ဘာစီလုိနာ အသင္း ဟာ ယမန္ေန႔ ညက လာလီဂါ ပြဲစဥ္ အျဖစ္ ဂရန္ နာဒါ အသင္း ရဲ႕ အိမ္ကြင္း ကို သြားေရာက္ ယွဥ္ၿပဳိင္ ကစား ခဲ့ၿပီး ၂ – ၀ နဲ႔ အေရးနိမ့္ ခဲ့ရ ပါတယ္ ။ ဒါဟာ ဒီရာသီ အဖြင့္ ၅ ပြဲ ကစား အၿပီး မွာ ဘာစီလုိနာ အတြက္ ဒုတိယ ေျမာက္ အေရးနိမ့္ ခဲ့ရမႈ ျဖစ္ၿပီး နည္းျပ ဗယ္ဗာဒီ အတြက္ ေတာ့ ဖိအား ေတြ အလြန္ မ်ားျပား ခဲ့ရၿပီ ျဖစ္ ပါတယ္ ။

ဘာစီလုိနာ ဟာ မက္ဆီ ကို အရန္ ခံု မွာ ထားခဲ့ ၿပီး ဂရစ္ဇ္မန္း ၊ ဆြာရက္ တို႔ နဲ႔ ပြဲထြက္ လာခဲ့ ပါတယ္ ။ အိမ္ရွင္ ဂရန္နာဒါ ဟာ ပြဲအစ ၂ မိနစ္ မွာ တင္ အဖြင့္ဂုိး ရရွိ ခဲ့ၿပီး ဘာစီလိုနာ ကို ပထမ ပုိင္း တစ္ပုိင္း လံုး ဦးေဆာင္ ထားႏုိင္ခဲ့ ပါတယ္ ။

မက္ဆီ ကို လူစား ထည့္သြင္း ကစားခဲ့ ေပမယ့္ ဂရန္နာဒါ က ပင္နယ္တီ ကေန ဒုတိယ ဂုိး ထပ္မံ သြင္းယူ သြားခဲ့ တာ ေၾကာင့္ ပြဲ အၿပီး မွာ ဘာကာ တု႔ိ အရွဳံး ရလဒ္ ကို ရင္ဆုိင္ ခဲ့ရတာပဲ ျဖစ္ ပါတယ္ ။ ဒါဟာ ဘာစီလုိနာ အတြက္ ၂၅ ႏွစ္ အတြင္း အဖြင့္ ပြဲ ရလဒ္ အညံ့ ဆံုး အျဖစ္ မွတ္တမ္း ၀င္သြားခဲ့ ၿပီး ၅ ပြဲ ကစား ရာ မွာ ၇ မွတ္သာ ရရွိ ထားခဲ့ ပါတယ္ ။

ဘာစီလုိနာ အသင္း နည္းျပ အာနက္စ္တို ဗယ္ဗာဒီ ကေတာ့ ဂရန္နာဒါ ရဲ႕ အဖြင့္ဂုိး အေစာ ရရွိမႈ ဟာ ပြဲ ကို ပုိမို ခက္ခဲ သြားေစ ခဲ့တယ္ လု႔ိ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ၿပီး ရွဳံးပြဲ အတြက္ သူ႔ မွာ အဓိက တာ၀န္ ရွိေၾကာင္း ေျပာဆို သြားခဲ့ ပါတယ္ ။

“အဖြင့္ဂုိး အေစာႀကိး ေပးလုိက္ ရတာက ပြဲကို ပိုၿပီး ခက္ခဲ သြားေစခဲ့ ပါတယ္ ။ ဒါေပမယ့္ အဓိက ကေတာ့ ကြ်န္ေတာ္တု႔ိ အေ၀းကြင္း မွာ ေကာင္းေကာင္း မကစားႏုိင္ ခဲ့ၾက တာပါ ။ ဒီႏွစ္ ထဲ မွာ အေ၀းကြင္း ရလဒ္ ေတြ မေကာင္းခဲ့ ပါဘူး”

“အေ၀းကြင္း ရလဒ္ ေတြ နဲ႔ ပတ္သက္ၿပီး ကြ်န္ေတာ္ စိုးရိမ္ ပူပန္ မိပါတယ္ ။ ဒီလို သာ ဆက္ၿပီး ျဖစ္ေနမယ္ ဆုိရင္ ကြ်န္ေတာ္တု႔ အတြက္ မေကာင္း ပါဘူး ။ ဗီလာရီးရဲ နဲ႔ ၿပီးရင္ ေနာက္ထပ္ အေ၀းကြင္း ပြဲက လာဦးမွာပါ ။ အေ၀းကြင္း မွာ ရလဒ္ မေကာင္းတာ ေတြကို ေက်ာ္လႊား ႏုိင္ဖို႔ လုိအပ္ ေနပါၿပီ”

