သက္ထားသူဇာဟာ Maldives International Future Series မွာ ဗိုလ္စြဲဖို႔ ေရပန္း အစားဆံုး ကစားသမား ျဖစ္တယ္လို႔ ၾကိဳတင္ သံုးသပ္ခဲ့သည့္အတုိင္း ၊ လက္ရွိ မွာေတာ့ ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့ျပီ ျဖစ္ပါတယ္။

Maldives International Future Series ဟာ ကမၻာ့ ၾကက္ေတာင္ အဖြဲ႔ခ်ဳပ္က သတ္မွတ္ထားတဲ့ ျပိဳင္ပြဲ အမ်ိဳးအစားေတြထဲမွာ အနိမ့္ဆံုးအဆင့္ ျပိဳင္ပြဲ အမ်ိဳးအစား ျဖစ္ျပီး ၊ ေပးအပ္တဲ့ ဆုေၾကးက နည္းပါးတာေၾကာင့္ အေရွ႕ေတာင္ အာရွမွာ ရွိတဲ့ နာမည္ေက်ာ္ ၾကက္ေတာင္ ကစားသမားေတြ လာေရာက္ ယွဥ္ျပိဳင္ခဲ့ျခင္း မရွိပါဘူး။

အမ်ိဳးသမီး တစ္ဦးခ်င္းလိုက္ ျပိဳင္ပြဲမွာေတာ့ စုစုေပါင္း ျပိဳင္ပြဲ၀င္ 25 ေယာက္ အထိ ရွိခဲ့ကာ ၊ အဲဒီ အထဲမွာ သက္ထားသူဇာဟာ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ အျမင့္ဆံုး ျဖစ္ခဲ့ျပီး ၊ ကမၻာ့အဆင့္ 100 အတြင္း ပါ၀င္တဲ့ ကစားသမားက 2 ေယာက္သာ ပါ၀င္ခဲ့ပါတယ္။

ဒီျပိဳင္ပြဲကို လာေရာက္ ယွဥ္ျပိဳင္ ၾကတဲ့ ကစားသမား အမ်ားစုဟာ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ အတြက္ အမွတ္ရဖို႔ လာေရာက္ ယွဥ္ျပိဳင္တဲ့သူမ်ားျပီး ၊ တစ္ခ်ိဳ႕ဆိုရင္ အဆင့္ သတ္မွတ္ခ်က္ေတာင္ မရရွိေသးသူေတြ ပါ၀င္ခဲ့ပါတယ္။

ကမၻာ့ၾကက္ေတာင္ အဖြဲ႔ခ်ဳပ္က ေနာက္ဆံုးအဆင့္ (Level 4 အဆင့္အတန္း အျဖစ္ သတ္မွတ္ထားတဲ့ ျပိဳင္ပြဲ အမ်ိဳးအစားက 3 မ်ိဳးအထိ ရွိပါတယ္။ အဲဒီ ျပိဳင္ပြဲေေတြကေတာ့ –

1. International Challenge
2. International Series
3. Future Series တို႔ ျဖစ္ပါတယ္။

ျပိဳင္ပြဲ တစ္ခုကို က်င္းပဖို႔ အတြက္ ေခါင္းစဥ္က International Challenge လို႔ သတ္မွတ္လိုက္ရင္ ၊ အဲဒီ ျပိဳင္ပြဲကေန ခ်ီးျမွင့္မယ့္ ဆုေၾကး ပမာဏဟာ အနည္းဆံုး ေဒၚလာ 25000 ေပးအပ္ရပါတယ္။ အဲဒီ 25000 ပမာဏ ဟာ စုစုေပါင္း ဆုေၾကး ပမာဏမ်ိဳး ျဖစ္ျပီး (အမ်ိဳးသမီး တစ္ဦးခ်င္း ၊ အမ်ိဳးသား တစ္ဦးခ်င္း ၊ အမ်ိဳးသမီး ႏွစ္ေယာက္တြဲ ၊ အမ်ိဳးသား ႏွစ္ေယာက္တြဲ နဲ႔ အေရာ (က်ား + မ) ) ဆိုတဲ့ က႑ 5 ခုမွာ ခြဲျပီး ခ်ီျမွင့္ေလ့ရွိတာပါ။

ျပိဳင္ပြဲကို International Series လို႔ ေခါင္းစဥ္တပ္လုိက္ရင္ေတာ့ ဆုေၾကးက အနည္းဆံုး ေဒၚလာ 10000 ေပးရပါတယ္။ ျပီးခဲ့တဲ့ ျမန္မာျပည္မွာ က်င္းပခဲ့တဲ့ Myanmar International Series 2019 ျပိဳင္ပြဲဟာ ဒီေခါင္းစဥ္ေအာက္မွာ ရွိတဲ့ ျပိဳင္ပြဲမ်ိဳး ျဖစ္ျပီး ၊ သက္ထားသူဇာဟာ အမ်ိဳးသမီး တစ္ဦးခ်င္းပြဲစဥ္မွာ တတိယဆု ရရွိခဲ့တာေၾကာင့္ ဆုေၾကး အျဖစ္ 145 ေဒၚလာ လက္ခံရရွိသြားခဲ့ပါတယ္။ အမ်ိဳးသမီး တစ္ဦးခ်င္း ျပိဳင္ပြဲမွာ ပထမဆု ရရွိတဲ့ ဖာမာ၀ါတီ (အင္ဒိုနီးရွား) ကေတာ့ ဆုေၾကး 750 ေဒၚလာ ရရွိသြားခဲ့တာပါ။

Future Series ေခါင္းစဥ္ နဲ႔ က်င္းပတဲ့ ျပဳိင္ပြဲကေတာ့ အထက္ေဖာ္ျပပါ ျပိဳင္ပြဲ အမ်ိဳးအစားေတြထက္ နိမ့္ျပီး ၊ ဆုေၾကးကို အနိမ့္ဆံုး သတ္မွတ္မထားသလို ၊ အဓိက အားျဖင့္ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ တက္ဖို႔ အတြက္ လာေရာက္ ယွဥ္ျပိဳင္ၾကတဲ့ ျပိဳင္ပြဲမ်ိဳး အျဖစ္သာ သတ္မွတ္ၾကတာ ျဖစ္ပါတယ္။

ဒါေၾကာင့္လဲ ဒီလို ျပိဳင္ပြဲေတြမွာ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ 100 အတြင္း ရပ္တည္တဲ့ ကစားသမားေတြေတာင္ လာေရာက္ ယွဥ္ျပိဳင္ျခင္း မရွိတာပါ။

သက္ထားသူဇာကေတာ့ ဒီျပိဳင္ပြဲရဲ႕ အမ်ိဳးသမီး တစ္ဦးခ်င္း က႑မွာ ကမၻာ့အဆင့္ ရပ္တည္မႈ အျမင့္ဆံုး ျဖစ္လို႔ ဘိုင္ ရကာ ၊ 16 ေယာက္ အဆင့္ ရႈံးထြက္ အဆင့္ ကေန စတင္ ယွဥ္ျပိဳင္ ကစားခြင့္ရရွိခဲ့ပါတယ္။ အဲဒီ အဆင့္မွာ တိုင္ေပ က ကစားသမား ယိဇုဂ်ိဳး (ကမၻာ့အဆင့္ 754) ကို 21-8 ၊ 21-16 နဲ႔ အႏိုင္ ကစားျပီး ကြာတားဖိုင္နယ္ အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

 

ကြာတားဖိုင္နယ္ အဆင့္ ကစားခဲ့တဲ့ ပြဲစဥ္မွာေတာ့ သက္ထားသူဟာ ဟာ အနည္းငယ္ ပြဲပန္းသြားခဲ့တယ္လို႔ ဆုိရမွာပါ။ သူမဟာ အမ်ိဳးသမီး ႏွစ္ေယာက္တြဲ ျပိဳင္ပြဲမွာလဲ လိႈင္မြန္ၾကဴ နဲ႔ တြဲဖက္ ယွဥ္ျပိဳင္ဖို႔ စာရင္းေပးထားခဲ့တာေၾကာင့္ အဲဒီေန႔မွာပဲ ႏွစ္ေယာက္တြဲ ပြဲစဥ္ေရာ ၊ အမ်ိဳးသမီး တစ္ဦးခ်င္း ကြာတားဖိုင္နယ္ ပြဲစဥ္ေရာ ကစားခဲ့ရပါတယ္။

ႏွစ္ေယာက္တြဲ ပြဲစဥ္မွာ သီရိလကၤာ က အတြဲကို ရႈံးနိမ့္ခဲ့ျပီး ၊ ကြာတားဖိုင္နယ္ ပြဲစဥ္မွေတာ့ သီရိလကၤာ က ကစားသမား ဟန္ဒါဟီ၀ါ (ကမၻာ့အဆင့္ 330) ကို 21-15 ၊ 21-12 တို႔နဲ႔ အႏိုင္ယူျပီး ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားခဲ့ပါတယ္။

ဆီမီးဖိုင္နယ္ အဆင့္မွာေတာ့ အိႏိၵယာ က မန္ဒါဒါ (ကမၻာ့အဆင့္ 148 ) ကို 21-10 ၊ 21-10 ရလာဒ္ေတြ နဲ႔ ကစားျပီး ၊ ဗိုလ္လုပြဲကို ဆက္လက္ တက္ေရာက္သြားခဲ့ပါတယ္။ ဗိုလ္လုပြဲမွာေတာ့ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ေတာင္ မရေသးတဲ့ အႏၵိယ သူ ဘန္ေဆာ့ နဲ႔ ဒီကေန႔မွာ ယွဥ္ျပိဳင္ ကစားသြားမွာပါ။

Good Luck Sis

Unicode

Maldives International Future Series မှာ ဗိုလ်လုပွဲကို တက်ရောက်သွားတဲ့ #သက်ထားသူဇာ
*****************************************************

သက်ထားသူဇာဟာ Maldives International Future Series မှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး ကစားသမား ဖြစ်တယ်လို့ ကြိုတင် သုံးသပ်ခဲ့သည့်အတိုင်း ၊ လက်ရှိ မှာတော့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

Maldives International Future Series ဟာ ကမ္ဘာ့ ကြက်တောင် အဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ပြိုင်ပွဲ အမျိုးအစားတွေထဲမှာ အနိမ့်ဆုံးအဆင့် ပြိုင်ပွဲ အမျိုးအစား ဖြစ်ပြီး ၊ ပေးအပ်တဲ့ ဆုကြေးက နည်းပါးတာကြောင့် အရှေ့တောင် အာရှမှာ ရှိတဲ့ နာမည်ကျော် ကြက်တောင် ကစားသမားတွေ လာရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါဘူး။

အမျိုးသမီး တစ်ဦးချင်းလိုက် ပြိုင်ပွဲမှာတော့ စုစုပေါင်း ပြိုင်ပွဲဝင် 25 ယောက် အထိ ရှိခဲ့ကာ ၊ အဲဒီ အထဲမှာ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အမြင့်ဆုံး ဖြစ်ခဲ့ပြီး ၊ ကမ္ဘာ့အဆင့် 100 အတွင်း ပါ၀င်တဲ့ ကစားသမားက 2 ယောက်သာ ပါ၀င်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင် ကြတဲ့ ကစားသမား အများစုဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အတွက် အမှတ်ရဖို့ လာရောက် ယှဉ်ပြိုင်တဲ့သူများပြီး ၊ တစ်ချို့ဆိုရင် အဆင့် သတ်မှတ်ချက်တောင် မရရှိသေးသူတွေ ပါ၀င်ခဲ့ပါတယ်။

ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က နောက်ဆုံးအဆင့် (Level 4 အဆင့်အတန်း အဖြစ် သတ်မှတ်ထားတဲ့ ပြိုင်ပွဲ အမျိုးအစားက 3 မျိုးအထိ ရှိပါတယ်။ အဲဒီ ပြိုင်ပွဲေတွေကတော့ –

1. International Challenge
2. International Series
3. Future Series တို့ ဖြစ်ပါတယ်။

ပြိုင်ပွဲ တစ်ခုကို ကျင်းပဖို့ အတွက် ခေါင်းစဉ်က International Challenge လို့ သတ်မှတ်လိုက်ရင် ၊ အဲဒီ ပြိုင်ပွဲကနေ ချီးမြှင့်မယ့် ဆုကြေး ပမာဏဟာ အနည်းဆုံး ဒေါ်လာ 25000 ပေးအပ်ရပါတယ်။ အဲဒီ 25000 ပမာဏ ဟာ စုစုပေါင်း ဆုကြေး ပမာဏမျိုး ဖြစ်ပြီး (အမျိုးသမီး တစ်ဦးချင်း ၊ အမျိုးသား တစ်ဦးချင်း ၊ အမျိုးသမီး နှစ်ယောက်တွဲ ၊ အမျိုးသား နှစ်ယောက်တွဲ နဲ့ အရော (ကျား + မ) ) ဆိုတဲ့ ကဏ္ဍ 5 ခုမှာ ခွဲပြီး ချီမြှင့်လေ့ရှိတာပါ။

