solskjaer vs carrick
ကာရစ် ဟာ နည်းပြ ဖာဂူဆန် ရှိခဲ့ စဉ်က အောင်မြင် မှုတွေ ရရှိ အောင် ဘာတွေ လုပ်ရ မလဲ ဆိုတာ ကို သင်ယူ နိုင်သူ ဖြစ်ခဲ့ သလို အခြား နည်းပြ တွေ ဖြစ်ကြ တဲ့ ဒေးဗစ် မိုယက်စ် ၊ လူးဝစ် ဗန်ဟားလ် နဲ့ ဟိုဆေး မော်ရင်ဟို တို့ ယူနိုက်တက် အသင်း မှာ ဘာ့ကြောင့် ကျရှုံး ခဲ့ကြ သလဲ ဆိုတာ ကို ကြုံတွေ့ ခဲ့သူ တစ်ဦး လည်း ဖြစ် ပါတယ် ။
carrick
solskjaer carrick
#Sports_Myanmar
Unicode
အောင်မြင်မှုတွေဆီ ပြန်သွားဖို့ အတွက် ကာရစ်ဟာ ဘယ်လောက်အထိ အရေးပါသလဲ ၊ ဘယ်လို အကူအညီတွေ ပေးနေသလဲ ဆိုတာ ပြောကြား သွားတဲ့ #ဆိုးလ်ရှား
==============
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က အောင်မြင်မှု တွေဆီ ပြန်သွား ဖို့ အတွက် အသင်းဖော် ကာရစ် က အရမ်းကို အဖိုးတန် တဲ့ အရာ တွေကို ယူဆောင် လာမယ့် သူ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။
ကာရစ်ဟာ ဆိုးလ်ရှား နည်းတူ ဆာ အဲလပ်စ် ဖာဂူဆန် လက်အောက် မှာ အလုပ်လုပ် ဖူးသူ ဖြစ်တာ ကြောင့် နည်းပြ ဟောင်းရဲ့ နည်း စနစ် တွေကို ဆိုးလ်ရှား နည်းတူ သိရှိ ထားသူ ပဲ ဖြစ် ပါတယ် ။ အဲ့ဒီနောက် သူဟာ ယူနုုိက်တက် အသင်း ဆီ ရောက်ရှိ လာခဲ့ ကြတဲ့ နည်းပြ သုံးဦး ဆီကလည်း ပညာ တွေကို ရရှိ ထားသူ ဖြစ်ပါတယ် ။
ကာရစ် ဟာ နည်းပြ ဖာဂူဆန် ရှိခဲ့ စဉ်က အောင်မြင် မှုတွေ ရရှိ အောင် ဘာတွေ လုပ်ရ မလဲ ဆိုတာ ကို သင်ယူ နိုင်သူ ဖြစ်ခဲ့ သလို အခြား နည်းပြ တွေ ဖြစ်ကြ တဲ့ ဒေးဗစ် မိုယက်စ် ၊ လူးဝစ် ဗန်ဟားလ် နဲ့ ဟိုဆေး မော်ရင်ဟို တို့ ယူနိုက်တက် အသင်း မှာ ဘာ့ကြောင့် ကျရှုံး ခဲ့ကြ သလဲ ဆိုတာ ကို ကြံုတွေ့ ခဲ့သူ တစ်ဦး လည်း ဖြစ် ပါတယ် ။
ဒါ့ကြောင့် ဆိုးလ်ရှား ဟာ ယခင် နည်းပြ တွေလို အမှား ကျူးလွန် လိုခြင်း မရှိ ပဲ အသင်း ကို အကောင်းဆုံး တည်ဆောက် သွားနိုင် ဖို့ လုပ်ဆောင် လိုနေ ခဲ့ ပါတယ် ။ လက်ရှိ အချိန် သူဟာ နည်းပြ အဖွဲ့ဝင် တွေ ထဲမှာ ကာရစ် နဲ့ အတူ မိုက် ဖီးလန်း နဲ့ ကီရန် မက်ကန်နာ တို့ကို လည်း ပိုင်ဆိုင် ထားခဲ့ ပါတယ် ။
” ကျွန်တော် တို့ ဆီမှာ တစ်ကယ့် ကို ကောင်းမွန် တဲ့ နည်းပြ အဖွဲ့ဝင် တွေ ရှိနေ ကြတယ် လို့ ထင် ပါတယ် ။ ပြီးတော့ မိုက်ကယ် ကာရစ် မှာ ဘောလုံး နဲ့ ပတ်သက် လို့ မတူညီ တဲ့ အတွေ့ အကြံု ကောင်းတွေ ရှိနေ ပြီး သူဟာ ကောင်းမွန် တဲ့ အကြံဉာဏ် တွေကို အမြဲ ပေးနိုင် ခဲ့ ပါတယ် ”
” ဟုတ်ပါတယ် ၊ ကျွန်တော် တို့ အတူ ကစား ခဲ့ကြ တဲ့ အတွက် ဆာ အဲလပ်စ် ဆီက နေ တူညီ တဲ့ အတွေ့ အကြံု တွေ ပိုင်ဆိုင် ထားနိုင် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် မိုက်ကယ် က ဒီမှာ မတူညီ တဲ့ နည်းပြ တွေ နဲ့လည်း အလုပ် လုပ်ဖူး ပါတယ် ။ အဲ့တာ တွေက ကျွန်တော် တို့ အတွက် ရော သူ့ အတွက် ပါ အထောက်အကူ တွေ ဖြစ်စေ နိုင် ပါတယ် ”
” သူဟာ ကျွန်တော့် ကို အသင်း မှာ ပြောင်းလဲ ခဲ့တဲ့ အရာတွေ အကြောင်း ပြောကြား ခဲ့ သလို ဒီမှာ အထိုင်ကျဖို့ အတွက် လည်း ကူညီ ပေးခဲ့ ပါတယ် ။ မိုက်ကယ် ဟာ ကျွန်တော့် ကို နည်းလမ်း ပေါင်းစုံ နဲ့ ကူညီ ထားခဲ့ သလို သူ့ ကိုယ်တိုင် လည်း တိုးတက် ကောင်းမွန် ဖို့ ကြိုးစား အားထုတ် ခဲ့ ပါတယ် ”
” သူ ကိုယ်တိုင် က ဘောလုံးသမား တစ်ဦး ဖြစ်တာ ကြောင့် ဘယ်လို ကစားရ မလဲ ဆိုတဲ့ နည်းလမ်း တွေကို အမြဲ အကြံပေး နိုင်ခဲ့ ပါတယ် ။ သူဟာ အသင်း ကို တိကျ သေချာ တဲ့ နည်းလမ်း တစ်ခု နဲ့ ကစား စေလိုသူ ပါပဲ ။ သူဟာ ဘောလုံး အမြင် ကောင်းတဲ့ သူ ဖြစ်တာ ကြောင့် သူ စိတ်ကြိုက် နည်းပြ ဖို့ ကျွန်တော် ခွင့်ပြု ထားခဲ့ ပါတယ် ”
” မိုက်ကယ် နဲ့ အတူ အလုပ်လုပ် ရတာ တစ်ကယ့် ကို ကောင်းမွန် လှ သလို အခြား နည်းလမ်း အရ ဆိုရင် အနည်းငယ်လည်း ထူးဆန်း လှ ပါတယ် ။ ကျွန်တော် ဟာ သူနဲ့ အတူ ကစား ခဲ့ ဖူးသူ ၊ ပြိုင်ဖက် အဖြစ် ရင်ဆိုင် ဖူးသူ တစ်ဦး အနေ နဲ့ အမြဲလို လေးစား သမှု ရှိနေ ခဲ့ ပါတယ် ”
” အဲ့ဒီ ကနေ ကျွန်တော် တို့ဟာ အသင်း ရဲ့ နည်းပြ အဖွဲ့ဝင်တွေ ရုတ်တရက် ဖြစ်သွား ခဲ့ကြ ပြီး အတူ လက်တွဲ အလုပ် လုပ်နေ ခဲ့ရ ပါတယ် ။ အခုတော့ သူ ဘယ်လို အချိန် တွေမှာ မှန်ကန် သလဲ ၊ ဘယ်လို အချိန် တွေမှာ မှားယွင်း သလဲ ဆိုတာ တွေကို ကျွန်တော် ဆုံးဖြတ် နေရ ပါတယ် ”
” ကျွန်တော် တို့ ကြားမှာ သဘော မတူ တဲ့ အရာ တွေတော့ အနည်းငယ် ရှိလှ ပါတယ် ။ ဒါပေမယ့် တစ်ခါတလေ ပါပဲ ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘောလုံး နဲ့ ပတ်သက် လို့ ကျွန််တော် တို့မှာ တူညီ တဲ့ အမြင် တွေ ရှိ နေတယ် လေ ။ ဒါ့ကြောင့် ကျွန်တော် တို့ ကြားမှာ ငြင်းခုံ ရတာ မျိုး သိပ်တော့ မရှိ ပါဘူး ”
” ကျွန်တော် မှားတဲ့ အခါ မှာလည်း သူဟာ သေချာပေါက် ကျွန်တော့် ကို ပြောပြ ပါတယ် ။ သူရဲ့ အမြင် ကို ချပြ ပါတယ် ။ မိုက်ကယ် ဖြစ်ဖြစ် ၊ မိုက် ဖြစ်ဖြစ် ၊ ကီရန် ဖြစ်ဖြစ် ၊ သူတို့ သုံးယောက် လုံးက အတူတူ ပါပဲ ။ လိုတာ ရှိရင် ပြောကြတာ ချည်း ပါပဲ ။ ကျွန်တော် အဲ့တာ ကို အရမ်း နှစ်သက် ပါတယ် ။ ကိုယ် ဘာလုပ်လုပ် ‘ Yes ‘ ပြောတဲ့ သူတွေ နဲ့ ကျွန်တော် အလုပ် မလုပ် ချင်ဘူူး လေ ” လို့ ဆိုးလ်ရှား က နည်းပြ အဖွဲ့ဝင် တွေကို ချီးကျူး သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar