liverpool
liverpool
arnold
arnold
SM
Unicode
ဘာစီလိုနာ နဲ့ ချန်​ပီယံလိဂ်​ ဆီမီးဖိုင်​နယ်​မှာ နာမည်​​ကျော်​ ​ထောင်​့ကန်​​ဘော ​နောက်​ကွယ်​က အမှတ်​တရားကို ​ပြောပြလိုက်​တဲ့ အလက်​ဇန်​းဒါးအာနိုး
ထရန်​အလက်​ဇန်​းဒါး အာနိုးက သူဟာ ပြီးခဲ့တဲ့ ရာသီ ချန်​ပီယံလိဂ်​ ဆီမီးဖိုင်​နယ်​ ဒုတိယအ​ကျော့ ဘာစီလိုနာ နဲ့ ပွဲစဉ်​မှာ နည်​းပြ ယာဂန်​က​လော့ရဲ့ အမျက်​​ဒေါသ နဲ့ ရင်​ဆိုင်​ ရမယ်​့ အ​ရေးကို စွန်​့စားပြီး လီ​ဗာပူးကို ​နောက်​တဆင်​့ တက်​​ရောက်​ ​စေမယ်​့ ​ထောင်​့ကန်​​ဘောကို ကန်​တင်​ ခဲ့တာ ဖြစ်​တယ်​လို့ ထုတ်​​ဖော်​ သွားခဲ့ပါတယ်​။ လီ​ဗာပူး ဟာ ပထမအ​ကျော့က နူးကမ်​့မှာ ဘာစီလိုနာ အသင်​းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ်​့ ခဲ့​ပေမယ်​့လည်​း အန်​ဖီးမှာ ကစားခဲ့တဲ့ ချန်​ပီယံလိဂ်​ ဆီမီးဖိုင်​နယ်​ ဒုတိယအ​ကျော့ ပွဲစဉ်​မှာ​တော့ ချန်​ပီယံလိဂ်​ သမိုင်းတစ်​​လျှောက်​ အ​ကောင်​းဆုံး Come back တစ်​ခုကို ပုံ​ဖော်​ နိုင်​ခဲ့ကာ ဘာစီလိုနာ အသင်​းကို ၄ ဂိုးပြတ်​နဲ့ ပြန်​လည်​ အနိုင်​ယူကာ ​ဗိုလ်​လုပွဲကို တက်​​ရောက်​ ခဲ့ပါတယ်​။
လီ​ဗာပူးဟာ မက်​ဒရစ်​မှာ ကျင်​းပခဲ့တဲ့ ချန်​ပီယံလိဂ်​ ဖိုင်​နယ်​မှာ ​တော့တင်​ဟမ်​ကို ၂-၀ နဲ့ အနိုင်​ယူကာ ၆ ကြိမ်​​မြောက်​ ဥ​ရောပ ချန်​ပီယံ ဖြစ်​ခဲ့ပါတယ်​။ ဒါ​ပေမယ်​့ အလက်​ဇန်​းဒါးအာနိုး ရဲ့ ဖြတ်​ထိုးဉာဏ်​နဲ့ ​ပေးပို့ခဲ့တဲ့ ​ထောင့်ကန်​​ဘော က​နေ တိုက်​စစ်​မှုး ​ဒီ​​ဗို်​အိုရီဂီရဲ့ အဆုံးသတ်​ ခဲ့မှုဟာ ချန်​ပီယံလိဂ်​ ဆီမီးဖိုင်​နယ်​ရဲ့ အဆုံးအဖြတ်​ ဂိုး ဖြစ်​ခဲ့တဲ့ အပြင်​ လီ​ဗာပူးရဲ့ ချန်​ပီယံ ခရီးလမ်​းမှာ အဓိက အ​ရေးပါတဲ့ အခိုက်​အတန်​ ့ ဖြစ်​ခဲ့ပါတယ်​။
လီ​ဗာပူး တို့ ဘာစီလိုနာ ကို အန်​ဖီးမှာ ၃-၀ နဲ့ ဦး​ဆောင်​ ​နေချိန်​မှာ ​ထောင်​့ကန်​​ဘော ရရှိ ခဲ့ပြီး လီ​ဗာပူး ညာ​နောက်​ခံလူဟာ အဆိုပါ ​ထောင်​့ကန်​​ဘောကို ဇာဒန်​ရှကီရီ ကို ​ပေးကန်​ဖို့ အတွက်​ ​နောက်​ကို ပြန်​​လျှောက်​လာဖို့ ပြင်​ဆင်​ ခဲ့ပါတယ်​။ ဒါ​ပေမယ်​့ ဘာစီလိုနာ ခံစစ်​​ကြောင်​း သတိလက်​လွှတ်​ ဖြစ်​​နေမှုကို သတိပြု မိသွား ခဲ့တဲ့ အလက်​ဇန်​းဒါးအာနိုး ဟာ ​ထောင်​့ကန်​​ဘော ကို လျှင်​လျှင်​မြန်​မြန်​ ကန်​ပို့ ခဲ့ပါတယ်​။
လူကပ်​ ကစားထားခြင်​း မခံရတဲ့ အိုရီဂီ ဟာ အဆိုပါ ​ပေးပို့မှုကို အ​ကောင်​းဆုံး အဆုံးသတ်​ကာ လီ​ဗာပူး အတွက်​ ​လေးဂိုး​မြောက်​ သွင်​းဂိုးကို ရယူ ​ပေးခဲ့ပြီး လီ​ဗာပူး ကို ​ဗိုလ်​လုပွဲ ၂ ရာသီဆက်​ တက်​​ရောက်​ ​စေခဲ့ပါတယ်​။ လက်​ရှိမှာ​တော့ အင်္ဂလန်​ ညာ​နောက်​ခံလူ အလက်​ဇန်​းဒါးအာနိုး က သူ့ရဲ့ ​ထောင့်​ကန်​​ဘောဟာ အသင်​းရဲ့ ​လေ့ကျင်​့​ရေး ကွင်​းမှာ သီးသန်​့ ​လေ့ကျင်​့ထားတာ မဟုတ်​ဘဲ အခိုက်​အတန်​ ့ တစ်​ခု အ​ပေါ် ဉာဏ်​ကွန်​့မြူး သွားခဲ့တာ ဖြစ်​တယ်​လို့ ဆိုသွား ပါတယ်​။
ဒါ​ပေမယ်​့ အလက်​ဇန်​းဒါးအာနိုး က ဒီ ​ထောင်​့ကန်​​ဘော သာ အလုပ်​ မဖြစ်​ ခဲ့ဘူးဆိုရင်​ နည်​းပြ ယာဂန်​က​လော့ရဲ့ ​ဒေါသတကြီး ​ပြောဆိုမှုကို ခံရမှာ ဖြစ်​တယ်​လို့ ဝန်​ခံ သွားပါတယ်။
လီ​ဗာပူး ညာ​နောက်​ခံလူ က “ကျွန်​​တော်​့တို့ ဒါကို ​လေ့ကျင်​့​ရေးကွင်​းမှာ ​လေ့ကျင်​့မှု လုပ်​ထားတာ မဟုတ်​ပါဘူး။ ဒါဟာ အလိုအ​လျောက်​ တုန်​့ပြန်​မှု ဖြစ်​ပြီး ကျွန်​​တော်​ အခွင်​့အ​ရေးကို ​တွေ့လိုက်​ ချိန်​မှာ အသုံးချ ခဲ့ရုံ ပါပဲ။ လူ​တွေ ​နောက်​ပြန်​လှည်​့ သွားတာကို ကျွန်​​တော်​ မြင်​​တွေ့ ခဲ့ရပါတယ်​။ ဂိုးသမား ကလည်​း တစ်​စုံတစ်​ဦး ကို ညွှန်​ကြားချက်​​တွေ ​ပေး​နေ တာကို ကျွန်​​တော်​ မြင်​​တွေ့ ခဲ့ပါတယ်​။ ပြီး​တော့ ဘာစီလိုနာ ကစားသမား တစ်​ဦးမှ ​ဘောလုံးဘက်​ကို ကြည်​့​နေတာ ကျွန်​​တော်​ မ​တွေ့ ခဲ့ပါဘူး။
ဒီ​ဗို့အိုရီဂီ ကို ကျွန်​​တော်​ အလယ်​မှာ ​​တွေခဲ့ ပါတယ်​။ သူတို့ရဲ့ ပင်​နယ်​တီ ဧရိယာ အလယ်​ထဲမှာ အကျီနီ ဝတ်​ထားတဲ့သူ တစ်​ဦးကို ကျွန်​​တော်​ မြင်​ခဲ့ပြီး ဘာ့​ကြောင်​့ မဖြစ်​ နိုင်​ရ မှာလဲ? ဆိုပြီး ကျွန်​​တော်​ ​တွေးခဲ့ ပါတယ်​ ။ အကယ်​၍ ဒီ​ထောင်​့ကန်​​ဘောသာ အလုပ်​ မဖြစ်​ ခဲ့ဘူး ဆိုရင်​ ကျွန်​​တော်​့ အ​နေနဲ့ ပွဲအပြီးမှာ ယာဂန်​က​လော့ ​အော်​တာကို ခံရမှာပါ။ ကျွန်​​တော်​့ အ​နေနဲ့ ဒါ​တွေ အားလုံး ​တွေးဖို့ အတွက်​ စက္ကန်​့ဝက်​သာ အချိန်​ ရပါတယ်​ ။ ဒါ​ပေမယ်​့ ကျွန်​​တော်​့ရဲ့ အမြင်​ က​တော့ ဒီ စွန်​့စားမှုဟာ တကယ်​့ကို ထိုက်​တန်​ ခဲ့ပါတယ်​။ ဒီ​ဗို့ကို ​အော်​​ပြော ခဲ့ခြင်​း မရှိပါဘူး။ ကျွန်​​တော်​ ကန်​ပို့ရုံသာ လုပ်​ခဲ့ပြီး `ဘာ​တွေ ဖြစ်​လာမလဲ ကြည်​့ရတာ​ပေါ့´ လို့ပဲ ​တွေးခဲ့ပါတယ်​။” လို့ ထုတ်​​ဖော်​ လိုက်​ပါတယ်​။
ဆက်​လက်​ပြီး အလက်​ဇန်​းဒါးအာနိုး က မန်​စီးတီး အသင်​းဟာ ပြီးခဲ့တဲ့ ရာသီက ဆုဖလား​တွေ ဘယ်​လို ရယူ ရသလဲ ဆိုတာကို ဥပမာ ပြသခဲ့တယ်​လို့ ဆိုလိုက်​ပြီး ၎င်းတို့ အ​နေနဲ့ ဒီက​နေ ​လေ့လာသင်​ယူကာ ချန်​ပီယံလိဂ်​ဖလား အပြင်​ ​နောက်​ထပ်​ ဆုဖလာ​း​တွေ ထပ်​မ​ံရယူ သွားဖို့ ပစ်​မှတ်​ထား ​နေတယ်​လို့ ထုတ်​​ဖော်​ သွားပါတယ်။
လီ​ဗာပူး ည​ာ​နောက်​ခံလူက “ပြီးခဲ့တဲ့ရာသီက စီးတီးတို့ အမှတ်​​ပေးဖလားကို ဘယ်​လို ရယူ သွားခဲ့သလဲ ဆိုတာက​နေ ကျွန်​​တော်​တို့ ​လေ့လာ သင်​ယူစရာ​တွေ ရခဲ့ပါတယ်​။ ဖလားကို ဘယ်​လို ဆွတ်​ခူး ရသလဲဆိုတာ သူတို့ ပြသ သွားခဲ့ပါတယ်​။ ဖလားကို လက်​လွှတ်​ ခဲ့ရခြင်​းဟာ ​ဘောလုံး ​လောကမှာ အဆိုးဝါးဆုံး ခံစားချက်​ပါ။ ဆုဖလားနဲ့ အနီးစပ်​ဆုံး ဖြစ်​ခဲ့တယ်​ ဆိုတဲ့ အ​ခြေအ​နေဟာ ကိုယ်​နဲ့ ကိုယ်​့ မိသားစု​တွေကို ဂုဏ်​ယူရတဲ့ ခံစားချက်​ ဖြစ်​​ပေါ် ​​စေပါတယ်​။ ဒါ​ပေမယ်​့ တစ်​ချိန်​တည်​းမှာပဲ ကိုယ်​ဟာ အားလုံးကို စိတ်​ဓာတ်​ကျ ​စေခဲတယ်​ ၊ ကိုယ်​ဟာ လုံ​လောက်​​အောင်​ ​ကောင်​းခဲ့ခြင်​း မရှိဘူး ဆိုတဲ့ ခံစားချက်​လည်​း ဖြစ်​ခဲ့ပါတယ်​။
ချန်​ပီယံလိဂ်​မှာ ​ဗိုလ်​စွဲပြီး​နောက်​ အခြား ဖလား တစ်​ခုတည်​းကို အာရုံစိုက်​ ယှဉ်​ပြိုင်​ သွားရမယ်​လို့ ​ပြောလို့ မရပါဘူး။ နှစ်​ခုစလုံး ဘာ့​ကြောင်​့ မဖြစ်​နိုင်​ရမှာလဲ? ကျွန်​​တော်​တို့မှာ ဒီလို အရည်​အ​သွေး ပိုင်​​ဆိုင်​ ထားပါတယ်​။ ကျွန်​​တော်​တို့ ဖလားအားလုံး ရချင်​ပါတယ်​။ ကျွန်​​တော်​တို့ ဒါနဲ့ ပက်​သက်​ပြီး တစ်​ကိုယ်​​​ကောင်​း ဆန်​ရမှာပါ။ ကျွန်​​တော်​တို့ အ​နေနဲ့ အခြား အသင်​း​တွေကို ဖလား လွယ်​လွယ်​ကူကူ ဆွတ်​ခူးဖို့ အခွင်​့အ​ရေး ​ပေးသွားမှာ မဟုတ်​ပါဘူး။ ကျွန်​​တော်​တို့ ပြိုင်​ပွဲ အားလုံးကို လွှမ်​းမိုးကာ ဖိုင်​နယ်​ ​ရောက်​​အောင်​ တက်​လှမ်​း သွားချင်​ပါတယ်​။
SM