Usain Bolt

အသက္ 33 ႏွစ္ အရြယ္ ရွိျပီ ျဖစ္တဲ့ ၊ ကမၻာ့အေျပးအျမန္ဆုံုး လူသား အျဖစ္ မွတ္တမ္းတင္ထားတဲ့ ဂ်ေမကာ အေျပးသမားၾကီး အူစိန္ေဘာ့ကေတာ့ ဒီႏွစ္ ဖီဖာ အေကာင္းဆံုး ေဘာလံုသမား ဆု အတြက္ ရိုနာဒို ကို ရေစခ်င္ေပမယ့္ ၊ လီဗာပူး ခံစစ္မႈး ဗန္ဒိုက္ပဲ ဆြတ္ခူး သြားေလာက္တယ္လို႔ ခန္႔မွန္းသြားခဲ့ပါတယ္။

 

 

ဖီဖာ အေကာင္းဆံုး ဆုေပးအပ္ပြဲ အခမ္းအနား ကို မနက္ျဖန္ မီလန္ျမိဳ႕မွာ က်င္းပသြားဖို႔ စီစဥ္ထားျပီး ၊ အေကာင္းဆံုး ကစားသမားဆု ဆန္ကာတင္ စာရင္းမွာေတာ့ မက္ဆီ ၊ ရိုနာဒုိ နဲ႔ ဗန္ဒိုက္ တို႔ ပါ၀င္လွ်က္ ရွိေနပါတယ္။ ျပီးခဲ့တဲ့ ဥေရာပ အေကာင္းဆံုး ကစားသမားဆု ဆန္ကာတင္ စာရင္းမွာလဲ သူတို႔ 3 ဦးပဲ ေနရာ ယူခဲ့ျပီး ၊ ဗန္ဒို္က္က ဆြတ္ခူးထားခဲ့တာ ျဖစ္ပါတယ္။

“ 3 ေယာက္ စလံုးကေတာ့ အ့ံအားသင့္ဖုိ႔ ေကာင္းတဲ့ ေျခစြမ္းေတြခ်ည္းပါပဲ။ မက္ဆီ နဲ႔ ရိုနာဒို တို႔ဆိုရင္ ဘလြန္းဒီေအာ္ ဆုကို 5 ၾကိမ္စီ ဆြတ္ခူးထားခဲ့တာေလ။ ဗန္ဒိုက္ ကေတာ့ အခုမွ ဥေရာပ အေကာင္းဆံုး ဆုကို စျပီး ရရွိထားတာပါ။ ဒါေပမယ့္ ျပီးခဲ့တဲ့ ရာသီက လီဗာပူး ရဲ႕ ေအာင္ျမင္မႈေၾကာင့္ ဒီႏွစ္ အတြက္ ဖီဖာအေကာင္းဆံုးဟာ ဗန္ဒို္က္ ဆီပဲ ဦးတည္သြားလိမ့္မယ္ ထင္ပါတယ္။ က်ေနာ္ ကေတာ့ ယူႏိုက္တက္ ဖန္ဆိုေတာ့ ရိုနာဒို ကို ရေစခ်င္တာေပါ့” လို႔ မွတ္ခ်က္ ေပးသြားခဲ့ပါတယ္။

 

မက္ဆီ နဲ႔ ရုိနာဒို တို႔အၾကား ဘယ္သူက ပိုေကာင္းလဲ ဆိုတဲ့ အျငင္းပြားမႈထဲကိုလဲ အူစိန္ေဘာ့က သူ႔ရဲ႕ အျမင္ေတြကို မွ်ေ၀သြားခဲ့ျပီး ၊ ဘာျဖစ္လို႔ ရိုနာဒို ကို ပိုေကာင္းတယ္ ဆိုတဲ့ အေၾကာင္းကို အခုလို ရွင္းျပသြားခဲ့ျပန္ပါတယ္။

“ သူတို႔ ႏွစ္ေယာက္ အေၾကာင္း အျငင္းပြားေနၾကတာေတြ အမ်ားၾကီး က်ေနာ္ ၾကားရပါတယ္ ။ ႏွစ္ေယာက္ စလံုးကလဲ ေဘာလံုးနဲ႔ပတ္သက္ရင္ ဂ်ီးနီးယပ္ေတြပဲဗ်ာ။ က်ေနာ္ ကေတာ့ ရိုနာဒို ရဲ႕ ပရိသတ္စစ္စစ္ၾကီး ျဖစ္တာမို႔ သူ႔ကိုပဲ ပိုျပီး သေဘာက်တာေပါ့။ အထူးသျဖင့္ သူ႔ရဲ႕ မတူညီတဲ့ လိဂ္ ျပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈေတြ ရေအာင္ စြမ္းေဆာင္ျပတဲ့ စိတ္ဓါတ္ နဲ႔ ေျခစြမ္းကို အားက်မိတာပါ။

သူတို႔ ႏွစ္ေယာက္ရဲ႕ ေခတ္အလြန္မွာေတာ့ ဘာေပ ၊ ေနမာ ၊ ဆန္ခ်ိဳ တို႔ က ထိုးထြက္လာမယ္ထင္ပါတယ္။ ေအဂ်က္ ကစားသမားေဟာင္းေတြ ျဖစ္တဲ့ ဒီေဂ်ာင္ နဲ႔ ဒီလစ္ တို႔လဲ အသင္းသစ္ေတြမွာ ဘယ္လို ေျခစြမ္းျပမလဲ ဆိုတာ စိတ္၀င္စားဖို႔ေကာင္းသလုိ ၊ ရီးရဲက ဟာဇက္ကိုလဲ ေစာင့္ၾကည့္ရဦးမွာပါ။

က်ေနာ္က စတာလင္ ၊ ေပါ့ဘာ ၊ လီယြန္ ဘိုင္လီ တို႔နဲ႔လဲ ခင္တယ္ေလ။ ဒါေၾကာင့္ သူတို႔ ေျခစြမ္းျပဖို႔လဲ ေမွ်ာ္လင့္မိတာေပါ့” လုိ႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ပါတယ္။

စတာလင္ ၊ လီယြန္ ဘိုင္လီ တို႔ဟာ အူစိန္ေဘာ့လိုပဲ ဂ်ေမကာ ႏြယ္ဖြား ေဘာလံုးသမားေတြ ျဖစ္ပါတယ္။ အူစိန္ေဘာ့ကေတာ့ ယူႏိုက္တက္ကို အရူးအမူးအားေပးတဲ့ ပရိသတ္ တစ္ဦးျဖစ္ျပီး ၊ စတာလင္က ျမိဳ႕ခံျပိဳင္ဘက္ မန္စီးတီးမွာ ကစားေပးေနတာနဲ႔ ပတ္သက္လို႔ အခုလို ရင္ဖြင့္သြားခဲ့ပါတယ္။

“ စတာလင္ ရဲ႕ ေျခစြမ္းက အမ်ားၾကီးကို တိုးတက္လာတာပါ။ ပက္ဂြာဒီယုိလာ နဲ႔ လက္တြဲလိုက္ရျပီး ေနာက္ပိုင္း သူ႔ရဲ႕ စြမ္းေဆာင္ရည္ဟာ ကမၻာ့အဆင့္ထိ ကို ေရာက္ရွိ လာခဲ့ပါတယ္။ အခုမွ အသက္ 24 ႏွစ္ပဲ ရွိေသးေတာ့ အမ်ားၾကီး မွန္းလို႔ ရေသးတာေပါ့ဗ်ာ။

သူနဲ႔ က်ေနာ့္ အၾကားမွာ ေျပာစရာ ဆိုလို႔ တစ္ခုပဲ ရွိပါတယ္ အဲဒါက သူဟာ က်ေနာ့္ရဲ႕ အခါးသီးဆံုး ျပိဳင္ဘက္ၾကီး မန္စီးတီးအတြက္ ကစားေပးေနတာပဲေလ။ လီယြန္ ဘိုင္လီ ဆိုရင္လဲ ေလဗာကူဆင္မွာ အေတာက္ပဆံုး ေျခစြမ္းေတြ ျပသေနတာပါ” လို႔ မွတ္ခ်က္ ေပးသြားခဲ့ပါတယ္။

ဆက္လက္ျပီး ေပါ့ဘာ နဲ႔ ရွပ္ဖို႔ဒ္ တုိ႔ ႏွစ္ေယာက္စလံုးကို ကမၻာ့အဆင့္ ေျခစြမ္းေတြနဲ႔ ျမင္ခ်င္မိတယ္လို႔ ၀န္ခံသြားခဲ့သလုိ ၊ နည္းျပ ဆိုရွား အေနနဲ႔လဲ ေပါ့ဘာကို ဦးတည္က ကစားကြက္တည္ေဆာက္ရင္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ရေအာင္ စြမ္းေဆာင္ျပဖို႔ ေတာင္းဆိုသြားခဲ့ပါတယ္။

