smalling
Smalling (
smalling
#Sports_Myanmar
Unicode
ယူနိုက်တက်မှ မထွက်ခွာမီ ဆိုးလ်ရှား ဘာတွေ ပြောခဲ့သလဲ ဆိုတာ ဖွင့်ဟလိုက်တဲ့ #စမောလင်း
==============
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝါရင့် ဗဟို ခံစစ် ကစား သမား ဖြစ်သူ ခရစ် စမောလင်း ဟာ ပြီးခဲ့တဲ့ နွေ တုန်းက အသင်း ဆီကို လက်စတာ စီးတီး မှ ဟယ်ရီ မက်ဂွားယား ရောက်ရှိ လာ ခဲ့တဲ့ နောက် ပွဲထွက် ကစား ခွင့်တွေ ရရှိ နိုင်ဖို့ မသေချာ တော့တဲ့ အတွက် ရိုးမား အသင်း အငှား ပြောင်းရွှေ့ ခဲ့သူ ပဲ ဖြစ် ပါတယ် ။
အခုတော့ စမောလင်း က သူသာ ယူနိုက်တက် မှာ ဆက်လက် ရှိနေ ပါက ပွဲ ကစား ချိန် မိနစ် တွေကို ရရှိ နိုင် လိမ့်မယ် လို့ နည်းပြ ဆိုးလ်ရှား က ပြောကြား ခဲ့သေး ကြောင်း ဘိုလော့ဂ်နာ အသင်း နဲ့ ကစား ရမယ့် ပွဲစဉ် မတိုင်မီ ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” သူ ( ဆိုးလ်ရှား ) က ကျွန်တော် ပွဲ ကစား ခွင့်တွေ ရရှိ လိမ့်မယ် လို့ ပြောကြား ခဲ့ ပါတယ် ။ ကျွန်တော် ကြံ့ခိုင် မှု ပြည့်ဝ ခဲ့ရင် ကစား ခွင့် ရနိုင် ခြေ ရှိနေ ခဲ့ ပါတယ် ။ ဒီ ရာသီ အတွင်း ခြားနား မှု အချို့ ရှိနေခဲ့ ပေမယ့် ကျွန်တော့် ရဲ့ ဒဏ်ရာ အနေအထား ရရှိ နေမှု အပေါ် မူတည် ပြီး ပြည်တွင်း ဖလား ပြိုင်ပွဲ တွေနဲ့ အမှတ်ပေး ဖလား ပြိုင်ပွဲ တွေမှာ ကစား ခွင့်တွေ ရရှိ နိုင်ပါ လိမ့်မယ် ”
” အကယ်လို့ ကျွန်တော် ဟာ ကြံ့ခိုင် မှု အပြည့် ရှိ နေမယ် ဆိုရင် ပွဲ 40 – 50 လောက် ကစား ခွင့် ရရှိ နိုင်လိမ့် မလား ? ကျွန်တော် ကတော့ ပွဲစဉ် 20 – 30 လောက် ကစား ရမယ် လို့ တွက်ဆ ခဲ့ ပါတယ် ။ အဲ့ဒီ လောက် ပွဲတွေ ကစား ရရင် ကို မဆိုး ဘူးလို့ ပြောလို့ ရ ပါတယ် ။ ဒါပေမယ့် ကျွန်တော် ပွဲတွေ ကို ပိုပြီး ကစား ချင်တယ် လေ ” လို့ စမောလင်း က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
စမောလင်း ဟာ အီတလီ မြေကို ရောက်ရှိ ခဲ့တဲ့ နောက် ပထမဆုံး အသင်း ရဲ့ ကစားသမား စာရင်း ထဲ ပါဝင် ခွင့် ရရှိ ခဲ့တဲ့ ရောမ ဒါဘီ ပွဲစဉ် အတွင်း အရံခုံ ပေါ်မှာ ပဲ ပွဲချိန် တွေ ကုန်ဆုံး ခဲ့ရ ပါတယ် ။ ဒါ့အပြင် ဒဏ်ရာ ပြသနာ ကြုံတွေ့ နေခဲ့ ရတာ ကြောင့် သူဟာ အသင်း သစ် အတွက် ပွဲထွက် ကစား ခွင့် ရရှိ နိုင်ဖို့ အချိိန် အနည်းငယ် ပေးရ ဖို့ ရှိနေ ပါတယ် ။
အခုတော့ စမောလင်း က သူ့ အတွက် အသင်း ရဲ့ အရံခုံ ပေါ်မှာ နေထိုင် ရေးထက် အသင်း ပြောင်းရွှေ့ ဖို့ တွေးတော ရခြင်း က သင့်တော် ပေမယ့် သူ့ အတွက် ပိုပြီး ခက်ခဲ လှတဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့ ရကြောင်း ၊ သူဟာ စိန်ခေါ် မှု တွေကို နှစ်သက် သူ ဖြစ်ကြောင်း ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ကျွန်တော် အတွက် ပိုပြီး လွယ်ကူ တဲ့ ဆုံးဖြတ်ချက် တစ်ခု က အသင်း မှာ ဆက်လက် ရှိနေ ဖို့ ပါပဲ ။ ဟယ်ရီ မရောက်ခင် တုန်းက ကျွန်တော် ဟာ နည်းပြ နဲ့ စကား တွေ ပြောဖြစ် ခဲ့ပါ သေးတယ် ။ ကျွန်တော် ဟာ ဟယ်ရီ နဲ့ ဗစ် ( လင်ဒီလော့ဖ် ) တို့ရဲ့ နောက်မှာ အရံ ကစားသမား အဖြစ်သာ ရှိနေ ရမယ် ဆိုတာ သိနေ ခဲ့တယ် လေ ”
” ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက လည်း ကျွန်တော် ဟာ အသင်း ရဲ့ ဦးစားပေး ဗဟို ခံစစ် ကစားသမား နှစ်ဦး ရဲ့ အနောက် မှာ ရှိနေ ခဲ့ရ ပါတယ် ။ ဒါပေမယ့် လေး ၊ ငါးပွဲ လောက် ကြာတဲ့ အခါ မှာတော့ ကျွန်တော် ဟာ အလုပ် ကြိုးစား မှုတွေ နဲ့ အတူ အသင်း ရဲ့ ပွဲထွက် ကစားသမား စာရင်း ထဲ ပြန်လည် ပါဝင် ခွင့် ရရှိ ထားခဲ့ ပါတယ် ”
” ကျွန်တော် ဟာ စိန်ခေါ် မှု တွေကို နှစ်သက် သူ တစ်ဦး ပါ ။ အသင်း ဆီ ဗဟို ခံစစ် ကစားသမား တစ်ဦး ရောက်ရှိ လာမယ် ဆိုရင် အဲ့တာ က ကျွန်တော် တို့ကို ပိုမို ကြိုးစား လိုစိတ် ဖြစ်စေ ပြီး တိုးတက် စေနိုင် ပါတယ် ။ ကျွန်တော် တို့ ခြေစွမ်း တွေကို ပိုမို သက်သေ ပြနိုင် ဖို့ လိုအပ် သလို ခြေစွမ်း တည်ငြိမ် ဖို့လည်း လိုအပ် လာတယ် လေ ”
” အကယ်လို့ ကျွန်တော် သာ ဆက်လက် ရှိနေ ဖြစ်မယ် ဆိုရင် အဲ့ဒီ စိန်ခေါ် မှု တွေကို လက်ခံ သွား မှာပါ ။ ကျွန်တော် အသင်း အတွက် ပွဲတွေ အများကြီး ကစား ပေးထား ခဲ့တယ် ဆိုတာ အဲ့တာ နဲ့ ထိုက်တန် လို့ပဲ ဆိုတဲ့ ယုံကြည် ချက်တွေ ကျွန်တော့် ဆီမှာ အပြည့် အဝ ရှိနေ ပါတယ် ။ အခု ရိုးမား မှာလည်း ကျွန်တော် ဟာ တူညီ တဲ့ စိန်ခေါ် မှု တွေကို ကြံုတွေ့ နေရ ပါတယ် ” လို့ စမောလင်း က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar