ယေန႔ နံနက္ပိုင္းမွာကစားသြားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ မွာမန္စီးတီး အသင္းက ကာဒစ္အသင္းကို ၂-၀ ဂိုးနဲ႔ အႏိုင္ယူျပီး ဇယားထိပ္ဆံုးကို ျပန္လည္တက္ေရာက္သြားခဲ႔ပါတယ္။ဒါေပမယ့္ နည္းျပ ဂြာဒီယုိလာရဲ႕ မန္စီးတီးတို႔ဟာ စေန တနဂၤေႏြ မွာFA ဖလားဆီးမီးဖုိင္နယ္ ပြဲစဥ္ရွိေနလို႔ ေဆာက္သမ္တန္နဲ႔ပြဲစဥ္ကိုအႏိုင္ ကစားႏိုင္ခ႕ဲပါက နည္းျပ ကေလာ႔ပ္ရဲ႕ လီဗာပူး အသင္းကထိပ္ဆံုးကို ျပန္ေရာက္ႏိုင္ေနတာျဖစ္ပါတယ္။

ေဒါ့မြန္ အသင္းမွာ ကေလာ့ပ္နဲ႔ လက္တြဲခဲ႔ဖူးျပီး ဂြာဒီယိုလာရဲ႕ ဘိုင္ယန္ အသင္းကို ေျပာင္းေရႊ႕သြားခဲ႔ဖူးတဲ႔ တိုက္စစ္မွဴး ေဂါ့ဇီကေတာ့ သူ႔ရဲ႕ ဆရာေဟာင္း ၂ဦးလံုးဟာ ထူးခ်ြန္ေျပာင္ေျမာက္သူေတြ ျဖစ္ျကတယ္လို႕ ဆိုပါတယ္။လက္ရွိရာသီမွာ အမွတ္ေပးခ်န္ပီယံဆု ျကီးအတြက္ အလွည့္အေျပာင္း ေတြ မ်ားျပားလြန္းျပီး အျကိတ္အနယ္ အေနအထားကို ျမင္ေတြ႔ရတာကို လည္း ေဂါ့ဇီ က ေက်နပ္ေနပါတယ္။

Bild နဲ႔အင္တာဗ်ဴးမွာ ေဂါ့ဇီက – – – ” သူတို႔ ၂ေယာက္ ကိုႏွိဳင္းယွဥ္ဖို႔ ဆိုတာ မလြယ္ပါဘူး။ဘာေျကာင့္လည္းဆိုေတာ့မတူညီတဲ႔ အေတြးအေခၚကိုယ္စီရွိေနလို႔ ျဖစ္ပါတယ္။ႏွစ္ေယာက္လံုးကို ေျပာႏိုင္တာကေတာ့သူတို႔ဟာ အေတာ္ေလးကို ေအာင္ျမင္ ခဲ႔ျကသူေတြျဖစ္တာပါပဲ။

ဒီလို ထူးခ်ြန္ေျပာင္ေျမာက္တ႔ဲ နည္းျပ ေတြရဲ႕ လက္ေအာက္မွာ အလုပ္တြဲလုပ္ခဲ႔ရတာကိုလည္း ေက်းဇူးတင္မိပါတယ္။က်ြန္ေတာ္ ဟာသူတို႔၂ဦးရဲ႕ ၂သင္းလံုးကို တတ္ႏိုင္သေလာက္ မျကာခဏ ျကည့္ရွဳအားေပးေနပါတယ္။ပရီးမီးယားလိဂ္ရဲ႕ ဆုဖလားတိုက္ပြဲဟာ အေတာ္ေလးကို စိတ္လွဳပ္ရွားဖို႔ ေကာင္းပါတယ္” လို႔ေျပာခဲ႔ပါတယ္။

ဘြန္ဒက္လီဂါ ခ်န္ပီယံ ျကီးကို ၅ျကိမ္အထိ ဆြတ္ခူးထားႏိုင္ခဲ႔တဲ႔ ေဂါ့ဇီဟာ ဒီရာသီ မွာပံုစံေကာင္းျပန္လည္ျပသေနျပီး ေနာက္ဆံုး ၅ပြဲမွာသြင္းဂိုး ၂ဂိုးနဲ႔ ဖန္တီးမွဳ ၃ျကိမ္စြမ္းေဆာင္ေပးထားႏိုင္ခဲ႔ပါတယ္။သူ႔ရဲ႕ ေဒါ့မြန္ အသင္းလည္း အမွတ္ေပးဇယားထိပ္ဆံုး မွာ ၂မွတ္အသာနဲ႔ ဦးေဆာင္ ေနပါတယ္။

အသက္ ၂၆ႏွစ္အရြယ္ေဂါ့ဇီဟာလတ္တေလာမွာ ေဒါ့မြန္နဲ႔ စာခ်ဳပ္သက္တမ္း တႏွစ္သာက်န္ရွိေတာ့တာျဖစ္ျပီး ဘိုင္ယန္ကေန ျပန္မလာ ခင္မွာ လီဗာပူး အသင္းကို ေျပာင္းေရႊ႕ဖို႕ ခ်ိတ္ဆက္မွဳ ခံခဲ႔ရေသးတာျဖစ္ပါတယ္။ေဂါ့ဇီဟာ သူ႔ကိုပေရာ္ဖက္ရွင္ ေဘာလံုး ေလာကကို ဆြဲေခၚေပးခဲ႔တဲ႕ နည္းျပျကီး ကေလာ့ပ္နဲ႔ အခုထိ အဆက္အသြယ္ရွိေနေသးတယ္လို႔ ဆိုပါတယ္။

ေဂါ့ဇီက ဆက္လက္ျပီး – – – ” ဘိုင္ယန္ကေန က်ြန္ေတာ္ထြက္ခ်င္တယ္ဆိုတာကို ကေလာ့ပ္လည္းသိခဲ႔ပါတယ္။သူနဲ႔ က်ြန္ေတာ္စကားေတြလည္းေျပာခဲ႔ပါတယ္။က်ြန္ေတာ္ဟာ စိန္ေခၚမွဳ အသစ္ေတြကိုရွာေဖြခ်င္တယ္ဆိုတာကို လည္းသူေကာင္းေကာင္းျကီးသိပါတယ္။

က်ြန္ေတာ္ဟာ သူ႔ကို မျကာခဏ စကားေျပာေလ့ရွိပါတယ္။သူဟာက်ြန္ေတာ့္ အသက္ ၁၇ ႏွစ္အရြယ္မွာ ပထမအသင္းကို ေခၚယူခဲ့တာျဖစ္ျပီး အလံုးစံု ျဖစ္ေစခဲ႔တာျဖစ္ပါတယ္။သူနဲ႔ က်ြန္ေတာ္ ဘယ္တုန္းကမွ အဆက္အသြယ္မျပတ္ခဲ႔ပါဘူး ” လို႔ေျပာခဲ႔ပါတယ္။

Unicode

ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ဆရာဟောင်း ၂ဦးကို ကျေးဇူးတင်ချီးကျူးစကားဆိုလိုက်တဲ့ #ဂေါ့ဇီ
=================================

ယနေ့ နံနက်ပိုင်းမှာကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာမန်စီးတီး အသင်းက ကာဒစ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး ဇယားထိပ်ဆုံးကို ပြန်လည်တက်ရောက်သွားခဲ့ပါတယ်။ဒါပေမယ့် နည်းပြ ဂွာဒီယိုလာရဲ့ မန်စီးတီးတို့ဟာ စနေ တနင်္ဂနွေ မှာFA ဖလားဆီးမီးဖိုင်နယ် ပွဲစဉ်ရှိနေလို့ ဆောက်သမ်တန်နဲ့ပွဲစဉ်ကိုအနိုင် ကစားနိုင်ခဲ့ပါက နည်းပြ ကလော့ပ်ရဲ့ လီဗာပူး အသင်းကထိပ်ဆုံးကို ပြန်ရောက်နိုင်နေတာဖြစ်ပါတယ်။

ဒေါ့မွန် အသင်းမှာ ကလော့ပ်နဲ့ လက်တွဲခဲ့ဖူးပြီး ဂွာဒီယိုလာရဲ့ ဘိုင်ယန် အသင်းကို ပြောင်းရွှေ့သွားခဲ့ဖူးတဲ့ တိုက်စစ်မှူး ဂေါ့ဇီကတော့ သူ့ရဲ့ ဆရာဟောင်း ၂ဦးလုံးဟာ ထူးချွန်ပြောင်မြောက်သူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။လက်ရှိရာသီမှာ အမှတ်ပေးချန်ပီယံဆု ကြီးအတွက် အလှည့်အပြောင်း တွေ များပြားလွန်းပြီး အကြိတ်အနယ် အနေအထားကို မြင်တွေ့ရတာကို လည်း ဂေါ့ဇီ က ကျေနပ်နေပါတယ်။

Bild နဲ့အင်တာဗျူးမှာ ဂေါ့ဇီက – – – ” သူတို့ ၂ယောက် ကိုနှိုင်းယှဉ်ဖို့ ဆိုတာ မလွယ်ပါဘူး။ဘာကြောင့်လည်းဆိုတော့မတူညီတဲ့ အတွေးအခေါ်ကိုယ်စီရှိနေလို့ ဖြစ်ပါတယ်။နှစ်ယောက်လုံးကို ပြောနိုင်တာကတော့သူတို့ဟာ အတော်လေးကို အောင်မြင် ခဲ့ကြသူတွေဖြစ်တာပါပဲ။

ဒီလို ထူးချွန်ပြောင်မြောက်တဲ့ နည်းပြ တွေရဲ့ လက်အောက်မှာ အလုပ်တွဲလုပ်ခဲ့ရတာကိုလည်း ကျေးဇူးတင်မိပါတယ်။ကျွန်တော် ဟာသူတို့၂ဦးရဲ့ ၂သင်းလုံးကို တတ်နိုင်သလောက် မကြာခဏ ကြည့်ရှုအားပေးနေပါတယ်။ပရီးမီးယားလိဂ်ရဲ့ ဆုဖလားတိုက်ပွဲဟာ အတော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်” လို့ပြောခဲ့ပါတယ်။

ဘွန်ဒက်လီဂါ ချန်ပီယံ ကြီးကို ၅ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဂေါ့ဇီဟာ ဒီရာသီ မှာပုံစံကောင်းပြန်လည်ပြသနေပြီး နောက်ဆုံး ၅ပွဲမှာသွင်းဂိုး ၂ဂိုးနဲ့ ဖန်တီးမှု ၃ကြိမ်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။သူ့ရဲ့ ဒေါ့မွန် အသင်းလည်း အမှတ်ပေးဇယားထိပ်ဆုံး မှာ ၂မှတ်အသာနဲ့ ဦးဆောင် နေပါတယ်။

အသက် ၂၆နှစ်အရွယ်ဂေါ့ဇီဟာလတ်တလောမှာ ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း တနှစ်သာကျန်ရှိတော့တာဖြစ်ပြီး ဘိုင်ယန်ကနေ ပြန်မလာ ခင်မှာ လီဗာပူး အသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှု ခံခဲ့ရသေးတာဖြစ်ပါတယ်။ဂေါ့ဇီဟာ သူ့ကိုပရော်ဖက်ရှင် ဘောလုံး လောကကို ဆွဲခေါ်ပေးခဲ့တဲ့ နည်းပြကြီး ကလော့ပ်နဲ့ အခုထိ အဆက်အသွယ်ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဂေါ့ဇီက ဆက်လက်ပြီး – – – ” ဘိုင်ယန်ကနေ ကျွန်တော်ထွက်ချင်တယ်ဆိုတာကို ကလော့ပ်လည်းသိခဲ့ပါတယ်။သူနဲ့ ကျွန်တော်စကားတွေလည်းပြောခဲ့ပါတယ်။ကျွန်တော်ဟာ စိန်ခေါ်မှု အသစ်တွေကိုရှာဖွေချင်တယ်ဆိုတာကို လည်းသူကောင်းကောင်းကြီးသိပါတယ်။

ကျွန်တော်ဟာ သူ့ကို မကြာခဏ စကားပြောလေ့ရှိပါတယ်။သူဟာကျွန်တော့် အသက် ၁၇ နှစ်အရွယ်မှာ ပထမအသင်းကို ခေါ်ယူခဲ့တာဖြစ်ပြီး အလုံးစုံ ဖြစ်စေခဲ့တာဖြစ်ပါတယ်။သူနဲ့ ကျွန်တော် ဘယ်တုန်းကမှ အဆက်အသွယ်မပြတ်ခဲ့ပါဘူး ” လို့ပြောခဲ့ပါတယ်။