“တာ၀န္ယူမႈ အပုိင္း အေၾကာင္း ေျပာရရင္ ေတာ့ အသင္း ရဲ႕ ရွဳံးပြဲ မွာ ကြ်န္ေတာ္ က တာ၀န္ အရွိဆံုး ပုဂၢဳိလ္ ပါပဲ ။ ကြင္းထဲ မွာ ကစား သမားေတြ က အဓိက က်ေပမယ့္ အားလံုး ၿခဳံၿပီး ေျပာမယ္ ဆုိရင္ေတာ့ နည္းျပ ျဖစ္တဲ့ ကြ်န္ေတာ္ က တာ၀န္ အရွိဆံုးပါ”

“တစ္ခါ တစ္ေလ ကိုယ္က ႏုိင္သင့္လ်က္ နဲ႔ မနုိင္ တဲ့ ပြဲေတြ ရွိခဲ့ ဖူးပါတယ္ ။ ဒီေန႔ ပြဲ ကေတာ့ ဒီလုိမ်ဳိး မဟုတ္ ပါဘူး ။ ဂရန္နာဒါ ရဲ႕ ကစားပံု အတြက္ သူတုိ႔ကို ခ်ီးက်ဳး အသိအမွတ္ ျပဳပါတယ္ ။ သူတု႔ိ ဟာ တြန္းတြန္း တုိက္တိုက္ ကစားခဲ့ ၿပီး ကြ်န္ေတာ္တို႔ ကို ပြဲအစ ကတည္းက ထိုးႏွက္ ႏုိင္ ခဲ့ ပါတယ္ ။ ကြ်န္ေတာ္တို႔ ကစားပံု မေကာင္း ခဲ့တာ သူတို႔ ရဲ႕ ကစားပံုေၾကာင့္လည္း ပါခဲ့ ပါတယ္” လို႔ ဗယ္ဗာဒီ က ေျပာဆုိသြား ခဲ့ ပါတယ္ ။

Ernesto Valverde ( Barca coach )

ဘာစီလုိနာ အတြက္ သက္သာ ေစခဲ့တာ ကေတာ့ ဖလား ရယူဖို႔ အတူ ေရပန္းစား ေနတဲ့ အသက္လက္တီကို မက္ဒရစ္ ဟာလည္း ယမန္ေန႔ ညက သေရ က်ခဲ့တာ ေၾကာင့္ ရမွတ္ ကြာဟမႈ မ်ားျပားျခင္း မရွိ ခဲ့ ပါဘူး ။ လက္ရွိ မွာေတာ့ ဂရန္နာဒါ ဟာ အဆင့္ ၁ ေနရာ ကို ၀င္ယူ ထားၿပီး ယေန႔ည ကစားမယ့္ ဆီဗီးလား – ရီးရဲ မက္ဒရစ္ ပြဲ အၿပီး ပါက အမွတ္ေပး ဇယား အေျပာင္း အလဲ ျဖစ္ေပၚ ဦးမွာ ပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

ဘာစီလိုနာ တို့ ဘာကြောင့် ရှုံးနိမ့် ခဲ့ရသလဲ . . . ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာ ပြောပြသွားတဲ့ နည်းပြ ဗယ်ဗာဒီ

=============================================

ဘာစီလိုနာ အသင်း ဟာ ယမန်နေ့ ညက လာလီဂါ ပွဲစဉ် အဖြစ် ဂရန် နာဒါ အသင်း ရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ကစား ခဲ့ပြီး ၂ – ၀ နဲ့ အရေးနိမ့် ခဲ့ရ ပါတယ် ။ ဒါဟာ ဒီရာသီ အဖွင့် ၅ ပွဲ ကစား အပြီး မှာ ဘာစီလိုနာ အတွက် ဒုတိယ မြောက် အရေးနိမ့် ခဲ့ရမှု ဖြစ်ပြီး နည်းပြ ဗယ်ဗာဒီ အတွက် တော့ ဖိအား တွေ အလွန် များပြား ခဲ့ရပြီ ဖြစ် ပါတယ် ။

ဘာစီလိုနာ ဟာ မက်ဆီ ကို အရန် ခုံ မှာ ထားခဲ့ ပြီး ဂရစ်ဇ်မန်း ၊ ဆွာရက် တို့ နဲ့ ပွဲထွက် လာခဲ့ ပါတယ် ။ အိမ်ရှင် ဂရန်နာဒါ ဟာ ပွဲအစ ၂ မိနစ် မှာ တင် အဖွင့်ဂိုး ရရှိ ခဲ့ပြီး ဘာစီလိုနာ ကို ပထမ ပိုင်း တစ်ပိုင်း လုံး ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။

