လီဗာပူး အသင္းရဲ႕ တိုက္စစ္ မွဴးေဟာင္း တဦးျဖစ္တဲ႔ ဟက္စကီးက သူ႔အသင္းေဟာင္းဟာ ေႏြရာသီေစ်းကြက္အတြင္းမွာမန္စီးတီးကို ေက်ာ္ျပီးပရီးမီးယားလိဂ္ရဲ႕ စြဲေဆာင္မွဳ အရွိဆံုး အသင္းျဖစ္လာလိမ့္မယ္လို႔ ဆိုလိုက္ပါတယ္။နည္းျပ ကေလာ့ပ္ရဲ႔ လီဗာပူး အသင္းနဲ႕ ဂြာဒီယိုလာ ရဲ႕ မန္စီးတီး တို႔ဟာ လတ္တေလာမွာ လည္း ပရီးမီးယားလိဂ္ ခ်န္ပီယံ ဆုုျကီး အတြက္ အျပိဳင္ျဖစ္ေနတာျဖစ္ျပီး ရာသီကုန္ ဆံုးဖို႕ ၆ပြဲ အလိုအေနအထားအထိ ႏွစ္သင္းျကားရမွတ္ကြာဟ ခ်က္ ၁မွတ္သာရွိထားေသးတာျဖစ္ပါတယ္။

ဒါေပမယ့္ ဟက္စကီးကေတာ့ အဆိုပါ ခ်န္ပီယံဆုုျကီးဟာ နာမည္ေက်ာ္ကစားသမားေတြကို ဆြဲေဆာင္ႏိုင္မွဳကို အေျပာင္းအလဲျဖစ္ေစမွာမဟုတ္ေလာက္ဘူးလို႔ လည္း ယူဆေနပါတယ္။မန္စီးတီး အသင္းက ေငြေျကးျကြယ္ဝမွဳမွာ အားသာေပမယ့္ လီဗာပူး အသင္းရဲ႕ သမိုင္းအစဥ္အလာေတြနဲ႔ အေမြ အႏွစ္ေတြ ဟာ ကစားသမားသစ္ ေခၚယူမွဳေတြအတြက္ ပိုျပီး အေရးပါလာလိမ့္မယ္လို႔ ဟက္စကီးက အခိုင္အမာဆိုပါတယ္။

Bet O’ Clock နဲ႔ အင္တာဗ်ဴးမွာဟက္စကီးက – – – ” လီဗာပူး တို႔ဟာ လာမယ့္ ရာသီမွာ သူတို႔ အသင္း ေတာင့္တင္းေနေစဖို႔ အခုေႏြမွာ ကစားသမားသစ္ ေတြရွာေဖြသြားျကပါလိမ့္မယ္။ဒါမွလည္း မန္စီးတီး အသင္းလတ္တေလာပိုင္ဆိုင္ထားတဲ႔ လူစာရင္းကို တူညီႏိုင္မွာျဖစ္ပါတယ္။

မန္စီးတီး အသင္း ဟာ ေနရာတိုင္းအတြက္ ကစားသမား ၂၊ ၃ ေယာက္ေလာက္ရွိေနျပီး သူတို႔လူစာရင္းဟာ ဒီလိဂ္ရဲ႕ အေကာင္းဆံုး လည္းျဖစ္ပါတယ္။သူတို႔ဟာ ေနရာတိုင္းအတြက္ ေျပာင္ေျမာက္တဲ႔ အစားထိုးစရာကစားသမားေတြကို ရရွိထားပါတယ္။

လီဗာပူးအသင္းအေနနဲ႔ မန္စီးတီး အသင္းရဲ႕ ဘ႑ာေရးအင္အားကို ယွဥ္ႏိုင္ပါ့မလားဆိုျပီးေမးစရာေတာ့ရွိေနပါတယ္။ဒါေပမယ့္ သူတို႔အသင္းရဲ႕သမိုင္းအေမြ အႏွစ္ေတြအရေတာ့ကစားသမားေတြဟာ လီဗာပူးကို ေျပာင္းခ်င္ျကပါလိမ့္မယ္ “လို႔ေျပာခဲ႔ပါတယ္။

လီဗာပူး အသင္းဟာ တိုက္စစ္ပိုင္းမွာ ဖာမီႏို နဲ႔ ကစားပံုကြဲျပားတဲ႔ ကစားသမားတဦးကို ေခၚယူသင့္တယ္လို႔ ဟက္စကီးက ဆိုသြားခဲ႔ျပီးယူႏိုက္တက္ ျကယ္ပြင့္ ေလး ရတ္ဖို႔ဒ္ လို ကစားသမားမ်ိဳးကို ေခၚသင့္တယ္လို႕ ဆိုပါတယ္။

