frankie de jong
frankie de jong
frankie de jong
SPORTS MYANMAR
Unicode
ဘာစီလိုနာ ကို မပြောင်းဖြစ်ခဲ့ပါက ပရီးမီးယားလိဂ် ကလပ်အသင်းကို ရွေးချယ်ဖြစ်နိုင်တယ်လို့ ဒီယွန် ထုတ်ဖော်ပြောဆို
=============================================
ဘာစီလိုနာ ရဲ့ ကွင်းလယ် ကစား သမား သစ်လေး ဖရန် ကီ ဒီယွန် က သူ ဟာ ဘာစီလိုနာ ကို ပြောင်းရွှေ့ ဖို့ မဆုံးဖြတ် ဖြစ်ခဲ့ ပါက ပရီးမီး ယားလိဂ် ထပ်သီး မန်ချက်စတာ စီးတီး နဲ့ ပြင်သစ် ထိပ်သီး PSG တို့ အနက် က တစ်သင်းသင်း ကို ပြောင်းရွှေ့ ဖြစ်လောက် ကြောင်း အင်တာဗျုး မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။
ဖရန်ကီ ဒီယွန် ဟာ နယ်သာလန် ရဲ့ မျိုးဆက်သစ် ဘောလုံး သမားတွေ ထဲ မှာ အထွန်းတောက်ဆုံး ဖြစ်လာ မယ် လို့ သတ်မှတ်ခြင်း ခံ ထားရတဲ့ လူငယ် ကစား သမားလေး ဖြစ်ပြီး ၂၀၁၉ ဇန်နဝါရီ ကတည်းက ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ လာဖို့ သဘောတူညီ မှု ရယူခဲ့ သူ ဖြစ် ပါတယ် ။ ၂၀၁၉ နွေရာသီ အပြောင်း အရွှေ့ မှာတော့ ဒီယွန် ဟာ နူးကမ့် ကို ရောက်လာ ခဲ့ပြီး ဘာစီလိုနာ ကို ရွေးချယ် ဖြစ်ခဲ့ ပုံ ကို အင်တာဗျုး အစီအစဉ် မှာ ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ် ။
“ပြီးခဲ့တဲ့ ၂၀၁၈ နွေရာသီ ကတည်းက မန်စီးတီး ဟာ အိုင်ယက်စ် နဲ့ ကျွန်တော့ရဲ့ အေးဂျင့် ဆီကို ဆက်သွယ် ခဲ့တာပါ ။ ဘာစီလိုနာ က နောက်မှ အဖေ နဲ့ အေးဂျင့် တို့ ဆီကို ရောက်လာ ခဲ့တာပါ ။ ဒါပေမယ့် အိုင်ယက်စ် မှာ နောက်တစ်နှစ် ထပ်နေဖို့ ဆုံးဖြတ် ခဲ့ ပါတယ် ။ နယ်သာလန် အပြင် ကို ထွက်ဖို့ အဆင်သင့် မဖြစ်သေး ဘူးလို့ ကျွန်တော်တို့ ယူဆ ခဲ့ကြ ပါတယ် ။ အိုင်ယက်စ် ကလည်း ကျွန်တော့ ကို မရောင်းချင် ခဲ့ ပါဘူး”
“ဒီနှစ် မှာတော့ ဘာစီလိုနာ က ကျွန်တော့ ကို ဆက်ပြီး ကြိုးစား ခဲ့ ပါတယ် ။ အေးဂျင့် ကလည်း ဘာစီလိုနာ နဲ့ ဆွေးနွေး ဖို့ အကြံပေးခဲ့ ပါတယ် ။ ဘာစီလိုနာ က လိုချင်တယ် ဆိုပြီး လာဆွေးနွေးခံရတဲ့ ကစား သမား က များများ စားစား မရှိ ပါဘူး ။ ဒါကြောင့် ကျွန်တော် စပိန် ကို သွားဖို့ ဆုံးဖြတ် ခဲ့တာပါ”
“ဘာစီလိုနာ မှာ ကစားဖို့ က ရည်မှန်းချက် ဆိုတာ ထက် အိပ်မက် တစ်ခု လို့ ဆိုရင် ပိုပြီး မှန် ပါလိမ့်မယ် ။ ငယ်ငယ်လေး ကတည်းက ဘာစီလိုနာလို ၊ ရီးရဲ မက်ဒရစ် လို ၊ မန်ချက်စတာ ယူနိုက်တက် လို ကလပ် အသင်းတွေ မှာ ကစားဖို့ အိပ်မက် မက်ခဲ့ ဖူး ပါတယ် ။ ဒါက အသက် ၆ နှစ် ရ နှစ်သားလေး တစ်ယောက်ရဲ့ အိပ်မက် ပါ ။ ရည်မှန်းချက် ပန်းတိုင် ဆိုတာထက် ပိုုပြီး အဓိပ္ပါယ် ရှိ ပါတယ်”
“အပြောင်း အရွှေ့ အတွက် ဆုံးဖြတ်ချက် မချခင် မှာ အရင်းနှီးဆုံး တွေ ကို လိုက်ပြီး တိုင်ပင် ခဲ့ ပါတယ် ။ မိသားစု ၊ ကျွန်တော့ ရည်းစား ၊ ရော်နယ် ကိုးမင်း ( နယ်သာလန် နည်းပြ ) ၊ အိုင်ယက်စ် က နည်းပြ ၊ အိုဗားမားစ် တို့ ကိုပါ ။ နောက်ဆုံး မှာတော့ ဆုံးဖြတ်ချက် က ပီပီ ပြင်ပြင် ပေါ်လာခဲ့ ပါတယ် ။ ဘာစီလိုနာ ကို ကျွန်တော် ပြောင်းဖို့ ပါပဲ”
“တကယ်လို့ ဘာကာ ကို သာ ကျွန်တော် မရွေးခဲ့ ဘူး ဆို ရင် မန်ချက်စတာ စီးတီး မှာ ဖြစ်ဖြစ် PSG မှာ ဖြစ်ဖြစ် ရှိနေ မှာပါ ။ ငွေ ကြောင့် လို့ ပြောချင် တာလား ၊ ကျွန်တော် ဘယ်တုန်းက မှ ငွေ နဲ့ ပတ်သက်ပြီး မဆွေးနွေး ဖူးပါဘူး ။ လစာ ကိစ္စ တွေ အားလုံးက ကျွန်တော့ အေးဂျင့် ပဲ တာဝန်ယူ တာပါ” လို့ ဖရန်ကီဒီယွန် က ဘာစီလိုနာ ကို ပြောင်းရွှေ့ ဖြစ်ခဲ့ ပုံ ကို ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။
လက်ရှိ မှာတော့ ဖရန်ကီ ဒီယွန် ဟာ ဘာစီလိုနာ အသင်း မှာ ပုံမှန် ပွဲထွက် ခွင့် ရရှိ နေခဲ့ပြီး ယမန်နေ့ ညက ကစား ခဲ့တဲ့ လာလီဂါ ပွဲမှာ လည်း ဘာစီလိုနာ အတွက် ပွဲထွက် စာရင်း မှာ ပါ၀င် ကစားပေး သွားခဲ့ ပါတယ် ။
SPORTS MYANMAR