wright

အာဆင္​နယ္​ ဂႏၳ၀င္​ အီရန္​႐ိုက္​က လီ​ဗာပူး အသင္​းဟာ ယ​ေန႔ည စတန္​းဖို႔ဘရစ္​ခ်္​မွာ ခ်ဲလ္​ဆီး နဲ႔ ကစားရမယ္​့ ပြဲစဥ္​မွာ ​ေကာင္​းမြန္​တဲ့ ရလဒ္​ကို ပိုင္​ဆိုင္​ ႏိုင္​လိမ္​့မယ္​လို႔ ခန္​႔မွန္​း လိုက္​ပါတယ္​။ လီ​ဗာပူး ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ငါးပြဲ ကစား ထားၿပီး ငါးပြဲစလံုး အႏိုင္​ရ႐ွိ ထားကာ အမွတ္​​ေပးဇယားရဲ႕ ထိပ္​ဆံုး ​ေနရာမွာ ဦး​ေဆာင္​ ​ေနၿပီး ခ်ဲလ္​ဆီး က​ေတာ့ ငါးပြဲ ကစားၿပီးခ်ိန္​ အဆင္​့ ကိုး​ေနရာမွာသာ ႐ွိ​ေနပါတယ္​ ။

ခ်ဲလ္​ဆီး အသင္​းဟာ အဆိုပါ ငါးပြဲမွာ ႏိုင္​ပြဲ ၂ ပြဲသာ ရခဲ့ၿပီး ၾကားရက္​က ကစားခဲ့တဲ့ ခ်န္​ပီယံလိဂ္​ အုပ္​စုအဖြင္​့ ပြဲစဥ္​မွာလည္​း ​ဗလင္​စီယာ အသင္​းကို တစ္​ဂိုး ဂိုးမ႐ွိနဲ႔ ႐ွံဳးနိမ္​့ ခဲ့ပါတယ္​။ ဒါ​ေပမယ္​့ ခ်ဲလ္​ဆီး ရဲ႕ အကယ္​ဒမီ ထြက္​ကုန္​​ေတြ ျဖစ္​ၾကတဲ့ တမ္​မီ​ေအ​ဗရာဟမ္​ နဲ႔ ​ေမဆင္​​ေမာင္​့ တို႔ဟာ အထူး ​ေျခစြမ္​းျပ ကစား ​ေနၾကၿပီး ဒီရာသီ မွာ ၎တို႔ ႏွစ္​ဦး​ေပါင္​း ၁၀ ဂိုး သြင္​းယူ ထားပါတယ္​။

ဒီအတြက္​​ေၾကာင္​့ အီရန္​႐ိုက္​က လမ္​းပတ္​ရဲ႕ အသင္​းဟာ စတန္​းဖို႔ဒ္​ဘရစ္​ခ်္​မွာ လီ​ဗာပူး အသင္​း ခံစစ္​ပိုင္​းကို ဒုကၡ ​ေပးႏိုင္​လိမ္​့မယ္​လို႔ ခန္​႔မွန္​း သြားပါတယ္။ သို႔​ေပမယ္​့လည္​း အာဆင္​နယ္​ တိုက္​စစ္​မႈး​ေဟာင္​းက ယာဂန္​က​ေလာ့ ရဲ႕ အသင္​းကသာ စတန္​းဖို႔ဒ္​ဘရစ္​ခ်္​ က​ေန အႏိုင္​ရလဒ္​နဲ႔ အိမ္​ျပန္​ ႏိုင္​လိမ္​့မယ္​လို႔ ​ေထာက္​ခံ လိုက္​ၿပီး ဒီပြဲရဲ႕ ဂိုးရလဒ္​ဟာ ခ်ဲလ္​ဆီး ၁ – ၃ လီ​ဗာပူး ျဖစ္​လိမ္​့မယ္​လို႔ ခန္​႔မွန္​း သြားပါတယ္။

ျပီးခဲ့တဲ့ တစ္​ပတ္​က ဝက္​ဖို႔ဒ္​ နဲ႔ အ​ေဝးကြင္​း ပြဲမွာ အာဆင္​နယ္​ အသင္​းရဲ႕ ​ေျခစြမ္​းဟာ တကယ္​့ကို ​ဆိုးဆိုးရြားရြား ျဖစ္​ခဲ့ၿပီး ဂန္​းနားတို႔ဟာ အူဘာမီယန္​း ရဲ႕ ဂိုး​ေတြနဲ႔ ဦး​ေဆာင္​ဂိုး ၂ဂိုး ရ႐ွိ ခဲ့​ေပမယ္​့လည္​း ဒုတိယပိုင္​းမွာ ၿပိဳင္​ဘက္​ကို ​ေခ်ပဂိုး ၂ဂိုး ျပန္​လည္​ ​ေပးခဲ့ရတဲ့ အျပင္​ တစ္​ပြဲလံုး ၿပိဳင္​ဘက္​ကို ဂိုးကန္​သြင္​းခြင္​့ ၃၁ႀကိမ္​ထိ ခြင္​့ျပဳ ခဲ့ရပါတယ္​။ ဂန္​းနားတို႔ အ​ေနနဲ႔ ယ​ေန႕ည မွ​ာ​ေတာ့ အက္​စတြန္​​ဗီလာ ကို အမ္​းမရိတ္​မွာ လက္​ခံ ကစား သြားရမွာပါ။

အီရန္​႐ိုက္​က​ေတာ့ သူ႔ရဲ႕ အသင္​း​ေဟာင္​းဟာ ဝက္​ဖို႔ဒ္​ နဲ႔ ပြဲက သ​ေရရလဒ္​ က​ေန ႐ုန္​းထြက္​ျပ ႏိုင္​လိမ္​့မယ္​လို႔ ဆိုလိုက္​ၿပီး ဂန္​းနားတို႔ အက္​စတြန္​​ဗီလာ ကို အိမ္​ကြင္​းမွာ ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္​ ကစား သြားလိမ္​့မယ္​လို႔ ခန္​႔မွန္​း ခဲ့ပါတယ္​။ ယူႏိုက္​တက္​ဟာ ၿပီးခဲ့တဲ့ တစ္​ပတ္​က လက္​စတာကို အိုးထရပ္​ဖို႔ဒ္​မွာ ၁-၀ နဲ႔ အႏိုင္​ယူကာ ဒီိရာသီ ပရီးမီးယားလိဂ္ရဲ႕ ဒုတိယ​ေျမာက္​ clean sheet ကို ရယူ ႏိုင္​ခဲ့ပါတယ္​။ ဒါ​ေပမယ္​့ ယူႏိုက္​တက္​ ရဲ႕ ကစားပံုဟာ လက္​စတာ နဲ႔ပြဲမွာ သာမက ၾကားရက္​က အက္​စ္​တာနာကို ၁-၀ နဲ႔ အႏိုင္ ရ႐ွိ ခဲ့​တဲ့ ပြဲမွာလည္​း အားရစရာ မ႐ွိခဲ့ ပါဘူး။

ယူႏိုက္​တက္​ ဟာ ယ​ေန႔ညမွာ​ေတာ့ ဝက္​ဟမ္​းကို လန္​ဒန္​စ​ေတဒီယမ္​မွာ သြားကစား ရမွာပါ​။ ဝက္​ဟမ္​းဟာ လန္​ဒန္​မွာ ယူႏိုက္​တက္​ ကို ၂ ဂိုး ၁ ဂိုးနဲ႔ ႏိုင္​လိမ္​့မယ္​လို႔ ခန္​႔မွန္​း လိုက္​ၿပီး ဒါဟာ အီရန္​႐ိုက္ရဲ႕ ခန္​႔မွန္​းမႈ​ေတြမွာ အံ့အားသင္​့ဖြယ္​ ခန္​႔မွန္​းမႈ ျဖစ္​​ေကာင္​း ျဖစ္​ႏိုင္​ပါတယ္​။

မန္​ခ်က္​စတာယူႏုိက္​တက္​ ဂႏၳ၀င္​ ဂယ္​ရီန​ဗီး က ဖရန္​႔လမ္​းပတ္​ရဲ႕ အသင္​းဟာ ဥ​ေရာပ ခ်န္​ပီယံ နဲ႔ ​ေတြ႔ဆံု ရာမွာ ႐ုန္​းကန္​ ရလိမ္​့မယ္​လို႔ ခန္​႔မွန္​း သြားပါတယ္​။

ဂယ္​ရီန​ဗီး က “လီ​ဗာပူး ဟာ ပရီးမီးယားလိဂ္ နဲ႔ ခ်န္​ပီယံလိဂ္​ စတဲ့ ၿပိဳင္​ပြဲ ႏွစ္​ခုစလံုးကို တစ္​ၿပိဳင္​နက္​တည္​း အ​ေကာင္​းဆံုး ယွဥ္​ၿပိဳင္​ ႏိုင္​မွာ မဟုတ္​ဘူးလို႔ ကြၽန္​​ေတာ္​ ၿပီးခဲ့တဲ့ ရာသီက ​ေျပာခဲ့ပါတယ္​။ ကြၽန္​​ေတာ္​့ရဲ႕ ​ေျပာဆုိမႈ ဆိုးဆိုးရြားရြား မွားယြင္​း ခဲ့ပါတယ္​။ လီ​ဗာပူး အသင္​း ပရီးမီးယားလိဂ္ ဖလား ဆြတ္​ခူး ႏိုင္​ဖို႔ လို​ေနတယ္​လို႔ ကြၽန္​​ေတာ္​ ထင္​​ေနဆဲပါ။ လက္​႐ွိ သူတို႔ ပိုင္​ဆိုင္​ထားတဲ့ အသင္​း အ​ေနအထား အရ ဒါကို လုပ္​ျပဖို႔ တကယ္​ လိုအပ္​ပါတယ္​။

pogba

သူတို႔ရဲ႕ သံုးဦးတြဲ တိုက္​စစ္​ကို ဟန္​႔တား ႏိုင္​တဲ့ အသင္​း ႐ွိသလား ဆိုတာ ကြၽန္​​ေတာ္​လည္​း မသိပါဘူး။ သူတို႔ဟာ တကယ္​့ကို ခန္​းနား လြန္​း​ပါတယ္​။ ခ်ဲလ္​ဆီး အသင္​း ဘက္​က ၾကည္​့လိုက္​မယ္​ ဆိုရင္​​ေတာ့ သူတို႔ဟာ ႐ုန္​းကန္​ ရႏိုင္​ၿပီး သူတို႔ အ​ေနနဲ႔ ဂိုး​ေတြ သြင္​းယူ ႏိုင္​ဖို႔ လိုအပ္​ပါတယ္​။ ဘာ​ေတြ ျဖစ္​လာမလဲ ၾကည္​့ရတာ​ေပါ့။ ဒါဟာ စိတ္​ဝင္​စားဖို႔ ​ေကာင္​းတဲ့ ပြဲစဥ္​ပါ။ ဒါ​ေပမယ္​့ ကြၽန္​​ေတာ္​က​ေတာ့ လီ​ဗာပူး အသင္​းပဲ ႏိုင္​သြားမယ္​လို႔ ထင္​ပါတယ္​။” လို႔ ​ေျပာသြားပါတယ္​။

SM

Unicode

ချဲလ်​ဆီး Vs လီ​ဗာပူး အပါအဝင်​…စူပါဆန်​း​ဒေးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်​ ၃ ပွဲကို ခန်​့မှန်​း​ပေးလိုက်​တဲ့ အာဆင်​နယ်​ ဂန္ထဝင်​ အီရန်​ရိုက်​

အာဆင်​နယ်​ ဂန္ထဝင်​ အီရန်​ရိုက်​က လီ​ဗာပူး အသင်​းဟာ ယ​နေ့ည စတန်​းဖို့ဘရစ်​ချ်​မှာ ချဲလ်​ဆီး နဲ့ ကစားရမယ်​့ ပွဲစဉ်​မှာ ​ကောင်​းမွန်​တဲ့ ရလဒ်​ကို ပိုင်​ဆိုင်​ နိုင်​လိမ်​့မယ်​လို့ ခန်​့မှန်​း လိုက်​ပါတယ်​။ လီ​ဗာပူး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ငါးပွဲ ကစား ထားပြီး ငါးပွဲစလုံး အနိုင်​ရရှိ ထားကာ အမှတ်​​ပေးဇယားရဲ့ ထိပ်​ဆုံး ​နေရာမှာ ဦး​ဆောင်​ ​နေပြီး ချဲလ်​ဆီး က​တော့ ငါးပွဲ ကစားပြီးချိန်​ အဆင်​့ ကိုး​နေရာမှာသာ ရှိ​နေပါတယ်​ ။

ချဲလ်​ဆီး အသင်​းဟာ အဆိုပါ ငါးပွဲမှာ နိုင်​ပွဲ ၂ ပွဲသာ ရခဲ့ပြီး ကြားရက်​က ကစားခဲ့တဲ့ ချန်​ပီယံလိဂ်​ အုပ်​စုအဖွင်​့ ပွဲစဉ်​မှာလည်​း ​ဗလင်​စီယာ အသင်​းကို တစ်​ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ်​့ ခဲ့ပါတယ်​။ ဒါ​ပေမယ်​့ ချဲလ်​ဆီး ရဲ့ အကယ်​ဒမီ ထွက်​ကုန်​​တွေ ဖြစ်​ကြတဲ့ တမ်​မီ​အေ​ဗရာဟမ်​ နဲ့ ​မေဆင်​​မောင်​့ တို့ဟာ အထူး ​ခြေစွမ်​းပြ ကစား ​နေကြပြီး ဒီရာသီ မှာ ၎င်းတို့ နှစ်​ဦး​ပေါင်​း ၁၀ ဂိုး သွင်​းယူ ထားပါတယ်​။

ဒီအတွက်​​ကြောင်​့ အီရန်​ရိုက်​က လမ်​းပတ်​ရဲ့ အသင်​းဟာ စတန်​းဖို့ဒ်​ဘရစ်​ချ်​မှာ လီ​ဗာပူး အသင်​း ခံစစ်​ပိုင်​းကို ဒုက္ခ ​ပေးနိုင်​လိမ်​့မယ်​လို့ ခန်​့မှန်​း သွားပါတယ်။ သို့​ပေမယ်​့လည်​း အာဆင်​နယ်​ တိုက်​စစ်​မှုး​ဟောင်​းက ယာဂန်​က​လော့ ရဲ့ အသင်​းကသာ စတန်​းဖို့ဒ်​ဘရစ်​ချ်​ က​နေ အနိုင်​ရလဒ်​နဲ့ အိမ်​ပြန်​ နိုင်​လိမ်​့မယ်​လို့ ​ထောက်​ခံ လိုက်​ပြီး ဒီပွဲရဲ့ ဂိုးရလဒ်​ဟာ ချဲလ်​ဆီး ၁ – ၃ လီ​ဗာပူး ဖြစ်​လိမ်​့မယ်​လို့ ခန်​့မှန်​း သွားပါတယ်။

ပြီးခဲ့တဲ့ တစ်​ပတ်​က ဝက်​ဖို့ဒ်​ နဲ့ အ​ဝေးကွင်​း ပွဲမှာ အာဆင်​နယ်​ အသင်​းရဲ့ ​ခြေစွမ်​းဟာ တကယ်​့ကို ​ဆိုးဆိုးရွားရွား ဖြစ်​ခဲ့ပြီး ဂန်​းနားတို့ဟာ အူဘာမီယန်​း ရဲ့ ဂိုး​တွေနဲ့ ဦး​ဆောင်​ဂိုး ၂ဂိုး ရရှိ ခဲ့​ပေမယ်​့လည်​း ဒုတိယပိုင်​းမှာ ပြိုင်​ဘက်​ကို ​ချေပဂိုး ၂ဂိုး ပြန်​လည်​ ​ပေးခဲ့ရတဲ့ အပြင်​ တစ်​ပွဲလုံး ပြိုင်​ဘက်​ကို ဂိုးကန်​သွင်​းခွင်​့ ၃၁ကြိမ်​ထိ ခွင်​့ပြု ခဲ့ရပါတယ်​။ ဂန်​းနားတို့ အ​နေနဲ့ ယ​နေ့ည မှ​ာ​တော့ အက်​စတွန်​​ဗီလာ ကို အမ်​းမရိတ်​မှာ လက်​ခံ ကစား သွားရမှာပါ။

အီရန်​ရိုက်​က​တော့ သူ့ရဲ့ အသင်​း​ဟောင်​းဟာ ဝက်​ဖို့ဒ်​ နဲ့ ပွဲက သ​ရေရလဒ်​ က​နေ ရုန်​းထွက်​ပြ နိုင်​လိမ်​့မယ်​လို့ ဆိုလိုက်​ပြီး ဂန်​းနားတို့ အက်​စတွန်​​ဗီလာ ကို အိမ်​ကွင်​းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်​ ကစား သွားလိမ်​့မယ်​လို့ ခန်​့မှန်​း ခဲ့ပါတယ်​။ ယူနိုက်​တက်​ဟာ ပြီးခဲ့တဲ့ တစ်​ပတ်​က လက်​စတာကို အိုးထရပ်​ဖို့ဒ်​မှာ ၁-၀ နဲ့ အနိုင်​ယူကာ ဒီိရာသီ ပရီးမီးယားလိဂ်ရဲ့ ဒုတိယ​မြောက်​ clean sheet ကို ရယူ နိုင်​ခဲ့ပါတယ်​။ ဒါ​ပေမယ်​့ ယူနိုက်​တက်​ ရဲ့ ကစားပုံဟာ လက်​စတာ နဲ့ပွဲမှာ သာမက ကြားရက်​က အက်​စ်​တာနာကို ၁-၀ နဲ့ အနိုင် ရရှိ ခဲ့​တဲ့ ပွဲမှာလည်​း အားရစရာ မရှိခဲ့ ပါဘူး။

ယူနိုက်​တက်​ ဟာ ယ​နေ့ညမှာ​တော့ ဝက်​ဟမ်​းကို လန်​ဒန်​စ​တေဒီယမ်​မှာ သွားကစား ရမှာပါ​။ ဝက်​ဟမ်​းဟာ လန်​ဒန်​မှာ ယူနိုက်​တက်​ ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်​လိမ်​့မယ်​လို့ ခန်​့မှန်​း လိုက်​ပြီး ဒါဟာ အီရန်​ရိုက်ရဲ့ ခန်​့မှန်​းမှု​တွေမှာ အံ့အားသင်​့ဖွယ်​ ခန်​့မှန်​းမှု ဖြစ်​​ကောင်​း ဖြစ်​နိုင်​ပါတယ်​။

မန်​ချက်​စတာယူနိုက်​တက်​ ဂန္ထဝင်​ ဂယ်​ရီန​ဗီး က ဖရန်​့လမ်​းပတ်​ရဲ့ အသင်​းဟာ ဥ​ရောပ ချန်​ပီယံ နဲ့ ​တွေ့ဆုံ ရာမှာ ရုန်​းကန်​ ရလိမ်​့မယ်​လို့ ခန်​့မှန်​း သွားပါတယ်​။

ဂယ်​ရီန​ဗီး က “လီ​ဗာပူး ဟာ ပရီးမီးယားလိဂ် နဲ့ ချန်​ပီယံလိဂ်​ စတဲ့ ပြိုင်​ပွဲ နှစ်​ခုစလုံးကို တစ်​ပြိုင်​နက်​တည်​း အ​ကောင်​းဆုံး ယှဉ်​ပြိုင်​ နိုင်​မှာ မဟုတ်​ဘူးလို့ ကျွန်​​တော်​ ပြီးခဲ့တဲ့ ရာသီက ​ပြောခဲ့ပါတယ်​။ ကျွန်​​တော်​့ရဲ့ ​ပြောဆိုမှု ဆိုးဆိုးရွားရွား မှားယွင်​း ခဲ့ပါတယ်​။ လီ​ဗာပူး အသင်​း ပရီးမီးယားလိဂ် ဖလား ဆွတ်​ခူး နိုင်​ဖို့ လို​နေတယ်​လို့ ကျွန်​​တော်​ ထင်​​နေဆဲပါ။ လက်​ရှိ သူတို့ ပိုင်​ဆိုင်​ထားတဲ့ အသင်​း အ​နေအထား အရ ဒါကို လုပ်​ပြဖို့ တကယ်​ လိုအပ်​ပါတယ်​။

သူတို့ရဲ့ သုံးဦးတွဲ တိုက်​စစ်​ကို ဟန်​့တား နိုင်​တဲ့ အသင်​း ရှိသလား ဆိုတာ ကျွန်​​တော်​လည်​း မသိပါဘူး။ သူတို့ဟာ တကယ်​့ကို ခန်​းနား လွန်​း​ပါတယ်​။ ချဲလ်​ဆီး အသင်​း ဘက်​က ကြည်​့လိုက်​မယ်​ ဆိုရင်​​တော့ သူတို့ဟာ ရုန်​းကန်​ ရနိုင်​ပြီး သူတို့ အ​နေနဲ့ ဂိုး​တွေ သွင်​းယူ နိုင်​ဖို့ လိုအပ်​ပါတယ်​။ ဘာ​တွေ ဖြစ်​လာမလဲ ကြည်​့ရတာ​ပေါ့။ ဒါဟာ စိတ်​ဝင်​စားဖို့ ​ကောင်​းတဲ့ ပွဲစဉ်​ပါ။ ဒါ​ပေမယ်​့ ကျွန်​​တော်​က​တော့ လီ​ဗာပူး အသင်​းပဲ နိုင်​သွားမယ်​လို့ ထင်​ပါတယ်​။” လို့ ​ပြောသွားပါတယ်​။

SM