ဟက္စကီးက ဆက္လက္ျပီး – – -” လီဗာပူးတို႔ ဟာေႏြရာသီမွာ ေနာက္ထပ္ တိုက္စစ္မွဴးတေယာက္ကိုေခၚယူခ်င္ပါလိမ့္မယ္။အိုရီဂီ ဟာတိုက္စစ္အတြက္ ေနာက္ထပ္ ေရြးခ်ယ္စရာ တခုအျဖစ္ ရွိေနေပမယ့္ဖာမီႏို ရဲ႕ ေနရာအတြက္ ေနာကိထပ္ ထိပ္တန္းတိုက္စစ္မွဴးတဦးလိုေနပါေသးတယ္။

သူတို႔ဟာ ျပိဳင္ဘက္ အသင္းရဲ႔ ခံစစ္ပိုင္း အေနာက္ထဲအထိ ကစားႏိုင္တဲ႔ တိုက္စစ္မွဴး မ်ိဴး ရွာေဖြသြားပါလိမ့္မယ္။ဒါေပမယ့္ ပရီးမီးယားလိဂ္မွာဆိုရင္ ဒီလိုလုပ္ႏိုင္တာ ယူႏိုက္တက္ ျကယ္ပြင့္ ရတ္ဖို႔ဒ္က လြဲျပီး တျခားသူမရွိ ပါဘူး” လို႔ေျပာသြးခဲ႕ပါတယ္။ဟက္စကီးက သူ႔ရဲ႕ထင္ျမင္ခ်က္ေတြကို ေျပာဆိုေနခဲ႔ေပမယ့္ လီဗာပူး အသင္းခ်ိတ္ဆက္ေနတဲ႔ ကစားသမားေတြကေတာ့ မရွိေသးတာျဖစ္ပါတယ္။

လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို ဝါနာ ဟာ သင့္ေတာ္တဲ႕ကစားသမားအျဖစ္ ညႊန္းဆိုမွဳေတြရွိေနေပမယ့္ဘိုင္ယန္ အသင္းက ေခၚယူႏိုင္ျခင္းမရွိမွ သာ လီဗာပူး အသင္းကရႏိုင္မွာျဖစ္ပါတယ္။

Unicode

နွေရာသီစျေးကွက်အတွင်းမှာ လီဗာပူးက မန်စီးတီးထက်တောင်အသာရနိုင်တယ်လို့ ဆိုလိုက်တဲ့#ဟက်စကီး
================================

လီဗာပူး အသင်းရဲ့ တိုက်စစ် မှူးဟောင်း တဦးဖြစ်တဲ့ ဟက်စကီးက သူ့အသင်းဟောင်းဟာ နွေရာသီစျေးကွက်အတွင်းမှာမန်စီးတီးကို ကျော်ပြီးပရီးမီးယားလိဂ်ရဲ့ စွဲဆောင်မှု အရှိဆုံး အသင်းဖြစ်လာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။နည်းပြ ကလော့ပ်ရဲ့ လီဗာပူး အသင်းနဲ့ ဂွာဒီယိုလာ ရဲ့ မန်စီးတီး တို့ဟာ လတ်တလောမှာ လည်း ပရီးမီးယားလိဂ် ချန်ပီယံ ဆုုကြီး အတွက် အပြိုင်ဖြစ်နေတာဖြစ်ပြီး ရာသီကုန် ဆုံးဖို့ ၆ပွဲ အလိုအနေအထားအထိ နှစ်သင်းကြားရမှတ်ကွာဟ ချက် ၁မှတ်သာရှိထားသေးတာဖြစ်ပါတယ်။

ဒါပေမယ့် ဟက်စကီးကတော့ အဆိုပါ ချန်ပီယံဆုုကြီးဟာ နာမည်ကျော်ကစားသမားတွေကို ဆွဲဆောင်နိုင်မှုကို အပြောင်းအလဲဖြစ်စေမှာမဟုတ်လောက်ဘူးလို့ လည်း ယူဆနေပါတယ်။မန်စီးတီး အသင်းက ငွေကြေးကြွယ်ဝမှုမှာ အားသာပေမယ့် လီဗာပူး အသင်းရဲ့ သမိုင်းအစဉ်အလာတွေနဲ့ အမွေ အနှစ်တွေ ဟာ ကစားသမားသစ် ခေါ်ယူမှုတွေအတွက် ပိုပြီး အရေးပါလာလိမ့်မယ်လို့ ဟက်စကီးက အခိုင်အမာဆိုပါတယ်။

Bet O’ Clock နဲ့ အင်တာဗျူးမှာဟက်စကီးက – – – ” လီဗာပူး တို့ဟာ လာမယ့် ရာသီမှာ သူတို့ အသင်း တောင့်တင်းနေစေဖို့ အခုနွေမှာ ကစားသမားသစ် တွေရှာဖွေသွားကြပါလိမ့်မယ်။ဒါမှလည်း မန်စီးတီး အသင်းလတ်တလောပိုင်ဆိုင်ထားတဲ့ လူစာရင်းကို တူညီနိုင်မှာဖြစ်ပါတယ်။

မန်စီးတီး အသင်း ဟာ နေရာတိုင်းအတွက် ကစားသမား ၂၊ ၃ ယောက်လောက်ရှိနေပြီး သူတို့လူစာရင်းဟာ ဒီလိဂ်ရဲ့ အကောင်းဆုံး လည်းဖြစ်ပါတယ်။သူတို့ဟာ နေရာတိုင်းအတွက် ပြောင်မြောက်တဲ့ အစားထိုးစရာကစားသမားတွေကို ရရှိထားပါတယ်။

လီဗာပူးအသင်းအနေနဲ့ မန်စီးတီး အသင်းရဲ့ ဘဏ္ဍာရေးအင်အားကို ယှဉ်နိုင်ပါ့မလားဆိုပြီးမေးစရာတော့ရှိနေပါတယ်။ဒါပေမယ့် သူတို့အသင်းရဲ့သမိုင်းအမွေ အနှစ်တွေအရတော့ကစားသမားတွေဟာ လီဗာပူးကို ပြောင်းချင်ကြပါလိမ့်မယ် “လို့ပြောခဲ့ပါတယ်။

လီဗာပူး အသင်းဟာ တိုက်စစ်ပိုင်းမှာ ဖာမီနို နဲ့ ကစားပုံကွဲပြားတဲ့ ကစားသမားတဦးကို ခေါ်ယူသင့်တယ်လို့ ဟက်စကီးက ဆိုသွားခဲ့ပြီးယူနိုက်တက် ကြယ်ပွင့် လေး ရတ်ဖို့ဒ် လို ကစားသမားမျိုးကို ခေါ်သင့်တယ်လို့ ဆိုပါတယ်။

ဟက်စကီးက ဆက်လက်ပြီး – – -” လီဗာပူးတို့ ဟာနွေရာသီမှာ နောက်ထပ် တိုက်စစ်မှူးတယောက်ကိုခေါ်ယူချင်ပါလိမ့်မယ်။အိုရီဂီ ဟာတိုက်စစ်အတွက် နောက်ထပ် ရွေးချယ်စရာ တခုအဖြစ် ရှိနေပေမယ့်ဖာမီနို ရဲ့ နေရာအတွက် နောကိထပ် ထိပ်တန်းတိုက်စစ်မှူးတဦးလိုနေပါသေးတယ်။

သူတို့ဟာ ပြိုင်ဘက် အသင်းရဲ့ ခံစစ်ပိုင်း အနောက်ထဲအထိ ကစားနိုင်တဲ့ တိုက်စစ်မှူး မျိူး ရှာဖွေသွားပါလိမ့်မယ်။ဒါပေမယ့် ပရီးမီးယားလိဂ်မှာဆိုရင် ဒီလိုလုပ်နိုင်တာ ယူနိုက်တက် ကြယ်ပွင့် ရတ်ဖို့ဒ်က လွဲပြီး တခြားသူမရှိ ပါဘူး” လို့ပြောသွးခဲ့ပါတယ်။ဟက်စကီးက သူ့ရဲ့ထင်မြင်ချက်တွေကို ပြောဆိုနေခဲ့ပေမယ့် လီဗာပူး အသင်းချိတ်ဆက်နေတဲ့ ကစားသမားတွေကတော့ မရှိသေးတာဖြစ်ပါတယ်။

လိုက်ပ်ဇစ် တိုက်စစ်မှူး တီမို ဝါနာ ဟာ သင့်တော်တဲ့ကစားသမားအဖြစ် ညွှန်းဆိုမှုတွေရှိနေပေမယ့်ဘိုင်ယန် အသင်းက ခေါ်ယူနိုင်ခြင်းမရှိမှ သာ လီဗာပူး အသင်းကရနိုင်မှာဖြစ်ပါတယ်။