတယ္။ဒီစပိန္သားျကီးရဲ႕ လက္ထက္မွာ ထင္သေလာက္ အဆင္ေျပခဲ႔ျခင္း မရွိထားေသးပဲ ျပီးခဲ႔တဲ႕ ရာသီမွာဖလား လက္မဲ႔ ျဖစ္ခဲ႔သလို ခ်န္ပီယံလိဂ္ဝင္ခြင့္ပါ ဆက္ျပီး ဆံုးရွံုးထားခဲ႔တာျဖစ္ပါတယ္။

ဒီရာသီမွာ လည္း ပရီးမီးယားလိဂ္အဖြင့္ ၂ပြဲကို အႏိုင္ကစားထားႏိုင္ခဲ႔ေပမယ့္ ေနာက္ဆံုး ၃ပြဲမွာ ၂မွတ္သာရယူထားႏိုင္ခဲ႔ေသးတာျဖစ္ပါတယ္။ဒါေျကာင့္လည္း အာဆင္နယ္ အသင္းမွာ ၁၂ႏွစ္ျကာ ကစားခဲ႔ဖူးတဲ႔ ေပါလ္မာဆန္က ဝင္းဂါးလက္ထက္ကျပသနာျကီးေတြဟာ အမ္မရီ လက္ထက္အထိရွိေနေသးတယ္လို႔ ဆိုလိုက္တာျဖစ္ပါတယ္။

Daily Star သတင္းစာရဲ႔ သူေရးသားေနျက ေကာ္လံမွာ ေပါလ္မာဆန္က –
” အခုခ်ိန္ ဟာ အူႏိုင္းအမ္မရီအေယာင္ေဆာင္ထားတဲ႔ အာဆင္ဝင္းဂါး က အာဆင္နယ္အသင္းကို ကိုင္တြယ္ေနသလိုပါပဲ။ဘာေျကာင့္လည္းဆိုေတာ့ အရင္လို တူညီတဲ့ ဇာတ္လမ္းသြားမ်ိဳးျဖစ္ေနလို႕ပါပဲ။သူတို႔ဟာ စပါး လို အသင္းနဲ႔ပြဲမွာ ဦးေဆာင္ဂိုး၂ဂိုးေပးခဲ႔ရအျပီး ေနာက္ကေန လိုက္ကစားႏိုင္ ခဲ႔ေပမယ့္ ဝက္ဖို႔ဒ္လို အသင္းကို ေတာ့ ၂ဂိုးျပတ္ ဦးေဆာင္အျပီးမွ အမွတ္ျပန္ခြဲေပးခဲ႕ရပါတယ္။ဒါမ်ိဳးအေျခအေနေတြဟာ အာဆင္နယ္လို အသင္းမွာ ျဖစ္လို႔ မရပါဘူး။

