ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ အဂၤလန္ ေႏြရာသီ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္ မွာ ျပီးခဲ့တဲ့ ရာသီ က အသင္း ရဲ႕ အဓိက ခံစစ္မွဴး ျဖစ္တဲ့ ေဒးဗစ္ လူးဝဇ္ ကို ျမိဳ႕ခံ ျပိဳင္ဖက္ အာဆင္နယ္ အသင္း သို႕ ေပါင္ ၈ သန္း နဲ႕ ေရာင္းခ် ခဲ့ပါတယ္ ။ ေဒးဗစ္ လူးဝဇ္ ထြက္ခြာ သြားျပီးတဲ့ေနာက္ မွာ ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ ဟာ အကယ္ဒမီ ထြက္ လူငယ္ ခံစစ္မွဴး ဖီကာယုိ တိုမိုရီ ကို စီနီယာ အသင္း မွာ ပိုျပီး ေနရာ ေပးလာ ခဲ့ပါတယ္ ။

abraham vs tomori

 

တိုမိုရီ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ က ဖရန္႕ လမ္းပတ္ ကိုင္တြယ္ ခဲ့တဲ့ ခ်န္ပီယံရွစ္ ကလပ္ ဒါဘီ ေကာင္တီ အသင္း သို႕ အငွား ထြက္ကစား ခဲ့ကာ တည္ျငိမ္တဲ့ ပံုစံေကာင္း ေတြနဲ႕ ေျခစြမ္း ျပသ ႏိုင္ခဲ့တာေၾကာင့္ ဒါဘီ အသင္း ရဲ႕ တရာသီ အေကာင္းဆံုး ကစားသမားဆု ကိုပါ ရရွိ ခဲ့ပါတယ္ ။ အခု အခါမွာေတာ့ တိုမိုရီ ဟာ သူ အျမဲ ေမွ်ာ္မွန္း ထားတဲ့ ခ်ယ္လ္ဆီး စီနီယာ အသင္း အတြက္ ကစားခြင့္ ကိုပါ ရရွိ လာျပီ ျဖစ္ပါတယ္ ။

ေဒးဗစ္ လူးဝဇ္ ေၾကာင့္ တိုမိုရီ ဟာ ေနရာ ပိုရလာတယ္ လို႕ တခ်ိဳ႕ က သံုးသပ္ ၾကေပမယ့္ ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ ရဲ႕ ေျဖၾကားခ်က္ ကေတာ့ ” ကြ်န္ေတာ္ ဟာ ဖီကာယို ကို အရင္ ကတည္းက သတိထား မိခဲ့ပါတယ္ ။ ဒါေပမယ့္ နီးနီးကပ္ကပ္ ေတာ့ မဟုတ္ပါဘူး ။ သူ႕ရဲ႕ ေျခစြမ္း နဲ႕ ပတ္သက္ျပီး အကယ္ဒမီ မွာ ကတည္းက ေကာင္းသတင္း ေတြ ၾကားေနခဲ့ ရပါတယ္ ။ ကြ်န္ေတာ္ နဲ႕ ဂြ်န္ ( တယ္ရီ ) ဟာ သူ႕လို လူငယ္ ကစားသမား ေတြကို အကယ္ဒမီ မွာ ေသခ်ာ ေစာင့္ၾကည့္ ခဲ့ၾကဖူးပါတယ္ ။ ”

” ဒါဘီ ကို ကြ်န္ေတာ္ စျပီး ကိုင္တြယ္ေတာ့ ကြ်န္ေတာ္ တို႕မွာ ခံစစ္မွဴး တေယာက္ လိုအပ္ ေနေတာ့ ဖီကာယို ကို ကြ်န္ေတာ္ တို႕ အငွား နဲ႕ ေခၚယူဖို႕ အသံုးတည့္ သြားတာေပါ့ဗ်ာ ။ ျပီးခဲ့တဲ့ ရာသီ က ဖီကာယုိ ဒါဘီ ကို မေရာက္လာခင္ အထိ ကြ်န္ေတာ္ တို႕မွာ ခံစစ္မွဴး ၂ေယက္ပဲ ရွိခဲ့ပါတယ္ ။ အဲ့ဒီ မွာ ဖီကာယုိ ကို ခ်ယ္လ္ဆီး ကေန အငွား နဲ႕ ေခၚယူမယ့္ အသင္း မရွိတာေၾကာင့္ ေရတို အခ်ိန္ မွာ ခံစစ္မွဴး လိုအပ္ခ်က္ ကို ေျဖရွင္းဖို႕ လိုေနတဲ့ ဒါဘီ အတြက္ အဆင္ေျပ သြားခဲ့ပါတယ္ ။ ”

” ကြ်န္ေတာ္ သူ႕ကို ေခၚဖို႕ ခ်ယ္လ္ဆီး အသင္း ကိို ဆက္သြယ္ ခဲ့ပါတယ္ ။ အဆံုးမွာေတာ့ သူဟာ ကြ်န္ေတာ္ တို႕ ကစားကြက္ နဲ႕ အံဝင္ တဲ့ ခံစစ္မွဴး တဦး ျဖစ္ခဲ့ပါတယ္ ။ သူ႕ အေၾကာင္း ကို သိထားတဲ့ ဂ်ိဳဒီ ေမာရစ္ နဲ႕ အတူ အလုပ္လုပ္ ရေတာ့ ကြ်န္ေတာ့ အတြက္ ပိုျပီး အဆင္ေျပ ခဲ့ပါတယ္ ။ ဒါေၾကာင့္မို႔ သူ ကြ်န္ေတာ္ တို႕ အတြက္ ဘယ္လို စြမ္းေဆာင္မႈ ေတြ ေပးႏိုင္လဲ ဆိုတာ ပိုျပီး သိရတာေပါ့ဗ်ာ ။ ဒါေပမယ့္ ကြ်န္ေတာ့ နည္းစနစ္ မွာ အံဝင္ေအာင္ ကစား ႏိုင္ခဲ့တာ ကေတာ့ ဖီကာယို ရဲ႕ ထက္ျမက္မႈ နဲ႕ ပတ္သက္ျပီး ခ်ီးက်ဴး ရမွာပါ ။ ”

” ဒါဘီ အသင္း ဆီ ေရာက္လာ ကတည္းက အခု ခ်ယ္လ္ဆီး အသင္း မွာ ကစား ေနရတဲ့ အထိ သူ႕ရဲ႕ ခံယူခ်က္ နဲ႕ စိတ္ဓာတ္ က အေတာ္ေလး ျမင့္တက္ ေနပါျပီ ။ အစ ကေန အဆံုး သူ႕ရဲ႕ ၾကိဳးစားမႈ ေတြက မေလ်ာ့က် ခဲ့တာေၾကာင့္ သူဟာ ပိုပိုျပီး တိုးတက္ လာတာ ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ ဟာ သူ႕ကို ကစားသမား တေယာက္ အေနနဲ႕ ယံုၾကည္မႈ ရွိပါတယ္ ။ ေန႕စဥ္ သူ ေလ့က်င့္ ေနတဲ့ ပံုစံ ၊ သူ ကစားတဲ့ ပံုစံ ေတြဟာ ကြ်န္ေတာ္ ျမင္ခ်င္တဲ့ အတိုင္း ထပ္တူ က်ေနပါတယ္ ။ ”

” ဟုတ္ပါတယ္ ။ သူဟာ အခု အခ်ိန္ မွာ ငယ္ရြယ္ ေသးတဲ့ ကစားသမား တဦး ျဖစ္ပါတယ္ ။ အသင္း မွာ ရွိေနတဲ့ တျခား လူငယ္ ေျခတက္ ေတြလိုပဲ သူ႕ရဲ႕ ေျခစြမ္း ဆက္ျပီး တိုးတက္ ႏိုင္ပါေသးတယ္ ။ ဒါေပမယ့္ ဒီလို ျဖစ္လာဖို႕ သူ႕မွာ ပံုေသ ၾကိဳးစားမႈ တခုေတာ့ ရွိဖို႕ လိုပါတယ္ ။ နဂို ကတည္းက သူ႕ကို ကြ်န္ေတာ္ ယံုၾကည္ ထားခဲ့တာပါ ။ အခုေတာ့ သူဟာ ခ်ယ္လ္ဆီး ပထမ အသင္း ရဲ႕ ကစားသမား တဦး ျဖစ္လာခဲ့ပါျပီ ။ ”

” ဒါေၾကာင့္မို႕ အသင္း က ဘယ္သူပဲ ထြက္ထြက္ ၊ ကြ်န္ေတာ္ သူ႕ အေပၚ ထားတဲ့ သေဘာထား က ေျပာင္းလဲ သြားမွာ မဟုတ္ပါဘူး ။ ကြ်န္ေတာ္ ခ်ယ္လ္ဆီး ကို မန္ေနဂ်ာ အေနနဲ႕ ေရာက္လာ ကတည္းက ဖီကာယုိ ဟာ ကြ်န္ေတာ့ ရဲ႕ အစီအစဥ္ ထဲမွာ ပါဝင္ ေနခဲ့တဲ့ ကစားသမား တဦးပါ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ကြ်န္ေတာ္ ဟာ သူ႕ကို ယံုယံုၾကည္ၾကည္ နဲ႕ ေနရာ ေပးလိုတဲ့ အတြက္ေၾကာင့္ပါ ။ သူ ငယ္ငယ္ ကတည္းက ကစား ေပးတဲ့ ကလပ္ အသင္း အတြက္ ကစားေပးဖို႕ ထက္ ပိုေကာင္းတဲ့ ေနရာ ရွိႏိုင္ပါ့မလား ? ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

