ခ်ဲဆီးလ္ အသင္းနဲ႔ အတူ အဂၤလန္ ေျမမွာ ရုန္းကန္ခဲ႔ရဖူးတဲ႔ တိုက္စစ္ ကစားသမား ဆာလတ္ဟာ လီဗာပူး အသင္းနဲ႔ အတူ အဂၤလန္ေျမတေက်ာ့ျပန္ခရီးမွာေတာ့ အျမင့္ပ်ံေနခဲ႔ျပီျဖစ္ပါတယ္။ဆာလတ္ဟာ ပရီးမီးယားလိဂ္မွာ၂ရာသီဆက္ေရႊဖိနပ္ဆုကိုဆြတ္ခူးထားျပီးျပိဳင္ဘက္ ခံစစ္ကစားသမားေတြအတြက္အိပ္မက္ဆိုးတခုလိုျဖစ္ေနတာျဖစ္ပါတယ္။

salah

လီဗာပူးတို႕ ဟာ ဒီအီဂ်စ္ သားအတြက္ ေပါင္သန္း ၄၀ နီးပါး ေပးေခ်ေခၚယူထားခဲ႔တာျဖစ္ေပမယ့္လည္း တန္ေျကးနဲ႔ ထိုက္တန္လြန္းမက တဲ႔ ေျခစြမ္းမ်ိဳးကို ျမင္ေတြ႔ထားခဲ႔ရတာျဖစ္ပါတယ္။ဆာလတ္ ဟာအခုခ်ိန္ အထိ လီဗာပူး အတြက္ ျပိဳင္ပြဲစံု ၁၁၁ ပြဲပါဝင္ကစားေပးထားျပီး ၇၇ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ႔ပါတယ္။

ဒါေပမယ့္ လည္း ဆာလတ္ထက္အရင္ တရာသီေစာျပီး အန္ဖီးလ္ကို ေရာက္ေနခဲ႔တာကေတာ့ ေတာင္ပံတိုက္စစ္ကစား သမား မာေနးပဲျဖစ္ပါတယ္။ ဒီဆီနီေဂါ ကစားသမားဟာ ၂၀၁၆ ေႏြရာသီမွာ ေဆာက္သမ္တန္ကေနေျပာင္းလာခဲ႔တာျဖစ္ျပီး ေကာင္းမြန္တဲ႔ အဖြင့္ရာသီတခုကို ျဖတ္သန္းထားခဲ႔ရတာျဖစ္ပါတယ္။

ဒါေျကာင့္ လည္း ဆာလတ္အေနနဲ႔ ရိုးမားအသင္းကေန ေျပာင္းလာဖို႔ ဆံုးျဖတ္ခ်က္မွာ ေနရာမရကိုစိုးရိမ္ခဲ႔ေသးတယ္လို႕နည္းျပျကီးကေလာ့ပ္ကဆိုပါတယ္။ဒီအီဂ်စ္သားကို မေခၚယူမီမွာ ‘အသင္းရဲ႕ ပထမပြဲထြက္ စာရင္းမွာအေရးပါတဲ႔ အစိတ္အပိုင္းအရပ္အျဖစ္ရွိေနရပါမယ္’ ဆိုတဲ႔ အာမခံခ်က္တခုကို အရင္ေပးထားခဲ႔ရတယ္လို႔ လည္းကေလာ့ပ္ကဆိုပါတယ္။

Salah-mane

Sky Sports နဲ႔ အင္တာဗ်ဴးမွာ ကေလာ့ပ္က – ” ဆာလတ္နဲ႔ မာေနးတို႔ႏွစ္ဦး ရဲ႕ အတူတကြတိုးတက္ေကာင္းမြန္လာပံုက တကယ္ကို မယံုႏိုင္စရာေတာင္ေကာင္းပါတယ္။သူတို႔မွာ မတူကြဲျပားေပမယ့္ အေတာ္ေလး ေကာင္းတဲ့စိုက္လကၡဏာေကာင္းေတြရွိထားျကပါတယ္။အံ့မခန္းထူးခ်ြန္ေျပာင္ေျမာက္တဲ႔ စြမ္းရည္ေတြရွိလို႕ လည္းသူတို႔ကို ေခၚယူထားခ႔ဲတာျဖစ္ပါတယ္။

ဆာလတ္ကို စာခ်ဳပ္ခ်ဳပ္ဆိုတုန္းက ပထမဆံုးအျကိမ္ စကားေျပာခဲ႔တာကိုက်ြန္ေတာ္အမွတ္ရေနမိပါတယ္။အဲ႔ဒီတုန္းက ဆာလတ္က ‘ က်ြန္ေတာ္ေျပာင္းလာဖို႔ သေဘာတူပါတယ္၊ဒါေပမယ့္လည္းမာေနးက ညာေတာင္ပံမွာကစားေနတာေလ သူက ညံ့မွမညံတာဗ်ာ၊ မဟုတ္ဘူးလား ‘ လို႔က်ြန္ေတာ္တို႔ကိုေျပာပါတယ္။

က်ြန္ေတာ္က ဒါကိုသိနားလည္ေျကာင္း၊ မာေနးဟာ အျခားေတာင္ပံ မွာလည္း ကစားႏိုင္တဲ႔သူျဖစ္ေျကာင္းျပန္ေျပာျပခဲ႕႔ရပါတယ္။ဆာလတ္ကို ေခၚယူခဲ႔တာဟာ အျခားတေယာက္ျဖစ္တဲ႔ မာေနးကို တြန္းထုတ္လိုက္တာ မဟုတ္ဘူးဆိုတာအရွင္းျကီးပါပဲ။

firminho

သူတို႔ ဟာတြဲဖက္ျပီးေကာင္းေကာင္းကစားႏိုင္ေနခဲ႔ပါတယ္။ အသင္းရဲ႕ ရွိသင့္ရွ္ထိုက္တဲ႔ တိုက္စစ္ အစြယ္အပြားေတြျဖစ္ျကပါတယ္။သူတို႔ႏွစ္ဦးအတြက္အဖက္က တကယ္ကိုအလုပ္ျဖစ္ခဲ႔ျပီး ေဘာ္ဘီ ( ဖာမီႏို ) က သူတို႔ကို ခ်ိတ္ဆက္ေပးပါတယ္။

ဒါေပမယ့္လည္း မတူညီတဲ႔ ပြဲေတြမွာ မတူညီတဲ႔ လူထုတ္ပံုေတြ ရွိႏိုင္တယ္ဆိုတာ အားလံုးအသိပဲျဖစ္ပါတယ္။ဒါေပမယ့္ လည္း တိုက္စစ္ အခင္းအက်င္းမွာ ဒီလိုကစားသမား ၃ဦးရွိေနတာကေတာ့ အေတာ္မိုက္ပါတယ္ ဗ်ာ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ရာသီသစ္မွာ ၅ပြဲကစား ၅ပြဲအႏိုင္ရရွိထားတဲ႔ လီဗာပူး အသင္းဟာ ယေန႔ညမွာ ေတာ့ နည္းျပလမ္းပတ္ရဲ႕ ခ်ဲဆီးလ္ အသင္းကို စတန္းဖို႕ဒ္ဘရစ္ခ်္မွာသြားေရာက္ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။ဆာလတ္ အတြက္ေတာ့ သူ႔ရဲ႕ အသင္းေဟာင္းတသင္းနဲ႔ျပန္ျပီးထိပ္တိုက္ရင္ဆိုင္ရမယ့္ ပြဲလည္းျဖစ္ပါတယ္။

SPORT MYANMAR

Unicode

မာနေးရှိနေတဲ့ လီဗာပူး အသင်းကိုပြောင်းလာဖို့ ဆာလတ်ဘာကြောင့် စိုးရိမ်မိခဲ့တယ်ဆိုတာကို ထုတ်ပြောလိုက်တဲ့#ကလော့ပ်
===================================

ချဲဆီးလ် အသင်းနဲ့ အတူ အင်္ဂလန် မြေမှာ ရုန်းကန်ခဲ့ရဖူးတဲ့ တိုက်စစ် ကစားသမား ဆာလတ်ဟာ လီဗာပူး အသင်းနဲ့ အတူ အင်္ဂလန်မြေတကျော့ပြန်ခရီးမှာတော့ အမြင့်ပျံနေခဲ့ပြီဖြစ်ပါတယ်။ဆာလတ်ဟာ ပရီးမီးယားလိဂ်မှာ၂ရာသီဆက်ရွှေဖိနပ်ဆုကိုဆွတ်ခူးထားပြီးပြိုင်ဘက် ခံစစ်ကစားသမားတွေအတွက်အိပ်မက်ဆိုးတခုလိုဖြစ်နေတာဖြစ်ပါတယ်။

လီဗာပူးတို့ ဟာ ဒီအီဂျစ် သားအတွက် ပေါင်သန်း ၄၀ နီးပါး ပေးချေခေါ်ယူထားခဲ့တာဖြစ်ပေမယ့်လည်း တန်ကြေးနဲ့ ထိုက်တန်လွန်းမက တဲ့ ခြေစွမ်းမျိုးကို မြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်။ဆာလတ် ဟာအခုချိန် အထိ လီဗာပူး အတွက် ပြိုင်ပွဲစုံ ၁၁၁ ပွဲပါဝင်ကစားပေးထားပြီး ရ၇ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လည်း ဆာလတ်ထက်အရင် တရာသီစောပြီး အန်ဖီးလ်ကို ရောက်နေခဲ့တာကတော့ တောင်ပံတိုက်စစ်ကစား သမား မာနေးပဲဖြစ်ပါတယ်။ ဒီဆီနီဂေါ ကစားသမားဟာ ၂၀၁၆ နွေရာသီမှာ ဆောက်သမ်တန်ကနေပြောင်းလာခဲ့တာဖြစ်ပြီး ကောင်းမွန်တဲ့ အဖွင့်ရာသီတခုကို ဖြတ်သန်းထားခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် လည်း ဆာလတ်အနေနဲ့ ရိုးမားအသင်းကနေ ပြောင်းလာဖို့ ဆုံးဖြတ်ချက်မှာ နေရာမရကိုစိုးရိမ်ခဲ့သေးတယ်လို့နည်းပြကြီးကလော့ပ်ကဆိုပါတယ်။ဒီအီဂျစ်သားကို မခေါ်ယူမီမှာ ‘အသင်းရဲ့ ပထမပွဲထွက် စာရင်းမှာအရေးပါတဲ့ အစိတ်အပိုင်းအရပ်အဖြစ်ရှိနေရပါမယ်’ ဆိုတဲ့ အာမခံချက်တခုကို အရင်ပေးထားခဲ့ရတယ်လို့ လည်းကလော့ပ်ကဆိုပါတယ်။

Sky Sports နဲ့ အင်တာဗျူးမှာ ကလော့ပ်က – ” ဆာလတ်နဲ့ မာနေးတို့နှစ်ဦး ရဲ့ အတူတကွတိုးတက်ကောင်းမွန်လာပုံက တကယ်ကို မယုံနိုင်စရာတောင်ကောင်းပါတယ်။သူတို့မှာ မတူကွဲပြားပေမယ့် အတော်လေး ကောင်းတဲ့စိုက်လက္ခဏာကောင်းတွေရှိထားကြပါတယ်။အံ့မခန်းထူးချွန်ပြောင်မြောက်တဲ့ စွမ်းရည်တွေရှိလို့ လည်းသူတို့ကို ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

ဆာလတ်ကို စာချုပ်ချုပ်ဆိုတုန်းက ပထမဆုံးအကြိမ် စကားပြောခဲ့တာကိုကျွန်တော်အမှတ်ရနေမိပါတယ်။အဲ့ဒီတုန်းက ဆာလတ်က ‘ ကျွန်တော်ပြောင်းလာဖို့ သဘောတူပါတယ်၊ဒါပေမယ့်လည်းမာနေးက ညာတောင်ပံမှာကစားနေတာလေ သူက ညံ့မှမညံတာဗျာ၊ မဟုတ်ဘူးလား ‘ လို့ကျွန်တော်တို့ကိုပြောပါတယ်။

ကျွန်တော်က ဒါကိုသိနားလည်ကြောင်း၊ မာနေးဟာ အခြားတောင်ပံ မှာလည်း ကစားနိုင်တဲ့သူဖြစ်ကြောင်းပြန်ပြောပြခဲ့့ရပါတယ်။ဆာလတ်ကို ခေါ်ယူခဲ့တာဟာ အခြားတယောက်ဖြစ်တဲ့ မာနေးကို တွန်းထုတ်လိုက်တာ မဟုတ်ဘူးဆိုတာအရှင်းကြီးပါပဲ။

သူတို့ ဟာတွဲဖက်ပြီးကောင်းကောင်းကစားနိုင်နေခဲ့ပါတယ်။ အသင်းရဲ့ ရှိသင့်ရှ်ထိုက်တဲ့ တိုက်စစ် အစွယ်အပွားတွေဖြစ်ကြပါတယ်။သူတို့နှစ်ဦးအတွက်အဖက်က တကယ်ကိုအလုပ်ဖြစ်ခဲ့ပြီး ဘော်ဘီ ( ဖာမီနို ) က သူတို့ကို ချိတ်ဆက်ပေးပါတယ်။

ဒါပေမယ့်လည်း မတူညီတဲ့ ပွဲတွေမှာ မတူညီတဲ့ လူထုတ်ပုံတွေ ရှိနိုင်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ဒါပေမယ့် လည်း တိုက်စစ် အခင်းအကျင်းမှာ ဒီလိုကစားသမား ၃ဦးရှိနေတာကတော့ အတော်မိုက်ပါတယ် ဗျာ ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ရာသီသစ်မှာ ၅ပွဲကစား ၅ပွဲအနိုင်ရရှိထားတဲ့ လီဗာပူး အသင်းဟာ ယနေ့ညမှာ တော့ နည်းပြလမ်းပတ်ရဲ့ ချဲဆီးလ် အသင်းကို စတန်းဖို့ဒ်ဘရစ်ချ်မှာသွားရောက် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဆာလတ် အတွက်တော့ သူ့ရဲ့ အသင်းဟောင်းတသင်းနဲ့ပြန်ပြီးထိပ်တိုက်ရင်ဆိုင်ရမယ့် ပွဲလည်းဖြစ်ပါတယ်။

SPORT MYANMAR