မက်ဆီ ကို လူစား ထည့်သွင်း ကစားခဲ့ ပေမယ့် ဂရန်နာဒါ က ပင်နယ်တီ ကနေ ဒုတိယ ဂိုး ထပ်မံ သွင်းယူ သွားခဲ့ တာ ကြောင့် ပွဲ အပြီး မှာ ဘာကာ တို့ အရှုံး ရလဒ် ကို ရင်ဆိုင် ခဲ့ရတာပဲ ဖြစ် ပါတယ် ။ ဒါဟာ ဘာစီလိုနာ အတွက် ၂၅ နှစ် အတွင်း အဖွင့် ပွဲ ရလဒ် အညံ့ ဆုံး အဖြစ် မှတ်တမ်း ၀င်သွားခဲ့ ပြီး ၅ ပွဲ ကစား ရာ မှာ ရ မှတ်သာ ရရှိ ထားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း နည်းပြ အာနက်စ်တို ဗယ်ဗာဒီ ကတော့ ဂရန်နာဒါ ရဲ့ အဖွင့်ဂိုး အစော ရရှိမှု ဟာ ပွဲ ကို ပိုမို ခက်ခဲ သွားစေ ခဲ့တယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပြီး ရှုံးပွဲ အတွက် သူ့ မှာ အဓိက တာဝန် ရှိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“အဖွင့်ဂိုး အစောကြိး ပေးလိုက် ရတာက ပွဲကို ပိုပြီး ခက်ခဲ သွားစေခဲ့ ပါတယ် ။ ဒါပေမယ့် အဓိက ကတော့ ကျွန်တော်တို့ အဝေးကွင်း မှာ ကောင်းကောင်း မကစားနိုင် ခဲ့ကြ တာပါ ။ ဒီနှစ် ထဲ မှာ အဝေးကွင်း ရလဒ် တွေ မကောင်းခဲ့ ပါဘူး”

“အဝေးကွင်း ရလဒ် တွေ နဲ့ ပတ်သက်ပြီး ကျွန်တော် စိုးရိမ် ပူပန် မိပါတယ် ။ ဒီလို သာ ဆက်ပြီး ဖြစ်နေမယ် ဆိုရင် ကျွန်တော်တု့ အတွက် မကောင်း ပါဘူး ။ ဗီလာရီးရဲ နဲ့ ပြီးရင် နောက်ထပ် အဝေးကွင်း ပွဲက လာဦးမှာပါ ။ အဝေးကွင်း မှာ ရလဒ် မကောင်းတာ တွေကို ကျော်လွှား နိုင်ဖို့ လိုအပ် နေပါပြီ”

“တာဝန်ယူမှု အပိုင်း အကြောင်း ပြောရရင် တော့ အသင်း ရဲ့ ရှုံးပွဲ မှာ ကျွန်တော် က တာဝန် အရှိဆုံး ပုဂ္ဂိုလ် ပါပဲ ။ ကွင်းထဲ မှာ ကစား သမားတွေ က အဓိက ကျပေမယ့် အားလုံး ခြုံပြီး ပြောမယ် ဆိုရင်တော့ နည်းပြ ဖြစ်တဲ့ ကျွန်တော် က တာဝန် အရှိဆုံးပါ”

“တစ်ခါ တစ်လေ ကိုယ်က နိုင်သင့်လျက် နဲ့ မနိုင် တဲ့ ပွဲတွေ ရှိခဲ့ ဖူးပါတယ် ။ ဒီနေ့ ပွဲ ကတော့ ဒီလိုမျိုး မဟုတ် ပါဘူး ။ ဂရန်နာဒါ ရဲ့ ကစားပုံ အတွက် သူတို့ကို ချီးကျုး အသိအမှတ် ပြုပါတယ် ။ သူတို့ ဟာ တွန်းတွန်း တိုက်တိုက် ကစားခဲ့ ပြီး ကျွန်တော်တို့ ကို ပွဲအစ ကတည်းက ထိုးနှက် နိုင် ခဲ့ ပါတယ် ။ ကျွန်တော်တို့ ကစားပုံ မကောင်း ခဲ့တာ သူတို့ ရဲ့ ကစားပုံကြောင့်လည်း ပါခဲ့ ပါတယ်” လို့ ဗယ်ဗာဒီ က ပြောဆိုသွား ခဲ့ ပါတယ် ။

ဘာစီလိုနာ အတွက် သက်သာ စေခဲ့တာ ကတော့ ဖလား ရယူဖို့ အတူ ရေပန်းစား နေတဲ့ အသက်လက်တီကို မက်ဒရစ် ဟာလည်း ယမန်နေ့ ညက သရေ ကျခဲ့တာ ကြောင့် ရမှတ် ကွာဟမှု များပြားခြင်း မရှိ ခဲ့ ပါဘူး ။ လက်ရှိ မှာတော့ ဂရန်နာဒါ ဟာ အဆင့် ၁ နေရာ ကို ၀င်ယူ ထားပြီး ယနေ့ည ကစားမယ့် ဆီဗီးလား – ရီးရဲ မက်ဒရစ် ပွဲ အပြီး ပါက အမှတ်ပေး ဇယား အပြောင်း အလဲ ဖြစ်ပေါ် ဦးမှာ ပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR