foster

အီတီဟတ္ မွာ ကစားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ မွာ လက္ရွိခ်န္ပီယံမန္စီးတီး အသင္းက ဝက္ဖို႔ဒ္ အသင္းကို ၈-၀ ဂိုးနဲ႔ အႏိုင္ရခဲ႔ပါတယ္။ျပီးခဲ႔တဲ႔ အပတ္ ပြဲစဥ္မွာ တန္းတက္ ေနာ့ဝွစ္ခ်္အသင္းကို မထင္မွတ္ပဲ အေရးနိမ့္ခဲ႕ရအျပီး မွာ အခုလုိ ျပန္ျပီးေပါက္ကြဲသြားခဲ႔တာလည္းျဖစ္ပါတယ္။

man city vs foster

 

မန္စီးတီး အသင္းဟာ ပြဲအစတမိနစ္ကတည္းက ဦးေဆာင္ဂိုးရခဲ႔တာျဖစ္ျပီး ပြဲခ်ိန္ ၁၈ မိနစ္ အေရာက္မွာ ၅ဂိုးျပတ္အထိ ဦးေဆာင္ေနခဲ႔ျပီျဖစ္ပါတယ္။အဲ႔ဒီေနာက္ဒုတိယပိုင္းမွာ သြင္းယူခဲ႔တဲ႔ ေနာက္ထပ္သြင္းဂိုး၃ဂိုးေျကာင့္ ၈ ဂိုးျပတ္အထိအႏိုင္ရခဲ႔တာျဖစ္ပါတယ္။

မန္စီးတီးအတြက္ ဂိုးေတြကို ဘာဒိုေဆးဗား၊ ေဒးဗစ္ေဆးလ္ဗား၊ အေဂြရုိ၊မာရက္ဇ္၊ ေအာ္တာမန္ဒီ နဲ႔ဒီဘရိုင္းတို႔က သြင္းယူေပးခဲ႔ျကတာျဖစ္ပါတယ္။ဒီပြဲမွာ ဝက္ဖို့ဒ္အသင္းရဲ႕ ဂိုးေပါက္ကို တာဝန္ယူခဲ႔တဲ႔ အဂၤလန္ ဂိုးသမား ေဖာ္စတာကေတာ့ မန္စီးတီး အသင္းဟာ သူရင္ဆိုင္ခဲ႔ဖူးသမ်ွ ျပိဳင္ဘက္ေတြထဲ မွာ အေကာင္းဆံုး ျဖစ္တယ္ လို႕ ဝန္ခံသြားခဲ႔ပါတယ္။

ဝက္ဖို႔ဒ္အသင္းဟာ ျပီးခဲ႔တဲ႔အပတ္ ပြဲစဥ္မွာ အာဆင္နယ္ အသင္းကို ဦးေဆာင္ဂိုး ၂ဂိုးေပးခဲ႕ရေပမယ့္ ေနာက္ကေန ေခ်ပဂိုးေတြ လိုက္သြင္းျပီး ရမွတ္ျပန္ယူထားႏိုင္ခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ အခုပြဲမွာေတာ့ သူတို႔ အသင္းဟာ အေကာင္းဆံုး ပံုစံနဲ႔ အေတာ္ေလးေဝးေဝး မွာရွိခဲ႔တယ္ လို႕ ေဖာ္စတာကဆိုပါတယ္။

 

ပြဲ အစကတည္းက မန္စီးတီး အသင္းရဲ႔ ထက္ျမတ္တဲ႔ တိုက္စစ္ ကိုျမင္လိုက္ရအျပီး မွာေတာ့တပြဲတည္း ေပးဂိုး ၁၂ဂိုး ေလာက္အထိ ခြင့္ျပဳရမွာကို စိုးရိမ္မိခဲ႔တယ္ လို႕ ေဖာ္စတာက ဝန္ခံသြားခဲ႔ပါတယ္။ပြဲ အျပီး အင္တာဗ်ဴး တခုမွာ ေဖာ္စတာက –