အကယ္၍ မီတာ 100 ၊ 4 ေယာက္ ျပိဳင္ပြဲမ်ိဳးမွာ ယွဥ္ျပိဳင္ရမယ္ ဆိုရင္ တာတို အေျပးသမားၾကီးအေနနဲ႔ ေဘာလံုးသမားေတြထဲက ဘယ္သူေတြကို ေရြးျပီး ေခၚသြားခ်င္လို႔ ေမးျမန္းရာမွာေတာ့ “ ရိုနာဒို ၊ ေဘးလ္ နဲ႔ ဘာေပ” လို႔ တုန္႔ျပန္ ေျဖၾကားသြားခဲ့ပါတယ္။

SPORT MYANMAR

Unicode

ဖီဖာ အကောင်းဆုံး ကစားသမားဆုကို ရိုနာဒို ကို ရစေချင်ပေမယ့် ၊ ဗန်ဒိုက်ပဲ ရလောက်တယ်လို့ ခန့်မှန်းလိုက်တဲ့ #အူစိန်ဘော့
*************************************************

အသက် 33 နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ၊ ကမ္ဘာ့အပြေးအမြန်ဆုုံး လူသား အဖြစ် မှတ်တမ်းတင်ထားတဲ့ ဂျမေကာ အပြေးသမားကြီး အူစိန်ဘော့ကတော့ ဒီနှစ် ဖီဖာ အကောင်းဆုံး ဘောလုံသမား ဆု အတွက် ရိုနာဒို ကို ရစေချင်ပေမယ့် ၊ လီဗာပူး ခံစစ်မှုး ဗန်ဒိုက်ပဲ ဆွတ်ခူး သွားလောက်တယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

ဖီဖာ အကောင်းဆုံး ဆုပေးအပ်ပွဲ အခမ်းအနား ကို မနက်ဖြန် မီလန်မြို့မှာ ကျင်းပသွားဖို့ စီစဉ်ထားပြီး ၊ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းမှာတော့ မက်ဆီ ၊ ရိုနာဒို နဲ့ ဗန်ဒိုက် တို့ ပါ၀င်လျှက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဥရောပ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းမှာလဲ သူတို့ 3 ဦးပဲ နေရာ ယူခဲ့ပြီး ၊ ဗန်ဒို်က်က ဆွတ်ခူးထားခဲ့တာ ဖြစ်ပါတယ်။

“ 3 ယောက် စလုံးကတော့ အ့ံအားသင့်ဖို့ ကောင်းတဲ့ ခြေစွမ်းတွေချည်းပါပဲ။ မက်ဆီ နဲ့ ရိုနာဒို တို့ဆိုရင် ဘလွန်းဒီအော် ဆုကို 5 ကြိမ်စီ ဆွတ်ခူးထားခဲ့တာလေ။ ဗန်ဒိုက် ကတော့ အခုမှ ဥရောပ အကောင်းဆုံး ဆုကို စပြီး ရရှိထားတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီက လီဗာပူး ရဲ့ အောင်မြင်မှုကြောင့် ဒီနှစ် အတွက် ဖီဖာအကောင်းဆုံးဟာ ဗန်ဒို်က် ဆီပဲ ဦးတည်သွားလိမ့်မယ် ထင်ပါတယ်။ ကျနော် ကတော့ ယူနိုက်တက် ဖန်ဆိုတော့ ရိုနာဒို ကို ရစေချင်တာပေါ့” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

မက်ဆီ နဲ့ ရိုနာဒို တို့အကြား ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့ အငြင်းပွားမှုထဲကိုလဲ အူစိန်ဘော့က သူ့ရဲ့ အမြင်တွေကို မျှဝေသွားခဲ့ပြီး ၊ ဘာဖြစ်လို့ ရိုနာဒို ကို ပိုကောင်းတယ် ဆိုတဲ့ အကြောင်းကို အခုလို ရှင်းပြသွားခဲ့ပြန်ပါတယ်။

“ သူတို့ နှစ်ယောက် အကြောင်း အငြင်းပွားနေကြတာတွေ အများကြီး ကျနော် ကြားရပါတယ် ။ နှစ်ယောက် စလုံးကလဲ ဘောလုံးနဲ့ပတ်သက်ရင် ဂျီးနီးယပ်တွေပဲဗျာ။ ကျနော် ကတော့ ရိုနာဒို ရဲ့ ပရိသတ်စစ်စစ်ကြီး ဖြစ်တာမို့ သူ့ကိုပဲ ပိုပြီး သဘောကျတာပေါ့။ အထူးသဖြင့် သူ့ရဲ့ မတူညီတဲ့ လိဂ် ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရအောင် စွမ်းဆောင်ပြတဲ့ စိတ်ဓါတ် နဲ့ ခြေစွမ်းကို အားကျမိတာပါ။

သူတို့ နှစ်ယောက်ရဲ့ ခေတ်အလွန်မှာတော့ ဘာပေ ၊ နေမာ ၊ ဆန်ချို တို့ က ထိုးထွက်လာမယ်ထင်ပါတယ်။ အေဂျက် ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဒီဂျောင် နဲ့ ဒီလစ် တို့လဲ အသင်းသစ်တွေမှာ ဘယ်လို ခြေစွမ်းပြမလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို ၊ ရီးရဲက ဟာဇက်ကိုလဲ စောင့်ကြည့်ရဦးမှာပါ။

ကျနော်က စတာလင် ၊ ပေါ့ဘာ ၊ လီယွန် ဘိုင်လီ တို့နဲ့လဲ ခင်တယ်လေ။ ဒါကြောင့် သူတို့ ခြေစွမ်းပြဖို့လဲ မျှော်လင့်မိတာပေါ့” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

စတာလင် ၊ လီယွန် ဘိုင်လီ တို့ဟာ အူစိန်ဘော့လိုပဲ ဂျမေကာ နွယ်ဖွား ဘောလုံးသမားတွေ ဖြစ်ပါတယ်။ အူစိန်ဘော့ကတော့ ယူနိုက်တက်ကို အရူးအမူးအားပေးတဲ့ ပရိသတ် တစ်ဦးဖြစ်ပြီး ၊ စတာလင်က မြို့ခံပြိုင်ဘက် မန်စီးတီးမှာ ကစားပေးနေတာနဲ့ ပတ်သက်လို့ အခုလို ရင်ဖွင့်သွားခဲ့ပါတယ်။

“ စတာလင် ရဲ့ ခြေစွမ်းက အများကြီးကို တိုးတက်လာတာပါ။ ပက်ဂွာဒီယိုလာ နဲ့ လက်တွဲလိုက်ရပြီး နောက်ပိုင်း သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ကမ္ဘာ့အဆင့်ထိ ကို ရောက်ရှိ လာခဲ့ပါတယ်။ အခုမှ အသက် 24 နှစ်ပဲ ရှိသေးတော့ အများကြီး မှန်းလို့ ရသေးတာပေါ့ဗျာ။

သူနဲ့ ကျနော့် အကြားမှာ ပြောစရာ ဆိုလို့ တစ်ခုပဲ ရှိပါတယ် အဲဒါက သူဟာ ကျနော့်ရဲ့ အခါးသီးဆုံး ပြိုင်ဘက်ကြီး မန်စီးတီးအတွက် ကစားပေးနေတာပဲလေ။ လီယွန် ဘိုင်လီ ဆိုရင်လဲ လေဗာကူဆင်မှာ အတောက်ပဆုံး ခြေစွမ်းတွေ ပြသနေတာပါ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဆက်လက်ပြီး ပေါ့ဘာ နဲ့ ရှပ်ဖို့ဒ် တို့ နှစ်ယောက်စလုံးကို ကမ္ဘာ့အဆင့် ခြေစွမ်းတွေနဲ့ မြင်ချင်မိတယ်လို့ ၀န်ခံသွားခဲ့သလို ၊ နည်းပြ ဆိုရှား အနေနဲ့လဲ ပေါ့ဘာကို ဦးတည်က ကစားကွက်တည်ဆောက်ရင်း ချန်ပီယံလိဂ် ၀င်ခွင့်ရအောင် စွမ်းဆောင်ပြဖို့ တောင်းဆိုသွားခဲ့ပါတယ်။

အကယ်၍ မီတာ 100 ၊ 4 ယောက် ပြိုင်ပွဲမျိုးမှာ ယှဉ်ပြိုင်ရမယ် ဆိုရင် တာတို အပြေးသမားကြီးအနေနဲ့ ဘောလုံးသမားတွေထဲက ဘယ်သူတွေကို ရွေးပြီး ခေါ်သွားချင်လို့ မေးမြန်းရာမှာတော့ “ ရိုနာဒို ၊ ဘေးလ် နဲ့ ဘာပေ” လို့ တုန့်ပြန် ဖြေကြားသွားခဲ့ပါတယ်။

SPORT MYANMAR