အာဆင္ဝင္းဂါး လက္ထက္က ေန႔ေတြလိုျပန္ေရာက္ေနတာျဖစ္ျပီး ဘာမွ ျခားနားတာမရွိေနပါဘူး။ဒါဟာဘာေျကာင့္လည္းဆိုေတာ့ ရလာတဲ႔ ဂိုးလြန္ေဘာေတြကို ကန္မတင္ပဲ ဧရိယာ အတြင္းမွာပဲလူေပးရမယ္ဆိုတဲ႔ နည္းစနစ္သစ္ေျကာင့္ျဖစ္ပါတယ္။ဒီအာဆင္နယ္ အသင္းကိုျကည့္ရတာသူတို႔ဟာ ကိုယ့္ဂိုးရဲ႕ အနီးပတ္ဝန္းက်င္၄ကိုက္ေလာက္အကြာအေဝးကို ပဲ ေဘာလံုးကို မျဖစ္မေန ေပးေနရသလိုပါပဲ။ဒါဟာ Play Station တို႔ ဖီဖာ ေဘာလံုးဂိမ္းတို႔မွာ ကစားသင့္တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ဒါမ်ိဳး ကစားလို႔ မရပါဘူး။အမ္မရီ အေနနဲ႔ သူ႕ရဲ႕နည္းစနစ္ ကို အေျပာင္းအလဲလုပ္ရင္ လုပ္ ဒါမွမဟုတ္ရင္ေတာ့ သူဟာ မျကာခင္မွာ အလုပ္ကေန ထြက္ခြာရပါလိမ့္မယ္။အမ္းမရိတ္မွာသာ ဗီလာအသင္းကို သူတို႔အႏိုင္မရခဲ႔ရင္ပရိသတ္ေတြကအလွည့္အေျပာင္းေတြ စလုပ္ခိုင္းပါလိမ့္မယ္ ” လို႔ေရးသားခဲ႔တာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာေႏြရာသီအတြင္းမွာ ကစားသမား သစ္အခ်ိဳ႔ကို ေခၚယူထားခဲ႔တာျဖစ္ျပီး ေပါင္ ၇၂သန္းတန္ နီကိုလက္စ္ ပီပီ လည္း ပါဝင္တာျဖစ္ပါတယ္။ဒါေပမယ့္ ဒီလိုင္လီ ေတာင္ပံကစားသမားေဟာင္းရဲ႕ ေျခစြမ္းအေပၚကို လည္း ေပါလ္မာဆန္က အားရေက်နပ္မွဳမရွိေသးတာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းအတြက္ ဂိုးသြင္းယူေပးႏိုင္ျခင္းမရွိေသးတဲ႔ ပီပီနဲ႔ပတ္သက္ျပီး ေပါလ္မာဆန္က – ” နီကိုလက္စ္ ပီပီ အေနနဲ႕ သူ႔ရဲ႕ အေကာင္းဆံုးေျခစြမ္းကို ျပသႏိုင္ဖို႕ ျကိုးစားအားထုတ္ဖို႔ လိုေနပါတယ္။သူဟာအခုထိ ေပါင္၇၂ သန္းနဲ႔ ထိုက္တန္တဲ႔ ပံုစံ တစံုတရာမ်ိဳးမေတြ႔ထားရေသးပါဘူး ” လို႔ေရးသားခဲ႔တာျဖစ္ပါတယ္။

SPORT MYANMAR

Unicode

အမ်မရီရဲ့ကစားကွက်ဟာဂိမ်းတွေထဲမှာပဲအလုပ်ဖြစ်လိမ့်လို့ဆိုလိုက်ပြီး ပီပီရဲ့ခြေစွမ်းဟာ ပေါင်ရ၂သန်းနဲ့မတန်သေးဘူးလို့ဆိုလိုက်တဲ့#ပေါလ်မာဆန်
=====================================

လန်ဒန်မြို့ခံ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ သက်တော်ရှည်နည်းပြကြီး အာဆင်ဝင်းဂါး နဲ့ လမ်းခွဲအပြီးမှာ ဆီဗီလာ၊ PSG တို့ရဲ့နည်းပြဟောင်း အမ်မရီကိုတာဝန်ပေးထားတာဖြစ်ပါတယ်။ဒီစပိန်သားကြီးရဲ့ လက်ထက်မှာ ထင်သလောက် အဆင်ပြေခဲ့ခြင်း မရှိထားသေးပဲ ပြီးခဲ့တဲ့ ရာသီမှာဖလား လက်မဲ့ ဖြစ်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ပါ ဆက်ပြီး ဆုံးရှုံးထားခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ လည်း ပရီးမီးယားလိဂ်အဖွင့် ၂ပွဲကို အနိုင်ကစားထားနိုင်ခဲ့ပေမယ့် နောက်ဆုံး ၃ပွဲမှာ ၂မှတ်သာရယူထားနိုင်ခဲ့သေးတာဖြစ်ပါတယ်။ဒါကြောင့်လည်း အာဆင်နယ် အသင်းမှာ ၁၂နှစ်ကြာ ကစားခဲ့ဖူးတဲ့ ပေါလ်မာဆန်က ဝင်းဂါးလက်ထက်ကပြသနာကြီးတွေဟာ အမ်မရီ လက်ထက်အထိရှိနေသေးတယ်လို့ ဆိုလိုက်တာဖြစ်ပါတယ်။