ပြိုင်ပွဲကို International Series လို့ ခေါင်းစဉ်တပ်လိုက်ရင်တော့ ဆုကြေးက အနည်းဆုံး ဒေါ်လာ 10000 ပေးရပါတယ်။ ပြီးခဲ့တဲ့ မြန်မာပြည်မှာ ကျင်းပခဲ့တဲ့ Myanmar International Series 2019 ပြိုင်ပွဲဟာ ဒီခေါင်းစဉ်အောက်မှာ ရှိတဲ့ ပြိုင်ပွဲမျိုး ဖြစ်ပြီး ၊ သက်ထားသူဇာဟာ အမျိုးသမီး တစ်ဦးချင်းပွဲစဉ်မှာ တတိယဆု ရရှိခဲ့တာကြောင့် ဆုကြေး အဖြစ် 145 ဒေါ်လာ လက်ခံရရှိသွားခဲ့ပါတယ်။ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲမှာ ပထမဆု ရရှိတဲ့ ဖာမာဝါတီ (အင်ဒိုနီးရှား) ကတော့ ဆုကြေး 750 ဒေါ်လာ ရရှိသွားခဲ့တာပါ။

Future Series ခေါင်းစဉ် နဲ့ ကျင်းပတဲ့ ပြိုင်ပွဲကတော့ အထက်ဖော်ပြပါ ပြိုင်ပွဲ အမျိုးအစားတွေထက် နိမ့်ပြီး ၊ ဆုကြေးကို အနိမ့်ဆုံး သတ်မှတ်မထားသလို ၊ အဓိက အားဖြင့် ကမ္ဘာ့အဆင့် သတ်မှတ်ချက် တက်ဖို့ အတွက် လာရောက် ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲမျိုး အဖြစ်သာ သတ်မှတ်ကြတာ ဖြစ်ပါတယ်။

ဒါကြောင့်လဲ ဒီလို ပြိုင်ပွဲတွေမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် 100 အတွင်း ရပ်တည်တဲ့ ကစားသမားတွေတောင် လာရောက် ယှဉ်ပြိုင်ခြင်း မရှိတာပါ။

သက်ထားသူဇာကတော့ ဒီပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း ကဏ္ဍမှာ ကမ္ဘာ့အဆင့် ရပ်တည်မှု အမြင့်ဆုံး ဖြစ်လို့ ဘိုင် ရကာ ၊ 16 ယောက် အဆင့် ရှုံးထွက် အဆင့် ကနေ စတင် ယှဉ်ပြိုင် ကစားခွင့်ရရှိခဲ့ပါတယ်။ အဲဒီ အဆင့်မှာ တိုင်ပေ က ကစားသမား ယိဇုဂျိုး (ကမ္ဘာ့အဆင့် 754) ကို 21-8 ၊ 21-16 နဲ့ အနိုင် ကစားပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ် အဆင့် ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ သက်ထားသူဟာ ဟာ အနည်းငယ် ပွဲပန်းသွားခဲ့တယ်လို့ ဆိုရမှာပါ။ သူမဟာ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲမှာလဲ လှိုင်မွန်ကြူ နဲ့ တွဲဖက် ယှဉ်ပြိုင်ဖို့ စာရင်းပေးထားခဲ့တာကြောင့် အဲဒီနေ့မှာပဲ နှစ်ယောက်တွဲ ပွဲစဉ်ရော ၊ အမျိုးသမီး တစ်ဦးချင်း ကွာတားဖိုင်နယ် ပွဲစဉ်ရော ကစားခဲ့ရပါတယ်။

နှစ်ယောက်တွဲ ပွဲစဉ်မှာ သီရိလင်္ကာ က အတွဲကို ရှုံးနိမ့်ခဲ့ပြီး ၊ ကွာတားဖိုင်နယ် ပွဲစဉ်မှတော့ သီရိလင်္ကာ က ကစားသမား ဟန်ဒါဟီဝါ (ကမ္ဘာ့အဆင့် 330) ကို 21-15 ၊ 21-12 တို့နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ဆီမီးဖိုင်နယ် အဆင့်မှာတော့ အိန္ဒိယာ က မန်ဒါဒါ (ကမ္ဘာ့အဆင့် 148 ) ကို 21-10 ၊ 21-10 ရလာဒ်တွေ နဲ့ ကစားပြီး ၊ ဗိုလ်လုပွဲကို ဆက်လက် တက်ရောက်သွားခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တောင် မရသေးတဲ့ အန္ဒိယ သူ ဘန်ဆော့ နဲ့ ဒီကနေ့မှာ ယှဉ်ပြိုင် ကစားသွားမှာပါ။

Good Luck Sis