အာဆင်နယ် ကို ပြောင်းရွှေ့ သွားတဲ့ ဒေးဗစ် လူးဝဇ် ကြောင့် တိုမိုရီ ကို နေရာပေးခဲ့တာလား ဆိုတဲ့ မေးခွန်း အပေါ် တုန့်ပြန် ဖြေကြားလိုက်တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ အင်္ဂလန် နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက် မှာ ပြီးခဲ့တဲ့ ရာသီ က အသင်း ရဲ့ အဓိက ခံစစ်မှူး ဖြစ်တဲ့ ဒေးဗစ် လူးဝဇ် ကို မြို့ခံ ပြိုင်ဖက် အာဆင်နယ် အသင်း သို့ ပေါင် ၈ သန်း နဲ့ ရောင်းချ ခဲ့ပါတယ် ။ ဒေးဗစ် လူးဝဇ် ထွက်ခွာ သွားပြီးတဲ့နောက် မှာ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ အကယ်ဒမီ ထွက် လူငယ် ခံစစ်မှူး ဖီကာယို တိုမိုရီ ကို စီနီယာ အသင်း မှာ ပိုပြီး နေရာ ပေးလာ ခဲ့ပါတယ် ။

တိုမိုရီ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ဖရန့် လမ်းပတ် ကိုင်တွယ် ခဲ့တဲ့ ချန်ပီယံရှစ် ကလပ် ဒါဘီ ကောင်တီ အသင်း သို့ အငှား ထွက်ကစား ခဲ့ကာ တည်ငြိမ်တဲ့ ပုံစံကောင်း တွေနဲ့ ခြေစွမ်း ပြသ နိုင်ခဲ့တာကြောင့် ဒါဘီ အသင်း ရဲ့ တရာသီ အကောင်းဆုံး ကစားသမားဆု ကိုပါ ရရှိ ခဲ့ပါတယ် ။ အခု အခါမှာတော့ တိုမိုရီ ဟာ သူ အမြဲ မျှော်မှန်း ထားတဲ့ ချယ်လ်ဆီး စီနီယာ အသင်း အတွက် ကစားခွင့် ကိုပါ ရရှိ လာပြီ ဖြစ်ပါတယ် ။

ဒေးဗစ် လူးဝဇ် ကြောင့် တိုမိုရီ ဟာ နေရာ ပိုရလာတယ် လို့ တချို့ က သုံးသပ် ကြပေမယ့် ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ ဖြေကြားချက် ကတော့ ” ကျွန်တော် ဟာ ဖီကာယို ကို အရင် ကတည်းက သတိထား မိခဲ့ပါတယ် ။ ဒါပေမယ့် နီးနီးကပ်ကပ် တော့ မဟုတ်ပါဘူး ။ သူ့ရဲ့ ခြေစွမ်း နဲ့ ပတ်သက်ပြီး အကယ်ဒမီ မှာ ကတည်းက ကောင်းသတင်း တွေ ကြားနေခဲ့ ရပါတယ် ။ ကျွန်တော် နဲ့ ဂျွန် ( တယ်ရီ ) ဟာ သူ့လို လူငယ် ကစားသမား တွေကို အကယ်ဒမီ မှာ သေချာ စောင့်ကြည့် ခဲ့ကြဖူးပါတယ် ။ ”

” ဒါဘီ ကို ကျွန်တော် စပြီး ကိုင်တွယ်တော့ ကျွန်တော် တို့မှာ ခံစစ်မှူး တယောက် လိုအပ် နေတော့ ဖီကာယို ကို ကျွန်တော် တို့ အငှား နဲ့ ခေါ်ယူဖို့ အသုံးတည့် သွားတာပေါ့ဗျာ ။ ပြီးခဲ့တဲ့ ရာသီ က ဖီကာယို ဒါဘီ ကို မရောက်လာခင် အထိ ကျွန်တော် တို့မှာ ခံစစ်မှူး ၂ယေက်ပဲ ရှိခဲ့ပါတယ် ။ အဲ့ဒီ မှာ ဖီကာယို ကို ချယ်လ်ဆီး ကနေ အငှား နဲ့ ခေါ်ယူမယ့် အသင်း မရှိတာကြောင့် ရေတို အချိန် မှာ ခံစစ်မှူး လိုအပ်ချက် ကို ဖြေရှင်းဖို့ လိုနေတဲ့ ဒါဘီ အတွက် အဆင်ပြေ သွားခဲ့ပါတယ် ။ ”

” ကျွန်တော် သူ့ကို ခေါ်ဖို့ ချယ်လ်ဆီး အသင်း ကိို ဆက်သွယ် ခဲ့ပါတယ် ။ အဆုံးမှာတော့ သူဟာ ကျွန်တော် တို့ ကစားကွက် နဲ့ အံဝင် တဲ့ ခံစစ်မှူး တဦး ဖြစ်ခဲ့ပါတယ် ။ သူ့ အကြောင်း ကို သိထားတဲ့ ဂျိုဒီ မောရစ် နဲ့ အတူ အလုပ်လုပ် ရတော့ ကျွန်တော့ အတွက် ပိုပြီး အဆင်ပြေ ခဲ့ပါတယ် ။ ဒါကြောင့်မို့ သူ ကျွန်တော် တို့ အတွက် ဘယ်လို စွမ်းဆောင်မှု တွေ ပေးနိုင်လဲ ဆိုတာ ပိုပြီး သိရတာပေါ့ဗျာ ။ ဒါပေမယ့် ကျွန်တော့ နည်းစနစ် မှာ အံဝင်အောင် ကစား နိုင်ခဲ့တာ ကတော့ ဖီကာယို ရဲ့ ထက်မြက်မှု နဲ့ ပတ်သက်ပြီး ချီးကျူး ရမှာပါ ။ ”

” ဒါဘီ အသင်း ဆီ ရောက်လာ ကတည်းက အခု ချယ်လ်ဆီး အသင်း မှာ ကစား နေရတဲ့ အထိ သူ့ရဲ့ ခံယူချက် နဲ့ စိတ်ဓာတ် က အတော်လေး မြင့်တက် နေပါပြီ ။ အစ ကနေ အဆုံး သူ့ရဲ့ ကြိုးစားမှု တွေက မလျော့ကျ ခဲ့တာကြောင့် သူဟာ ပိုပိုပြီး တိုးတက် လာတာ ဖြစ်ပါတယ် ။ ကျွန်တော် ဟာ သူ့ကို ကစားသမား တယောက် အနေနဲ့ ယုံကြည်မှု ရှိပါတယ် ။ နေ့စဉ် သူ လေ့ကျင့် နေတဲ့ ပုံစံ ၊ သူ ကစားတဲ့ ပုံစံ တွေဟာ ကျွန်တော် မြင်ချင်တဲ့ အတိုင်း ထပ်တူ ကျနေပါတယ် ။ ”

” ဟုတ်ပါတယ် ။ သူဟာ အခု အချိန် မှာ ငယ်ရွယ် သေးတဲ့ ကစားသမား တဦး ဖြစ်ပါတယ် ။ အသင်း မှာ ရှိနေတဲ့ တခြား လူငယ် ခြေတက် တွေလိုပဲ သူ့ရဲ့ ခြေစွမ်း ဆက်ပြီး တိုးတက် နိုင်ပါသေးတယ် ။ ဒါပေမယ့် ဒီလို ဖြစ်လာဖို့ သူ့မှာ ပုံသေ ကြိုးစားမှု တခုတော့ ရှိဖို့ လိုပါတယ် ။ နဂို ကတည်းက သူ့ကို ကျွန်တော် ယုံကြည် ထားခဲ့တာပါ ။ အခုတော့ သူဟာ ချယ်လ်ဆီး ပထမ အသင်း ရဲ့ ကစားသမား တဦး ဖြစ်လာခဲ့ပါပြီ ။ ”

” ဒါကြောင့်မို့ အသင်း က ဘယ်သူပဲ ထွက်ထွက် ၊ ကျွန်တော် သူ့ အပေါ် ထားတဲ့ သဘောထား က ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး ။ ကျွန်တော် ချယ်လ်ဆီး ကို မန်နေဂျာ အနေနဲ့ ရောက်လာ ကတည်းက ဖီကာယို ဟာ ကျွန်တော့ ရဲ့ အစီအစဉ် ထဲမှာ ပါဝင် နေခဲ့တဲ့ ကစားသမား တဦးပါ ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဟာ သူ့ကို ယုံယုံကြည်ကြည် နဲ့ နေရာ ပေးလိုတဲ့ အတွက်ကြောင့်ပါ ။ သူ ငယ်ငယ် ကတည်းက ကစား ပေးတဲ့ ကလပ် အသင်း အတွက် ကစားပေးဖို့ ထက် ပိုကောင်းတဲ့ နေရာ ရှိနိုင်ပါ့မလား ? ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR