pepe

ျပီးခဲ႔တဲ႔ ရာသီျပိဳင္ပြဲစံုမွာ ဆုဖလားလက္မဲ႔ ျဖစ္ခဲ႕ရသလို ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႕ပါဆက္ျပီးလြဲေခ်ာ္ထားခဲ႔တဲ႔ အာဆင္နယ္ အသင္းဟာ ေႏြရာသီ အတြင္းမွာ အားျဖည့္မွဳေတြကို ျပဳလုပ္ထားတာျဖစ္ပါတယ္။ကစားသမားသစ္အခ်ိဳ႔ကို ေခၚယူရာမွာ ေတာင္ပံကစားသမား နီကိုလက္စ္ပီပီလည္းပါဝင္ေနတာျဖစ္ပါတယ္။

pepe

ဒီ အိုက္ဗရီကို႔စ္ သားအတြက္ ကလပ္ စံခ်ိန္တင္ေျကး ေပါင္ ၇၂ သန္းအထိေပးေခ်ေခၚယူထားခဲ႔တာျဖစ္လို႔လည္း ပရိသတ္ေတြရဲ႕ ေမ်ွာ္လင့္ခ်က္ဒီဂရီေတြက အေတာ္ေလးကို ျမင့္မားခဲ႔ျကတာျဖစ္ပါတယ္။ဒါေပမယ့္ ကာယကံရွင္ ကစား သမားကေတာ့သူ႔ရဲ႔အရည္အေသြးေကာင္းကိုျပသဖို႔ အခုထိရုန္းကန္ေနရေသးတာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ပီီပီဟာ ျပီးခဲ႔တဲ႔ လိုင္လီ အသင္းမွာ ၃၈ ပြဲကစား ၂၂ဂိုးအထိ သြင္းယူေပးႏိုင္ခဲ႔ျပီး အဓိက ဂိုးသြင္းစက္တဦးအျဖစ္ရွိခဲ႔တာ ျဖစ္ပါတယ္။ဒါေပမယ့္ လည္း အာဆင္နယ္ အသင္းအတြက္ ျပိဳင္ပြဲစံု ၆ပြဲ အထိပါဝင္ ကစားေပးထားအျပီးမွာ ဂိုးေပါက္ ရွာမေတြ႔ထားေသးတာျဖစ္ပါတယ္။

ဒါေျကာင့္ လည္း သူ႔ကိုနည္းျပျကီးအမ္မရီက ပိုျပီးျကိုးစားဖို႔ မျကာေသးမီက အမိန္႔ေပးထားခဲ႔ေသးတာျဖစ္ပါတယ္။ဒါ့အျပင္ ကစားသမားရဲ႔ နည္းစနစ္ပိုင္း ပိုမိုတိုးတက္လာဖို႕ အတြက္လည္း ပံုမွန္ေလ့က်င့္မွဳေတြအျပင္ ရုပ္္သံဖိုင္ေတြရဲ႕ အကူအညီေတြကေန လည္း လုပ္ေဆာင္ေပးေနျပီျဖစ္တယ္လို႕ အမ္မရီကထုတ္ေျပာသြားခဲ႔ပါတယ္။

pepe

ဗီလာ အသင္းနဲ႔ ပြဲျကို အင္တာဗ်ဴးတခုမွာ အမ္မရီက – ” ပရီးမီးယားလိဂ္မွာ အသားက်ဖို႔ အတြက္ ပီပီအေနနဲ႔ အမ်ားျကီးလုိပါေသးတယ္။သူဟာ ေကာင္းမြန္တဲ႔ ေျခစြမ္းမ်ိဳးနဲ႕ ကစားေနျပီး တိုးတက္ေနတယ္ဆိုေပမယ့္လည္း က်ြန္ေတာ္တို႔ အသင္းကို အကူအညီေပးႏိုင္ဖို႔ အတြက္ေတာ့ အခုထက္ပိုေကာင္းဖို႔လိုေသးတာျဖစ္ပါတယ္။

သူက်ြန္ေတာ္တို႔ အသင္းအတြက္ ပိုျပီးလ်င္လ်င္ျမန္ျမန္အံဝင္ႏိုင္ဖို႔ အတြက္ေနာက္ဆံုး အဆင့္ကို က်ြန္ေတာ္တို႔ အခုလုပ္ေဆာင္ေပးခ်င္ေနပါျပီ။ဥပမာ အေနနဲ႔ ေျပာရမယ္ဆိုရင္ ယေန႔ အက္စတြန္ဗီလာ အသင္းနဲ႕ ပဲြမွာျဖစ္ပါတယ္။

က်ြန္ေတာ္တို႔ဟာ ေလ့က်င့္ခန္း အစီအစဥ္ေတြ ျပီးဆံုးတိုင္းမွာ သူ႔နဲ႔ဆက္ျပီး ေလ့က်င့္မွဳေတြအရင္က ျပဳလုပ္ထားခဲ႔တာျဖစ္ပါတယ္။အခုခ်ိန္မွာေတာ့ သူ႔အေနနဲ႔ နည္းစနစ္ပိုင္းကို အေသးစိတ္အံဝင္ေအာင္ကစားႏိုင္ဖို႔ သူ႔ရဲ႕ အရင္ပြဲေတြက ရုပ္သံမွတ္တမ္းေတြျပန္ျကည့္ျပီး ေလ့က်င့္ေပးေနပါတယ္။

သူဟာ ေကာင္းေကာင္းကစားေနတာျဖစ္လို႔လည္း က်ြန္ေတာ္တို႕ ဒါကို လိုအပ္တာျဖစ္ပါတယ္။ဒါေပမယ့္ အသင္းမွာရွိတဲ႔ အျခားကစားသမားအားလံုး ရဲ႕ ေတာင္တင္းျကံ့ခိုင္ေကာင္းမြန္မွဳကိုလည္းက်ြန္ေတာ္တို႕ လိုအပ္ပါတယ္။အမ်ားျကီးဆက္ျပီးတိုးတက္ဖို႔ လည္းလိုပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ေနာက္ဆံုးကစားခဲ႔တဲ႕ ပရီးမီးယားလိဂ္ ၃ပြဲဆက္ႏိုင္ပြဲေပ်ာက္ဆုံးထားခဲ႔တာျဖစ္ျပီး ၊ ဝက္ဖို႕ဒ္နဲ႕ ပြဲမွာ ၂ဂိုးအသာနဲ႔ ဦးေဆာင္ခဲ႔ျပီးမွာ ေခ်ပဂိုးေတြ ျပန္ေပးလိုက္ရျပီး သေရက်သြားခဲ႔တာျဖစ္ပါတယ္။

ဒီအတြက္ လည္း ပရိသတ္ေတြရဲ႕ အမ်က္ေဒါသကို အမ်ားျကီးခံခဲ႔ရတယ္လို႔အမ္မရီက ဝန္ခံခဲ႔ပါတယ္။ဒါေပမယ့္ ျကားရက္အတြင္းမွာ ဖရန္႔ဖတ္အသင္းကို အေဝးကြင္းမွာ ၃ဂိုးျပတ္အႏိုင္ရခဲ႔လို႔ ဖိအားေတြ အနည္းအက်ဥ္းေလ်ာ့သြားခဲ႔တာျဖစ္ပါတယ္။

ဒီအေျကာင္းနဲ႔ ပတ္သက္ျပီး အမ္မရီက – ” အသင္းႏိုင္ပြဲေတြ ရေနခ်ိန္တုန္းက လည္း က်ြန္ေတာ္ စိတ္ေအးလက္ေအးရွိေနသလို ရွံုးပြဲေတြျကံုေတြ႕ရခ်ိန္မွာလည္း ေအးေအးေဆးေဆးပါပဲ။က်ြန္ေတာ္တို႔အေနနဲ႔ ပရိသတ္ေတြ အတြက္ တာဝန္ယူမွဳ တာဝန္ခံမွဳ ရွိရမွာျဖစ္ပါတယ္။ပရိသတ္ေတြအတြက္ ကစားေပးေနတယ္ဆိုတာကိုလည္း နားလည္ပါတယ္။

ဘယ္လိုတာဝန္ယူမွဳရွိရမယ္ဆိုတာကို လည္းသိနားလည္ျပီး ပရိသတ္ေတြကိုစပယ္ရွယ္အခိုက္အတန္႔ေတြဖန္တီးေပးခ်င္ပါတယ္။ဒါမွလည္း အသင္းရဲ႕ ႏိုင္ပြဲေတြ ရဖို႔ေကာင္းေကာင္းကစားႏိုင္ဖို႔အတြက္ ပရိသတ္ေတြနဲ႕ ခ်ိတ္ဆက္ႏိုင္မွာျဖစ္ပါတယ္ ” လို႕ေျပာသြားခဲ႔ပါတယ္။

SPORT MYANMAR

Unicode

ပီပီရဲ့ခြေစွမ်းကောင်းကိုပြန်ရဖို့ ဘယ်လိုကူညီလုပ်ဆောင်ပေးနေတယ်ဆိုတာထုတ်ပြောလိုက်တဲ့ #အမ်မရီ
===================================

ပြီးခဲ့တဲ့ ရာသီပြိုင်ပွဲစုံမှာ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရသလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါဆက်ပြီးလွဲချော်ထားခဲ့တဲ့ အာဆင်နယ် အသင်းဟာ နွေရာသီ အတွင်းမှာ အားဖြည့်မှုတွေကို ပြုလုပ်ထားတာဖြစ်ပါတယ်။ကစားသမားသစ်အချို့ကို ခေါ်ယူရာမှာ တောင်ပံကစားသမား နီကိုလက်စ်ပီပီလည်းပါဝင်နေတာဖြစ်ပါတယ်။

ဒီ အိုက်ဗရီကို့စ် သားအတွက် ကလပ် စံချိန်တင်ကြေး ပေါင် ရ၂ သန်းအထိပေးချေခေါ်ယူထားခဲ့တာဖြစ်လို့လည်း ပရိသတ်တွေရဲ့ မျှော်လင့်ချက်ဒီဂရီတွေက အတော်လေးကို မြင့်မားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့် ကာယကံရှင် ကစား သမားကတော့သူ့ရဲ့အရည်အသွေးကောင်းကိုပြသဖို့ အခုထိရုန်းကန်နေရသေးတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ပီီပီဟာ ပြီးခဲ့တဲ့ လိုင်လီ အသင်းမှာ ၃၈ ပွဲကစား ၂၂ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး အဓိက ဂိုးသွင်းစက်တဦးအဖြစ်ရှိခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် လည်း အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ၆ပွဲ အထိပါဝင် ကစားပေးထားအပြီးမှာ ဂိုးပေါက် ရှာမတွေ့ထားသေးတာဖြစ်ပါတယ်။

ဒါကြောင့် လည်း သူ့ကိုနည်းပြကြီးအမ်မရီက ပိုပြီးကြိုးစားဖို့ မကြာသေးမီက အမိန့်ပေးထားခဲ့သေးတာဖြစ်ပါတယ်။ဒါ့အပြင် ကစားသမားရဲ့ နည်းစနစ်ပိုင်း ပိုမိုတိုးတက်လာဖို့ အတွက်လည်း ပုံမှန်လေ့ကျင့်မှုတွေအပြင် ရုပ််သံဖိုင်တွေရဲ့ အကူအညီတွေကနေ လည်း လုပ်ဆောင်ပေးနေပြီဖြစ်တယ်လို့ အမ်မရီကထုတ်ပြောသွားခဲ့ပါတယ်။

ဗီလာ အသင်းနဲ့ ပွဲကြို အင်တာဗျူးတခုမှာ အမ်မရီက – ” ပရီးမီးယားလိဂ်မှာ အသားကျဖို့ အတွက် ပီပီအနေနဲ့ အများကြီးလိုပါသေးတယ်။သူဟာ ကောင်းမွန်တဲ့ ခြေစွမ်းမျိုးနဲ့ ကစားနေပြီး တိုးတက်နေတယ်ဆိုပေမယ့်လည်း ကျွန်တော်တို့ အသင်းကို အကူအညီပေးနိုင်ဖို့ အတွက်တော့ အခုထက်ပိုကောင်းဖို့လိုသေးတာဖြစ်ပါတယ်။

သူကျွန်တော်တို့ အသင်းအတွက် ပိုပြီးလျင်လျင်မြန်မြန်အံဝင်နိုင်ဖို့ အတွက်နောက်ဆုံး အဆင့်ကို ကျွန်တော်တို့ အခုလုပ်ဆောင်ပေးချင်နေပါပြီ။ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် ယနေ့ အက်စတွန်ဗီလာ အသင်းနဲ့ ပွဲမှာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ လေ့ကျင့်ခန်း အစီအစဉ်တွေ ပြီးဆုံးတိုင်းမှာ သူ့နဲ့ဆက်ပြီး လေ့ကျင့်မှုတွေအရင်က ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့ သူ့အနေနဲ့ နည်းစနစ်ပိုင်းကို အသေးစိတ်အံဝင်အောင်ကစားနိုင်ဖို့ သူ့ရဲ့ အရင်ပွဲတွေက ရုပ်သံမှတ်တမ်းတွေပြန်ကြည့်ပြီး လေ့ကျင့်ပေးနေပါတယ်။

သူဟာ ကောင်းကောင်းကစားနေတာဖြစ်လို့လည်း ကျွန်တော်တို့ ဒါကို လိုအပ်တာဖြစ်ပါတယ်။ဒါပေမယ့် အသင်းမှာရှိတဲ့ အခြားကစားသမားအားလုံး ရဲ့ တောင်တင်းကြံ့ခိုင်ကောင်းမွန်မှုကိုလည်းကျွန်တော်တို့ လိုအပ်ပါတယ်။အများကြီးဆက်ပြီးတိုးတက်ဖို့ လည်းလိုပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားခဲ့တာဖြစ်ပြီး ၊ ဝက်ဖို့ဒ်နဲ့ ပွဲမှာ ၂ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပြီးမှာ ချေပဂိုးတွေ ပြန်ပေးလိုက်ရပြီး သရေကျသွားခဲ့တာဖြစ်ပါတယ်။

ဒီအတွက် လည်း ပရိသတ်တွေရဲ့ အမျက်ဒေါသကို အများကြီးခံခဲ့ရတယ်လို့အမ်မရီက ဝန်ခံခဲ့ပါတယ်။ဒါပေမယ့် ကြားရက်အတွင်းမှာ ဖရန့်ဖတ်အသင်းကို အဝေးကွင်းမှာ ၃ဂိုးပြတ်အနိုင်ရခဲ့လို့ ဖိအားတွေ အနည်းအကျဉ်းလျော့သွားခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမ်မရီက – ” အသင်းနိုင်ပွဲတွေ ရနေချိန်တုန်းက လည်း ကျွန်တော် စိတ်အေးလက်အေးရှိနေသလို ရှုံးပွဲတွေကြံုတွေ့ရချိန်မှာလည်း အေးအေးဆေးဆေးပါပဲ။ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေ အတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာဖြစ်ပါတယ်။ပရိသတ်တွေအတွက် ကစားပေးနေတယ်ဆိုတာကိုလည်း နားလည်ပါတယ်။

ဘယ်လိုတာဝန်ယူမှုရှိရမယ်ဆိုတာကို လည်းသိနားလည်ပြီး ပရိသတ်တွေကိုစပယ်ရှယ်အခိုက်အတန့်တွေဖန်တီးပေးချင်ပါတယ်။ဒါမှလည်း အသင်းရဲ့ နိုင်ပွဲတွေ ရဖို့ကောင်းကောင်းကစားနိုင်ဖို့အတွက် ပရိသတ်တွေနဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORT MYANMAR