” တကယ့္ကို စိတ္ပ်က္စရာ ညေနခင္းတခုျဖစ္ခဲ႔ပါတယ္။မန္စီးတီးလို အသင္းကို အေဝးကြင္းမွာ လာေရာက္ရင္ဆိုင္ရတာ ျဖစ္လို႕ ပြဲကို တတ္ႏိုင္သေလာက္ အခ်ိန္ျကာျကာ တင္းတင္းျကပ္ျကပ္ပိတ္ကစားျပီး အခ်ိန္ကုန္ခ်င္ခဲ႔ျကတာျဖစ္ပါတယ္။

ဒါေပမယ့္ တကယ္တမ္းမွာေတာ့ ျဖစ္ေအာင္ က်ြန္ေတာ္တို႔ မလုပ္ႏိုင္ခဲ႔ျကပါဘူး။ က်ြန္ေတာ္တို႔အားလံုးထဲက ဘယ္ သူကမွ ကုိယ့္အလုပ္ကိုယ္ မလုပ္သြားႏိုင္ခဲ႕ပါဘူး။ပြဲအစ စကၠန္႔ ၅၀ ေလာက္မွာပဲ ဂိုးေပးလိုက္ရတာျဖစ္လို႔ စီစဥ္ထားတာအကုန္ လံုးပ်က္သြားခဲ႔ရပါတယ္။

သူတို႔ အသင္းကေတာ့ အေတာ္ေလးကိုရင္သပ္ရွဳေမာစရာေကာင္းလြန္းျပီး ပြဲခ်ိန္ မိနစ္ ၂၀ေလာက္မွာပဲ ၅-၀ ဂိုးနဲ႔ ဦးေဆာင္ေနပါျပီ။က်ြန္ေတာ္ကလည္း ဆိုးဆိုးရြားရြားကို ေျကာက္လန္႔ ေနျပီျဖစ္ပါတယ္။ဒီေန႔မွာ ၁၁ဂိုး ၁၂ဂိုးေလာက္အလြယ္ေလးေပးရေတာ့မယ့္လို႔ေတာင္ေတြးမိေနျပီျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ဝက္ဖို႔ဒ္ အသင္းဟာ ျကားရက္အတြင္းမွာ ကရာေဘာင္ ဖလားပြဲစဥ္အျဖစ္ဆြမ္းဆီးလ္ အသင္းကို အိမ္ကြင္းမွာ ဧည့္ခံသြားရဖို႔ရွိေနျပီး အဲ႔ဒီေနာက္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ဝုဗ္လ္ အသင္းကို အေဝးကြင္းမွာ သြားေရာက္ရင္ဆိုရမွာျဖစ္ပါတယ္။

ေဖာ္စတာကေတာ့ သူနဲ႔ အသင္းေဖာ္ေတြဟာ အခုပြဲစဥ္က ၈ဂိုးျပတ္ အရွံုးကို ေမ့ျပစ္ဖိုိ႔ ျပီးခဲ႔တဲ႔ အေတြ႔အျကံုေတြအတိုင္းေရွ႔ဆက္သြားမွာျဖစ္တယ္လို႔ဆက္ေျပာပါတယ္။ေဖာ္စတာက ဆက္လက္ျပီး –

” က်ြန္ေတာ္တို႔ အားလံုး ဒီေန႔ မွာ ကုိယ့္အလုပ္ကုိယ္မလုပ္ႏိုင္ခဲ႔ျကပါဘူူး။ဒါေပမယ့္ ဒါဟာေဘာလံုးပြဲတပြဲျဖစ္လို႔ အေကာင္းျမင္စရာအခ်ိဳ႔ကို ရယူသြားဖို႔ လိုပါတယ္။ ကုိယ့္ကိုယ္ကုိယ္ ေသြးသစ္ေလာင္း ရွင္းလင္းျပီး ေနာက္လာမယ့္ ပြဲအတြက္ အာရံုစုိက္သြားရမွာျဖစ္ပါတယ္။

က်ြန္ေတာ္ တို႕ အသင္းမွာဝါရင့္ ကစားသမား အရည္အတြက္ နည္းပါတယ္ဆိုေပမယ့္လည္း အျပံဳးနဲ႔ေရွ႔ဆက္ေနဖို႔လိုပါတယ္။က်ြန္ေတာ္ဆိုရင္ ၈ဂိုးခြင့္ျပဳ ခဲ႔ရတာျဖစ္လို႕ ေပ်ာ္ေနတာေတာ့မဟုတ္ပါဘူး။

ဒါေပမယ့္လည္း ဘာပဲျဖစ္ျဖစ္ေပါ့ဗ်ာ။အရွံုးရလဒ္ေတြထဲမွာပဲ အျမဲေနေနျပီး ခံစားေနလို႕ ေတာ့မျဖစ္ပါဘူး။ေနာက္လာမယ့္ ပဲြအတြက္ အသင့္ျဖစ္ေနေအာင္ လုပ္ေဆာင္ရမွာျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

SPORT MYANMAR

Unicode

မန်စီးတီးအသင်းရဲ့တိုက်စစ်ကိုမြင်လိုက်ရအပြီးဘာကိုကြောက်သွားခဲ့တယ်ဆိုတာပြောပြလိုက်တဲ့ #ဖော်စတာ
====================================

အီတီဟတ် မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာ လက်ရှိချန်ပီယံမန်စီးတီး အသင်းက ဝက်ဖို့ဒ် အသင်းကို ၈-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ပြီးခဲ့တဲ့ အပတ် ပွဲစဉ်မှာ တန်းတက် နော့ဝှစ်ချ်အသင်းကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့ရအပြီး မှာ အခုလို ပြန်ပြီးပေါက်ကွဲသွားခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ပွဲအစတမိနစ်ကတည်းက ဦးဆောင်ဂိုးရခဲ့တာဖြစ်ပြီး ပွဲချိန် ၁၈ မိနစ် အရောက်မှာ ၅ဂိုးပြတ်အထိ ဦးဆောင်နေခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီနောက်ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့
နောက်ထပ်သွင်းဂိုး၃ဂိုးကြောင့် ၈ ဂိုးပြတ်အထိအနိုင်ရခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအတွက် ဂိုးတွေကို ဘာဒိုဆေးဗား၊ ဒေးဗစ်ဆေးလ်ဗား၊ အဂွေရို၊မာရက်ဇ်၊ အော်တာမန်ဒီ နဲ့ဒီဘရိုင်းတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ဒီပွဲမှာ ဝက်ဖို့ဒ်အသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူခဲ့တဲ့ အင်္ဂလန် ဂိုးသမား ဖော်စတာကတော့ မန်စီးတီး အသင်းဟာ သူရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်တွေထဲ မှာ အကောင်းဆုံး ဖြစ်တယ် လို့ ဝန်ခံသွားခဲ့ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့အပတ် ပွဲစဉ်မှာ အာဆင်နယ် အသင်းကို ဦးဆောင်ဂိုး ၂ဂိုးပေးခဲ့ရပေမယ့် နောက်ကနေ ချေပဂိုးတွေ လိုက်သွင်းပြီး ရမှတ်ပြန်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အခုပွဲမှာတော့ သူတို့ အသင်းဟာ အကောင်းဆုံး ပုံစံနဲ့ အတော်လေးဝေးဝေး မှာရှိခဲ့တယ် လို့ ဖော်စတာကဆိုပါတယ်။

ပွဲ အစကတည်းက မန်စီးတီး အသင်းရဲ့ ထက်မြတ်တဲ့ တိုက်စစ် ကိုမြင်လိုက်ရအပြီး မှာတော့တပွဲတည်း ပေးဂိုး ၁၂ဂိုး လောက်အထိ ခွင့်ပြုရမှာကို စိုးရိမ်မိခဲ့တယ် လို့ ဖော်စတာက ဝန်ခံသွားခဲ့ပါတယ်။ပွဲ အပြီး အင်တာဗျူး တခုမှာ ဖော်စတာက –

” တကယ့်ကို စိတ်ပျက်စရာ ညနေခင်းတခုဖြစ်ခဲ့ပါတယ်။မန်စီးတီးလို အသင်းကို အဝေးကွင်းမှာ လာရောက်ရင်ဆိုင်ရတာ ဖြစ်လို့ ပွဲကို တတ်နိုင်သလောက် အချိန်ကြာကြာ တင်းတင်းကြပ်ကြပ်ပိတ်ကစားပြီး အချိန်ကုန်ချင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာတော့ ဖြစ်အောင် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့အားလုံးထဲက ဘယ် သူကမှ ကိုယ့်အလုပ်ကိုယ် မလုပ်သွားနိုင်ခဲ့ပါဘူး။ပွဲအစ စက္ကန့် ၅၀ လောက်မှာပဲ ဂိုးပေးလိုက်ရတာဖြစ်လို့ စီစဉ်ထားတာအကုန် လုံးပျက်သွားခဲ့ရပါတယ်။

သူတို့ အသင်းကတော့ အတော်လေးကိုရင်သပ်ရှုမောစရာကောင်းလွန်းပြီး ပွဲချိန် မိနစ် ၂၀လောက်မှာပဲ ၅-၀ ဂိုးနဲ့ ဦးဆောင်နေပါပြီ။ကျွန်တော်ကလည်း ဆိုးဆိုးရွားရွားကို ကြောက်လန့် နေပြီဖြစ်ပါတယ်။ဒီနေ့မှာ ၁၁ဂိုး ၁၂ဂိုးလောက်အလွယ်လေးပေးရတော့မယ့်လို့တောင်တွေးမိနေပြီဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဝက်ဖို့ဒ် အသင်းဟာ ကြားရက်အတွင်းမှာ ကရာဘောင် ဖလားပွဲစဉ်အဖြစ်ဆွမ်းဆီးလ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံသွားရဖို့ရှိနေပြီး အဲ့ဒီနောက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝုဗ်လ် အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုရမှာဖြစ်ပါတယ်။

ဖော်စတာကတော့ သူနဲ့ အသင်းဖော်တွေဟာ အခုပွဲစဉ်က ၈ဂိုးပြတ် အရှုံးကို မေ့ပြစ်ဖိို့ ပြီးခဲ့တဲ့ အတွေ့အကြံုတွေအတိုင်းရှေ့ဆက်သွားမှာဖြစ်တယ်လို့ဆက်ပြောပါတယ်။ဖော်စတာက ဆက်လက်ပြီး –

” ကျွန်တော်တို့ အားလုံး ဒီနေ့ မှာ ကိုယ့်အလုပ်ကိုယ်မလုပ်နိုင်ခဲ့ကြပါဘူူး။ဒါပေမယ့် ဒါဟာဘောလုံးပွဲတပွဲဖြစ်လို့ အကောင်းမြင်စရာအချို့ကို ရယူသွားဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် သွေးသစ်လောင်း ရှင်းလင်းပြီး နောက်လာမယ့် ပွဲအတွက် အာရုံစိုက်သွားရမှာဖြစ်ပါတယ်။

ကျွန်တော် တို့ အသင်းမှာဝါရင့် ကစားသမား အရည်အတွက် နည်းပါတယ်ဆိုပေမယ့်လည်း အပြံုးနဲ့ရှေ့ဆက်နေဖို့လိုပါတယ်။ကျွန်တော်ဆိုရင် ၈ဂိုးခွင့်ပြု ခဲ့ရတာဖြစ်လို့ ပျော်နေတာတော့မဟုတ်ပါဘူး။

ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။အရှံုးရလဒ်တွေထဲမှာပဲ အမြဲနေနေပြီး ခံစားနေလို့ တော့မဖြစ်ပါဘူး။နောက်လာမယ့် ပွဲအတွက် အသင့်ဖြစ်နေအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORT MYANMAR