Daily Star သတင်းစာရဲ့ သူရေးသားနေကြ ကော်လံမှာ ပေါလ်မာဆန်က –
” အခုချိန် ဟာ အူနိုင်းအမ်မရီအယောင်ဆောင်ထားတဲ့ အာဆင်ဝင်းဂါး က အာဆင်နယ်အသင်းကို ကိုင်တွယ်နေသလိုပါပဲ။ဘာကြောင့်လည်းဆိုတော့ အရင်လို တူညီတဲ့ ဇာတ်လမ်းသွားမျိုးဖြစ်နေလို့ပါပဲ။သူတို့ဟာ စပါး လို အသင်းနဲ့ပွဲမှာ ဦးဆောင်ဂိုး၂ဂိုးပေးခဲ့ရအပြီး နောက်ကနေ လိုက်ကစားနိုင် ခဲ့ပေမယ့် ဝက်ဖို့ဒ်လို အသင်းကို တော့ ၂ဂိုးပြတ် ဦးဆောင်အပြီးမှ အမှတ်ပြန်ခွဲပေးခဲ့ရပါတယ်။ဒါမျိုးအခြေအနေတွေဟာ အာဆင်နယ်လို အသင်းမှာ ဖြစ်လို့ မရပါဘူး။

အာဆင်ဝင်းဂါး လက်ထက်က နေ့တွေလိုပြန်ရောက်နေတာဖြစ်ပြီး ဘာမှ ခြားနားတာမရှိနေပါဘူး။ဒါဟာဘာကြောင့်လည်းဆိုတော့ ရလာတဲ့ ဂိုးလွန်ဘောတွေကို ကန်မတင်ပဲ ဧရိယာ အတွင်းမှာပဲလူပေးရမယ်ဆိုတဲ့ နည်းစနစ်သစ်ကြောင့်ဖြစ်ပါတယ်။ဒီအာဆင်နယ် အသင်းကိုကြည့်ရတာသူတို့ဟာ ကိုယ့်ဂိုးရဲ့ အနီးပတ်ဝန်းကျင်၄ကိုက်လောက်အကွာအဝေးကို ပဲ ဘောလုံးကို မဖြစ်မနေ ပေးနေရသလိုပါပဲ။ဒါဟာ Play Station တို့ ဖီဖာ ဘောလုံးဂိမ်းတို့မှာ ကစားသင့်တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဒါမျိုး ကစားလို့ မရပါဘူး။အမ်မရီ အနေနဲ့ သူ့ရဲ့နည်းစနစ် ကို အပြောင်းအလဲလုပ်ရင် လုပ် ဒါမှမဟုတ်ရင်တော့ သူဟာ မကြာခင်မှာ အလုပ်ကနေ ထွက်ခွာရပါလိမ့်မယ်။အမ်းမရိတ်မှာသာ ဗီလာအသင်းကို သူတို့အနိုင်မရခဲ့ရင်ပရိသတ်တွေကအလှည့်အပြောင်းတွေ စလုပ်ခိုင်းပါလိမ့်မယ် ” လို့ရေးသားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာနွေရာသီအတွင်းမှာ ကစားသမား သစ်အချို့ကို ခေါ်ယူထားခဲ့တာဖြစ်ပြီး ပေါင် ရ၂သန်းတန် နီကိုလက်စ် ပီပီ လည်း ပါဝင်တာဖြစ်ပါတယ်။ဒါပေမယ့် ဒီလိုင်လီ တောင်ပံကစားသမားဟောင်းရဲ့ ခြေစွမ်းအပေါ်ကို လည်း ပေါလ်မာဆန်က အားရကျေနပ်မှုမရှိသေးတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခြင်းမရှိသေးတဲ့ ပီပီနဲ့ပတ်သက်ပြီး ပေါလ်မာဆန်က – ” နီကိုလက်စ် ပီပီ အနေနဲ့ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ဖို့ ကြိုးစားအားထုတ်ဖို့ လိုနေပါတယ်။သူဟာအခုထိ ပေါင်ရ၂ သန်းနဲ့ ထိုက်တန်တဲ့ ပုံစံ တစုံတရာမျိုးမတွေ့ထားရသေးပါဘူး ” လို့ရေးသားခဲ့တာဖြစ်ပါတယ်။

SPORT MYANMAR