ေဘာလံုး သမား ေတြဟာ အစြဲ အလမ္း ႀကီးတတ္ၾက ပါတယ္ ။ ဒီ အထဲ မွာ မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း ရဲ႕ ေတာင္ပံ ကစား သမား အသစ္ေလး ဒန္နီရယ္ ဂ်ိမ္းစ္ လည္း တစ္ေယာက္ အပါ အ၀င္ပါ ။ ဂ်ိမ္းစ္ ရဲ႕ အစြဲ အလမ္းႀကီးမႈ က သူ႔ အတြက္ေတာ့ မသက္သာ ေစခဲ့ ပါဘူး ။ အပတ္စဥ္ ပြဲ မကစားခင္ တုိင္း မွာ မိုင္ ၄၀၀ နီးပါး ရွိတဲ့ ခရီးကို ျဖစ္ေစ တဲ့အတြက္ နည္းျပ ဆုိးရွား အတြက္ ေတာ့ စိတ္ပူ စရာ ျဖစ္လာ ေစဖို႔ ရွိ ေန ပါတယ္ ။

ဂ်ိမ္းစ္ ရဲ႕ အစြဲ အလမ္း ကေတာ့ ဆံပင္ ညွပ္တာ ပါပဲ ။ မန္ခ်က္စတာ ၿမဳိ႕ကို ေရာက္လာ ခဲ့ ေပမယ့္လည္း ဒန္နီ ရယ္ ဂ်ိမ္းစ္ ဟာ အပတ္တိုင္း လုိလို ေ၀းလ္ ႏုိင္ငံ ကို ျပန္ၿပီး ဆံပင္ ညွပ္ေလ့ ရွိပါတယ္ ။ သူ သြားတဲ့ ဆုိင္ ကေတာ့ ဆြမ္းဆိ ၿမဳိ႕ မွာ တည္ရွိ ၿပီး ရြဳိင္းဘဲလ္ ဆိုတဲ့ ဆံသဆရာ တစ္ဦး ဖြင့္လွစ္ ထားတဲ့ ဆုိင္ျဖစ္တယ္ လို႔ သိရပါတယ္ ။

အဆိုပါ ဆုိင္ ဟာ ဆြမ္းဆိ မွာ ကစား ခဲ့စဥ္ တစ္ေလ်ာက္ လံုး ဒန္နီရယ္ ဂ်ိမ္းစ္ အားေပး လာခ့ဲတဲ့ ဆုိင္ ျဖစ္ၿပီး ဆြမ္းဆိ စီးတီး မွာ ကစား ခဲ့တဲ့ ၅ ႏွစ္တာ လံုးမွာ ဘဲလ္ ရဲ႕ ဆုိင္ မွာပဲ အားေပး ခဲ့တယ္ လို႔ သိရ ပါတယ္ ။ ဂ်ိမ္းစ္ က ဒီလုိမ်ဳိး တသမတ္ တည္း ဆံပင္ညွပ္ တာဟာ သူ႔ရဲ႕ ေျခစြမ္း အေပၚ သက္ေရာက္မႈ ရွိတယ္ လုိ႔ ယံုၾကည္ ထားၿပီး အဂၤလန္ ကို ေျပာင္းေရႊ႕သြား သည့္တုိင္ေအာင္ ေ၀းလ္ ကို ျပန္ကာ ဆံပင္ ညွပ္ ေနဆဲ ျဖစ္ပါတယ္ ။

Man-Utd-Daniel-James

ဂ်ိမ္းစ္ ဟာ ယခု ႏွစ္ ေႏြရာသီ မွာ မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း ဆီ ေပါင္ ၁၅ သန္း ျဖင့္ ေျပာင္းေရႊ႕ ေရာက္ရွိ လာခဲ့ သူျဖစ္ ၿပီး အသင္း သစ္ အတြက ္ ၅ ပြဲ ကစား ထားရာမွာ ၃ ဂုိး သြင္းယူ ထားေပး ခဲ့ၿပီး လည္း ျဖစ္ ပါတယ္ ။ ဒါ့အျပင္ ဂ်ိမ္းစ္ ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ အတြင္း ကစား ခဲ့တဲ့ ႏုိင္ငံ တကာ ပြဲ ကာလ မွာ လည္း ေ၀းလ္ လက္ေရြးစင္ အသင္း အတြက္ တစ္ဂုိး သြင္းယူ ေပးထား ႏုိင္ခဲ့ ပါတယ္ ။

“ဒန္ က သူ႔ရဲ႕ ဆံပင္ နဲ႔ ပတ္သက္ ၿပီး အေလးထား တဲ့ သူပါ ။ ရြဳိင္း က လြဲရင္ အျခား ဘယ္သူ႔ကို မွ ဒန္ က ယံုၾကည္မႈ မရွိ ပါဘူး ။ ဘယ္လို အေျခ အေန မွာပဲ ျဖစ္ျဖစ္ ပြဲ မကစားခင္ မွာ ရြဳိင္း နဲ႔ ဆံပင္ ညွပ္ ေလ့ ရွိ ပါတယ္ ။ ဒါက သူ႔ရဲ႕ ေျခစြမ္း ကို ပုိမုိ ေကာင္းမြန္ ေစသလို ကံလည္း ပိုေကာင္း ေစတယ္ လို႔ ဒန္က ယံုၾကည္ ထားပါတယ္” လို႔ ဒန္နီရယ္ ဂ်ိမ္းစ္ ရဲ႕ မိတ္ ေဆြ တစ္ဦး က သူ႔ရဲ႕ ဆံပင္ညွပ္ ဇာတ္လမ္း ကို ျပန္ေျပာင္း ေျပာျပ သြားခဲ့ ပါတယ္ ။

 

ဒန္နီ ရယ္ ဂ်ိမ္းစ္ ဟာ လက္စတာ စီးတီး နဲ႔ ပြဲ မွာ ဒဏ္ရာ ရရွိ ခဲ့တာ ေၾကာင့္ ၾကာသပေတး ေန႔က ကစား ခဲ့တဲ့ အက္စတာနာ နဲ႔ ယူရိုပါလိဂ္ ပြဲစဥ္ ကို လြဲေခ်ာ္ ခဲ့ရ ပါတယ္ ။ ဒါေပမယ့္ ဂ်ိမ္းစ္ ဟာ ယေန႔ ည မွာ ယွဥ္ၿပဳိင္ ကစားမယ့္ ၀က္စ္ဟမ္း အသင္း နဲ႔ ပြဲစဥ္ အတြက္ လန္ဒန္ ကို ခရီး ထြက္ ခြာ လာတဲ့ မန္ခ်က္စတာ ယူႏုိက္တက္ အသင္းသား စာရင္း မွာ ေတာ့ ျပန္လည္ ပါ၀င္ လာခဲ့ၿပီး အသင္း အတြက္ ျပန္လည္ ကစား ေပးႏုိင္ ဖြယ္ ရွိတယ္ လို႔ သံုးသပ္ ထားၾက ပါတယ္

SPORTS MYANMAR

Unicode

အစွဲအလမ်းကြီးတဲ့ ဒန်နီရယ်ဂျိမ်းစ် ရဲ့ ကံကောင်းစေတဲ့ အရာက ဘာများလဲ . . .

===========================================================

ဘောလုံး သမား တွေဟာ အစွဲ အလမ်း ကြီးတတ်ကြ ပါတယ် ။ ဒီ အထဲ မှာ မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ တောင်ပံ ကစား သမား အသစ်လေး ဒန်နီရယ် ဂျိမ်းစ် လည်း တစ်ယောက် အပါ အဝင်ပါ ။ ဂျိမ်းစ် ရဲ့ အစွဲ အလမ်းကြီးမှု က သူ့ အတွက်တော့ မသက်သာ စေခဲ့ ပါဘူး ။ အပတ်စဉ် ပွဲ မကစားခင် တိုင်း မှာ မိုင် ၄၀၀ နီးပါး ရှိတဲ့ ခရီးကို ဖြစ်စေ တဲ့အတွက် နည်းပြ ဆိုးရှား အတွက် တော့ စိတ်ပူ စရာ ဖြစ်လာ စေဖို့ ရှိ နေ ပါတယ် ။

ဂျိမ်းစ် ရဲ့ အစွဲ အလမ်း ကတော့ ဆံပင် ညှပ်တာ ပါပဲ ။ မန်ချက်စတာ မြို့ကို ရောက်လာ ခဲ့ ပေမယ့်လည်း ဒန်နီ ရယ် ဂျိမ်းစ် ဟာ အပတ်တိုင်း လိုလို ဝေးလ် နိုင်ငံ ကို ပြန်ပြီး ဆံပင် ညှပ်လေ့ ရှိပါတယ် ။ သူ သွားတဲ့ ဆိုင် ကတော့ ဆွမ်းဆိ မြို့ မှာ တည်ရှိ ပြီး ရွိုင်းဘဲလ် ဆိုတဲ့ ဆံသဆရာ တစ်ဦး ဖွင့်လှစ် ထားတဲ့ ဆိုင်ဖြစ်တယ် လို့ သိရပါတယ် ။

အဆိုပါ ဆိုင် ဟာ ဆွမ်းဆိ မှာ ကစား ခဲ့စဉ် တစ်လျောက် လုံး ဒန်နီရယ် ဂျိမ်းစ် အားပေး လာခဲ့တဲ့ ဆိုင် ဖြစ်ပြီး ဆွမ်းဆိ စီးတီး မှာ ကစား ခဲ့တဲ့ ၅ နှစ်တာ လုံးမှာ ဘဲလ် ရဲ့ ဆိုင် မှာပဲ အားပေး ခဲ့တယ် လို့ သိရ ပါတယ် ။ ဂျိမ်းစ် က ဒီလိုမျိုး တသမတ် တည်း ဆံပင်ညှပ် တာဟာ သူ့ရဲ့ ခြေစွမ်း အပေါ် သက်ရောက်မှု ရှိတယ် လို့ ယုံကြည် ထားပြီး အင်္ဂလန် ကို ပြောင်းရွှေ့သွား သည့်တိုင်အောင် ဝေးလ် ကို ပြန်ကာ ဆံပင် ညှပ် နေဆဲ ဖြစ်ပါတယ် ။၏

ဂျိမ်းစ် ဟာ ယခု နှစ် နွေရာသီ မှာ မန်ချက် စတာ ယူနိုက်တက် အသင်း ဆီ ပေါင် ၁၅ သန်း ဖြင့် ပြောင်းရွှေ့ ရောက်ရှိ လာခဲ့ သူဖြစ် ပြီး အသင်း သစ် အတွက ် ၅ ပွဲ ကစား ထားရာမှာ ၃ ဂိုး သွင်းယူ ထားပေး ခဲ့ပြီး လည်း ဖြစ် ပါတယ် ။ ဒါ့အပြင် ဂျိမ်းစ် ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း ကစား ခဲ့တဲ့ နိုင်ငံ တကာ ပွဲ ကာလ မှာ လည်း ဝေးလ် လက်ရွေးစင် အသင်း အတွက် တစ်ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

“ဒန် က သူ့ရဲ့ ဆံပင် နဲ့ ပတ်သက် ပြီး အလေးထား တဲ့ သူပါ ။ ရွိုင်း က လွဲရင် အခြား ဘယ်သူ့ကို မှ ဒန် က ယုံကြည်မှု မရှိ ပါဘူး ။ ဘယ်လို အခြေ အနေ မှာပဲ ဖြစ်ဖြစ် ပွဲ မကစားခင် မှာ ရွိုင်း နဲ့ ဆံပင် ညှပ် လေ့ ရှိ ပါတယ် ။ ဒါက သူ့ရဲ့ ခြေစွမ်း ကို ပိုမို ကောင်းမွန် စေသလို ကံလည်း ပိုကောင်း စေတယ် လို့ ဒန်က ယုံကြည် ထားပါတယ်” လို့ ဒန်နီရယ် ဂျိမ်းစ် ရဲ့ မိတ် ဆွေ တစ်ဦး က သူ့ရဲ့ ဆံပင်ညှပ် ဇာတ်လမ်း ကို ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

ဒန်နီ ရယ် ဂျိမ်းစ် ဟာ လက်စတာ စီးတီး နဲ့ ပွဲ မှာ ဒဏ်ရာ ရရှိ ခဲ့တာ ကြောင့် ကြာသပတေး နေ့က ကစား ခဲ့တဲ့ အက်စတာနာ နဲ့ ယူရိုပါလိဂ် ပွဲစဉ် ကို လွဲချော် ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဂျိမ်းစ် ဟာ ယနေ့ ည မှာ ယှဉ်ပြိုင် ကစားမယ့် ၀က်စ်ဟမ်း အသင်း နဲ့ ပွဲစဉ် အတွက် လန်ဒန် ကို ခရီး ထွက် ခွာ လာတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသား စာရင်း မှာ တော့ ပြန်လည် ပါ၀င် လာခဲ့ပြီး အသင်း အတွက် ပြန်လည် ကစား ပေးနိုင် ဖွယ် ရှိတယ် လို့ သုံးသပ် ထားကြ ပါတယ်

SPORTS MYANMAR